Wednesday, February 23, 2011

Touch Screen ဖုန်းဟန်းဆက်တွင် မြန်မာစာဖြင့် သီချင်းများထည့်သွင်းနိုင်ပြီ

Music Vox ဟူသော ဆော့ဖ်ဝဲသစ်ကိုအသုံးပြု၍ မြန်မာဘာသာဖြင့်ရေးသားထားသော သီချင်းခေါင်းစဉ်များကို Touch Screen ဟန်းဆက်များ၌ ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ “အရင်က မြန်မာလိုရေး ထားတဲ့ တေးစီးရီးခေါင်းစဉ်တွေ၊ အဆိုတော် နာမည်တွေကို ဟန်းဆက်ထဲထည့်လိုက်ရင် လေးထောင့်ကွက်တွေပဲ ပေါ်နေတယ်။ ဒီဆော့ဖ်ဝဲသစ်က Touch Screen ဟန်းဆက်တွေဆိုရင် မြန်မာလိုမြင်နိုင်ပါတယ်” ထိုဆော့ဖ်ဝဲကို ဖန်တီးရေးသားသည့် SM3 မှ ကိုတင်မျိုးဟန်ကပြောသည်။ ဆော့ဖ်ဝဲရောင်းဈေးကို ၇,၅၀၀ ကျပ်သတ်မှတ်ထားပြီး ဇန်န၀ါရီလအတွင်း စတင်ထွက်ရှိလာခြင်းဖြစ်သည်။ Java စနစ်ကိုလက်ခံသည့် မည်သည့် Touch Screen ဖုန်းဟန်းဆက်တွင်မဆို ထည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရေးသားသူ - မြင့်ကျော်လှိုင်


အင်တာနက်ဂျာနယ် အတွဲ(၁၂) အမှတ်(၄)

No comments:

Post a Comment