Sunday, February 27, 2011
Windows Registry အကြောင်း တစေ့တစောင်း
Saturday, February 26, 2011
ကွန်ပျူတာမှာ CD Drive ပျောက်နေသူများအတွက်
ကွန်ပျူတာမှာ CD Drive မတွေ့ တော့တာကို ဘယ်လို ပြန်လုပ်ရမလဲ မသိသူများ အတွက် ရည်ရွယ်ပါတယ်။ သိပြီးသားသူများအတွက် တော့ သည်းခံ ပေး ပါ။ အခြားစက်မှာ စမ်းကြည့်တော့ ကောင်းနေပြီး မိမိစက်မှာတော့ ပျောက်ဆုံးနေသူများအနေနဲ့ ပြုလုပ်ရ မှာကတော့ -
(၁) My Computer ကို right click ထောက်လိုက်ပြီး properties ကိုသွားပါ။ My Computer> right click> hardware> device manager> DVD/CD Rom drives ကို ကြည့်လိုက်ပါ။
(၂) General မှာ This device is working properly ဆိုရင်တော့ အဆင် ပြေစွာနဲ့ Drive အလုပ်လုပ်နေပါတယ်။ disabled ဖြစ်နေလား၊ မဖြစ်နေလား သေချာအောင်ကြည့်လိုက်ပါ။
(၃) unabled ဖြစ်နေရင် disabled ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့် မယ်။
Ref: Net Guide Journal
ကွန်ပျူတာသမားတွေ အမြင်အာရုံ မထိခိုက်စေဖို့ Eye Defender
ကွန်ပျူတာရှေ့မှာ နာရီပေါင်း များစွာ အလုပ် လုပ်ရသူ တွေဟာ မျက်စိမှုန်တာ၊ ၀ါးတာ၊ မျက်ရည်ပူ ကျတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက် နောက်ကြောထိုးတာ စတဲ့ရောဂါ လက္ခဏာ တွေကို အနည်းနဲ့ အများ ခံစားရ တတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင် မှာ နာရီပေါင်းများစွာ ကွန်ပျူတာ အသုံး ပြုရသူတွေအတွက် အဲဒီလိုရောဂါ ဝေဒနာတွေကို သက်သာ လျော့နည်းစေပြီး သင့်တင့်မျှတတဲ့ ကွန်ပျူတာသုံး ချိန်ဖြစ်အောင် ကူညီပေးမယ့် Software လေးတစ်ခုကို မိတ်ဆက် ပေးချင်ပါ။ Eye Defender ဟာ ကွန်ပျူတာ ရှေ့မှာ နာရီပေါင်းများစွာ အလုပ်လုပ်ရ သူတွေအတွက် အမြင်အာရုံ မထိခိုက် စေဖို့ မျက်စိအနားရအောင် သတိပေးမယ့် Software လေးတစ်ခုပါ။ ကွန်ပျူတာ အသုံးပြုသူ တစ်ယောက်ကို သတ်မှတ် ထားတဲ့ အချိန်တိုင်း မှာ ခဏ တာအနားယူဖို့ သတိပေးမယ့်သူ့ရဲ့ လုပ်ဆောင်ချက်က ရိုးရှင်း ပြီး အသုံးတည့် လှပါ တယ်။
Eye Defender ကို Install လုပ်ပြီး Run လိုက်တာနှဲ့System tray ထဲမှာ နေရာယူလိုက်ပြီး သတ်မှတ်ထားတဲ့ နားချိန်ရောက်တာနဲ့ ကြိုတင် ထည့်သွင်းထားတဲ့ ဓာတ်ပုံတွေနဲ့ Slide Show ပြသပေးခြင်း၊ မျက်စိကို အနားရ စေမယ့် လေ့ကျင့်ခန်းစတင်ပေး ခြင်း၊ ကိုယ့်စက်ရဲ့ Screen saver ကို ပြသပေးခြင်း၊ ဒါမှမဟုတ် System tray နေရာကနေ သတိပေးစာတန်းလေးနဲ့ သတိပေးခြင်း စတာမျိုးတွေကို လုပ်ဆောင် ပေးမှာပါ။ ဒါ ဆိုရင် Eye Defender ကိုသုံးပြီး ဘယ်လောက်ကြာကြာ အလုပ် လုပ်မယ်၊ ပြီးရင် ဘယ်နှမိနစ်လောက် အနားယူမယ်ဆိုတာကို စိတ်ကြိုက် ချိန်ညှိထားနိုင်ပါပြီ။ Eye Defender ကို အခမဲ့ရယူနိုင်ပြီး ဖိုင်ပမာဏ က လည်း သေးငယ် လှတာမို့ www.eterlab.com ကနေ အလွယ်တကူ ဆွဲချ ရယူနိုင်ပါလိမ့် မယ်။
Ref:The Voice Weekly Journal
Nano နည်းပညာအကြောင်းတစေ့တစောင်း ..
nanoနည်းပညာဟာလာမည့်ဆယ်စုနှစ်အတွင်း အရေးပါဆုံးနည်းပညာတစ်ရပ်ဖြစ်လာမှာ မလွဲပါဘူး။nanoနည်းပညာဆိုတာ အကြမ်းဖျင်း ပြောရ ရင် အနုစကြ၀ဠာ အတွင်းမှာရှိသော အရာတွေရဲ့ ဆက်ဆံရေးနဲ့ စပ်လျဉ်းနေတဲ့ နည်းပညာတစ်ရပ်ပါဘဲ။ တစ်နည်းအားဖြင့် အလွန်အနုစိပ်လှတဲ့ atoms များ အတွင်းရှိ ဆက်ဆံရေးဆိုင်ရာ နည်းပညာဖြစ်ပါတယ်။ nanoနည်းပညာဟာ စူးစမ်းလေ့လာနေတဲ့ အချိန်ရဲ့အတိုင်းအတာသဘောကို ပြောမယ်ဆို ရင်လည်းonesecond၏ အပုံတစ်သန်းပုံတစ်ပုံမျှသာရှိမည့် ကာလအတွင်းရှိ ဆက်ဆံ ရေးတွေ အကြောင်းပါဘဲ။
nanoနည်းပညာဟာ အနုစကြ၀ဠာအတွင်းမှာ ရှိတဲ့ရုပ်ကမ္ဘာလေးထဲမှာ ရှိတဲ့ နယ်နမိတ် တွေကိုတဖြေးဖြေး မှေးမှိန် ပျောက်ကွယ်အောင် လုပ်နေပါပြီ။ ဒါကြောင့် အခြေခံဒြပ်စင်တွေရဲ့ Elements သန့်စင်မူဆိုတာရှားပါးလာတော့မှာပါ။ အနာဂါတ် မှာရွှေနဲ့ ကြေးနဲ့ဆိုတာ သိပ်ပြီးကွဲပြားမှာ မဟုတ်တော့ပါဘူး။ ကြေးကနေ ရွှေဖြစ်တော့မည့် ခေတ်တစ်ခေတ်ဟာ မဝေးတော့ဘူးလို့ ဆိုရတော့မှာ ဖြစ်နေပါ တယ်။ ဒီနည်းပညာ ကြောင့်လည်း ဘာသာရပ် ဆိုင်ရာနည်းပညာနယ်နိမိတ်တွေလည်းကွယ်ပျောက်ကုန်ပါလိမ့်မယ်။
အိုင်တီ ပစ္စည်းဆိုတာ မရှိမကောင်း၊ ရှိမကောင်းပါဆိုတဲ့ ဖွေးဖွေး
အနုပညာ လမ်းကြောင်းပေါ် မှာ တစ်နေ့ထက် တစ်နေ့ အောင်မြင်မှု လမ်းကြောင်းဆီ လှမ်းချီ လာတဲ့ ဖွေးဖွေးနဲ့ စကားပြော ဖြစ်ခဲ့ပါတယ်။ အိုင်တီ ပစ္စည်းတွေကို စိတ်ဝင်စားတတ်တဲ့ ဖွေးဖွေးနဲ့ အိုင်တီ အကြောင်းလေးတွေ ပြောဖြစ်ခဲ့ပါတယ်။
မေး - ဖွေးဖွေးက မကြာခဏ ခရီးတွေထွက်နေရတော့ သွားလာရောယူသွားတဲ့ IT ပစ္စည်းလေးတွေပြောပါဦး။
ဖြေ - iPod ရယ်၊ ပြီးတော့ Laptop လေးကိုတော့ သွားလေရာယူသွားတတ်တယ်။ အခုတောင် အိတ်ထဲထည့် သယ်လာတာ လေးလိုက်တာ။
Friday, February 25, 2011
PDF to Word Converter
PDF ကနေ Microsoftword ကို အလွယ်တကူ ပြောင်းနိုင်မယ့် ဆော့ဝဲလေးပါ။ ဒူဘိုင်းက သူငယ်ချင်းတစ်ယောက် အကူအညီတောင်းလို့ တင်ပေး လိုက်ပါတယ်။ တခြား သူငယ်ချင်းတွေလည်း စမ်းကြည့်လိုက်ကြပါ။ စမ်းကြည့်လို့အဆင်ပြေခဲ့ရင် ပြောကြပါနော်။ ကျနော်တော့ မစမ်းရသေးပါဘူး။ အများသူငှာအဆင်ပြေစေဖို့ အတွက် ပရိုဂမ်အလန်းလေးတွေ ရှာနေတာမို့လို့ပါ။ ကျေးဇူးတင်ပါတယ်။
Download ချရန်
အင်တာနက် ဆက်သွယ်ရေး မြန်လာမည်ဟုဆို
မြန်မာ-ဗီယက်နမ် SEA Me We 3 အင်တာနက်ဆက်ကြောင်း ချိတ်ဆက်ရန် စတင်စီစဉ်နေပြီး အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းသည် အရှေ့တောင်အာရှ နိုင်ငံများကို ဖြတ်၍ မြန်မာနိုင်ငံ ဖျာပုံမြို့နယ်မှ တဆင့် နိုင်ငံတွင်းသို့ ၀င်ရောက်မည် ဖြစ်ကြောင်းသိ ရ သည်။ ယင်းသို့ အင်တာနက် ကွန်ရက် ချိတ်ဆက်မှုများလေ သတင်းအချက်အလက် ပို့ဆောင်မှု မြန်လေ ဖြစ်လာမည်ဟု ၂၀၁၁ ရန်ကုန် ဘားကမ့်ပွဲ၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာန မှ လက်ထောက် အင်ဂျင်နီယာ ဦးရန်နောင်စိုးက ပြောခဲ့သည်ဟု Barcamp Yangon 2011 ပွဲ သို့ တက်ရောက်သူ တဦးက ပြောသည်။
ဧရာဝတီ သတင်းဌာနမှတင်ပြချက်ကို ဖော်ပြပါသည်
Thursday, February 24, 2011
Kaspersky Virus Program Download Full Version with Crack File
Kasper sky Virus Program လိုချင်သူများအနေဖြင့် အောက်မှာပေးထားတဲ့ Links အတိုင်း Download လုပ်နိုင်ပါသည်။ Crack file လည်း ထည့်ပေးထားပါသည်။ လုပ်ပုံလုပ် နည်းအဆင့်ဆင့်အတွက် လမ်းညွန်စာအုပ်လေးတစ်အုပ်ကိုလည်း Microsoft Word နဲ့ ရိုက်ပေးထားပါတယ်။ အဲဒီစာအုပ်လေးတွင် ရိုက်ထားသော စာသားများကို Myanmar3 ယူနီကုဒ်ဖြင့်သာ ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ယူနီကုဒ်ကိုလည်း တစ်ခါတည်း Side bar အတွင်းမှ Download ချလိုက်ပါ။
Download ချရန်
Kaspersky Key သစ်များ
Download ချရန်
Windown XP Install ပြုလုပ်နည်း လမ်းညွန်
ဒီခေတ်ကြီးထဲမှာ ၀င်းဒိုး ၇ သုံးနေကြပေမယ့် ၀င်းဒိုး XP ကိုမှ တရှိုက်မတ်မတ် အစဉ်တစိုက် သုံးစွဲနေသူများအတွက် Window XP Install လုပ်နည်း Window တင်နည်းကို တင်ပြပေးလိုက်ပါတယ်။ စာလုံးများ သေးနေပါလိမ့်မယ်။ Zoom ချဲ့၍ ဖတ်ရှုကြပါရန်။ ကျေးဇူးတင်ပါသည်။
[scribd id=49457685 key=key-2jd64po0on06f46zykj mode=list]
Gtalk တွင် မိမိအား Block လုပ်မလုပ် စစ်ဆေးခြင်း
လွန်ခဲ့တဲ့တစ်ပတ်မပြည့်တပြည့်နေ့တုန်းက ကျနော့်သူငယ်ချင်းမလေးတစ်ယောက် မေးတယ်။ သူများတွေ ကိုယ့်ကို Block လုပ်ထားတာကို ဘယ်ပုံဘယ်နည်းနဲ့သိနိုင်လဲတဲ့။ ကျနော်လည်း အောက်မှာပေးထားတဲ့ နည်း အတိုင်းပဲ ပြောပြလိုက်ပါတယ်။ သိတဲ့သူများကတော့ ဖတ်စရာမလိုပါဘူးနော်၊ မသိသေးတဲ့သူများအတွက်ကတော့ ဖတ်ပြီးရင် သူများကိုလည်း မျှဝေပေးလိုက်ကြပါနော်။
ကိုယ့်ကို မကျေနပ်လို့ block ပေးထားတာကို သိအောင်လုပ်တဲ့ နည်းလေးပါဘာကြောင့်ပဲ Block Block ပေါ့ ..ကိုယ့် ID ကိုတခြားလူတစ်ယောက်က Block ပေးထားတာကို သိအောင် ဘယ်လိုလုပ်မလဲ ဆိုရင်အဲဒါကို သိချင်တယ်ဆိုရင်တော့ ဒီလိုလုပ်ရင် သိနိုင်ပါတယ် ကိုယ်သိလိုတဲ့ ID ကို Chat box ထုတ်လိုက်ပါ …ပြီးရင် Voice ခေါ်လိုက်ပါ …Offline ဖြစ်နေတာဆိုတော့ … Send Voicemail လို့ပဲ ပေါ်မယ်အဲဒီမှာ ခေါ်လိုက်ရင်ဘယ်လိုဖြစ်တယ်ဆိုတာကိုကြည့်ပြီး Block ထားတယ် Block မထားဘူး …အဲဒါလေးတွေကို သိနိုင်ပါတယ်
တကယ်လို့ ခေါ်လိုက်လို့ ခေါ်လို့ရတယ် အဲဒီမှာ မိန်းကလေး အသံနဲ့ . The best… ဆိုလား ..ဘာလားပဲ ..မသိဘူး အဲဒီလိုလေး ပြန်ပြောတယ် ခေါ်လို့ရတယ်ပေါ့ …ဒီလို အခြေအနေမျိုးမှာဆိုရင်တော့ ဒါ ကိုယ့် ID ကို သူများက Block ထားခြင်း မရှိပါဘူး …တကယ်ကို Offline ဖြစ်နေတာပါ ….သေချာတယ် ….. တကယ်လို့ ခေါ်လို့မရဘူး …Send Voicemail ကို နှိပ်လိုက်ရင် …ခေါ်လိုက်ရင် ကျကျသွားတယ် … ခေါ်တာနဲ့ ကျတာပဲအဲဒါဆိုရင်တော့ သေချာတယ် ….ကိုယ့် ID ကို Block ထားပါပြီ … သွားပြီးတော့ သူ့ကို ပြဿနာ သွားရှာလို့ရပြီနော်။
Kaspersky Key Downloader
kaspersky key တွေလိုချင်တဲ့လူတွေများနေတယ်။ Key ပေးပြန်တော့လဲ ဘယ်လို Download ဆွဲရလဲတဲ့ မေးတဲ့လူများအတွက် Kasper 7.0,2009,2010 အစရှိသော Key ရှာနည်းကို တင်ပေးလိုက် ပါတယ်။ မိမိကိုယ်တိုင်ရှာချင်သူများလုပ်နည်းကို ပုံကအတိုင်းလိုက်လုပ်နိုင် ပါတယ်။ ကျလာတဲ့ ဖိုင်ကို RAR ဖြည်ဖို.တော့မမေ့နဲ.နော်။အောက်မှာ kaspersky Key Downloader ကို Download ဆွဲလိုက်ပါ။ (Ref:Sai Natkhat)
Download လုပ်ရန်
http://www.mediafire.com/file/oxok2224eowx2x9/Kaspersky%20Keys%20Downloader_v1.0.rar
မည်သို့လုပ်ဆောင်မည်ဆိုသည်ကို သိရန်အတွက် ပုံကို Click တစ်ချက်နှိပ်ပါ
Gtalk ထဲမှာ မိမိသိချင်တာတွေကို လွယ်လင့်တကူ ရှာဖွေဖို့
Facebook ကို Deactivate လုပ်ကြည့်စို့
Facebook အကောင့်ဖျက်ချင်သူများအတွက် သံယောဇဉ်လည်း မပြတ်ရအောင် အောက်မှာပေးထားတဲ့ နည်းအတိုင်း Deactivate လိုက်လုပ် ကြည့်ကြတာပေါ့။
- ပထမဆုံး Facebook အကောင့်ထဲဝင်ပြီးသွားပြီဆိုရင် Account ရဲ့အောက်က Account Settings ကိုသွားပါ..
- ပြီးရင် Setting စာမျက်နှာထဲရောက်သွားတာနဲ့ Deactivate Account session မှာ Deactivate ကိုနှိပ်လိုက်ပါ..။
- ပြီးရင် Reason for leaving (Required): မှာ တစ်ခုခု ရွေးပေးလိုက်ပါ.. ပြီးရင် လိုအပ်မယ် ထင်တာလေးတွေ check လုပ်ပြီး Confirm ပေးလိုက်ပါ..
- ဒါဆိုရင် အကောင့် Deactivate ဖြစ်သွားပါလိမ့်မယ်..။
Wednesday, February 23, 2011
Virus များအကြောင်း တစေ့တစောင်း လေ့လာချက်
စာလုံးများ သေးနေပါလိမ့်မယ်။ ကျေးဇူးပြု၍ Zoom ချဲ့ပြီး ဖတ်ကြပါရန်။ Download လည်း လုပ်နိုင်ပါတယ်။
Sun Certified Programmer for Java 6 Study Guide
ဤနေရာမှ Download ချပါ
McGraw-Hill Osborne Media.SCJP Sun Certified Programmer for Java 6 Exam 310-065
Photoshop 7 လေ့လာကြမယ်
Photoshp တွေ ဘယ်လောက်ပဲ အသစ်တွေ ထွက်လာပါစေ အရင်အဟောင်းကိုတော့ မမေ့သင့်တာကြောင့် Photoshop7 ကို အခြေခံခိုင်ခန့်အောင် လေ့လာပြီးမှ CS3 CS4 CS5 တွေကို ဆက်လက် ဖန်တီး ကြစို့။ ဒီစာအုပ် မူရင်းပြုစုသူ ဘော်ဒါတစ်ယေက်ဆီမှတောင်းယူပြီး ပြန်လည် တင်ပြလိုက်ပါတယ်။ နည်းပညာရပ် လိုင်းပေါင်းစုံတွင် တိုးတက်အောင်မြင် ထွန်းပေါက် နိုင်ကြပါစေ။
စာလုံးများသေးနေပါက Zoom ချဲ့ပြီး ဖတ်ကြပါရန်။ Download လည်း လုပ်နိုင်ပါတယ်။
စီဒီအမ်အေဖုန်းဖြင့် အင်တာနက်သုံးလျှင် ကွန်ပျူတာဖြင့်သုံးပါက ပိုမိုအဆင်ပြေ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အငှားချထားပေးသော ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါ ဟတ်ဇ် ဖုန်းများကို ပြီးခဲ့သည့် လအတွင်းမှစတင်၍ အင်တာနက်အသုံးပြုနိုင်သော RUIM card များ ဖြင့် လဲလှယ်ပေးခဲ့ရာ အင်တာနက် အသုံးပြုလိုသူများ အနေဖြင့် ကွန်ပျူတာဖြင့် ချိတ်ဆက် အသုံးပြုပါက ပိုမိုအဆင်ပြေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ဖုန်းနဲ့သုံးတယ် ဆိုတာက ဖုန်းရဲ့ screen ကြီးတယ်ဆိုရင် တစ်မျိုးပေါ့။မျက်နှာပြင်က သေးတယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ ကွန်ပျူတာနဲ့ ချိတ်သုံးတာတော့ အဆင်ပြေဆုံးပါပဲ။ တချို့က ၀င်းဒိုးဆဲဗင်း မှာတင်ရတာ အဆင်မပြေ ဘူးပြောတယ်။ အဲဒါက အင်စတော (install) လုပ်တဲ့အပေါ် မူတည်တယ်။ နားလည်တဲ့သူနဲ့ဆိုရင် အဆင်ပြေပါတယ်။ အဓိက၀င်းဒိုး XP က ပိုအဆင်ပြေ ပါတယ်"ဟု အဆိုပါတာဝန်ရှိသူ က ပြောသည်။
မက်ဝဲလ်အင်တာနက်လိုင်းများအတွက် အင်တာနက်သုံးစွဲခကို ကြိုတင်ငွေပေးကတ်ဖြင့် ပေးချေရမည်ဟုဆို
ရတနာပုံတယ်လီပို့ကုမ္ပဏီက စတင်ရောင်းချလျက်ရှိသော မက်ဝဲလ်အင်တာနက်လိုင်းများကို ကြိုတင်ငွေပေးကတ်များနှင့် တွဲဖက်သုံးစွဲရမည်ဖြစ်ကြောင်း ထိုကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို အင်တာနက်လိုင်းများအတွက် ကြိုတင်ငွေပေးကတ်များကို Asia Mega Link ကုမ္ပဏီကဖြန့်ချိရောင်းချမည်ဖြစ်ပြီး ကျပ် ၁၀,၀၀၀ နှင့် ကျပ်၃၀,၀၀၀ ဟူ၍ နှစ်မျိုးခွဲခြားရောင်းချမည်ဖြစ်ကြောင်း သိရသည်။ “ကြိုတင်ငွေ ပေးကတ်တွေကို Asia Mega Link ကနေတဆင့် ရောင်းချသွားမှာပါ။ တပ်ဆင်မှုအပိုင်းကိုတော့ Myanmar Digital Signature နဲ့ Cyber Net Technology တို့ကလုပ်ဆောင်သွားမှာပါ။ ဒီကုမ္ပဏီနှစ်ခုကတော့ ရတနာပုံတယ်လီပို့နဲ့ပူးပေါင်းပြီး ဖိုင်ဘာအင်တာနက်သွယ်တန်းမှုလည်း ပြုလုပ်မှာပါ” ဟု၎င်းကပြောသည်။ ကြိုတင်ငွေပေးကတ်များမှတစ်ဆင့် အင်တာနက်သုံးစွဲခပေးချေရာတွင် အင်တာနက်အမြန်နှုန်း 128 Kbps ဖြစ်ပါက တစ်မိနစ်လျှင်နှစ်ကျပ်နှုန်း၊ 256 Kbps ဖြစ်ပါက တစ်မိနစ်လျှင်သုံးကျပ်နှုန်း၊ 512Kbps ဖြစ်ပါက တစ်မိနစ်လျှင်ခြောက်ကျပ်နှုန်းနှင့် 1Mbps ဖြစ်ပါက တစ်မိနစ်လျှင် ရှစ်ကျပ်နှုန်းဖြင့် ပေးချေရမည်ဖြစ်သည်။ ယခုအခါ မက်ဝဲလ်စနစ်ကို အင်တာနက်လိုင်းအဖြစ်သာ ချထားပေးလျက်ရှိပြီး ဖုန်းလိုင်းအဖြစ်တွဲဖက်သုံးစွဲရန်အတွက်မူ ချထားပေးခြင်းမရှိသေးကြောင်း သိရသည်။ “ဖုန်းလိုင်းရဖို့ကတော့ နောက်ပိုင်း အစီအစဉ် တွေဖြစ်သွားပါပြီ။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာချထားပေးနေတာကတော့ မက်ဝဲလ်အင်တာနက်လိုင်းပါပဲ” ဟု ၎င်းကပြောသည်။ မက်ဝဲလ်အင်တာနက်လိုင်း လျှောက်ထားမည်ဆိုပါက ကနဦးတပ်ဆင်ခ ကျပ်ငါးသိန်းနှင့် နှစ်စဉ်ကြေး ကျပ် ၆၀,၀၀၀ ကို ပေးသွင်းရန်လိုအပ်ပြီး အင်တာနက်လိုင်းအတွက် တွဲဖက်သုံးစွဲရန်အထိုင်စက်ကိုလည်း ၀ယ်ယူရန်လိုအပ်သည်။
မြင့်ကျော်လှိုင် - ရေးသားသည်
အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြပါသည်
Touch Screen ဖုန်းဟန်းဆက်တွင် မြန်မာစာဖြင့် သီချင်းများထည့်သွင်းနိုင်ပြီ
Music Vox ဟူသော ဆော့ဖ်ဝဲသစ်ကိုအသုံးပြု၍ မြန်မာဘာသာဖြင့်ရေးသားထားသော သီချင်းခေါင်းစဉ်များကို Touch Screen ဟန်းဆက်များ၌ ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ “အရင်က မြန်မာလိုရေး ထားတဲ့ တေးစီးရီးခေါင်းစဉ်တွေ၊ အဆိုတော် နာမည်တွေကို ဟန်းဆက်ထဲထည့်လိုက်ရင် လေးထောင့်ကွက်တွေပဲ ပေါ်နေတယ်။ ဒီဆော့ဖ်ဝဲသစ်က Touch Screen ဟန်းဆက်တွေဆိုရင် မြန်မာလိုမြင်နိုင်ပါတယ်” ထိုဆော့ဖ်ဝဲကို ဖန်တီးရေးသားသည့် SM3 မှ ကိုတင်မျိုးဟန်ကပြောသည်။ ဆော့ဖ်ဝဲရောင်းဈေးကို ၇,၅၀၀ ကျပ်သတ်မှတ်ထားပြီး ဇန်န၀ါရီလအတွင်း စတင်ထွက်ရှိလာခြင်းဖြစ်သည်။ Java စနစ်ကိုလက်ခံသည့် မည်သည့် Touch Screen ဖုန်းဟန်းဆက်တွင်မဆို ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရေးသားသူ - မြင့်ကျော်လှိုင်
အင်တာနက်ဂျာနယ် အတွဲ(၁၂) အမှတ်(၄)
Tuesday, February 22, 2011
EVDO (Evolution-Data Optimized or Evolution-Data only) လျှောက်ချင်သူများအတွက် သိကောင်းစရာ
*ပန်းဆိုးတန်းရုံးတွင်လျှောက်ခွင့်ရသော မြို့နယ်များအတွက်သာ.............*
(၁) မိမိ ဖုန်းလျှောက်စဉ်က ရရှိခဲ့သော စာချုပ် (မူရင်း + မိတ္တူ)
(၂) မှတ်ပုံတင် (မူရင်း + မိတ္တူ)
(၃) ဓာတ်ပုံ တပုံ……..(ကိုယ်စားလျှောက်လျှင် ပိုင်ရှင် + ကိုယ်စားလျှောက်သူ၏ဓာတ်ပုံ)
အထက်ပါ အချက် ၃ချက်လုံးကို မူရင်းနှင့် မိတ္တူ တွဲတင်မှ Form ရောင်းပေးပါသည်………
EVDO(Evolution-Data Optimized or Evolution-Data only) စနစ်အကြောင်း တစေ့တစောင်း
ယခုတလော ရန်ကုန်နဲ့မန္တလေးမှာ 800mhz ဖုန်းတွေကို အင်တာနက်ဖွင့်ပေးလိုက်ပြီဆိုတာနဲ့ အင်တာနက်သုံးဖို့ ဖုန်းရုံးတွေကို သွားကြတာ အများကြီးပဲ သုံးချင်လို့ သွားလျှောက်ကြတာ ကြိတ်ကြိတ်တိုးပဲ ခက်တာက internet သုံးဖို့က လျှောက်လွှာတင်ပြီးလို့ ကဒ်အသစ်ရရင်တော့ သုံးလို့ရတာမှန်ပေမယ့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးအသုံးပြုမယ်ဆိုရင်တော့ USB Modem ကို ဝယ်ယူကြရပါတယ်။ EVDO (Evolution-Data Optimized or Evolution-Data only) စနစ်ဖြစ်တဲ့အတွက် USB Modem နဲ့သုံးတဲ့အခါဖုန်းပြောလို့မရတဲ့အခက်အခဲတွေရှိနေတာကိုတွေ့ရပါတယ်။
Monday, February 21, 2011
Intel ရဲ့ Nehalem နည်းပညာကို အခြေခံထားတဲ့ Core Seires များအကြောင်း စာအုပ်
Intel ရဲ့ Nehalem နည်းပညာကို အခြေခံထားတဲ့ Core Seires တွေ အကြောင်းကို အစုံအလင်ဖတ်ရဖို့အတွက် Microsoft Word ဖိုင်နဲ့ တင်ပေးလိုက်ပါတယ်။ Download ချလိုက်ကြပါ။ ၎င်းအကြောင်းအရာများကို ဖတ်ရှုဖို့အတွက် Myanmar 3 Unicode ကို မိမိကွန်ပျူတာအတွင်း Download လုပ်ဖို့ လိုပါလိမ့်မည်။ ကျနော့်စာမျက်နှာ၏ Sidebar တွင် မြန်မာယူနီကုဒ်ကို တင်ပေးထားပါသည်။ ကျေးဇူးတင်ပါသည်။ ဗဟုသုတ တိုးပွားစေဖို့ ဖတ်ကြည့်လိုက်ကြပေါ့။
Download ချရန်
Photoshop CS3 Portable
Download ချရန်
Photo Slide Show များကို သီချင်းနောက်ခံများဖြင့် ဖန်တီးဖို့ အကောင်းဆုံး Program
ဓါတ်ပုံများထည့်သွင်းပြီး သီချင်းများနောက်ခံထည့်ကာ ဗွီဒီယို ဆလိုက်ရှိုးလုပ်ချင်သူများအတွက် အဆင်ပြေမယ့် Wondershare DVD Sideshow Builder Deluxe.v6.0.2 လေးပါ။
Download ချရန်
Firefox ၏ Screen နောက်ကွယ်မှ လျှို့ ၀ှက်ချက်များ
Firefox ၏ Screen နောက်ကွယ်မှ လျှို့ ၀ှက်ချက်များ
Firefox အသုံးပြုသူများအတွက် Firefox browser ကို စိတ်ကြိုက်ကလိလို့ရအောင် ၄င်းရဲ့ နောက်ကွယ်မှ လျှို့ ၀ှက်ချက်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...။ Firefox browser ဟာ အသုံးပြုရ အဆင်ပြေတဲ့ browser ဆိုတာ သုံးစွဲသူတိုင်း သိကြပါတယ်...။ ဒါပေမယ့် version အသစ်တွေ ခဏခဏထွက်လို့ upgrade ပေးပြီးတဲ့ အခါမှာ page loading ဟာ ကြာတတ်ပါတယ်...။ ဒါကြောင့်...
Sunday, February 20, 2011
မကြာမှီ တင်ပြပေးသွားပါမည်
Gmail HacKing လုပ်ချင်သူများအတွက်
Oxford Dictonary11 With Sound Portable
လွယ်လွယ်ကူကူ USB မှာထည့်သွင်းပြီး မည်သည့်ကွန်ပျူတာတွင်မှာ Install လုပ်စရာမလိုပဲ ကြည့်လို့ရမယ့် Oxford Doictonary လေးပါ။
Download ချရန်
Saturday, February 19, 2011
မြန်မာအိုင်တီဖွံ့ဖြိုးမှု Social Group (MITD) မှ Barcamp Yangon 2011 သို့ လာရောက်သူများအား နည်းပညာDVDခွေများ လက်ဆောင်ပေးမည်
Barcamp 2011 Yangonနည်းပညာဖလှယ်ရေးသို့ တက်ရောက်လာမည့်သူများကို Myanmar IT Development မှ အထူးပြုလုပ်ထားတဲ့ E-book, Application နှင့် အခြား အသုံးဝင်သော Software DVD အခွေများကို ၀င်ရောက်ဆွေးနွေးသူများအား လက်ဆောင်အဖြစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းနည်းပညာ ခွေမှာ တောင်းရမ်းသူများ လွန်းနေသော ကြောင့် တခြားလူတွေထက် နောက်မကျစေဖို့ ဆော်သြထား တာကိုလည်း တွေ့ရပါတယ်။ မြန်မာအင်ဖိုတက်ခ် Room - 201, Time 1:00 To 1;45 တွင် ဆွေးနွေးရန်ရှိပါသည်။
အခွေမှာဘာတွေပါမလဲ
အခွေမှာ ဘာတွေပါမလဲဆိုတော့ နည်းပညာဆိုင်ရာ Software များ၊ နည်းပညာဆိုင်ရာ E-book များ၊ အင်္ဂလိပ်စာအထူးလေ့လာ လိုက်စားသူများအတွက် အင်္ဂလိပ်စာအထောက်အကူပြု E-book များ၊ Video များ နှင့် အသံဖိုင်များကို အခွေတစ်ခွေအတွင်း Average အားဖြင့် Data 3.5 G ခန့်ရှိသော DVD အခွေ များစွာကို ပွဲတက်ရောက်ဆွေးနွေးသူများအတွက် လက်ဆောင်ပေးသွားမှာပါ 3.5G ခန့်ရှိသော DVD အခွေများကိုလဲ တစ်ခွေနှင့်တစ်ခွေ အထဲတွင်ပါဝင်သော Data များအား မတူညီအောင် စီစဉ်ထားရှိပါတယ် ဒါကြောင့် မိမိရရှိသော DVD အခွေနှင့် မိမိသူငယ်ချင်းရရှိသော DVD အတွင်းရှိ Data များသည် 3.5 G တွင် 2.5 G လောက်ကမတူညီတာ တွေ့ရပါလိမ့်မယ် တူညီတဲ့ 1G လောက်ကလဲ အသုံးဝင် Applications များနှင့် အသုံးဝင် မြန်မာ E-book များအား အခွေတိုင်း ပါဝင်စေချင်တဲ့သဘောနဲ့ 1G လောက်တူညီစွာ ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်.... .လို့ မြန်မာအိုင်တီဖွံ့ဖြိုးမှုဖိုရမ်မှာ ရှင်းပြထား တာတွေ့ရပါတယ်။
G-Talk Idle လုပ်ချင်သူများအတွက်
လက်ရှိကျနော်အသုံးပြုနေသော ပရိုဂမ်လေး ဖြစ်ပါတယ်။ Gtalk တွင် မိမိက တခြားသူနှင့်စကားမပြောချင်သောအခါ ကွန်ပျူတာနားတွင်မရှိသည့်ပုံစံ အဝေးရောက်နေသည့်ပုံစံ လုပ်ချင်သူများအတွက် အသုံးဝင်ပါ သည်။ Download လုပ်လိုက်ကြပါ။ Window 7 နှင့်လည်း ကိုက်ညီမှုရှိပါသည်။ ကျနော့်စက်တွင် စမ်းသပ်ပြီးဖြစ်ပါသည်။
Download လုပ်ရန်
http://www.mediafire.com/file/yz08wfm9rt7dat5/galwaysidlesetup.exe
Flash Song ဖန်တီးမဲ့သူများအတွက် လွယ်လွယ်ကူကူ Portable
ဒုတိယအကြိမ်မြောက် Barcamp ရန်ကုန် ၂၀၁၁
[slideshow]
Barcamp ဆိုသည်မှာ နည်းပညာရပ်တစ်ခုတည်းတွင် မဟုတ်ပဲ ပညာရေးနှင့် အသိပညာရပ်များတိုးတက်ပြန့်ပွားလာရေးအတွက်လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်သောပွဲတစ်ခုဖြစ်ပါသည်။မိမိကိုယ်တိုင်ဖန်တီး ထားတဲ့ နည်းပညာ ပစ္စည်းတွေအကြောင်းပဲဖြစ်ဖြစ်၊ မိမိကျွမ်းကျင်တဲ့ နည်းပညာအကြောင်း အရာတွေကိုပဲ ဖြစ်ဖြစ် အားလုံးနဲ့ တွေ့ရှိဆွေးနွေးဖို့အတွက် ဘားကမ့်ဟာ အကောင်းဆုံးစင်မြင့် တစ်ခု ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အပြန်အလှန်ဆွေးနွေးနိုင်တဲ့ပွဲ ဖြစ်ရုံသာမက မိမိရဲ့အားနည်းချက်တွေနဲ့ မသိရှိသေးတဲ့ အကြောင်းအရာတွေကို သိရှိနိုင်မယ့်နေရာ၊ နည်းပညာအတွေး အခေါ်တွေ ပေါက်ဖွားလာတဲ့ နေရာဟာ ဘားကမ့်ပဲလို့လည်း ဆိုလို့ရပါတယ်။
မန္တလေးဘားကမ့်ကို ၂၀၁၁ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မန္တလေးမြို့ ၇၈ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ ပုပ္ပါး ဟိုတယ်တွင် ကျင်းပပြီးစီးသွားခဲ့သလို ရန်ကုန်ဘားကမ့်ကိုတော့၂၀၁၁ ဖေဖော်ဝါရီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့ တွေမှာ ရန်ကုန်မြန်မာအင်ဖိုတက်ခ် အဆောက်အအုံမှာ နံနက် ၉ နာရီ ကနေ ညနေ ၆ နာရီအထိ ကျင်းပနေဆဲဖြစ်ပါတယ်။
Barcamp Yangon 2011
အာဇာနည် - ဘယ်လောက်ဝေးနေနေ
ကျနော်ကြိုက်မိသော သီချင်းလေးများကို မျှဝေခံစားနိုင်ကြဖို့အတွက် တင်းပေးထားတာပါ
miley cyrusရဲ့ The Climb သီချင်းလေးပါ
ကျနော်ကြိုက်မိသော သီချင်းလေးများကို မျှဝေခံစားနိုင်ကြဖို့အတွက် တင်းပေးထားတာပါ
Flash Songs များဖန်တီးရန်
အမေရိကန်က သူငယ်ချင်းတစ်ယောက်ကလည်းပဲ သူ့ကောင်မလေးကို လက်ဆောင်ပေးဖို့ Flash Songs ဖန်တီး ချင်တယ်ဆိုလို့ သူစိတ်တိုင်းကျ ဖန်တီးလို့ရမယ့် ပရိုဂမ်လေးကို တင်ပေးလိုက်ပါတယ်။ ဒီပရိုဂမ်ကတော့ အားလုံးနဲ့လည်း ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ အင်တာနက်ထက်မှာတော့ တော်တော်လေး ရေပန်းစားခဲ့တဲ့ Swish Max ပရိုရမ်လေးပါ။ RAR ဖိုင်းလေးကို ဖြေပြီးတဲ့နောက်မှာတော့ Setup ဖိုင်တွေနဲ့ အသုံးပြုနည်း လမ်းညွန်ကိုပါ PDF နဲ့ရေးထားတာ တွေ့ရပါလိမ့်မယ်။ လမ်းညွန်လေးကို ဖတ်ကြည့်ပြီးတဲ့အခါမှ Install လုပ်လိုက်ပေါ့လေ။ အောက်မှာ လင့်ခ်လေးပေးထားတယ်နော်။ ယူလိုက်ကြပါ။
Dwonload ရယူရန် -
Avast Anti Virus Download ရယူရန်
ကျနော်သူငယ်ချင်းတစ်ယောက်က မေးတယ်။ သူ့ဗိုင်းရပ်စ် ပရိုဂမ်လေးက သက်တမ်းကုန်သွားလို့တဲ့ အဲဒါ ကူညီပါအုံးဆိုတော့ ကျနော်လက်ရှိသုံးနေတဲ့ Avast ပရိုဂမ်းလေးကို သူ့အတွက်အပြင် တခြားသူများပါ သုံးလို့ ရအောင်အတွက် တင်ပေးလိုက်ပါတယ်။ Serial Key ပါပါတယ်။ RAR ဖိုင်လေးကို ဖြေပြီးနောက် Install လုပ် ပြီး အသုံးပြုနိုင်ပါသည်။
Download ရယူရန် -
http://www.mediafire.com/file/tu9xn6x78ns5tld/AVAST_Antivirus.rar
Friday, February 18, 2011
မြန်မာ Unicode အကြောင်း သိကောင်းစရာ
Unicode => Universal Character Encoding
Unicode Consotium ခေါ် NGO အဖွဲ့အစည်းမှ တစ်ကမ္ဘာလုံးရှိ ဘာသာစကားများကို သိမ်းဆည်းနိုင်ရန်/ စာသားများဖလှယ်နိုင်ရန် တီထွင်ထားသော 16 bit character code set standard ဖြစ်သည်။ ISO (International Standard Organization) က ယင်းကို ISO-10646 ဟု သတ်မှတ်ပေးသည်။
Unicode ဖြင့် ဘာသာစကားပေါင်း များစွာကို ဖောင့် တခုတည်းတွင် ထည့်သွင်းနိုင်ပြီး မည်သည့် ကွန်ပျူတာစနစ်တွင်မဆို အသုံးပြုနိုင်ရမည်ဖြစ်သည်။ Computer ဆိုသည်က ကိန်းဂဏန်းများကိုသာ သိသည်ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ ကွန်ပျူတာတွင် ဖတ်မှတ်ခြင်း၊ သိမ်းဆည်းခြင်းများကို ကိန်းဂဏန်းများဖြင့်သာ ပြုလုပ်နိုင်သည်။ ယူနီကုဒ်ကို မတီထွင်မီက ကိန်းဂဏန်းတစ်ခုကို သိရှိနိုင်ရန်အတွက် လျှို့ဝှက်ကိန်းစနစ်များစွာကို အသုံးပြုကြရသည်။ ဘာသာစကား တစ်ခုအတွက် ပြည့်စုံလုံလောက်သော encoding စနစ်များ မရှိပေ။
Hacker တစ်ယောက်ဖြစ်ဖို့ လမ်းစ
Hack ချင်တယ်။ ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရတာ နားနဲ့မဆံ့တော့ပါဘူး။ လွယ်ကူတဲ့အရာတစ်ခု မဟုတ်ပေမယ့် လွယ်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် နည်းပညာနဲ့ မျက်ခြေမပြတ်ဖို့ အရေးကြီး သလို ကွန်ပျူတာနည်းပညာနဲ့ ပတ်သက်တဲ့ စာတွေတော်တော်များကိုလည်း လေ့လာဖတ်ရှုရမှာဖြစ်သလို ဘက်ပေါင်းစုံကနေပြီး နည်းပညာရပ်ကို တိုးမြှင့်လုပ်ဆောင်နေဖို့လိုပါတယ်။
Win RAR မရှိသော သူများအတွက်
Download ချရန်
http://www.mediafire.com/file/98ronog856xuy2s/WinRAR%203.92.rar
Internet Download Manager
Internet Download Manager 6.0 လိုချင်သူများ Full Version အဖြစ် တင်းပေးထားပါသည်။ Download ချခြင်း မြန်ဆန်ခြင်း Flv Youtube Site မှ Movie များကို အလွယ်တကူ Download လုပ်နိုင်ခြင်း၊ တို့အပြင် စသဖြင့် စသဖြင့်ပေါ့လေ ကဲပြောနေတာကြာပါတယ်။ Download ဆွဲချလိုက်ပါတော့နော်။ :P :)
Download ချရန် -
http://www.mediafire.com/file/8do36r6qdo251i4/IDM_6.05_full_patch_serial.rar
နည်းပညာအကြောင်းအရာများ ဆွေးနွေးရာစင်မြင့် ဘားကမ့်
မိမိကိုယ်တိုင်ဖန်တီးထားတဲ့ နည်းပညာ ပစ္စည်းတွေအကြောင်းပဲဖြစ်ဖြစ်၊ မိမိကျွမ်းကျင်တဲ့ နည်းပညာအကြောင်း အရာတွေကိုပဲ ဖြစ်ဖြစ် အားလုံးနဲ့ တွေ့ရှိ ဆွေးနွေးဖို့အတွက် ဘားကမ့်ဟာ အကောင်းဆုံးစင်မြင့် တစ်ခု ဖြစ်ပါတယ်။
လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အပြန်အလှန်ဆွေးနွေးနိုင်တဲ့ပွဲ ဖြစ်ရုံသာမက မိမိရဲ့အားနည်းချက်တွေနဲ့ မသိရှိသေးတဲ့ အကြောင်းအရာတွေကို သိရှိနိုင်မယ့်နေရာ၊ နည်းပညာအတွေး အခေါ်တွေ ပေါက်ဖွားလာတဲ့နေရာဟာ ဘားကမ့်ပဲလို့လည်း ဆိုလို့ရပါတယ်။
အသုံးဝင်တဲ့ နည်းပညာ စာမျက်နှာလေးတွေ
- http://www.youthcapacity.com/
- http://www.myanmarict.com/
- http://burmaitshare.blogspot.com/
- http://www.myanmartutorials.com/
- http://mmshare.org/
- http://www.knowledgewar07.com/
- http://mmcybermedia.com/
- http://it-traveller.blogspot.com/
- http://www.myanmaritpro.com/
- http://www.m51a.com/
Click လေးတချက်နှိပ်ရုံနဲ့ ကျယ်ပြန့်လှတဲ့ အိုင်တီနည်းပညာ ပင်လယ်ပြင်ကြီးတစ်ခုပြီး တစ်ခု ကူးခပ်နစ်မျောကြပါစို့။
ရန်ကုန်-နေပြည်တော်ယာဉ်လိုင်းသစ်တွင် ရွေ့လျားအင်တာနက်သုံးနိုင်ရန် စီစဉ်
၂၀၁၁ ၊ ဖေဖော်ဝါရီလ ၄ ရက်မှစတင်၍ ရန်ကုန်-နေပြည်တော်ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် Elite Express ယာဉ်လိုင်းသစ်တွင် ရွေ့လျားအင်တာနက်ဝန်ဆောင်မှုကို သုံးစွဲနိုင်ရန်စီစဉ်လျက်ရှိကြောင်း ထိုယာဉ်လိုင်းမန်နေဂျာ ဦးထွန်းမြင့်စံကပြောကြားသည်။ “မက်ဝဲလ် အင်တာနက်လိုင်း ဒါမှမဟုတ်လည်း SkyNet ကအင်တာနက်လိုင်းစသည်ဖြင့် အင်တာနက်လိုင်းတစ်ခုခုကိုတော့ ယာဉ်လိုင်းမှာ တပ်ဆင်ပေးသွားဖို့ရှိပါတယ်။ ဘီလ်ကောက်မှာလား၊ မကောက်ဘူးလားဆိုတာကတော့ မဆုံးဖြတ်ရသေးဘူး”
IPad အတွက် ဒစ်ဂျစ်တယ် သတင်းစာထုတ်ဝေ
ရူးပတ်မားဒေါ့ကတော့ အက်ပဲလ်ရဲ့ အွန်လိုင်း စတိုးတစ်ခုတည်းမှာပဲ ရောင်းချမယ့် အိုင်ပက်နဲ့ ဖတ်ရှုနိုင်မယ့် ဒစ်ဂျစ်တယ်သတင်းစာ "TheDaily" ကို တစ်ပတ်ကို အမေရိကန်ဒေါ်လာ ၉၉ ဆင့်နှုန်းနဲ့ ယခုလ ၂ ရက်နေ့ကစပြီး အထူး ဖန်တီးထုတ်လုပ်လိုက်ပါပြီ။"ခေတ်သစ်က သတင်းပညာအသစ်တွေကို တောင်းဆိုနေပြီ"လို့ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ News Corp ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ရူးပတ်မားဒေါ့က နယူးယော့ခ်မြို့ Guggenheim ပြတိုက်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။မားဒေါ့နဲ့အတူ အိုင်ပက်ထုတ်လုပ်တဲ့ အက်ပဲလ်ကုမ္ပဏီရဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းဒုတိယဥက္ကဋ္ဌ Eddy Cue လည်းအတူတက်ရောက် ခဲ့ပါတယ်။မားဒေါ့က အာရုံခံ မျက်နှာပြင်ပါ Touchscreen tablet ကွန်ပျူတာကို "မယုံနိုင်လောက်အောင် အံ့ဩဖို့ကောင်းတဲ့ ကွန်ပျူတာတစ်မျိုး"လို့ ချီးကျူးခဲ့ပြီး The Daily ဟာ ဒီကွန်ပျူတာအတွက် ဆန်းသစ်တဲ့ အရာတစ်ခု အနေနဲ့ ဖြည့်ဆည်းပေးတာပဲလို့ ပြောကြားခဲ့ပါတယ်။
Local area connetion မပေါ်ရင် ဘယ်လိုလုပ်ရမလဲ
ကွန်ပျူတာကို restart ပေးလိုက်ပါ .. ပထမဦးဆုံး ကွန်ပျူတာစဖွင့်ပြီး ၄ စက္ကန့်လောက်ကြတာနဲ့ delete key ကိုပဲ ဆက်တိုက်နှိပ်ထားလိုက်ပါ(ဆိုက်တိုက်ခေါက်နေပါ) ခဏနေကျရင် BIOS SETTING ပေါ်လာပါလိမ့်မယ် (ဖွင့်ပြီးပြီးချင်းနော် ၄ စက္ကန့်နော်)
Thursday, February 17, 2011
အငဲ - နောက်ဆုံးမိနစ်
ကြိုက်မိတဲ့သီချင်းလေးတွေကို တင်ဆက်ပေးထားတာ ဖြစ်ပါတယ် ထပ်တူဖြစ်နိုင်ကြပါစေ
လှိုင်ဦးမော် (လွန်ပါစေ အလွမ်းညတွေ)
ကြိုက်မိတဲ့သီချင်းလေးတွေကို တင်ဆက်ပေးထားတာ ဖြစ်ပါတယ် ထပ်တူဖြစ်နိုင်ကြပါစေ
ဟန်းဖုန်းတစ်လုံးရဲ့ အသုံးဝင်မှု
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
ကွန်ပျူတာကို မိမိကိုယ်တိုင် ပြင်မည်ဆိုပါက...
ကွန်ပျူတာတစ်လုံးကိုမည်သည့်အပိုင်းက ပျက်နေသလဲ တဆင့်ချင်းစစ်ဆေးခြင်းများ၊ ပြဿနာများ၊ လက္ခဏာရပ်များ၊ ဖြေရှင်းပုံများနှင့် ပတ်သက်၍ ကျနော့်အား Networking Subject အား သင်ကြားပို့ချ ပေးသော ဆရာဇော်လင်း(Youth Computer Center) မှ ပြုစုထားသော Hardware နှင့် ပတ်သက်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ Hardware သမားတိုင်း လက်စွဲပြုရမည့် စာအုပ်ကောင်း တစ်အုပ်ဖြစ် သည်။
စီဒီအမ်အေဖုန်းကတ် ပျောက်ဆုံးပျက်စီးသည့်အရေအတွက် များလာ
| Internet Journal မှ ကောက်နုတ်ဖော်ပြချက် |
| Thursday, 10 February 2011 | |
ကနဦးတပ်ဆင်ခကျပ်ငါးသိန်းဖြင့် ငှားရမ်းသုံးစွဲခွင့်ပြုခဲ့သည့် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းလိုင်းများမှာ ယခုနောက်ပိုင်းတွင် သုံးစွဲသူများပြားလာသည့်အလျောက်ပျက်စီးပျောက်ဆုံးသည့် အရေအတွက်လည်း တိုးပွားလာခဲ့ကြောင်း ထိုဖုန်း RUIM ကတ်များကို လဲလှယ်ပေးသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အလုံ)ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ကတ်ပျက်၊ ကတ်ပျောက်တွေ အခုနောက်ပိုင်းများလာပြီ။ အခုဆိုရင် ကတ်အရေအတွက် ၂၀၀ ကျော်လောက်အထိ လဲလှယ်ပေးလာရတယ်။ ကတ်ကပျက်တာဆိုရင်တော့ ပျက်တဲ့ကတ်ကိုပြပြီး လဲလိုက်တာနဲ့တင်ရတယ်။ ပျောက် တာဆိုရင်တော့ ရဲစခန်းထောက်ခံစာတွေလိုတယ်” ဟု ၎င်းကပြောသည်။ ဖုန်း RUIM ကတ်များလဲလှယ်ရာတွင် ဖုန်းနှင့်သက်ဆိုင် သောစာရွက်စာတမ်းများကို မူရင်းအပြင် မိတ္တူကိုပါတင်ပြရန်လိုအပ်ကြောင်း၊ ပျက်စီးပျောက်ဆုံးခြင်းအတွက် ကတ်အသစ်လျှောက်ထားပါက |
G-Talk ကို Style ကျကျ သုံးစွဲတတ်စေဖို့
ဂျီတော့ခ်ကို စတိုင်ကျကျ သုံးစွဲတတ်ရန်အတွက်သာရည်ရွယ်ပြီးတော့ ဂျီတေခ့်အကြောင်းကို အသေးစိတ်ပြုစုပြီး စာအုပ်တစ်အုပ် လုပ်ပေးလိုက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဂျီတော့ခ်သည် မပြီးပြည့် မပြည့်စုံသေးသော chatting တစ်ခု အဖြစ် လောလောဆယ်အနေအထားတွင် ရှိသောကြောင့်ဖြစ်ပါသည်။ သို့ပေမယ့် ဒီစာအုပ်လေးကိုက ပေးတဲ့ အချက်အလက်တွေနဲ့ ဂျီတော့ခ်အကြောင်းကို နဂိုရှိရင်းစွဲထက် ပိုမို သိရှိသွားပါလျှင် ကျေနပ်ပြီပါသည်။ Download Link ပေးထားပါသည်။ အဆင်ပြေလွယ်ကူအောင်လို့ Microsoft Word 2007 ပေါ်မှာပဲ ရေးသားထားတာပါ။
Trial Version နဲ့ ပေးထားတဲ့ Softwares တွေကို Expire မဖြစ်ဖို့အတွက်
Trial Version နဲ့ ပေးထားတဲ့ Softwares တွေကို Expire မဖြစ်ဖို့အတွက် အသုံးပြုတဲ့ Programs တွေနဲ့တော့ အနည်းနဲ့အများ ရင်းနှီးပြီးသား ဖြစ်ကြမယ် ထင်ပါတယ်... အားလုံးသိကြတဲ့အတိုင်းပဲ Trial Version နဲ့ ပေးထားတဲ့ Softwares အများစုက Trial Period ကုန်ဆုံးသွားပြီး ဆိုတာနဲ့ Software ရဲ့ Functioning တွေကို ရပ်လိုက်ပြီး သူတို့ Software ကို ၀ယ်ယူဖို့အတွက် တောင်းဆိုတော့တာပါပဲ... ဒီ Post မှာတော့ Trial Period ကုန်ဆုံးပြီးသွားတဲ့ အချိန်မှာ ဆက်ပြီး အသုံးပြုလို့ရအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်... Trial Program တွေကို ငွေကုန်ကြေးကျ မခံဘဲ အလကားသုံးချင်သူတွေ အတွက် စိတ်ဝင်စားစရာကောင်းမယ်လို့ ထင်ပါတယ်.... :P
Gmail အစွမ်းထက် နည်းလမ်း ၈၀
Gmail သုံးစွဲနေကြတဲ့ လူတိုင်းအတွက် ရည်ရွယ်ပြီး ကိုယ့်ရဲ့ Gmail ကို ပိုမို အစွမ်းထက် စေဖို့နည်းလမ်းတွေနဲ့ အခု တစ်ခေါက်မှာတော့ အရင်နည်းလမ်းအဟောင်းတွေထဲက အကောင်း ဆုံး လျှို့ဝှက်ချက်တွေကိုရော၊ အသစ်ထပ်မံ ထွက်ပေါ်လာနေတဲ့ လျှို့ဝှက်ချက် လမ်းညွှန်မှုတွေ ကိုရော၊ စွမ်းရည်အပြည့်စုံဆုံးနဲ့ user ကိုစိတ်ကြိုက်ဖြစ်အောင် အကုညီနိုင်ဆုံး အကြံပြုချက်တွေ ကိုပါ ပေါင်းစုံပြီး tips,tricks extensions, desktop program တွေနဲ့ Mac user တွေအတွက်ပါ သုံးနိုင်တဲ့နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။