Setting_up__Customizing__and_Tuning_Windows_7 (The Definitive Guide)
Friday, March 25, 2011
6-SCJP Sun Certified Programmer for Java 6 Study Guide (Exam 310-065)
SCJP Exam for J2SE 5 - A Concise and Comprehensive Study Guide for The Sun Certified Java Programmer Exam (Paperback)
Microsoft Exchange 2000
Thursday, March 24, 2011
ကွန်ပျူတာလေ့လာနေသူများအတွက် မရှိမဖြစ် Internet Dictionary
Internet Dictionary
Internet Dictionary ကို ကွန်ပျူတာ ၀ါသနာရှင်များ၊ အင်တာနက် သုံးစွဲသူများအတွက် အထူးစီစဉ် ပြုလုပ်ထားပါသည်။ အင်တာနက် ဝေါဟာရ တစ်လုံးချင်းစီကို လွယ်ကူစွာလေ့လာနိုင်ရန်အတွက် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
အင်တာနက် ဝေါဟာရပေါင်း (၃၂၀) ကျော်ပါဝင်ပြီး အင်တာနက်ပေါ်ခါမှစ၍ ယခုနောက်ဆုံးပေါ် ဝေါဟာရများအထိပါဝင်ပါသဖြင့် သိရှိလိုသော သူအပေါင်း ဖတ်ရှု ရှာဖွေလေ့လာနိုင်ရန်ဖြစ်ပါသည်။ အပင်ပန်းခံပြီး ပြန်လည်ပြုစုစာစီထားပါသည်။ နည်းပညာဝေါဟာရ စာလုံးများနှင့် ပျော်ရွှင်နိုင်ကြပါစေ။
ကိုကိုထွန်း(Site-Admin)
A
@ Domaim Name မှ User ၏ အမည်များကိုသီးခြား ခွဲထုတ်ပေးထား သော e-mail address များအတွင်းရှိ သင်္ကေတ(symbol) ပင် ဖြစ် သည်။ ယင်းကို Arpanet Contractor Bolt မှ အင်ဂျင်နီယာ Ray Tomlinson Beranek နှင့် Newman တို့က သဘောတူပြီး စတင်အသုံ ပြုခြ့သည်။ လုပ်ငန်းစဉ်အရ အင်တာနက်၏ အလွန်မှတ်မိလွယ်သော icon အဖြစ် တီထွင်ကာ သူ၏ Model 33 Teletype နှင့် ပတ်သက်၍ အသုံးပြုရလွယ်သော အဖြတ်အတောက် အမှတ်အသား အနည်းငယ် မှ @ symbol ကို ရွေးချယ်ပြီး Tomlinson က Arpanet နှင့် ဆက် သွယ်ထားသည့် machines များအတွက် ပထမဆုံး e-mail ပရိုဂရမ် များကို ၁၉၇၂ ခုနှစ်တွင် စတင်ရေးသားခဲ့သည်။
Acrobat
documents များကို ဖမ်းယူခြင်း၊ ကြည့်ရူခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ အတွက် Adobe System များမှ cross Platform program တစ်ခုဖြစ် သည်။ Acrobat သည် အရောင် (colours)၊ graphics နှင့် type-faces တို့အနည်းနှင့် အများဆိုသလို တိကျအောင် ပြန်၍ reproduce လုပ်ပေးသည်။ ယခုအခါ organisations များစွာသည် Acrobat PDF (portable document format) files ကဲ့သို့သော desktop publishing သို့မဟုတ် word processing programs များဖြင့် ဖန်တီး ထားသော ကုမ္ပဏီ အစီရင်ခံစာများနှင့် စာအုပ်ငယ်များ (company reports and nrochures) ကို ဖြန့်ဝေပေးလျက် ရှိသည်။ ဤသို့ လုပ် ဆောင်သောကြောင့် ပုံနှိပ်ရခြင်း လုပ်ငန်းအတွက် ကုန်ကျမည့်စရိတ် ကို ချွေတာရာ ရောက်သည်။
Access Provider
အင်တာနက် ဆက်သွယ်ရေး (Internet Connection) ကိုရောင်းချ သော ကုမ္ပဏီ Internet Access Providers (IAPs) ဟုလည်းကောင်း Internet Service Providers (ISPs) ဟုလည်းကောင်း အမျိုးမျိုးခေါ် သည်။
Acronyms
ပရိုဂရမ်မာများနှင့် နည်းပညာရှင်များသည် အသုံးပြုရာတွင် လွယ်ကူ စေရန် ရူပ်ထွေးပြီး ရှည်လျားသော ဝေါဟာရများကို အတိုချုံ့ပစ်ရန် acronyms သို့မဟုတ် အတိုကောက်များကို အသုံးပြုကြသည်။ စာလုံး ပေါင်းသောအခါ အချို့မှာကိုယ်ပိုင်အဓိပ္ပာယ်အရ အတော်အတန် ရှည် လျားနေတတ်သည့် သဘောရှိသည်။ ဥပမာ GUI ဆိုလျှင် မှုရင်းမှာ (graphical user interface) ဖြစ်သည်။ CORBA (common onject request broken architecture) ကဲ့သို့သော အချို့သော ဝေါဟာရ များမှာ မြင်ရ၊ တွေ့ရခဲပြီး မှတ်သားရသည်မှာလည်း ခက်ခဲလှပါသည်။ acronyms အားလုံးမှာ နည်းပညာနှင့် သက်ဆိုင်ခြင်း မရှိပါ။ Newsgroups တွင့် IMHO (in my humble opinion) နှင့် IYSWIM (if you see what I mean) ကဲ့သို့သော စကာစုမျိုးကို သင်တွေ့ ကောင်းတွေ့နိုင်သည်။ ယင်းတို့မှာ နည်းပညာနှင့် မဆိုင်ပါ။
ဤစာအုပ်ငယ်တွင် acronyms နှင့် ပတ်သက်သော စာရင်းအပြည့်အ စုံကို မပေးနိုင်သော်လည်း YAAS (yet another acronym server) တွင် ကြိုးစား၍ Web ပေါ်ရှိအတိုကောက် များကို လေ့လာကြည့်ရူ နိုင်သည်။
Acitve
ကွန်ရက်တစ်ခုအတွင်းတွင် ဆောဖ်သဲ အစိတ်အပိုင်းများ အပြန်အလှန် ဆက်သွယ်ချိတ်ဆက်ပေးသည့် မိုက်ခရိုဆော့ဖ်၏ စံသတ်မှတ်ချက် တစ်ခုဖြစ်သည်။ ထိုသို့ ကွန်ရက်ချိတ်ဆက် ထားရာတွင် အသုံးပြုထားသော ဘာသာစကားများကို ထည့်သွင်းစဉ်းစား ရန်မလို ပါ။
Acitve X
ဆော့ဖ်ဝဲ အစိတ်အပိုင်းများကို ဖန်တီးခြင်းအတွက် မိုက်ခရိုဆော့ဖ်မှ set og standards ဟု လွတ်လပ်စွာ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ် ဖြစ်သည်။ မကြာခဏ မှားယွင်း၍ နှိုင်းယှဉ်ခြင်း ခံရသော JAVA နှင့် အတူသည်မှာ Active X ကို single technology သို့မဟုတ် Kanguage တစ်ခုပေါ်တွင် based လုပ်ခြင်းမရှိပါ။ သို့သော် မိုက်ခရို ဆော့ဖ် extensive (component object model) ၏ အစိတ်အပိုင်း သာ ဖြစ်ပါသည်။ အင်တာနက် user များအတွက် Active X ၏ အလွန် မြင်သာသော သီးသန့်အစိတ်အပိုင်းများမှာ control များ၊ မိုက်ခရို ဆော့ဖ်၏ Navigator တို့ကဲ့သို့သော Web browsers များ၏ လုပ် ဆောင်ချက်စွမ်းရည်ကို တိုးမြှင့်ပေးသော ဆော့ဖ်ဝဲ၏ သေးငယ်သော အစိတ်အပိုင်းများပင် ဖြစ်သည်။
Java fans နှင့် security consultants တို့က ဤအချက်သည် Java တွင် ရေးသားခြင်းထက် Active X controls များ အသုံးပြုခြင်းကို ရှောင်ရှားရန် အကောင်းဆုံးသော အကြောင်းပြချက်ဖြစ်သည်ဟု ဆို သည်။ မည်သို့ပင် ဆိုစေကာမှု user ၏လုံခြုံမှုကို အယုံကြည်ခံရသော ကုမ္ပဏီက controls များကို identify ရာတွင် အာမခံပေးရန် Digital Signature ကို သုံးသင့်သည်ဟု မိုက်ခရိုဆော့ဖ်က ပြောကြားသည်။ ၄င်း၏ အဆိုမှာ user ၏ လုံခြုံမှုကို ကုမ္ပဏီသာ တာဝန်ယူရမည်ဆို သည့် သဘောဖြစ်ပါသည်။ မည်သူမှားသည် မည်သူမှန်သည် ဖြစ်စေ Java applets ကိုနှစ်သက် လာပြိး Active X ကို မကြိုက်သူများက ပို၍ပို၍ များလာခဲ့သည်။
နည်းပညာနယ်ပယ်ထဲတွင် လမ်းကြောင်းသစ် ဖော်ဆောင်နေသူများ
Mark Zuckerberg
Facebook Online လူမှုကွန်ယက် တည်ထောင်သူ အသက်(၂၆)နှစ်အရွယ်ရှိ မာ့ခ်ဇာခါဘတ်ဂ် ကို Time မဂ္ဂဇင်းကြီးက ၂၀၁၀ ခုနှစ် တစ်နှစ်တာ ထူးခြားထင်ရှားသော ပုဂ္ဂိုလ် (Person of the Year) အဖြစ် ရွေးချယ်သတ်မှတ်လိုက်သည်။ တိုင်းမ်မဂ္ဂဇင်းမှာ ကမ္ဘာတလွှားမှ နှစ်စဉ် ထူးခြားထင်ရှားပုဂ္ဂိုလ်များကို ပုံမှန်ရွေးချယ်လေ့ရှိသည်။ ၁၉၅၂ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်ခဲ့တဲ့ ဗြိတိန်ဘုရင်မ အဲလိဇဘက် ပြီးလျှင် မာ့ခ်ဇာခါဘတ်ဂ်မှာ အသက်ငယ်ဆုံး တစ်နှစ်တာ ထူးခြားပုဂ္ဂိုလ်ရှင် အဖြစ် ရွေးချယ်ခံရသူဖြစ်ပါသည်။ ဇာခါဘတ်ဂ်မှာ လက်ရှိ သန်းပေါင်း(၆၀၀)ကျော် အသုံးပြုနေတဲ့ Facebook လူမှုကွန်ယက်ကို တီထွင်ခဲ့ပြီး လူ့အဖွဲ့အစည်းများရဲ့ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုတိုးတက်ရေးကို အများကြီး အကျိုးပြုနေတဲ့ မီဒီယာကွန်ယက် ဗိသုကာ လူငယ်တစ်ဦးအဖြစ် တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
တစ်ရက်ထဲကို Facebook ပေါ်တင်တဲ့ စာမျိုးစုံက တစ်ဘီလျံ(သန်းတစ်ထောင်)ကျော်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ လူဦးရေဟာ တရုတ်နှင့်အိန္ဒိယပြီးရင် ကမ္ဘာပေါ်မှာ တတိယအများဆုံးဖြစ်လာပါတယ်။ အဲသလောက် နိုင်ငံသားပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်တဲ့ Information လူမှုကွန်ယက်မျိုး ဘယ်အစိုးရမှ မလုပ်နိုင်သေးပါဘူး။ သူဟာ ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းမပြီးပဲ ကျောင်းထွက်ခဲ့သူပါ..ဟုတ် တိုင်းမ်မဂ္ဂဇင်း မန်နေဂျင်း ဒါရိုက်တာက ပြောပါတယ်။ ဇာခါဘတ်ဂ် ကို Forbes မဂ္ဂဇင်းရဲ့ အသက်အငယ်ဆုံး ဘီလျံနာ စာရင်းတွင် ဖော်ပြထားပြီး ဖွံ့ဖြိုးဆဲတိုင်းပြည်များကို အကြီးအကျယ် အလှူဒါနပြုနေသည် ဖြစ်သည်ဟု ဆိုပါသည်။ အသက် ၁၉ နှစ်တွင် ဟားဗတ်တက္ကသိုလ်မှ ထွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် www.facebook.com ကို စတင်ထူထောင်ခဲ့သည်။ ၂၀၁၀ခုနှစ်တွင် သူ့လုပ်ငန်းမှ ဒေါ်လာနှစ်ဘီလျံ အမြတ်ရရှိခဲ့ပါသည်။
ပြန်လည်တင်ဆက်ခြင်း
ချစ်လှစွာသော ကျနော့်၏ နည်းပညာပရိတ်သတ်များသို့ ယနေ့မှ စတင်၍ မိမိတို့လိုရာ ပရိုဂမ်များကို စိတ်ကြိုက်Download လုပ်နိုင်ကြပါပြီ။ ကျနော့်၏ ဘလောဂ့်အား ပြန်လည်တည်းဖြတ်ပြင်ဆင်းပြီးဖြစ်ပါ၍ ညီအစ်ကို မောင်နှမများအနေဖြင့် လာရောက်ဖတ်ရှုကြပြီး မိမိတို့ အလိုရှိရာ ပရိုဂမ်များကို ရယူနိုင်ကြပြီဖြစ်ပါသည်။ အဆင်မပြေပါက zawhlaing.htun@gmail.com သို့ တိုက်ရိုက်စာပို့၍ ဆက်သွယ်နိုင်ကြပါပြီ။ ကျေးဇူးတင် ပါသည်။
ကိုကိုထွန်း (Site-Admin)
Wednesday, March 23, 2011
ချစ်လှစွာသော ပရိတ်သတ်များသို့ တောင်းပန်ခြင်း
ကျနော့်၏ ကိုကိုထွန်း ကွန်ပျူတာနည်းပညာဖတ်စရာ မှတ်စရာ Blog သည် နည်ပညာရပ်အခက်အခဲအချို့ကြောင့် ယာယီပြသနာတက်နေပါသည်။ သို့ဖြစ်ပါ၍ ယခင်လိပ်စာဖြစ်သော http://kokohtun.wordpress.com အစား http://zawhlainghtun.wordpress.com သို့  နာမည်ပြောင်းလဲထားပါသည်။ ၎င်း http://zawhlainghtun.wordpress.comလိပ်စာအတိုင်းသာ ပြန်လည် ၀င်ရောက်ကြည့်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လောလောဆယ်တွင် Side bar အတွင်းရှိ လင့်ခ်များ ဒေါင်း၍ ရနိုင်မည်မဟုတ်သေးပါ ပြန်လည်ပြင်ဆင်နေပါဖြင့် ရက်အနည်းငယ်ခန့် ကြာမြင့်မည်ဖြစ်ပါသည်။ အားပေးမှုများအတွက် ကျေးဇူးတင်ပါသည်။
ကိုကိုထွန်း (Site-Admin)
Tuesday, March 22, 2011
Kaspersky Virus Program Installation Guide
Sunday, March 20, 2011
Local area connetion မပေါ်ရင် ဘယ်လိုလုပ်ရမလဲ
internet sharing ဘယ်လို ခွဲသုံးမလဲ
အင်တာနက် ခွဲယူသုံးစွဲဖို့ရာ နှစ်လုံးစလုံးမှာ Lan card ရှိဖို့လိုပါတယ် . ဒါက အလွယ်ကူဆုံး နည်းပါ . မူရင်းအလုံးက PC ဖြစ်ပြီး ခွဲယူသုံးမယ့်တစ်လုံးက notebook ဆိုလဲ ရပါတယ် . notebook မှာ wireless ပါထားပြီးသားပါ . ခွဲပုံခွဲနည်းလေးကို ရှင်းပြပါ့မယ် ခွဲပေးမည့် မူရင်းအလုံး ကို ဘယ်လို setting ချမလဲ . ဆိုတာကို သိချင်ရင်တော့ Download လုပ်လိုက်ကြပါနော်။ Microsoft Word ဖိုင်နဲ့ ဖတ်လို့ရအောင်လို့ ပြု လုပ်ပေးထားပါတယ်။ အဆင်ပြေပြေ Download လုပ်နိုင်ကြပါစေ။
3D Text KoolMoves_v7.4.1
text effects, banners, splash pages, animated clipart, games, navigation buttons, slide shows, media players, presentations, animated characters, cartoons ဖန်တီးလိုသူများ အတွက် အသုံးတည့်နိုင်မည့် 3D Text KoolMoves_v7.4.1 လို့ အမည်ရတဲ့ 3D Text Creator လေးတစ်ခု တင်ပေးလိုက်ပါတယ်။ စမ်းကြည့်ကြပါ။ အဆင်ပြေနိုင်ကြပါစေ။ Crack File လေးထည့် ပေးထားပါသည်။ Download လုပ်လိုက်ကြပါ။
Gmail Preview
ဒါကတော့ Gmail ရဲ့ Feature အသစ်ပါ။ ရာသီဥတုကြောင့်၊ Computer တွေ Loading ဝိုင်းဆွဲနေတာကြောင့် စတဲ့ စတဲ့ ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် Internetနှေးကွေးလေးလံနေတဲ့ အခါမျိုးမှာ တောင် သုံးလို့ရပါတယ်။သူက Gmail ကို Loading ဆိုပြီး စောင့်နေရတဲ့ အချိန်အတောအတွင်းမှာ ကိုယ့် Inbox ထဲမှာ ဘယ်သူ့ဆီကဘယ်လို အရေးကြီးတဲ့စာတွေရောက်နေသလဲ ဆိုတာကိုကြိုပြီးဖော်ပြပေးမယ့် Feature လေးပါပဲ။ ဒါကြောင့် မိုးလင်းတာနဲ့ E-mail စစ်၊ ပြီးမှ ဝင်စာတွေ အရေးကြီးရင် ကြီးသလို ဆုံးဖြတ်ပြီး အလုပ်ဆက်လုပ်ရမယ့် လူတွေအတွက်တော့ အဆင်ပြေသွားပြီလို့ဆိုနိုင်ပါတယ်။ ဒီ Feature လေးကြောင့် Gmail ကို ဘယ်လိုမှ ဖွင့်လို့မရလို့ ဘာစာရောက်နေမှန်းမသိ၊ ဘာမှလည်း မလုပ်နိုင်ဘဲ တစောင့်စောင့်လုပ်နေရတဲ့ အဖြစ်မျိုး မဖြစ်နိုင်တော့ပါဘူး။Gmail ကို Loading လုပ်နေချိန်မှာ ကိုယ့်ဆီကို နောက်ဆုံးရောက်နေတဲ့ စာ(၁၀)စောင်ကို ဖော်ပြပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ တကယ့် Inbox မြင်ကွင်းကို ကြိုကြည့်လို့ရတဲ့သဘောပါပဲ။ သုံးချင်တယ်ဆိုရင်တော့ -
Gmail ==> Setting ==> Labs ==>
Inbox Preview
ဆိုပြီး အဆင့်ဆင့် ဖွင့်သွားပါ။ Labs ထဲရောက်ရင် Inbox Preview ဆိုတာကို ရှာပြီး enable ဆိုတာကို
အခမဲ့ရနိုင်တဲ့ မေးလ်ဆားဗစ်များအကြောင်း တစေ့တစောင်း
ဒီတစ်ခါတော့ အီးမေးလ်များအကြောင်းစုံပေါ့လေ။ ကျနော်အခုတလော ပြန်ဖတ်မိပြီး မျှဝေပေးချင်တဲ့စိတ်ပေါ်လာတဲ့ ဂျာနယ်က ကွန်ပျူတာ ဂျာနယ် (၂၀၀၈ခုနှစ်၊ ဧပြီလ) မှာ ဖော်ပြခဲ့တဲ့အကြောင်းအရာလေးပေါ့။ ကြာခဲ့ပြီဆိုပေမယ့်။ အသစ်တင်ရင်တော့ အသစ်ပေါ့လေ။ လူတိုင်းလူတိုင်း အီးမေးလ်ဆားဗစ်တွေ အများကြီးသုံးကြတဲ့အထဲမှာ ကျနော်တို့ မြန်မာနိုင်ငံမှာကတော့ ပုဂ္ဂလိက မေးလ်ဆားဗစ်တွေရှိသလို ပိုက်ဆံမပေးရတဲ့ ဂျီမေးလ်လိုမျိုး အီးမေးလ်တွေကို အသုံးပြုရတဲ့အခါ ကျတော့ ပုဂ္ဂလိက မေးလ်ဆားဗစ်ကို အသုံးမပြုနိုင်ကြသူတွေအတွက် အဆင်ပြေကြတာပေါ့။ ဂျီးမေးလ်သုံးတော့ ဂျီတော့ခ်လည်း ပါဝင်တော့ တကမ္ဘာလုံးအနှံ့အပြားရောက်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် ဆက်သွယ်စရာ လမ်းကြောင်းတစ်ခုရသွားပါတယ်။ သို့ပေမယ့် လက်ရှိ ဂျီမေးလ်များဖွင့်လိုမရတဲ့ အချိန်အခါမျိုးမှာတော့ အခုအောက်မှာပေးထားတဲ့ Free ရတဲ့ မေးလ်ဆားဗစ်များကို အသုံးပြုကြစေလိုပါသည်။ ဂျီမေးလ်မှ ဂျီမေးလ် လုံးဝဖက်တွယ်မထားကြစေလိုပါ။ မိမိဆက်သွယ်ပို့ရာအတွက် အဆင်ပြေနိုင်မည့် မေးလ်Box တစ်ခုရှိလျှင် ပိုအဆင်ပြေမည် မဟုတ်ပါလော။ ထို့အတွက်ကြောင့် လွန်ခဲ့သော နှစ်ကာလများက ဖော်ပြခဲ့သော အကြောင်းအရာလေးတစ်ခုကို ကျနော်က ပြန်လည်ဆွေးနွေးပြခြင်းသာဖြစ်ပါသည်။ အခု ၂၀၁၁ မှာလည်း အသုံးဝင်နေတုန်းပါပဲလေ။ ကျနော်တို့ အီးမေးလ်စသုံးခါစ ၂၀၀၃- ခုနှစ်တုန်းကဆိုလျှင် Yahoo က မြန်မာ နိုင်ငံမှာ မရသေးပါ။ ထိုစဉ်က email2me,newyork,walla,sailarmon ဆိုသည့် မေးလ်းဆာဗစ်များကို အသုံးပြုပြီး နိုင်ငံရပ်ခြားရောက် ကျောင်းနေဖက်ဘော်ဒါများနှင့် အဆက်သွယ်ချော့မွေ့ခဲ့သလို၊ ကျနော် ကိုယ်တိုင်လည်း နိုင်ငံရပ်ခြားရောက်လာသည့်အခါ 2004 မှာတော့ Yahoo ကို စသုံးဖြစ်ခဲ့ပြီးနောက်ပိုင်း 2005 ခုနှစ်နောက်ပိုင်းလောက်ရောက်မှ ဂျီမေးလ်ကို စသုံးဖြစ်ခဲ့တာ။ အင်္ဂလိပ်မိတ်ဆွေတစ်ယောက် ကြောင့်ပေါ့လေ။ နောက်ပိုင်း ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဂျီမေးလ်တွင်ကျယ်လာတာကတော့ ၂၀၀၆ နောက်ပိုင်းမှ ဖြစ်မယ်ထင်ပါတယ်။ ကျနော်လည်း သေချာမသိတာကတော့ မြန်မာပြည်ကြီးနဲ့အလှမ်းဝေနေ တာကလည်း ကြာရောပေါ့လေ။ အခုနောက်ပိုင်း မြန်မာပြည်မှာ မေးလ်သုံးရတာတွေ အဆင်မပြေကြဘူး၊ ဆာဗာက ပိတ်တာတွေရှိတယ်၊ ဖရီးရတဲ့ ဂျီမေးလ်တို့ကိုတောင် ပိတ်လာတဲ့အခါကျတော့ ကျနော်လည်း နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်တာပေါ့။ ဘာပဲဖြစ်ဖြစ် Facebook တို့လို လူမှုကွန်ရက်လေးတွေပေါ်လာတာနဲ့အမျှ မြန်မာပြည်ကြီးက ဘော်ဒါတွေရောင်းရင်းတွေနဲ့ အဆက်အသွယ်က ပိုမြန်ဆန်လာပါ တယ်။ ဒါပေမယ့် ကျနော်တို့က တစ်ဦးနဲ့တစ်ဦးဆက်သွယ်ရေး စနစ်ကောင်းမွန်ဖို့အတွက်ဖြစ်တာကြောင့် တစ်ခုခုကို အသေဖက်တွယ်မထားပဲ အဆင်ပြေတဲ့ အခုကျနော်တင်ပြထားတဲ့ မေးလ်ဆားဗစ်တွေနဲ့ အဆက် အသွယ်ပြန်လုပ်ကြမယ်ဆိုရင် ပိုအဆင်ပြေလာကြမယ်ထင်ပါတယ်။ ဒါကတော့ ကျနော်မြင်တဲ့ သုံးသပ်မှုတစ်ခုပေါ့လေ။ စကားတွေရှည်သွားရင်လည်း ခွင့်လွတ်နော်။:D :P :)
ကိုကိုထွန်း (Site-Admin)
အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း | |||
| http://www.30gigs.com | Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။ | ||
| http://www.aussiemail.com | သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး ဖန်တီးပေးထားတာပါ။ | ||
| http://www.aim.com | America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။ | ||
| http://www.bigstring.com | acount အမျိုးမျိုး ခွဲခြားထားပြီး 2GB ကနေ 20 GB အထိ သိုမှီးပမာဏ ဖန်တီးပေးထားပါတယ်။ ထူးခြားတဲ့ စနစ်နဲ့ နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့အတွက် အသုံးပြုသူဟာစိတ်ချမ်းသာမှု ရစေပါမယ်လို့ ကတိပြုထားပါတယ်။ | ||
| http://www.bluebottle.com | spamတွေကို ကာကွယ်ဖို့ မြင့်မားတဲ့ tools တွေကို သုံးစွဲပြီး ပေးပို့သူနဲ့လက်ခံသူနှစ်ယောက်ကြား မှာရှိတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ယုံကြည် စိတ်ချရမှုရှိ၊ မရှိ ဆိုတာကိုတောင် ရွှေးချယ်ပေးပါတယ်။ | ||
| http://www.canada.com | ကနေဒါတစ်နိုင်ငံလုံးမှာ သတင်းမွှေးနေတဲ့ Email တစ်ခုပါ။ | ||
| http://www.canoe.ca | ကနေဒါ service provider တစ်ခုရဲ့ လိပ်စာပါ။ | ||
| http://www.care2.com | အခမဲ့ သုံးစွဲနိုင်တဲ့ service တစ်ခုဖြစ်သလို user က ယုံကြည်စိတ်ချမှုရှိပြီး သဘောကျခဲ့မယ်ဆိုရင် တော့အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဲဒီ ဒါနတရားဟာ ကမ္ကာတစ်ဝန်းလုံးမှာရှိတဲ့ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နေရာတွေအတွက် ရည်ရွယ်ပါတယ်။ | ||
| http://www.DCEmail.com | ၀ါရှင်တန်ဒီစီရဲ့အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။ | ||
| http://www.dbzmail.com | ကာတွန်းတို့ ပန်းချီတို့နဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့“out-blaze” ရဲ့ service တစ်ခုဖြစ်ပါတယ်။ ကာတွန်းချစ်သူတွေ အချင်းချင်းဆက်သွယ်ပြီး အမြင်တွေကို ဖလှယ်ရင်း ဝေမျှခံစားနိုင်ပါတယ်။ | ||
| http://www.DidaMail.com | အင်္ဂလိပ်၊ အာရေဗျ ဒီဇိုင်းနှစ်မျိုးနဲ့ နှစ်သက်ရာရွေးချယ်နိုင်ပြီးPOP3 acount တွေကို ပေးပိုနိုင်တယ် လို့ဆိုပါတယ်။ | ||
| http://www.emailaccount.com | domain အခွဲပေါင်း မြောက်မြားစွာရှိတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။ | ||
| http://www.fastmail.fm | သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စာပို့ခြင်းနဲ့ လက်ခံယူခြင်းတို့မှာ အလွန်မြန်ဆန်ပြီး လူကြိုက်များပါတယ်။ | ||
| http://www.gawab.com | ဘာသာစကား ၁၂ မျိုးကျော်နဲ့ သုံးစွဲလို့ရတဲ့ 1GB Mail ပါ။ | ||
| http://www.Gratfiti.net | သိုလှောင်မှုပမာဏ 100 MB အထိ ပေးထားပါတယ်။ | ||
| http://www.hotpop.com | online သိုလှောင်မှု 100 MB ရရှီစေပါတယ်။ | ||
| http://www.hushmail.com | Email တွေနဲ့ ဖိုင်တွေကို လုံခြုံမှုဝှက်စာနဲ့ ပို့ဆောင်ပေးပါတယ်။ | ||
| http://www.icqmail.com | အခမဲ့ကို 6MB သာ ပေးအပ်ထားပေမယ့် တခြား IM နဲ့ အသုံးဝင်တဲ့ features တွေအများအပြား ရှိနေပါတယ်။ | ||
| http://www.inbox.com | 5 GB ပေးထားပြီး IMAP ချိတ်ဆက် ရရှိစေပါတယ်။ | ||
| http://ww.indiatimes.com | Calendar တစ်ခုနဲ့ Mail Alert တစ်ခုပါဝင်ပြီးအိန္ဒိယနိုင်ငံရဲ့ဘာသာစကား အပါအ၀င် language ပေါင်း ၁၂ မျိုးနဲ့ သုံးစွဲနိင်ပါတယ်။ | ||
| http://ww.InMail24.com | POP3/ IMAP တွေကို လက်ခ့တဲ့အတွက် 16 MB သာပေးအပ်ထားပေမယ့် ကိုယ့်ရဲ့ Email တွေကို outlook ကနေ တစ်ဆင့် ချိတ်ဆက်လို့ ရနိုင်ပါတယ်။ | ||
Saturday, March 19, 2011
Information Technology Network က Share လုပ်ပေးထားတဲ့ မြန်မာပြည်အတွက် Proxy Site များ
ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေသူတွေအတွက် ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးပါ။ google တို့ yahoo တို့မှာ appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ Update ဖြစ်တာ အမြဲထိပ်ဆုံးမှာ တင်ပေးထားပါတယ်။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspotproxy ဆိုတဲ့စာသားလေးပဲ မှတ်ထား ရမှာပါ။
ပထမဆုံးကတော့ Proxy သုံးပြီင်္း ကျော်တဲ့နည်းလေးပါ
Firefox ရဲ့  Tools>>Options>>Advanced>>
Network>>Setting ကနေ Manual Proxy Setting ထဲကို Proxy နဲ့ Port ရိုက်ပြီး reload လုပ်ပြီး သုံးတဲ့နည်းပါ မသိသေးတဲ့လူတွေအတွက်ပါ
ခုဟာက အဆင်ပြေ...တဲ့ Proxy list ကလေးပါ
IP 203.81.81.38 Port 80
IP 203.81.81.49 Port 80
IP 212.93.193.88 Port 443
IP 212.116.220.100 Port 443
IP 212.93.193.89 Port 443
IP 212.93.193.90 Port 443
IP 134.153.184.17 Port 443
IP 212.116.220.149 Port 443
IP 192.18.102.59 Port 443
IP 212.93.193.82 Port 443
IP 212.93.193.83 Port 443
IP 212.93.193.72 Port 443
Proxy Server တွေက Proxy Number တွေကို အမြဲလိုပြောင်းလဲနေတဲ့အတွက်
Proxy ကိုသုံးရမှာ ပြဿနာနည်းနည်းရှိပါတယ် ဒါကြောင့် Site တွေ တဆင့်ခံပြီး သုံးလာပါတယ်
http://www.quigonjinn02.appspot.com/ http://www.moelonepyaeshan.appspot.com/
http://quigonjinn03.appspot.com/ http://quigonjinn03.appspot.com/
http://www.october22.host22.com/ http://bumblebee.net16.net/prx/index.php
http://moomoo.net16.net/prx/index.php http://turkeysoup.webatu.com/prx/index.php
http://www.funkysoup.webatu.com/prx/ http://www.cornpops.netai.net/index.php
http://gamerskangaroo.hostoi.com/prx/index.php http://www.cornpops.netai.net/index.php
https://ctunnel.com/ http://polysolve.com/
ထိပ်ဆုံက လင့်ခ်တွေကနေ စမ်းသုံးကြပါ။ Youtube,Blogger,Ning,Gmail,etc.. စတာတွေ အကုန်ကျော်လို့ ရပါတယ်။
Connection နည်းနည်း ကောင်းဖို့ လိုတာပေါ့။ ဒါကတော့ Facebook က ကိုကြည်ဝင်းဆိုတဲ့ အကို တင်ပေးထားတဲ့ဆိုဒ်ကလေးတွေပါ။
http://www.iloveim.com/ http://www.instan-t.com/ https://imo.im/
http://www.ebuddy.com/ http://www.meebo.com/
အဆင်ပြေမှာပါ မပြေရင်လည်း ပြောပေါ့ဗျာ ကျော်နိုင် ခွနိုင်ကြပါစေ။ အကယ်၍ အဆင်မပြေတာများရှိရင် နောက်ထပ်
http://www.freedom-proxy.info/ http://quigonjinn03.ap...pspot.com/
http://www.october22.host22.com/ www.quigonjinn02.appspot.com
http://bumblebee.net16.net/prx/index.php
http://moomoo.net16.net/prx/index.php များနှင့်လည်း ကျော်နိုင်ခွနိုင်ကြပါပြီ။ အဆင်မပြေတာရှိရင် ပြောကြပါ။ မျှဝေပေးပါမယ်။
IntelliScore Polyphonic Edition v6.0 Full (Mp3 & Wav To Midi Converter)
Mp3 & WAV File ကနေ MIDI ဖိုင် ပြောင်းချင်သူများအတွက် IntelliScore Polyphonic Edition v6.0 Full (Mp3 & Wav To Midi Converter) ဆိုတဲ့ MIDI ပရိုဂမ်လေး တင်ပေးလိုက်ပါတယ်။ တချို့ ဘော်ဒါတွေလည်း Google ကနေ ရှာနေတာ ခေါင်းမီးတောက်နေပြီတဲ့။ ကျနော့်အစ်ကိုကြီးတစ်ယောက်ကလည်း ဖုန်းထဲမှာ ထည့်ဖို့ MIDI ပြောင်းတာလေးလိုချင်တယ်ဆိုလို့ ကျနော်လည်း နည်းနည်းပါးပါး အချိန်ပေး ပြီး ရှာလိုက်တာ ဟော အခုတော့ တွေ့ပြီပေါ့ဗျာ။ ကဲ ဒီတစ်ခါတော့ ခေါင်းစားမနေကြနဲ့တော့ ကျနော် တကယ် တင်ပေးလိုက်ပါပြီ။ အဆင်ပြေပြေ Download လုပ်နိုင်ကြပါစေ။ Full Version စစ်စစ်နော်။ ရေမရောပါ။
Total Video Converter
Converter တွေ အများကြီးရှိပါတယ်...။ သူ့ဟာနဲ့သူ ကောင်းကြပါတယ်..။ ဒီ Total Video Converter ကတော့ ကျနော် အကြိုက်ဆုံးပါပဲ ..။ Format တော်တော်များများကို ပြောင်းရတာ တော်တော် အဆင်ပြေပါတယ်..။ အခုဟာကတော့ Full Version လို့ ပြောရမှာပေါ့..။ စီရီရယ်ကီးပါပါတယ်..။ အသုံးပြုနည်းကတော့ အောက်မှာ ပေးထားတဲ့ ဒေါင်းလင့်ခ်တွေထဲက မိမိနဲ့ အဆင်ပြေတဲ့ နေရာကနေ ဒေါင်းလုတ်ချပါ..။ ပြီးရင် ထုံးစံအတိုင်း Rar နဲ့ ချုံ့တင်ထားတဲ့အတွက် ဖိုင်ကို ဖြည်ပါ..။ tv.exe ဆိုတာကို Install လိုက်ပါ..။ Install ပြီးရင် traduccion español ဆိုတဲ့ ဖိုဒါထဲက ဖိုင် ( ၁၅) ခုစလုံးကို C: Program Files Total Video Converter ထဲကို သွားထည့်လိုက်ပါ..။ ( Replace လုပ်မလားလို့ မေးရင် Yes ပေးလိုက်ပါ ) ။ ပြီးရင် Register ကနေ ပေးထားတဲ့ စီရီရယ်ကီးကို ထည့်လိုက်ပါ..။ ဒါဆို အဆင်ပြေစွာ အသုံးပြုနိုင်ပါပြီ..။ အောက်မှာ အဆင်ပြေပြေ Download လုပ်လိုက်ကြပါတော့။ Covert လိုသူ ခုနှစ်ရက်သားသမီး ညီအစ်ကိုမောင်နှမတို့ ပျော်ပျော်ရွင်ရွင် Covert နိုင်ကြပါစေ။ :) :) :D
Total video Converter ဖြင့် ပြောင်းလဲနိုင်သော format များကိုလည်း ဖော်ပြထားပါသည်။ ဆက်လက်ဖတ်ရှုကြစေလိုပါသည်။ ကျေးဇူးတင်ပါသည်။
Video Formats:
Convert from Real Video Rmvb (.rm,.rmvb)
Convert from MPEG4 (.mp4)
Convert from 3gp (.3gp, 3g2)
Convert from Game Psp (.psp)
Convert from MPEG1 (.mpg, mpeg)
Convert from MPEG2 PS (.mpg, mpeg, vob)
Convert from MPEG2 TS (DVB Transport Stream)
Convert from DIVX (.divx)
Friday, March 18, 2011
စစ်တွေမြို့ အင်တာနက်လိုင်း လုံးဝ သုံးမရတော့သည့် အနေအထားတွင် ရောက်ရှိ
Arakan Review တွင် ဖော်ပြထားသည့် အင်တာနက်နှင့်သက်ဆိုင်သော သတင်းတစ်ပုဒ်အား ကျနော့်ပရိသတ်များအတွက် ကူးယူဖော်ပြလိုက်ပါသည်
ရခိုင်ပြည်၊ စစ်တွေမြို့တော်ရဲ့ အင်တာနက် လိုင်းဟာ အခုချိန်မှာ လုံးဝ သုံးမရတော့တဲ့ အနေအထားကို ရောက်ရှိနေပြီလို့ သတင်းရရှိပါတယ်။
စစ်အစိုးရအနေနဲ့ စစ်တွေမြို့ရဲ့ ADSL အင်တာနက်လိုင်းကို ၂၀၀၇ ခု နောက်ပိုင်းမှသာ အသုံးပြုခွင့် ပေးထားခဲ့ပေမယ့် အဲဒီကတည်းကပင် အင်တာနက်လိုင်းတွေမှာ အလွန်တရာမှ နှေးကွေးလွန်းတာကြောင့် သုံးစွဲတဲ့ သူတွေအနေနဲ့ G-Talk တခုတည်းကိုသာ ချို့တဲ့စွာ အသုံးပြုနေခဲ့ရတယ်လို့ ဆိုပါတယ်။ဒါပေမယ့် အခုအချိန်မှာတော့ စစ်တွေမြို့ရဲ့ အင်တာနက်လိုင်းဟာ လုံးဝ သုံးမရတော့တဲ့ အခြေအနေကို ရောက်နေပြီး G-Talk တခုတည်းအတွက်ကို နည်းလမ်းအမျိုးမျိုးသုံးပြီး သုံးနေရတယ်လို့ စစ်တွေတက္ကသိုလ် ကျောင်းသား တစ်ဦးက ခုလိုပြောပါတယ်။
“ အင်တာနက် စသုံးခွင့် ပေးကတည်းကနေ အခုချိန်ထိ အင်တာနက် သုံးရတာ လုံးဝ အဆင်မပြေခဲ့ပါဘူး။ အဲဒီတုန်းကတော့ G-Mail ထဲဝင်ပြီး အီးမေးလ် စစ်ကြည့်ဖို့နဲ့ လိုအပ်တဲ့ သတင်းတွေကို ဖတ်ဖို့ မနည်းကြိုးစားခဲ့ရပေမယ့် အခုတော့ လုံးဝကို အဆင်မပြေတော့ပါဘူး”
အဲဒီလို လိုင်းအားနည်းရတာဟာ စစ်တွေမြို့ရဲ့ အင်တာနက်လိုင်းမှာ 256kbps အဆင့်သာရှိတာကြောင့်လို့ သိရပါတယ်။
စစ်တွေမြို့ရဲ့ ADSL အင်တာနက်လိုင်း သုံးစွဲမှုမှာ လိုင်း 20 ကျော်ရှိပြီး အဲဒီ လိုင်းတွေထဲမှာ တက္ကသိုလ်(ပင်မ)ခြံဝင်းထဲမှာ ဖွင့်လှစ်ထားတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်မှာတော့ ထူးခြားစွာနဲ့ တစ်ဆိုင်တည်း သီးသန့် 512 kbps လိုင်းသုံးစွဲနေရတယ်လို့ အမည်မဖော်လို့တဲ့ အင်တာနက်ဆိုင် ဖွင့်ထားသူ တစ်ဦးက ဆိုပါတယ်။
256 kbps အမြန်နှုန်းဟာ မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလိုင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အင်တာနက်ကနေတဆင့် VOIP ခေါ်ဆိုမှုများ မပြုလုပ်ကြရန် ကြိုတင် အသိပေး အကြောင်းကြားခြင်းလို့ ဆိုပြီး မြန်မာအင်ဖိုတက်ခ် ကော်ပိုရေးရှင်းရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်ဝင်း က လက်မှတ် ရေးထိုးထားပြီး၊ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နောက်ပိုင်းမှာတော့ စစ်တွေမြို့ရဲ့ အင်တာနက်လိုင်းဟာ အဆိုးဝါးဆုံးအနေအထားကို ရောက်ရှိခဲ့ပြီး Messenger တွေ တခုမှ မရတော့သလို ပြည်ပသတင်းဆိုဒ်တွေကိုလည်း လုံးဝ ကြည့်လို့မရတော့ဘူး လို့ သိရပါတယ်။
“ISP ကို မေးကြည့်တော့လည်း သူတို့လည်း ဘာမှမသိလို့ပြောပါတယ်၊ သိချင်ရင် ရန်ကုန်ကိုမေးကြည့်လို့ တစ်ခွန်းတည်းပြောပြီး ဖုန်းချသွားပါတယ်၊ ဒါဟာ သုံးစွဲသူတွေကို အလေးမထားတဲ့ သဘော ရောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းစုံကို ပြည့်ပြည့်စုံစုံလည်း ရှင်းပြခဲ့ရင်ကောင်းမှာပါ” လို့ စစ်တွေမြို့ရှိ လုပ်ငန်းကြီးတစ်ခု လုပ်ကိုင်နေသော ပြည်မအခြေစိုက်ကုမ္ပဏီကြီးတစ်ခုမှ ၀န်ထမ်း တစ်ယောက်က ပြောကြားပါတယ်။
(ရန်ကုန်ရုံးချုပ်) ကို ဆက်ကြည့်ပြီးမေးတာ့ သူတို့က ဒါ တစ်နိုင်ငံလုံးဖြစ်နေတဲ့ ကိစ္စ ကျွန်မတို့နဲ့ ဘာမှ မဆိုင်ပါဘူးဆိုပြီး၊ ဖုန်းချသွားပါတယ်။´လို့ သူက ပြောပါတယ်။
ကမ္ဘာတဝန်း အင်တာနက် သုံးစွဲသူတွေဟာ ကိုယ့်ကွန်ပျူတာကနေ အသိမိတ်ဆွေရဲ့ ကွန်ပျူတာကို skype, gtalk, Pfingo, VZO စတဲ့ အင်တာနက် ဝန်ဆောင်မှုစနစ်တွေကတဆင့် စကားပြောနိုင်သလို၊ တယ်လီဖုန်း လည်း ခေါ်ဆိုဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ကနေတဆင့် တယ်လီဖုန်းခေါ်တဲ့အခါမှာ ထိုင်းကို ခေါ်ရင် တမိနစ်ကို ၂၀၀ ကျပ်၊ စင်ကာပူနိုင်ငံကို ၁၅ဝ ကျပ်တွေနဲ့ အဝေးရောက် မိသားစုတွေဆီ ဈေးသက်သက်သာသာနဲ့ ဆက်သွယ်နိုင်နေကြတာပါ။ အင်တာနက် ကဖေးဆိုင် ဖွင့်ထားသူတွေကလဲ ဒီကိစ္စနဲ့ပဲ၊ ဆိုင်လုပ်ငန်း ဝင်ငွေရနေကြတာလို့ ဆိုပါတယ်။
အခုအချိန်မှာတော့ ဘယ်သတင်း ဘယ်ဝက်ဘ်ဆိုဒ်ကိုမှ ၀င်လို့ မရတော့သလို အီးမေးလ် အ၀င် စစ်ကြည့်ဖို့အတွက်လည်း proxy server တွေ သုံးပြီး ၀င်နေရတယ်လို့လည်း သိရပါတယ်။
လက်တွေ့အသုံးချ ကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်များ
Beginners Guide to Networking - မျိုးသူရ
ဒီတစ်ပတ်တော့ Post ရေးရာမှာ များနေတော့ မရေးဖြစ်တော့ပဲ ကိုမျိုးသူရရေးသားပြုစုထားတဲ့ Beginners guide to Networking စာအုပ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Networking အကြောင်းကို လေ့လာနေသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ Download Link နှစ်ခုပေးထားပါတယ်။ Side bar မှနေ၍လည်း Download လုပ်နိုင်ပါသည်။ အဆင်ပြေပြေ Download လုပ်နိုင်ကြပါစေ။
Window 7 Boot Device With USB
စာလုံးများသေးနေပါက Zoom ချဲ့၍ ဖတ်ရှုကြပါရန်
Your Uninstaller 6.2 Portable Version
Tuesday, March 15, 2011
Internet မှ နိုင်ငံခြားCall ခေါ်ဆိုမှုများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံတွင်ကန့်သတ်ပြီ
Monday, March 14, 2011
EasyRecovery Download
Download ချရန် - http://www.mediafire.com/file/c5jaxhrg9shrpkw/ONTRACK%20EASYRECOVERY%20PROFESSIONAL.rar
- Format လုပ်ပြီးသား file တွေကိုလုပ်ပေးတယ်။
- Raw ဖြစ်သွားတဲ့ file တွေကိုလဲလုပ်ပေးတယ်..ဒီဟာက ဘယ်မှာသုံးလဲဆိုတော့.. format လုပ်ပြီးသား ကို recovery လုပ်တဲ့အခါမှာ.သူကမေးပါတယ်.နောက်ဆုံးသုံးခဲ့တဲ့ file system ကဘာလဲဆိုပြီးမေးတဲ့အခု..ကိုယ်က NTFS ကိုပေးရင်လဲမဟုတ်ဘူး၊FAT လဲ.မဟုတ်ဘူး၊FAT32 မဟုတ်ဘူး.ဆိုပြီး...ဖြစ်တက်ပါတယ်.ဒါက Raw file system ဆိုပြီး..ဘာမှကိုလုပ်လို့မရတော့တဲ့ usb,hardisk တွေကိုလဲ recovery လုပ်ပေးတဲ့အပြင် Delete လုပ်လိုက်မိတဲ့ file တွေကိုလဲ recovery လုပ်ပေးပါတယ်။
- Advanced Recovery ဆိုပြီးတော့လဲပါသေးတယ်။
- Recovery သက်သက်မဟုတ်ဘဲ.. File Repair ဆိုပြီး
- Excel,Access,Zip,Powerpoint,Word စတဲ့ File format တွေအတွက်လဲပါဝင်တယ်။
- Disk Diagnostics စတဲ့ Drive Tests,Size Manage,Data Advisor,Partition စတဲ့များပြားအသုံးဝင်လှတဲ့ Software တွေကိုစုစည်းထားတဲ့ Easy Recovery Professional ဖြစ်ပါတယ်..ဒီအပြင် Portable ဖြစ်တဲ့အတွက် ပိုပြီးအဆင်ပြေပါလိ့မ်မယ်။
Supporting Environments to do Self Study Computer and IT - ကိုယ်တိုင်လေ့လာ သင်ယူမှုအတွက် ရနိုင်သည့် ပတ်ဝန်းကျင်မှ အထောက်အကူများ
ကျွန်တော်တို့ရဲ့ မြန်မာ အိုင်တီ အ၀န်းအ၀ိုင်းလေးဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်တဲ့အခါ အသက်အရွယ် အလွန်ပဲ နုနယ်ပါသေးတယ်။ ကွန်ပျူတာနဲ့ အင်တာနက်ပေါ်လာတာ အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ကျွန်တော်တို့ဆီမှာ လူအများစု အနေနဲ့ ကွန်ပျူတာနဲ့ အင်တာနက်ကို သုံးနိုင်လာတဲ့ အချိန်က အခုအချိန် (2009 ဒီဇင်ဘာ တတိယ ရက်သတ္တပတ်) မှာ ဆယ်စုနှစ် တစ်ခုကျော်ပဲ ရှိပါသေးတယ်။ ပြီးတော့ အိုင်တီနည်းပညာ တွေကလည်း အချိန်တိုင်း ပြောင်းလဲ တိုးတက်နေတယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ မြန်မာလိုနဲ့ ရေးသားထားတဲ့ ကွန်ပျူတာ၊ အိုင်တီနဲ့ အင်တာနက် နည်းပညာဆိုင်ရာ စာအုပ်တွေ လုံလုံလောက်လောက်မရှိတာ အဆန်းတော့ မဟုတ်ပါဘူး။ကံကောင်းထောက်မတာ တစ်ခုက မြန်မာမှာ ကွန်ပျူတာတွေကို ဈေးကွက်ထဲ ရောင်းချလာတဲ့ အချိန်မှာပဲ - ကွန်ပျူတာ လေ့လာမှု အထောက်အကူပြု စီဒီ (Learning CD) တွေကို ဈေးပေါပေါနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နောက်ပိုင်းမှာ တောင်ကြီး၊ ပြည် နဲ့ မကွေး၊ ပြင်ဦးလွင် လိုနေရာမျိုးတွေ အထိ အလွယ်တကူ ၀ယ်ယူလေ့လာ နိုင်လာတာ ဖြစ်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါပေါနဲ့ ၀ယ်ယူလို့ရတဲ့ သင်ကြားရေး အထောက်အကူပြု စီဒီတွေ၊ ဆော့ဖ်ဝဲ စီဒီတွေဟာ ကျွန်တော်တို့ရဲ့ အိုင်တီလေ့လာမှုကို ၂၅ ရာခိုင်နှုန်း လောက် အထောက်အကူ ရစေနိုင်ခဲ့တာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။နောက်တစ်ခုကတော့ ကွန်ပျူတာ ခေတ်ဦးမှာ စတင်ထွက်ရှိလာတဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းများပါပဲ။ အဲဒီ စာအုပ်တွေကလည်း ကျောင်းတွေမှာ LC 630 ဆိုတဲ့ ပန်းသီး ကွန်ပျူတာတွေ စတင်မိတ်ဆက် အသုံးပြုတဲ့ အချိန်မှာ ပန်းသီး ကွန်ပျူတာများ အကြောင်း၊ Windows 95/98/2000 XP နဲ့ ယခု Vista, Windows 7 ကာလ အထိ - အသုံးဝင်တဲ့ နည်းလမ်းတွေ (Tips and Tricks)၊ အထောက်အကူပြု လေ့ကျင့်ရေး သင်ခန်းစာတွေနဲ့ ဆော့ဖ်ဝဲ သတင်းတွေ၊
Sunday, March 13, 2011
3TB Hard Drive တွေ သုံးစွဲ နိုင်ဖို့ ဘာတွေ လိုသလဲ
အရည် အသွေး နောက်ကို တောက်လျှောက် လိုက်နေတဲ့ လူသား တွေဟာ HD Video, Lossless Audio, 15 Megapixels ဓာတ်ပုံတွေနဲ့  Hard Drive တွေရဲ့ ပိုလျှံ သိုလှောင် အားကို ဖြုန်းတီးနေ ကြပါ တယ်။ Hard Drive တွေ ရဲ့ဝင်ဆံ့မှုပမာဏဟာ ပြီးခဲ့တဲ့နှစ်တွေ မှာထပ်ညွှန်းကိန်းနဲ့  တိုးတက်လာတာ ဆိုပေမယ့် 2 TB ၀င်ဆံ့မှုကိုအ ရောက်မှာတော့ (၁)နှစ်ခွဲလောက်တန့်  သွားခဲ့ ပါတယ်။ ဒါဟာ ဘာလို့ ပါလဲ။ 2TB အနားသတ်ကို ကျော် လွှားဖို့ ဆိုတာ ထင်သလောက်မလွယ် ကူပါဘူး။
အဓိကပြဿနာတစ်ရပ်က တော့ Master Boot Record ပါပဲ။ MBR လို့  အတိုကောက် လူသိများ တဲ့ဒီဇယားဟာ Partition ချထား တဲ့ Hard Drive တစ်ခုရဲ့ အစပိုင်းမှာ ရှိပြီးဘယ် OS ကနေ Boot တက် မယ်ဆိုတာကို ရွေးချယ်ခွင့်ပေးပါ တယ်။ Hard Drive ပေါ်မှာ Partiton တစ်ခုပဲ ချထား တယ်ဆိုရင် MBR ရဲ့ ဆောင်ရွက်ချက်ဟာ မသိ သာလှပါဘူး။ ဒါပေမဲ့ Partition နှစ်ခုခွဲပြီး တစ်ခုမှာ Windows XP ၊ နောက်တစ်ခုမှာ Windows 7 ဆို ပြီးထည့်ထားရင်တော့ BIOS ဟာ အရေးပါလှပါတယ်။
3D နည်းပညာကို သင့်စားပွဲပေါ် သယ်ဆောင်လာမယ့် Lenovo ရဲ့ IdeaPad Y560D 3D Laptop
ယနေ့ ခေတ် 3D နည်းပညာ ကမ္ဘာသို့ အသစ်ဝင်ရောက်လာသော နည်းပညာပစ္စည်း အများအပြား ပေါ်ထွက် လာရာ တစ်ကိုယ်ရေသုံး ကွန်ပျူတာ နယ်ပယ်သို့ 3D နည်းပညာနှင့် အတူ ဝင်ရောက် လာသော Lenovo ၏ အသစ်ထွက် IdeaPad Y560D လက်တော့ ကွန်ပျူတာကို 3D မြင်ကွင်းဖြင့် မြင်တွေ့ရတော့မည် ဖြစ်သည်။ 3D နည်းပညာသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစက် ထုတ်လုပ်ရေး နယ်ပယ်သို့ ချဉ်းနင်း ဝင်ရောက်သည်မှာ ကြာပြီ ဖြစ်သော်လည်း ကုန်ကျစရိတ် ကြီးမားလွန်းသောကြောင့် လူတိုင်းအတွက် လက်လှမ်းမမှီနိုင်ခဲ့သော်လည်း ယခုအခါ မိမိတို့၏ တစ်ကိုယ်ရည် သုံးအတွက် လက်လှမ်းမှီနိုင်သော နည်းပညာပစ္စည်း အဖြစ် IdeaPad Y560D ထွက်ပေါ်လာပြီ ဖြစ်သည်။
3D နည်းပညာ အသုံးပြု ထုတ်လုပ်ထားသော လက်တော့ ကွန်ပျူတာများတွင် IdeaPad Y560D သည် ပထမဆုံး မဟုတ်သော်လည်း ဈေးနှုန်းမြင့်မားလွန်းသော အတန်းမြင့် ကွန်ပျူတာ ပစ္စည်းများတွင်သာ ထည့်သွင်းလေ့ရှိသည့် 3D နည်းပညာကို လူအများ တတ်နိုင်လောက်သော နှုန်းထားဖြင့် ပေါ်ပေါက်လာသော ကွန်ပျူတာများတွင် ပထမဆုံးဖြစ်သည်။Lenovo ကုမ္ပဏီသည် IdeaPad Y560D ကို ဒေါ်လာ ၁၃၉၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်ရာ ဈေးသက်သာလှသည်ဟု မဆိုသာသော်လည်း ၎င်းနှင့် ပြိုင်ဘက် 3D လက်တော့များဖြင့် နှိုင်းယှဉ်လျင် တတ်နိုင်လောက်သော နှုန်ထားဖြစ်ကြောင်း သိရသည်။
- Intel
Core i7-720QM CPU (1.6GHz; quad-core with Hyper-Threading)
- 4GB of DDR3-1066 RAM
- 15.6" LCD (1366x768 resolution)
- ATI Mobility Radeon 5730
1GB Dedicated GPU RAM - 500GB 7200 RPM (5400 RPM*)
- Intel Centrino Advanced-N 6200
- 8x DVD±RW/CD-RW optical drive
- 1.3 Megapixel Webcam
- VGA and HDMI Outputs
- USB 2.0 x 3; eSATA/USB x 1
- RJ-45 (Ethernet 10/100)
- Headphone / Mic Input Jacks
- SD / MMC / SDHC / xD / MS / MS Pro Multimedia Card Reader
- JBL Stereo Speakers
- Gesture-Enabled Elan Multi-Touch Trackpad
- 6.2 Pounds (with 6-cell battery installed)
- Removable 6-Cell (57 Wh) Li-ion Battery
- "Up To 3.5 Hours" Claimed Battery Life
- 15.1" (W) x 8.5" (D) x 1.3" (H) (Dimensions)
- Windows 7 Home Premium (64-bit)
- 1-Year Warranty
- Price (MSRP): $1399
New Source: http://hothardware.com/reviews/Lenovos-Y560D-3D-Laptop-Reviewed/
http://patheincity.com
Saturday, March 12, 2011
USB Disk Security6.0.0.126
Photoshop CS5 extended portable
Thursday, March 10, 2011
Window 7 Loader များ စုစည်းမှု
Window 7 တင်းပြီး Activate မဖြစ်သူများအတွက် အဓိက ရည်ရွယ်ပါသည်။ တချို့ကွန်ပျူတာများတွင် Support ဆိုသည့် ကုမ္ပဏီမှ ထည့်ပေးထားသော အွန်လိုင်းနှင့်တိုက်ရိုက် ချိတ်ဆက်ထားသည့် ၀န်ဆောင်မှု အထောက်အကူပြုစနစ်များ ပါဝင်သောကြောင့် တခါတရံတွင် Activate မဖြစ်ကြပါ။ ကျနော်တို့လို နည်းပညာမဖွံ့ဖြိုးသေးသည့် မြန်မာနိုင်ငံတွင် ၀င်ဒိုးလိုင်စင်များ အကျပ်အတည်းမှကျော်လွှားနိုင်ကြစေဖို့ ၎င်းအကျပ်အတည်းမှ ကျော်လွှားနိုင်ကြဖို့ ရည်ရွယ်လိုက်ပါသည်။ တချို့ကွန်ပျူတာများတွင် Activate ဖြစ်သည်က များသည်။ Activate ဖြစ်သူများရော မဖြစ်သူများပါ အဆင်ပြေကြစေဖို့ ကျနော့်၏ ထက်သန်သော စေတနာကို အရင်းခံလျှက် တင်ပြပေးလိုက်ပါသည်။ အောက်ဖော်ပြပါ Links များမှ Download လုပ်နိုင်ကြပါပြီ။ အဆင်ပြေပြုံးပျော်နိုင်ကြပါစေ။ ကျနော်ကိုယ်တိုင် ခေါင်းစားခဲ့ရသော လက်တွေ့လုပ်ငန်းခွင်မှ အတွေ့အကြုံများအရ အခြားသူများ အခက်အခဲမတွေ့ရအောင် တင်ပြပေးလိုက် ပါသည်။
ကိုကိုထွန်း (Site-Admin)
Window Loader 1.7 Download လုပ်ရန်
Window Loader 1.8 Download လုပ်ရန်
(မကြာမီကာလအတွင်း Microsoft မှ Windows 7 အသုံးပြုသူများအတွက် update များထုတ်ပေးမည်ဖြစ်ပြီး ၎င်း update များဟာ activation crack များတရားမ၀င်ကူးယူအသုံးပြုခြင်းအား တားဆီး ကာကွယ် ပေးနိုင်ကြောင်း သိရှိရပါတယ်။Microsoft မှပြောကြားချက်အရ တရားမ၀င်အသုံးပြုလျက်ရှိသော activation crackပေါင်း ၇၀ ကျော်ရှိကြောင်း သိရှိရပါတယ်။Microsoft ၏ update ဟာ WindowsActivation Technologies (WAT) ဖြစ်ပြီး ယခင်ကတော့ Windows GenuineAdvantage (WGA) ဟုလူသိများလှပါတယ်။ထို update ဟာ Windows 7 Home Premium,Professional, Ultimate နှင့် Enterprise အသုံးပြုသူများအတွက်ဖြစ်ပြီး၎င်းဟာတရားမ၀င် Activate ပြုလုပ်ခြင်းအား ဖော်ထုတ်ပေးနိုင်ကြောင်းသိရှိရပါတယ်။ ယခင် ၂၀၀၆ ခုနှစ်မှာလည်း Microsoft မှ Windows XP အသုံးပြုသူများထံသို့WGA update ပေးပို့ခဲ့ပြီး ၎င်းဟာ လုံခြုံရေးဆိုင်ရာအလွန်ကောင်းမွန်သော updateတစ်ခုလည်းဖြစ်ပါတယ်။ Microsoft ၏ update ကြောင့် တရားမ၀င် activateပြုလုပ်ခြင်းနှင့် Key ခိုးယူသုံးစွဲခြင်းတို့ကိုကာကွယ်နိုင်ပြီး Windows 7ကူးယူအသုံးပြုခြင်းကိုလည်း ကာကွယ်နိုင်ကြောင်း သိရှိရပါတယ်။)ယင်းကဲ့ သို့ Genius ဖြစ် သွားပါက black screen ပေါ်နေပြီးCopy of window is not genius ဟုအမြဲပေါ်နေတက်ပါတယ်။ Window update ကို အမြဲတမ်း ပိတ်ထားသူများ ဘာမှမဖြစ်ကြပါ။
အခုပေးထားတဲ့
Linkလေးကိုကလစ်တချက်နှိပ်လိုက် ဒေါင်းပြီး RUN လိုက်ပါ။ Auto restart ဖြစ်သွားပြီးပြန်တက် လာရင် အားလုံး အဆင်ပြေသွားမှာပါ။
Connection ကျနေစဉ် Gtalk,Gmail ဖွင့်နိုင်ရန်
Gmail ဖွင့်လိုလျှင်-
-mozilla ကို ဖွင့်ပါ။
-mozilla ထဲက Tools ကိုဖွင့်ပါ။
-Tools ထဲက Options ကိုနှိပ်ပါ။
-Options ထဲက Advanced ကိုနှိပ်ပါ။
-Advanced ထဲက settings ကိုနှိပ်ပါ။
-Settings ထဲက manual poxy ကို နှိပ်ပါ။
-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။
ပေါ်လာလျှင်HTTP poxy box တွင်
212.93.193.72 ကိုရိုက်လိုက်ပါ။
ဘေးက Post box တွင်
443 ကိုရိုက်ထည့်လိုက်ပါ။
*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။ ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။
Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင်use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါpost box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပါပြီ။
Tuesday, March 8, 2011
Columnar database ဆိုတာ
Columnar database ဆိုတာဟာ အချက်အလက်စီမံခန့်ခွဲတဲ့စနစ် (DBMS) ကိုခေါ်ဆိုတာဖြစ်ပါတယ်။ အချက်အလက်တွေကို row တွေထဲမှာ ထည့်သွင်းမည့်အစား ကော်လံ (column) တွေထဲမှာ ထည့်သွင်းတဲ့ပုံစံကို Columnar database ဆိုပြီးခေါ်ဆိုတာပါ။ Columnar database ကိုသုံးစွဲရခြင်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ hard disk ထဲမှာ အချက်အလက်တွေကို ရေးတာနဲ့ဖတ်တာကို လုပ်တဲ့အချိန်မှာ ပိုမိုပြီးမြန်ဆန်စေရန်အတွက်ဖြစ်ပြီး query ဖြင့်ရှာဖွေတဲ့အခါမှာတော့ အဖြေကို အလျင်အမြန်ရှာဖွေပေးနိုင်တဲ့ အထားအသိုပုံစံဖြစ်ပါတယ်။ Columnar database ထဲမှာတော့ ပထမကော်လံမှာရှိတဲ့ တန်ဖိုးအားလုံးဟာ သဘာဝတရားအရ အတူပဲဖြစ်ပါတယ်။ ပြီးမှ နောက်ကော်လံကတန်ဖိုးတွေ (Column 2 values) အစဉ်အလိုက်ပါပါတယ်။ အချက်အလက်တွေက မှတ်တမ်းစဉ်အလိုက် သိမ်းဆည်းထားရမှာပေါ့။ ဒါကြောင့်ပထမကော်လံမှာ အချက်အလက်အခုတစ်ရာသွင်းမယ်ဆိုလျှင် ဒုတိယကော်လံအတွက် အချက်အလက်တစ်ရပ်ပဲ သွင်းရပါလိမ့်မယ်။ အောက်မှာဖော်ပြထားတာကတော့ ကော်လံ ၄ ခုနဲ့အတန်း ၃ ခု ပါတဲ့ ရိုးရှင်းတဲ့ database လေးပါ။
ID Last First Bonus
1 Doe John 8000
2 Smith Jane 4000
3 Beck Sam 1000
အတန်းလိုက်ကို အဓိကထားတဲ့ အချက်အလက်စီမံခန့်ခွဲတဲ့စနစ် (row-oriented database management system) မှာတော့ အချက်အလက်တွေဟာ အောက်ဖော်ပြပါအတိုင်း ထိန်းသိမ်းထားပါတယ်။ 1,Doe,John,8000; 2,Smith, Jane,4000; 3,Beck,Sam, 1000; ကော်လံကို အဓိကထားတဲ့ အချက်အလက်စီမံခန့်ခွဲတဲ့စနစ် (Column oriented database management system) မှာတော့ အချက်အလက်တွေကို အောက်ဖော်ပြပါအတိုင်း ထိန်းသိမ်းထားပါတယ်။ 1,2,3; Doe,Smith,Beck; John, Jame,Sam; 8000,4000, 1000; Columnar database သုံးစွဲတဲ့အတွက် အဓိကရရှိတဲ့အကျိုးကျေးဇူးက အချက်အလက်တွေကို လွန်စွာမှဖိသိပ်ထားနိုင်မှုဖြစ်ပါတယ်။ အခြားအကျိုးကျေးဇူးကတော့ Colum အခြေပြု DBMS တွေဟာ self-indexing ဖြစ်တဲ့အတွက် relational database management system (RDBMS) ထက် အချက်အလက်တွေကို ထည့်သွင်းတဲ့အခါမှာ သိုလှောင်သိမ်းဆည်းတဲ့ပမာဏကို နေရာယူမှုနည်းပါးပါတယ်။
ကိုးကား - အင်တာနက်ဂျာနယ်
Administrator account များအတွက် User Account Control (UAC) ကို disable ပြုလုပ်ခြင်း
(၁) Start menu တွင် secpol.msc ဟုရိုက်ပြီး enter နှိပ်ပါ။
(၂) Local Security Policy configuration ပေါ်လာပါမယ်။
(၃) Local Policies အောက်ရှိ Security Options သို့သွားပါ။
(၄) "User Account Control: Behavior of the elevation prompt for administrators in Admin Approval Mode" ကို ကလစ်နှစ်ချက်နှိပ်ပါ။
(၅) ပေါ်လာသော box တွင် "Elevate without prompting" ကိုရွေးပါ။
(၆) OK ကိုနှိပ်ပါ။
နောင်နောင်
Window 7 ကို လျှင်မြန်စွာ အသုံးပြုနိုင်မည့် အချက်များ
Window တွေကို လျင်မြန်စွာပြောင်းလဲအသုံးပြုခြင်း။
Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation တွေကို disable လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
Disable လုပ်နည်းကတော့ Start ကနေ SystemPropertiesPerformance လို့ရိုက်ပြီး Visual Effects Tab တွင် Animate windows when minimizing and maximizing ကို uncheck လုပ် ပြီး OK ကိုနှိပ်ရမှာဖြစ်ပါတယ်။
Windows 7 boot time ကိုမြှင့်တင်ခြင်း။
Windows 7 ဟာစတင်အလုပ်လုပ်စဉ်က core တစ်လုံး တည်းကိုသာ အသုံးပြုပါတယ်။ ဒါကြောင့် boot time ကိုမြှင့်တင်ဖို့အတွက် အသုံးပြုမယ့် core တွေကို တိုးမြှင့်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်းကတော့ Start မှ Run ကိုနှိပ်ပြီး Run Box တွင်ျာခသည်ငါ လို့ရိုက်ထည့်ပါ။ ထို့နောက် boot tab ရှိ Advanced options... ကို click လုပ် ပါ။ ထို့နောက် Number of processors တွင် မိမိ ကွန်ပျူတာရှိ processor ရဲ့ core အရေအတွက်ကို ရိုက်ထည့်ပါ။ ဥပမာ။ ။ 2,4, ၈ထို့နောက် OK လုပ်ပြီး Apply ကိုနှိပ်ပါ။
Monday, March 7, 2011
အင်တာနက်သမိုင်းသစ်ရေးမည့် HTML 5
HTML ၏အဓိပ္ပာယ်မှာ Hyper Text Markup Language ဖြစ်ပါသည်။ အင်တာနက် Web site များရေးဆွဲသည့် ဘာသာစကားတစ်ရပ်ဟုဆိုနိုင်ပါသည်။
မူရင်း HTML ဆိုင်ရာ အရည်အသွေးသတ်မှတ် ချက်များကို ၁၉၉၀ ပြည့်နှစ်တွင် စတင်မူကြမ်းရေးဆွဲခဲ့သည်။ သို့သော်အဆိုပါ သတ်မှတ်ချက်တွင်ပါဝင်သည့် tag အချို့ကို ယခုအချိန်တွင်အသုံးမပြုတော့ပြီဖြစ်ရာ ယင်းအရည်အသွေးသတ်မှတ်ချက်တို့ကို အတိတ်မှာ ထားရစ်ခဲ့ကြပါပြီ။ ယင်း HTML 1.0 (version 1) ကိုHTML Level 1 ဟုလည်းခေါ်ကြပါသည်။ HTML 2.0 နှင့်ပတ်သက်သည့် အရည်အသွေးသတ်မှတ်ချက်များကို ၁၉၉၄ ခုနှစ်ဖော်ထုတ်ခဲ့သူမှာ Internet Engineering Task Force (IETF) ၏ Working committee ဖြစ်သည်။ ယင်းကိုပင်လျှင် အင်တာ၏အခြေခံမူကြမ်းအဖြစ် တရားဝင်အတည်ပြုခဲ့ကြပါသည်။ HTML 1.0 နှင့်စာလျှင် တိုးတက်ပြောင်းလဲလာသည့် အချက်များမှာအသုံးနည်းသည့် tab အချို့ကိုပယ်ထုတ်ခြင်းနှင့် form အချို့ကို ထပ်မံထည့်သွင်းခြင်းပင်ဖြစ်သည်။ သို့သော် HTML 2.0 ၏သတ်မှတ်ချက်များတွင် ဤ version ထုတ်ပြီးနောက်မှထွက်ပေါ်လာသော table များနှင့် Netscape extension တို့ကဲ့သို့ လက်တွေ့အသုံးချကိစ္စအတော်များများမပါဝင်ခဲ့ပါ။ HTML 2.0 ၏အရည်အသွေးသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တာဝန်ခံသူအဖြစ် World Wide Web Consorticum (W3C) သို့နောက်ပိုင်းတွင် လက်လွှဲပေးခဲ့ကြပါသည်။ HTML 3.0 သည် HTML 2.0 ၏အရည်အသွေးသတ်မှတ်ချက်များ ကို တိုးချဲ့ထည့်သွင်းလာခြင်းဖြစ်ပါသည်။ သို့သော် ယင်းသတ်မှတ်ချက်များသည် ထိုစဉ်ကလက်တွေ့ကျင့်သုံးလုပ်ဆောင်လျက်ရှိသော Web ဆိုင်ရာလုပ်ဆောင်မှုများနှင့် လိုက်လျောညီထွေမရှိလှသဖြင့် နောက်ပိုင်းတွင် HTML 3.2 အရည်အသွေးသတ်မှတ်ချက်များနှင့် အစားထိုးခဲ့ကြပါသည်။
ထိထိရောက်ရောက် နည်းပညာဝေါဟာရများ အပိုင်း(၄)
Qik
Qik ဆိုတာဟာ online ဗီဒီယို streaming ၀န်ဆောင်မှု တစ်ခုဖြစ်ပြီး ဗီဒီယိုကင်မရာပါရှိတဲ့ smartphone ကိုသုံးကာ မြန်နှုန်းမြင့် အင်တာနက်ကွန်ရက် ကနေ တစ်ဆင့် မိမိရဲ့ ရိုက်ကူးမှုတွေကို တိုက်ရိုက် ထုတ်လွှင့်ပြသနိုင်အောင် လုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။ Qik ဟာ အခုအခါမှာ လွတ်လပ်တဲ့ ရုပ်သံဌာနတစ်ခုအဖြစ် ရောက်ရှိလာပြီး blogger တွေ၊ ကျောင်းသားတွေ၊ မီဒီယာပရော်ဖက်ရှင်နယ်တွေနဲ့ သတင်းရေးသားခြင်းကို စိတ်ဝင်စားသူတွေ အားလုံးက အသုံးပြုလာနေကြတာကို တွေ့ရပါတယ်။ Qick ကို အသုံးပြုဖို့အတွက် အနည်းဆုံး 2G ကြိုးမဲ့ချိတ်ဆက်မှုစနစ် အသုံးပြုနိုင်တဲ့ smartphone ရှိထားရမှာဖြစ်ပြီး Qik ကနေ client ဆော့ဖ်ဝဲကို download ပြုလုပ်ယူရမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ beta version အဖြစ် စတင်ထွက်ပေါ်ခဲ့တာဖြစ်ပြီး Nokia, Motorola နဲ့ Samsung မော်ဒယ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနေကြတယ်လို့ သိရပါတယ်။ အခု အခါမှာတော့
ထိထိရောက်ရောက် နည်းပညာဝေါဟာရများ အပိုင်း(၃)
VOIPSA
VOIPSA (Voice Over IP Security Alliance) ဆိုတာက VOIP Communications အပိုင်းနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများသို့မဟုတ် လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်တစ်ဦးဦးတို့၏ ပူးပေါင်းလုပ်ဆောင်မှု ကိုခေါ်ဆိုတာဖြစ်ပါတယ်။VOIPSA ဟာ VOIP စနစ်ကိုမွေးစားပြီး VOIP လုံခြုံရေးစနစ်ကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် VOIP လုံခြုံရေးပညာပေးနှင့် သင်ကြား ရေးစသည်တို့အတွက် တည် ထောင်ပေးတာတယ်။ ထို့အပြင် VOIP စမ်းသပ်မှုနည်းလမ်းများ နှင့် Tool များကိုအခမဲ့ရယူနိုင်ဖို့ ကြိုးစားပေးတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။VOIPSA မှာ ကြီးကြပ်လုပ် ဆောင်ပေးတဲ့အုပ်စုသုံးခုရှိပါတယ်။ ၎င်းသုံးခုကတော့
ထိထိရောက်ရောက် နည်းပညာဝေါဟာရများ အပိုင်း(၂)
Cyberextortion
Cyberextortion ဆိုတာဟာ ဆိုက်ဘာတိုက်ခိုက်မှုနှင့်သက်ဆိုင်သော စကားလုံးဖြစ်သည်။ စီးပွား ရေးလုပ်ငန်းများကို ရည်ရွယ်တိုက်ခိုက်မှုများဖြစ်ပြီး တိုက်ခိုက်မှုများကိုရပ်ဆိုင်းလိုပါက ငွေကြေးတောင်းခံကြသည်။ Cyberextortion ပုံစံသည် မျိုးစုံဖြစ်နိုင်သည်။ Denial of service (DOS) တိုက်ခိုက်မှုသည် ဖြစ်နိုင်ချေအများဆုံး ဘုံနည်းလမ်းတစ်ခုဖြစ်သည်။ လက်ရှိနှစ်များတွင် ဆိုက်ဘာ ရာဇ၀တ်သားများသည် ransom-ware ဟုခေါ်သော ဆော့ဖ်ဝဲတစ်ခုကိုပြုလုပ်ခဲ့ပြီး သားကောင်၏အ ချက်အလက်များကို encrypt လုပ်နိုင်ရန်စီမံကြသည်။ တိုက်ခိုက်သူများက ၎င်းအချက်အလက်များကို ပြန်လည်ရယူရန်အတွက် decryption key အတွက် ငွေပေးချေရန် တောင်းဆိုကြသည်။ စီးပွားရေးလုပ်ငန်းများဟာ ၎င်းတို့၏ စီးပွားရေးကိစ္စအတွက် အင် တာနက်ကိုမှီခိုရမှု ပိုမိုများပြားလာခဲ့ကြသည်။ ၎င်းအချက်သည် ဆိုက်ဘာရာဇ၀တ်သားများ၏ အကြိုက်ဖြစ်ခဲ့ပြီး
ထိထိရောက်ရောက် နည်းပညာဝေါဟာရများ အပိုင်း(၁)
Proxy Server
အင်တာနက်သုံးစွဲသူတွေကြားမှာတော့ proxy server ဆိုတဲ့စကားဟာ ကြားနေကျစကားဖြစ်ပါတယ်။ Proxy server ဆိုတာဟာတကယ်တော့ အင်တာနက်နဲ့ ကွန်ပျူတာသုံးစွဲသူတွေရဲ့ကြားမှာ ကြားခံဆက်သွယ်ပေးတဲ့ဆာဗာ (server) တစ်ခုပါပဲ။ Proxy server ဟာ gateway လို့ခေါ်တဲ့ ဆာဗာတစ်မျိုးပဲဖြစ်ပါတယ်။ Gateway server တွေဟာ ကွန်ရက်တစ်ခုနဲ့ ပြင်ပကွန်ရက်တို့ကိုခွဲခြားထားတဲ့ ဆာဗာတစ်မျိုးဖြစ်ပါတယ်။ ပြီးတော့ကွန်ရက်ထဲမှာရှိတဲ့ firewall server နဲ့ပြင်ပကွန်ရက်တို့ကို ခွဲခြားပေးထားတဲ့အရာလည်းဖြစ်ပါတယ်။ Proxy server ဟာသုံးစွဲသူထံမှ အင်တာနက်ဝန်ဆောင်မှုအတွက် တောင်းခံချက်တွေကို လက်ခံပါတယ်။ Proxy server ဟာ cache server လိုမျိုး ယခင်ကပြုလုပ်ခဲ့တဲ့ web page တွေရဲ့ download ထဲမှ local cache ကိုပြန်လည်ကြည့်ရှုပါတယ်။ အကယ်လို့ အဲဒီ့စာမျက်နှာဟာ cache ထဲမှာမရှိဘူးဆိုခဲ့လျင် proxy server ဟာသုံးစွဲသူကိုယ်စား client တစ်ခုကဲ့သို့ ကိုယ်တိုင် IP address နှင့် သုံးစွဲသူလိုချင်တဲ့စာမျက်နှာကို သက်ဆိုင်ရာဆာဗာထံတောင်းခံပါတယ်။ အဲဒီ့စာမျက်နှာ ရောက်ရှိလာတဲ့အခါမှာတော့ သုံးစွဲသူထံသို့ ပြန်လည်ပို့ဆောင်ပေးပါတယ်။
Sunday, March 6, 2011
နေ့စဉ်သုံးအင်တာနက် စာအုပ် ရယူရန်
အင်တာနက်အကြောင်းကို အခုမှ စပြီးလေ့လာသူများအတွက် မရှိမဖြစ်စာအုပ်လေးပါ။
Download ချရန်
K-Lite Codec Full Pack 6.0.4
နားမလည်လို့ ဖွင့်မရဖြစ်တတ်ကြပါတယ်။ ဒီပြသနာတွေကို K-Lite Codec Full Pack 6.0.4 ကို မိတ်ဆွေတို့ 
ကွန်ပျူတာမှာထည့်သွင်းထားခြင်းဖြင့်။ အလွယ်တကူဖြေရှင်းနိုင်ပါတယ်။ 15MB လောက်ပဲရှိပါတယ်။
Download လုပ်ရန်
Photoshop CS အကြောင်း တစေ့တစောင်း လေ့လာကြမယ်
Download ချရန်
http://www.mediafire.com/file/15bgbna69sp5d99/photoshop_CS.pdf
Cracker Guide E-book Download
Download ချရန်
Window 7 Install ပြုလုပ်နည်း
Download လုပ်ရန်
Window 7 Ultimate x86 DVD Download
Serial Key ဖြင့် Window 7 Ultimate x86 ကို Install လုပ်ချင်သူများ၊ လိုချင်သူများ အောက်ကလင့်ခ်က ဒေါင်းလိုက်ကြပါ။
ကို သံလုံငယ်ရဲ့ Media Fire Uploading Site က Links နဲ့အတူ ကျနော့် Uploading Site ကနေ ဒေါင်းနိုင်ကြပါပြီ။
- http://www.mediafire.com/?sharekey=bf8a28ecb36ac8270dec85adfe0a530a267bbf8c400dd25161390143435ec59c
- အောက်က ပေးထားတဲ့ လင့်ခ်လေးကတော့ ကျနော့်ရဲ့ Uploading Site ထဲကပါ။ ကြိုက်တဲ့လင့်ခ်က ဒေါင်းနိုင်ကြပါသည်။
- http://www.mediafire.com/?fiuha1vx4bfq5
Saturday, March 5, 2011
ပျော်ရွှင်လေ့လာ နည်းပညာ (Intel Turbo Boost Technology)
[slideshow]
Intel Turbo Boost technology ဟာ Intel က အသစ် ထွက်ရှိ လာတဲ့ Core i5 နဲ့ Core i7 CPU တွေမှာ ပါဝင် လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ Intel Core i နည်း ပညာနဲ့ ထုတ်လုပ် ထားတဲ့ P6000 series CPU တွေနဲ့ Core i3 CPU တွေမှာ တော့ Intel Turbo boost နည်းပညာ မပါဝင်ပါဘူး။ အရင်တုန်းက Overclocking ကို အကျွမ်း တ၀င် ရှိတဲ့ သူတွေဆိုရင် တော့ ပိုပြီး နားလည် လွယ်နိုင် ပါတယ်။ Overclocking လုပ်တယ် ဆိုတာ CPU ရဲ့ ပုံမှန် အမြန်နှုန်း ထက် ကျော်လွန် အသုံးပြုနိုင် အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။အရင်တုန်းက Overclocking လုပ်တယ်ဆိုရင် Software တွေ၊ အချို့ Motherboard မှာဆိုရင် Overclocking button တွေနဲ့ CPU ကို အမြန်နှုန်း တင်တဲ့ လုပ်ငန်းစဉ် (Overclocking) ကို လုပ်ရပါတယ်။ Intel Turbo boost နည်းပညာကတော့ ဒီလို Software တွေ၊ Hardware တွေ သုံး စရာမလိုဘဲ အလို အလျောက် Overclocking လုပ်ပေး တဲ့ နည်းပညာ ဖြစ်ပါတယ်။ ပိုပြီးနား လည်လွယ်အောင် ပုံလေးတွေနဲ့ လေ့လာကြည့်ရအောင်။
Ulead Video Studio Pro X2 Download
Ulead Video Editing သမားများအတွက် ရှာရှာဖွေဖွေနဲ့တင်ပေးလိုက်ပါတယ်။ Keygen လည်း တစ်ခါတည်းထည့်ပေးထားပါတယ်။
ကီးထည့်ပေးစရာမလိုပါဘူး။ install လုပ်ပြီးသွားရင် Keygen ထဲက Ulead Video Studio X2 ဆိုတာကို ရွေးပေးပြီး Unblock ကိုနှိပ်ပေးလိုက်ရုံပဲ။
Download လုပ်ရန်
အဲဒါဆိုရင် အောက်ကအတိုင်း Activated ဖြစ်ပြီလို့ပြောလာလိမ့်မယ်။ အဲဒါဆို Full Version ဖြစ်သွားပြီ။
Photoshop CS3 Portable Download
Download လုပ်ရန်
အမည်ကန့်သတ် သတ်မှတ် စနစ်၊ သို့မဟုတ် DNS
ကွန်ပျူတာတွေကို ကွန်ရက်ချိတ်ဆက်ရာမှာ အင်တာနက်နံပါတ်ခေါ် Internat Protocol (IP) နံပါတ်တွေကို အသုံးပြုပြီး စက် တစ်လုံးနဲ့တစ်လုံး ဆက်သွယ်ကြပါတယ်။
အင်တာနက်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါ။ နိုင်ငံတစ်နိုင်ငံရဲ့ IP နံပါတ်တွေဟာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြပါ။
CDMAမှ GSMသို့ စာတိုပို့နိုင်ပြီ
၎င်းဖုန်းများမှာ စီဒီအမ်အေနက်ဝပ်တွင် အသုံးပြုရသော ဖုန်းများဖြစ်ပြီး ယခင်က စီဒီအမ်အေဖုန်းအချင်းချင်းသာ ထိုစနစ်ကို အသုံးပြု နိုင်သည်။
Bar Camp ပွဲကျင်းပလိုသော ပြည်နယ်/တိုင်းများကို ကွန်ပျူတာပညာရှင်အသင်း ကူညီပေးမည်
ကွန်ပျူတာပညာရှင်အသင်း မရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဘားကမ့်ပွဲကျင်းပလိုသည်ဆိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ လိုအပ်သောအကူအညီများ၊ အကြံပြုချက်များနှင့်
ဖျက်လို့မရတဲ့ Folder ဆောက်ကြည့်ရအောင်
NTFS စနစ်အသုံးပြုတဲ့ Windows XP, Win2000, Win7 နဲ့ Vistaတွေမှာ ဖိုင်နဲ့ ဖိုလ်ဒါတွေကို နာမည်ပေးတဲ့အခါ ကန့်သတ်ချက်တွေ ရှိပါတယ်။ Windows API ခေါ်တဲ့ ကွန်ပျူတာပရိုဂရမ်ရေးသားမှု အကန့်အသတ်တွေကြောင့် ဖိုလ်ဒါနဲ့ ဖိုင်တွေကို AUX, CON, NUL, COM1, LPT1 စတဲ့ အမည်တွေ အလွယ်တကူ ပေးလို့မရပါဘူး။
IT Passport စာမေးပွဲ အောင်မြင်သူများ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရနိုင်
Tuesday, March 1, 2011
အင်တာနက် နှင့်သတင်းလောက မိတ်လား ရန်လား
လွင်အံ့ ရေးသားသည်
ဆိုကြပါစို့။ ကျွန်တော့် စားပွဲပေါ်မှာတော့ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်လုံး ရှိတယ်။ ကျွန်တော် နံနက်အိပ်ရာထရင် စားပွဲအောက်က သတင်းစာ တွေကို လှမ်းဆွဲမိသလား။ စားပွဲပေါ်က ကွန်ပျူတာ ကိုစဖွင့်မှာလား။ ခင်ဗျားတို့အနေနဲ့ဒီလိုအား ပြိုင်မှုမျိုးကို ဒီကနေ့မှာမခံစားရသေးဘူး ဆိုရင်တောင်မှ လာမယ့်နေ့ရက်တွေ မှာရင်ဆိုင်ကြရတော့မှာပါ။တချို့တွေအတွက်တော့ ဒီအကျပ် အတည်းကို စပြီး ရင်ဆိုင် နေကြရပါပြီ။ ဒါဟာဖွံ့ဖြိုးပြီးကမ္ဘာမှာသာကြုံတွေ့ရမယ့် အရေး ကိစ္စ မဟုတ်ပါဘူး။ လူသားတွေ ရှင် သန် နေထိုင်ကြတဲ့ ဟောဒီကမ္ဘာကြီးရဲ့ ထောင့်တိုင်းမှာ တွေ့ ရတော့မှာ ဖြစ်ပါ တယ်။ ကျွန်တော့်မေး ခွန်းကို မလိုလားစွာနဲ့ငါကတော့ နှစ်မျိုးလုံးကို မရွေးဘူးလို့ မဆိုလိုက် ပါနဲ့။ လူတိုင်းမှာ သူ့အတိုင်းအတာနဲ့သူ သိ ချင်စိတ် ပြင်းပြကြပါတယ်။ ကျွန်တော်တို့ပတ် ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေသလဲ။ ကျွန် တော်တို့ကမ္ဘာကြီးရဲ့ ဟိုဘက်တစ်ခြမ်းမှာရော ဘာတွေဖြစ်ပျက်နေသလဲ။
ပထမဆုံးကွန်ပျူတာကိုဘယ်တုန်းက ဖန်တီးခဲ့တာလဲ
ပထမဆုံးကွန်ပျူတာဆိုတာကိုလိုဆပ်စ်လို့ခေါ်တဲ့စက်ပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလန်နိုင်ငံမှာတီထွင်ထုတ်လုပ်ခဲ့ပါတယ်။၁၉၄၃ခုနှစ်ထဲမှာဖြစ်ပါတယ်။ဒီကွန်ပျူတာဟာယနေ့ ခေတ်ကွန်ပျူတာနဲ့ အလွန်အမင်း တူလှ တဲ့လျှပ်စစ်သုံးကွန်ပျူတာဖြစ်ပါတယ်။ဒါပေမယ်ယနေ့ ခောတ်သုံးကွန်ပျူတာတွေမှာပါတဲ့ Chips ကလေးတွေအစားလျှပ်စစ်အဆို့ရှင်ပေါင်း(၂၀၀၀)ကိုအသုံးပြုထားပါတယ်။ ဒီအဆို့ရှုင်လေးတွေက အလွန်တရာရှုပ်ထွေးတဲ့တွက်ချက်မှုတွေကိုကွန်ပျူတာ ကထိရောက်စွာဆောင်ရွက်ပေးဖို့စွမ်းဆောင်စေနိုင်ပါတယ်။ဒီကွန်ပျူတာထဲမှာလျှိုဝှက်ချက်အားလုံးကိုဖန်တီးထည့်သွင်းပေးထားလိုက်ရင်ဒီကွန်ပျူတာက ဂျာမန် တပ်မတော် တွေပေးပို့တဲ့သတင်းတွေမှာ သုံးတဲ့လျှိုဝှက်သင်္ကေတကိုဖော်ထုတ်နိုင်ပါတယ်။ဒီကွန်ပျူတာရဲ့အဓိကလုပ်ဆောင်ရမယ့်လုပ်ငန်း ဖြစ်ပါတယ်။ အထွေထွေလုပ်ငန်းသုံး ကွန်ပျူတာတွေကိုတော့ အမေရိကန် ကပြုလုပ်ခဲ့ပါတယ်။ အဲဒီကွန်ပျူတာတွေမှာလျှပ်စစ်အဆို့ရှင်ပေါင်း(၁၉၀၀၀)ပါဝင်ပြီးလုပ်ငန်းအမျိုးမျိုးမှာသုံးစွဲနိုင်ခဲ့ပါတယ်။
Cafeezee သုံးရန်
cafeezee မှာ ပိုက်ဆံတွက်ချင်ရင် ဘယ်လိုပုံစံတွက်မလဲအရင်စဉ်းစားပါ ကျတော်နမူနာလေးတစ်ခုပြောပြပါ့မယ် တစ်နာရီ ၅၀၀ နာရီဝက် ကို ၂၅၀ ဆိုပါတော့ အနဲဆုံးနာရီဝက်သုံးရမယ်ပေါ့နော် စက်စဖွင့်တာနဲ့ နောက်ထပ်မိနစ်၃၀ ထိ ကို ၂၅၀ ပေါ့ပီးရင် နောက်ထပ် ၁၅ မိနစ်ဆီကို ၁၂၅ ကျပ်ပေါ့နော် အဲလိုပုံစံလုပ်မယ်ဆိုရင် setting -post-paid-schemes ထဲမှာ record ဆိုတာလေးကို ကလစ်လိုက်ပါ ပီးရင် add ကို ဆက်ပီးတော့ကလစ်ပါ နောက်တစ်ဆင့်မှာတော့ detail အောက် က schemes ထဲမှာ name ကိုပေးပါ တစ်ခုခုပေါ့ ပီးရင်နောက် တစ်ခု က minimun amounts မှာ 250 ပေးပါ ပီးရင် အောက်ဘက်မှာ slots record ထဲကိုဝင်ပါ အဲဒီမှာ add ကို ကလစ်ပါ ပေါ်လာတဲ့ box လေးမှာ from duration ကတော့ပြင်စရာမလိုပါ ပြင်လို့လဲမရပါ နောက်တစ်ခု to duration မှာ ၁၅ ကို ရိုက်ထည့်ပါ ပီးရင် amount မှာ ၁၂၅ ကို ရိုက်ထည့်ပါ ပီးရင် ok ပေးပီးအဲဒီbox လေးပိတ်သွားမယ် နကို box လေးကိုပြန်ရောက်သွားမယ် အဲဒီမှာ save ကိုကလစ်လိုက်ပါ ပီးရင် exit ဆိုတာလေးရှိတယ် အဲဒါကို ဆက်ပီးကလစ်ပါ ပီးရင် synchronize change setting only ဆိုတာပေါ်လာမယ် အဲဒါ ကို ဆက်ပီးကလစ်ပါ အခုဆိုရင် client ထဲမှာ post paid ထဲမှာ scheme name ကို စောက နာမည်နဲ့ပေါ်ပီးဝင်လိုက်ရင် ရပါပီ server ကနေလဲ start session ဆိုတာနဲ့ဖွင့်လိုက်ရင် အခုဆိုရင် တနာရီ ၅၀၀ အနဲဆုံး ၃၀ မိနစ်ကို ၂၅၀ ကျော်ရင် ၃၇၅ ကျပ် ၄၅ မိနစ်ကျော်တာနဲ့ ၅၀၀ ဖြစ်သွားပါမယ်။
Facebook လုံခြုံရေးအတွက် အကြံပြုချက် (၇)ချက်
Facebook လုံခြုံရေးအတွက် အကြံပြု (၇)ချက်
အစစ်အမှန်မဟုတ်သော ကမ္ဘာသည် အန္တရာယ်တစ်ခုပင် ဖြစ်နိုင်သည်။ ဖေ့ဘုတ်ခ်တွင်သင်သည် ဘေးအန္တရယ်မှ ကင်းဝေးရန် အောက်ပါအချက် ၇ ချက်ကို အသေအချာ ဖတ်ရှုပါ။၁။ အများနှင့် သက်ဆိုင်ခြင်းမှ သင့်ကိုယ်သင် ပုန်းကွယ်ပါ။ဒါကတော့ ရှေ့သို့ ဖြောင့်တန်းနေတယ်လို့ သင် တွေးထင်နေလိမ့်ပါမယ်။ပြီးတော့ လူအများဟာ ထင်မြင်ချက်အောက်နေ သူတို့တွေပုန်းကွယ်နှင့်ပြီးဖြစ်သည်။ သို့သော် သင်ဟာ ၎င်း categories အများအပြားတွင်ဆက်တင်ကို မသုံးဘူးဆိုရင် တခြားလူတွေက သင့်ရဲ့ အချက်အလက်တွေကိုမြင်တွေ့နေရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဖေ့ဘုတ်လ်အကောင့်အတွက်အလွန်အရေးကြီးတဲ့ အပိုင်းဖြစ်ပါတယ်။
Password နဲ့ ပတ်သတ်လို့ သိထားသင့်တာများ
Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&!အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား ပရိုဂရမ်တွေ Script တွေကို သုံးပြီး Password ဖြည့်ရမည့် နေရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။ အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ မလိုပဲ အင်တာနက်မှာတင် အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။
E-mail အား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ
ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊ အခန်းကဏ္ဍကနေ ပါဝင် နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာ အလျှောက် အင်တာနက် နဲ့ အီးမေးလ် အသုံးပြုသူတိုင်း မိမိတို့ အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထား သင့်ပေသည်။ ကျွန်တော်တို့က အီးမေလ်း လိပ်စာလေး တခုရိုက်ထည့်ပြီး ပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာ ဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ် သွားရ တယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။
အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်
အွန်လိုင်း စွဲငြိနေသော လူငယ်များ လက်တွေ့ဘ၀နှင့် ကင်းကွာ
လူမှု ပြဿနာတွေပိုပြီးတော့ ဆိုးဝါးလာပြီရယ်လို့တော့ မဆိုနိုင်သေးပေမယ့် အွန်လိုင်း ကျန်းမာရေး စင်တာဖြစ်တဲ့ TOUCH CYBER ကတော့ ဂိမ်းတွေကို စွဲမက်နေမှုကတော့ ပိုတိုးလို့လာနေကြောင်း ဆိုပါတယ်။ အွန်လိုင်းစွဲငြိနေမှု အခြေအနေဟာ ၂၀၀၉ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်းလည်း သိရပါတယ်။
အင်တာနက်စုစည်းမှု သီချင်းခွေတွင်ထည့်သွင်းထားသော ဗိုင်းရပ်စ်အကြောင်း
ခိုးကူးသူခွေက ဖြန့်ချိတဲ့ ခိုးကူးလက်ရွေးစင်ခွေတစ်ခွေဖြစ်တဲ့ အင်တာနက်စုစည်းမှု ဆိုတဲ့ ဒီဗွီဒီသီချင်းခွေမှာ ဗိုင်းရပ်စ်တစ်ကောင် ပါရှိလာပါတယ်။ အဲဒီ ခိုးကူးသူတွေကနေ သက်သက်မဲ့ထည့်ထားခြင်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ ဗိုင်းရပ်စ်မဟုတ်ပါဘူး။ Windows XP တက်လာဖို့အတွက် လိုအပ်တဲ့ဖိုင်တွေကို ဖျက်ဆီးပစ်တဲ့ Batch ဖိုင်လေးတစ်ဖိုင် ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဖိုင်ရဲ့နာမည်က pro.bat ပါ။အဲဒီ Batch file ကို ခွေထည့်လိုက်ရင် Autorun အောင်မို့ Autorun.inf ဖိုင်ပါ ထည့်ထားပါတယ်။ ဒါကြောင့်မို့ Windows XP ကို အသုံးပြုနေပြီး Autorun ကို Disable လုပ်မထားတဲ့ ကွန်ပျူတာများ ခံရမှာပါ။ ခွေကို My Computer ကနေ DoubleClick နှိပ်ပြီး ဖွင့်ရင်လည်း ခံရမှာပါ။ အဲဒီလို ကွန်ပျူတာတွေမှာ အဲဒီခွေကို ထည့်လိုက်ရင် ကွန်ပျူတာဟာ Shutdown ကျသွားပါလိမ့်မယ်။ ပြန်ဖွင့်ရင် Windows တက်လာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ အဲဒီ အင်တာနက်စုစည်းမှုခွေကို ရှောင်နိုင်အောင်မို့ ဒီဆောင်းပါလေးနဲ့ ချစ်လှစွာသောစာဖတ်သူတွေကို အသိပေးလိုက်ရခြင်းဖြစ်ျပါတယ်။တကယ်လို့ ခံလိုက်ရပြီးပြီဆိုရင် ကိုယ့်ကွန်ပျူတာလေး ပြန်ကောင်းသွားအောင် ပြင်နည်းလေးပါ ဆက်ပြောလိုက်ပါဦးမယ်။အဲဒီခွေထဲမှာပါတဲ့ Batch file ဟာ C: partition အောက်မှာရှိတဲ့ အောက်ပါဖိုင်တွေကို ဖျက်ပစ်ပါတယ်။
ကျော်ချင် ခွချင်သူများအတွက် Proxy Site များ
လုံခြုံရေးတွေ ခိုင်မာစေဖို့
ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်။
password ခံထားရုံနဲ့ မလုံလောက်သေးဘူး ထင်ရင်တော့ ဒီနည်းကို သုံးကြည့်ပါ။.
၁၊ window+R နှိပ်ပြီး Run box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကို ရိုက်ထည့် ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box ကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration ကို သွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာကို double click ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာကို double click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး ၀င်လိုက်ပါ။
၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box ထပ်ပေါ်လာပါလိမ့်မယ်။
၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကို အမှန်ခြစ်လေးပေးပြီး apply , ok