Monday, November 7, 2011

ဖွယ်ဖွယ်ရာရာ နည်းပညာ လေ့လာစရာများ စုစည်းမှု


filename.exe Virus ထိလို့ ပျောက်သွားတဲ့ဖိုင်(hidden ဖိုင်)တွေကို Manual နည်းနဲ့ ပြန်ရှာခြင်း။


ဒီ Virus က စက် သို့မဟုတ် Memory Stick ထဲကို ဝင်ရောက်လာပြီ ဆိုရင် လက်ရှိဖိုင်တွေကို နောက်က Extension ကို .exe ( eg: originalfilename.exe )နဲ့ ပြောင်းလိုက်ပါတယ်။ မှုလဖိုင်ကိုတော့ Hidden လုပ်ထား လိုက်ပါတယ်။ပုံမှန်အနေနဲ့ ပျောက်သွားတဲ့ ဖိုင်ကို ပြန်တွေ့ ချင်တယ်ဆိုရင် Folder Option ထဲက View Tab အောက်မှာ Show Hidden Files and Folders ကို အမှန် ခြစ်ပေးလိုက်ရင် ပြန်တွေ့ နိုင်ပါတယ်။ ဒါပေမယ့် .exe Virus ဝင်ရောက် လာပြီ ဆိုရင်တော့ အထက်ပါ နည်းလမ်းနဲ့ ပြန်ဖော်လို့ မရတော့ ပါဘူး။ နောက်တစ်ခုက Virus ကို ရှင်းပြီးချိန်မှာတောင် Show Hidden Files and Folders ကို အမှန်ခြစ် လုပ်ရင်တောင် Hidden ဖိုင်တွေကို ပြန်မမြင်ရတော့ပါဘူး။

Registry ထဲ ဝင်ရောက် ပြန်ရှာခြင်း။

Registry Editor ကိုဖွင့်ဖို့အတွက် Run ကိုခေါ်ပါ။

( Win+R )Run Dialog Box မှာ regedit လို့ ရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။

Registry Editor ထဲမှ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows \CurrentVersion\Explorer\Advanced\Folder\Hidden\SHO WALL ကိုသွားလိုက်ပါ။ အဲဒီက Check Value ကို Double Click နှိပ်ပါ။ Value Data ကို 0 ကနေ 1 ကိုပြောင်းလိုက်ပါ။ဒါဆိုရင်တော့ .exe Virus ဖွက်ထားတဲ့ Hidden ဖိုင်တွေကို မှုန်ဝါးဝါး အနေအထားနဲ့ ပြန်လည်မြင်တွေ့ နိုင်ပြီ ဖြစ်ပါတယ်။
Control Panel ထဲမှာ Folder Options ပျောက်နေလား။

Control Panel ထဲမှာ Folder Options ပျောက်နေရင် နည်းလမ်း (နှစ်) လမ်းနဲ့ ပြန်ဖော်ယူရပါ့မယ်။ registry ထဲဝင်ပြီး ပြင်ရတဲ့ နည်းလမ်းများသည် အဆင်မပြေရင် ကွန်ပြူတာစနစ်ကို ထိခိုက်နိုင်ပါတယ်။ Folder Options ပျောက်ရတဲ့ အကြောင်းရင်းက အများကြီးပါ။ အများဆုံး ဖြစ်နိုင်တာက ဗိုင်းရပ်စ် ကြောင့်ပါ။

ပထမ နည်း




  • Run box မှာ regedit ရိုက်ထည့်ပါ။

  • HKEY_CURRENT_USER ကနေ Software> Microsoft>Windows>Current Version>Policies>Explorer ကို တစ်ဆင့်ချင်း ဖွင့်ပါ။

  • Explorer ကို ကလစ်လုပ်ပြီး တဖက် မြင်းကွင်းမှာ ပေါ်လာတဲ့ စာသားတွေထဲက “No Folder Options” ကိုရှာပါ။ တွေ့ရင် မောက်စ်ကလစ် နှိပ်ပြီး DWORD value ကို 00000000 လို့ပြင်ပါ။

  • ကွန်ပျူတာကို restart ပြန်လုပ်ပါ။


ဒုတိယ နည်း




  • ၄င်းသည် Group Policy Setting ကြောင့် ဖျောက်ထားခြင်း ဖြစ်နိုင်ပါတယ်။

  • ကွန်ပျူတာကို Administrator အနဲ့ ဖွင့်ပါ။ ဒါမှမဟုတ် ဖွင့်ထားတဲ့ အနေအထားသည် administrator အဖြစ် သုံးနိုင်ရပါမယ်။

  • Run box မှာ regedit ရိုက်ထည့်ပါ။၎င်းသည် Group Policy ကို ဖွင့် ခြင်းဖြစ်ပါတယ်။

  • Group Policy (box) ထဲမှာ Local Computer Policy>User Comfiguration> Adminsitrstive Templates Control Panel တို့ကို တစ်ဆင့်ချင်း ဖွင့်ပါ။

  • ညာဘက်မြင်ကွင်းမှာ ‘Hide specified Control Panel applets’ ကို စစ်ကြည့်ပါ။ ၄င်းတွင် Enable ဖြစ်နေပါက ကလစ် နှစ်ချက်နှိပ်ပြီး Disabled လို့ ပြင်ပါ။ Ok ကိုနှိပ်ပါ။

  • ထို့အတူ ‘Show only specified Control Panel ကိုစစ်ပြီး Enabled ဖြစ်နေပါက Disabled ကို ရွေးချယ်လိုက်ပါ။Ok ကိုနှိပ်ပြီး Group Policy မှ ပြန်ထွက်ပါ။

  • Control Panel ကိုဖွင့်ပါ။Menu က view ကိုဖွင့်ပြီး Refresh ကို ကလစ်လုပ်ပါ။


ထိုသို့ ပြုလုပ်ရာမှာ Group Policy (box) အတွင်း Enables စသည် မတွေ့ပါက Folder Options ပျောက်ရခြင်းသည် အခြား အကြောင်း ကြောင့် လို့ မှတ်ယူရပါမယ်။Windows XP Home ကဲ့သို့ OS မှာ မပါတာမျိုး ရှိပါတယ်။ ၄င်းအတွက် Rigistry Editor မှာ စောစောကလို Explorer သို့ တစ်ဆင့်ချင်း ဝင်ပါ။၎င်းတွင် DisallowCpl ရဲ့ တန်ဖိုးကို စစ်ကြည့်ပါ။ အဲဒီမှာ တန်ဖိုး (0) ဆိုရင် Policy Disabled ဖြစ်ပြီး တန်ဖိုး (1) ဆိုရင် Policy Enabled ဖြစ်ပါတယ်။



Run Box ကနေ Command တွေရိုက်ပြီး လှမ်းခေါ်လို့ရတယ်။တစ်ကယ်လို့ Run Box ထဲမှာ note-pad လို့ ရိုက်ရင် Note-pad Program ပေါ်လာမယ်။ဒါပေမယ့် Third Party သီးခြား Program တစ်ခုကို Run ထဲကနေ ခေါ်ကြည့်တဲ့အခါ အဲဒီ Command ကမရှိဘူးဆိုပြီး Error ကျလာလိမ့်မယ်။ Run Command တွေက သူ့မှာ ရှိတာတွေပဲ သုံးလို့ရမှာပါ။ဒါကြောင့် ကိုယ်သုံးနေတဲ့ Window မှာ စိတ်ကြိုက် Program တွေ၊ File တွေကို ထည့်သွင်းပြီး Run Command တွေ ဖန်တီးကြရပါမယ်။

Run Command တွေ ဖန်တီးခြင်း။


Start ထဲက Run ထဲမှာ regedit လို့ ရိုက်ပြီး Registry Editor ကိုဖွင့်ပါ။ ပြီးလျှင် ..HKEY-LOCAL-MACHINE\SOFT-WARE\Microsoft\Windows\Current Version\App Paths သို့ ရောက်အောင် သွားပါ။ App Paths ထဲရောက်လျှင် Right-Click နှိပ်ပြီး New ထဲက Key ကို Click လိုက်ပါ။


Registry Editor ရဲ့ ဘယ်ဘက်အခြမ်းမှ App Paths အောက်မှာ New Key#1 ဆိုပြီး Folder အသစ်တစ်ခုပေါ်လာပါလိမ့်မယ်။ပေါ်လာတဲ့ New Key#1 ကိုယ်ကြိုက်တဲ့ နာမည်ပြောင်းပြီး နောက်မှာ .exe ထည့်ပေးရပါမယ်။ဥပမာ gtalk ကို Run Command လုပ်ချင်ရင် Key နာမည်မှာ gtalk.exe လို့ပေးရမယ်။ဒီ Key က Run ထဲမှာ ရိုက်ရမယ့် Command ပါပဲ။

ဒီ Key ကို Click နှိပ်လိုက်ပါ။ပြီးလျှင် ညာဘက်ဘေးက Default registry key ဆိုတဲ့ String Value ကို Right-Click နှိပ်ပြီး Modify ကိုရွေးလိုက်ပါ။Value Data အောက်မှာ ကိုယ် Run ချင်တဲ့ File ရဲ့ လမ်းကြောင်းကို File နာမည် အထိ အတိအကျ ပြည့်ပြည့်စုံစုံ ထည့်ပေးရမယ်။ ရှေ့ က ဆိုခဲ့တဲ့ gtalk ကို Run ချင်တာဆိုရင် အဲဒီ gtalk ကို Run ပေးမယ့် .exe ရှိတဲ့ လမ်းကြောင်းကို အတိအကျ ထည့်ပေးရမယ်။ပြီးရင် OK ကိုနှိပ်ပါ။


အဖြူရောင် လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး New ထဲက String Value ကိုယူပါ။

နာမည်ကို Path လို့ပေးပြီး ၎င်းကို ကိုယ် Run ချင်တဲ့ File ရှိတဲ့ လမ်းကြောင်းကို ပေးရမယ်။ဒီလိုဆိုရင် အားလုံးပြီးပါပြီ။ သတိထားရမှာက Default Registry Key က ကိုယ် Launch လုပ်ချင်တဲ့ File အထိ ထည့်ပေးရမှာဖြစ်ပြီး Path ကတော့ File ရှိနေတဲ့ Directory ထဲပဲ လမ်းကြောင်း ထည့်ပေးရမှာပါ။ ဒီလောက်ဆိုရင် ကိုယ်တိုင် Run Command တွေ စိတ်ကြိုက်ထည့်လို့ ရပါပြီ။



USB အတွက် ဖြေရှင်းစရာ နည်းလမ်း၊၊

USB အသုံးပြုတဲ့အခါမှာ အဖြစ်များတဲ့ ပြဿနာလေးတစ်ခုဖြစ်ပါတယ်။ကွန်ပျူတာကို USB တပ်လိုက်တဲ့အခါ USB ကိုတွေ့ ပြီး ဘာမှကူးလို့မရ၊ ဘာမှလုပ်လို့မရတဲ့ အခါမျိုးမှာ ရှင်းဖို့ နည်းလမ်းလေးပါ။

Start > Run (or) Win+r >regedit ကိုသွားပါ။


HKEY_LOCAL_MACHINE>>SYSTEM Current Control Set>>Control ကိုရှာလိုက်ပါ။


Control ပေါ်မှာ right click နှိပ်ပြီး New>>Key ကို ရွေးလိုက်ပါ။


Storage Device Policies အမည်တပ်လိုက်ပါ။


Storage Device Policies ကို Click ခေါက်ပြီး ညာဘက်မှာ right click နှိပ်ကာ New မှ DWORD ကို Click ပေးပြီး Write Protect ဟု အမည်ပေးလိုက်ပါ။


Write Protect မှာ Doulble click (or) right click နှိပ်ပြီး Modify မှ Value ကို 0 ထည့်ပေးလိုက်ပါ။


Registry Editor ကိုပိတ်ပြီး USB ကိုပြန်ထည့်ကာ အသုံးပြုနိုင်ပါသည်။




Saturday, October 29, 2011

wxPyDict English - Myanmar အဘိဓာန်

Features (Quick)


+ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော အသုံးပြုပြီး ရှာဖွေနိုင်သည်။ အင်္ဂလိပ်-မြန်မာ (Ornagai), မြန်မာ-အင်္ဂလိပ် (စိုင်း မြန်မာ-အင်္ဂလိပ်), ကိုညီလင်းဆက် ပြုစုထားသော မြန်မာကျေးရွာနာမည်များအဘိဓာန် ကို အသုံးပြုထားသည်။


+ မြန်မာစာ၏ ဝဏ္ဏဖြတ်စနစ်ကို အသုံးပြုပြီး ရှာဖွေခြင်းကို ပိုမိုတိကျအောင် ပြုလုပ်ထားသည်။ ဥပမာ - ကံ ကိုရှာစဉ်တွင် ကြံ ကို ရှာဖွေမိခြင်းမရှိစေရ။


+ စာလုံးပေါင်း အတိုင်းအတာတစ်ခု အထိပြင်ပေးနိုင်သော အလိုအလျှောက် စစ်စတမ် တစ်ခုပါရှိသည်။ ဥပမာ - ကခြော်ကခြွတ် လို့ရိုက်ပြီး Enter ကီးသုံးပေးပါက အလိုအလျောက် ကချော်ကချွတ် သို့ပြောင်းပေးသွားမည်။



Features (Detailed and more technical)


+ custom dictionary ဖိုင်တွေကို tsv (tabs seperated value) format အနေနဲ့ ထည့်ပေးနိုင်သည်။ (wxPyDict.ini file ကို edit လုပ်ပေးခြင်းအားဖြင့်)


+ built-in dictionary builder (custom dictionary ထည့်ပြီးလျှင် Update->Rebuild Database ပြန်လုပ်ပေးရမည်) (if you have sqlite3.exe in same folder, dictionary building will get around 30% faster speed)


+ custom dictionary ဖိုင် သည် encoding utf8 သို့ utf16 ကြိုက်တာဖြစ်နိုင်သည်။


+ dictionary data should be in Zawgyi 2008 or Zawgyi 2009 Encoding, It will store in DB as, my encoding ဖြင့် sqlite3 အနေဖြင့် wxPyDict.db ဖိုင်တွင် သိမ်းသွားမည် ဖြစ်သည်။


+ support reverse lookup, အင်္ဂလိပ်-မြန်မာ အဘိဓာန် ကို မြန်မာစာဖြင့်ပြန်ရှာနိုင်သည်။ (output is not perfect but still usable feature)


+ support syllable breaker real-time, ကံ ကိုရှာတဲ့ အချိန်မှာ ကြံ တွေဘာတွေမပါလာဘူး။


+ built-in Normalization of Zawgyi to Zawgyi 2009, က--ိ-ု ပဲဖြစ်ဖြစ် က--ု--ိ အတူတူပါပဲ၊ မှု ပဲရိုက်ရိုက် မှု ပဲ ရိုက်ရိုက် မှု ပဲရိုက်ရိုက်အတူတူပါပဲ


+ built-in spell autocorrection for Myanmar Language, for eg, if you type "ကခြော်ကခြွတ်" it will automatically correct to "ကချော်ကချွတ်" (need spell dictionary from thanlwinsoft)


File Details (For some people, who want to know which files are doing what)


wxPyDict.exe သည် အဓိက အလုပ်လုပ်မည့် ဖိုင်ဖြစ်သည်။ အင်စတော လုပ်ပြီးခါစ run လျှင် wxPyDict.db ကို တည်ဆောက်မည်ဖြစ်သောကြောင့် စက္ကန့် အနည်းငယ် ကြာမည်ဖြစ်သည်။ (အဘိဓာန်အရွယ်အစားနဲ့ အသုံးပြုမည့်စက်ပေါ်မူတည်သည်။)


wxPyDict.ini သည် custom dictionary ထပ်ထည့်နိုင်ရန် အသုံးပြုနိုင်ပါသည်။ wxPyDict.ini မရှိနေပါက အလိုအလျောက် create လုပ်သွားမည် ဖြစ်ပါသည်။


wxPyDict.db သည် sqlite3 db ဖြစ်ပြီး database build လုပ်သည့်အချိန်တွင် tsv format ဖိုင်များမှ ဖတ်ပြီး သိမ်းယူသွားမည်။


wxPyDict.spell သည် spell dictionary (my_MM.dic) မှ ဒေတာကို ဆွဲထုတ်ပြီး ပိုင်သွန်က နားလည်သော format ဖြင့် သိမ်းထားသောဖိုင်ဖြစ်သည်။ (loading မြန်ရန်အတွက်)


အောက်တွင်းပေးထားသော Link မှ Download လုပ်ကြပါရန်။ ကျေးဇူးတင်ပါသည်။


Window 7 သမားများအတွက် ဇော်ဂျီ font

Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီဖောင့် ကိုဒေါင်းပြီး အရင်ဆုံး Install လုပ်လိုက်ဗျာ ပြီးရင်တော အောက်မှပေးထားတဲ့လင့်ခ် ကိုဒေါင်းလိုက် ဒေါင်းပြီးရင် zip ဖြည်လိုက်ဗျာ အဲဒီထဲမှာပါတဲ့ setup ဆိုတာလေးကို doubel click နဲ့ Install လုပ်လိုက်ပေါ့ဗျာ...။ windows7 64bit နဲ့ zawgyi font ရိုက်လို့ မရတဲ့ပြဿနာတက်နေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်... xp အတွက် ဇော်ဂျီ font က တော့ sidebar ရဲ့ ဘယ်ဖက်မှာရှိပါတယ် ဒေါင်းလို့ရပါတယ်။ window 7 အတွက်ကတော့ အခု အောက်မှာပေးထားတဲ့ လင့်ခ်လေးက ဒေါင်းလော့ခ်ဆွဲလိုက်ပါခင်ဗျာ။ window 7 သမားတွေ အဆင်ပြေ ချောမွေ့နိုင်ကြပါစေသတည်း..။


Wednesday, October 26, 2011

SpeedConnect Internet Accelerator v.8 - With Serial + Crack

ဒီ software လေးကတော့ web page, email တွေကို ဖွင့်တဲ့အချိန်မှာ ပိုပြီးတော့ မြန်စေတဲ့အပြင် Download လုပ်တာတို့ online games ဆော့ တာတို့ကိုလဲ တော်တော်လေး အဆင်ပြေပြေနဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်. အထဲမှာ setting ကိုတော့ ကိုသုံးတဲ့ connection အမျိုးအစားကို ရွေးပေး ရမှာဖြစ်ပါတယ်. တစ်ခြား net speeder လိုမျိုး CPU ကို အတင်းစွတ်ပြီး speed ခိုင်းတာမျိုး မဟုတ်ပါဘူး. full version ပါ crack လုပ်ထားပြီးသားပါ. ဘာကီးမှ ထည့်စရာမလိုပါဘူး run လိုက်တာနဲ့ full version ရရှိမှာဖြစ်ပါတယ်. အောက်မှာပေးထားတဲ့ Links က ဒေါင်းနိုင်ကြပါပြီ


Friday, October 14, 2011

2011 ရဲ့အကောင်းဆုံး Video Converter

ဟိုတစ်နေ့က toptenreviews.com ကိုဝင်ကြည့်တော့ အဲ့မှာ Video Converter Software List ကိုကြည့်တော့ AVS Video Converter ကိုသွားတွေ့တယ်။ ဒီကောင်က ထိပ်ဆုံးမှာရှိနေတာ။ NO.1 ပေါ့။ ကျွန်တော်လက်ရှိသုံးနေတဲ့ Total Video Converter က နံပါတ်-၉ မှာ။ ဒါနဲ့ NO.1 မှာရှိနေတဲ့ AVS Video Converter ကိုသုံးချင်စိတ်ပေါ် လာတာနဲ့ ဒေါင်းပြီးသုံးကြည့်လိုက်တယ်။ ဘာကောင်းလဲ ၊ ဘာကြောင့် နံပါတ် တစ် ဖြစ်နေ ရလဲဆိုတာ ၊ သုံးကြည့်ပြီးမှ သိလိုက်၇တယ်။ ကျွန်တော်သုံးဖူးသမျှ Video Converter  တွေထဲမှာ ဒီကောင်က အကောင်းဆုံးပဲ။ Video convert လုပ်ရင်၇လာတဲ့ quality က တခြား Converter တွေထက် ပိုကောင်း တယ်။ နောက်ကျွန်တော် တို့ရိုက်တဲ့ Video cameraမှ ရလာတဲ့ AVI ကို dvd သို့ပြောင်းသောအခါ ၊ တစ်ခြား convert တွေမှာ scence တစ်ခုနဲ့တစ်ခု ပုံရိပ်အပြောင်းမှာ မှုန်းဝါးဝါးလေးတွေ ဖြစ်ဖြစ်သွားတယ်။ ဒီ AVS Video Converter နဲ့စမ်းတာ လုံးဝကို မှုန်းဝါးဝါးမဖြစ်ဘူး။ နောက် Frame rate အကူးအပြောင်းကလဲ လုံးဝကိုသပ်ရပ် တယ်။ နောက်ထူးခြားတာလေးတွေရှိသေးတယ်။ Video Edit လည်း လုပ်လို့ရပါတယ်။   (Posted By -->>blaze)


AVS Video Converter 8.0.1.492 Portable ကြိုက်သူများ Download လုပ်ယူရန်အတွက်



AVS Video Converter 8.0.1.492 Software  Download လုပ်ယူရန်အတွက်



AVS Video Converter 8.0.1.492 Crack Download လုပ်ယူရန်အတွက်


For MKV


For Mobile



For Youtube & Facebook



For Video Edit



For DVD Menu



Thursday, October 13, 2011

သီတင်းကျွတ်အထူး Window 8 Wallpaper များ

Window 8 Wallpaper အလန်းလေးများကို တင်ပြပေးလိုက်ပါသည်။ Download လုပ်နိုင်ကြ ပါပြီ။




သီတင်းကျွတ်အထူး Microsoft Office 2010 plus incl service pack 1 x86 window with office toolkit v2.1.7.0

Microsoft Office 2010 plus incl service pack 1 x86 window with office toolkit v2.1.7.0 လေးကို တင်ပေးလိုက်ပါသည်။ အလိုရှိသူများ အောက်မှာပေးထားတဲ့ Links များမှ Download လုပ်နိုင်ပါသည်။ ဖိုင်စုစုပေါင်း ၇ ဖိုင်ကို download လုပ်ရန် လိုအပ်ပါသည်။

















OnlyToolkit v2.1.7.0 ( to activate office 2010) Download လုပ်ရန် အတွက်


System requirements ကြည့်ရှုရန်