Monday, March 7, 2011

ထိထိရောက်ရောက် နည်းပညာဝေါဟာရများ အပိုင်း(၃)

VOIPSA


VOIPSA (Voice Over IP Security Alliance) ဆိုတာက VOIP Communications  အပိုင်းနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများသို့မဟုတ် လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်တစ်ဦးဦးတို့၏ ပူးပေါင်းလုပ်ဆောင်မှု ကိုခေါ်ဆိုတာဖြစ်ပါတယ်။VOIPSA ဟာ VOIP စနစ်ကိုမွေးစားပြီး VOIP လုံခြုံရေးစနစ်ကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် VOIP  လုံခြုံရေးပညာပေးနှင့် သင်ကြား ရေးစသည်တို့အတွက် တည် ထောင်ပေးတာတယ်။ ထို့အပြင် VOIP စမ်းသပ်မှုနည်းလမ်းများ နှင့် Tool များကိုအခမဲ့ရယူနိုင်ဖို့ ကြိုးစားပေးတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။VOIPSA မှာ ကြီးကြပ်လုပ် ဆောင်ပေးတဲ့အုပ်စုသုံးခုရှိပါတယ်။ ၎င်းသုံးခုကတော့




  • The Threat Taxonomy Group

  • The Security Requirements Group

  • The Best Practices Group ဟူ၍ဖြစ်ပါတယ်။


The Threat Taxonomy Group ကတော့ VOIP Security  ဆိုင်ရာခြိမ်းခြောက်မှုတွေကို လုပ်ငန်းခွင်ထဲတွင် လုပ်ကိုင်နေကြ သောအဖွဲ့ဝင်များကို အသိပညာ ပေးရန်နှင့် လူအများကိုဒီခြိမ်း ခြောက်မှုများ နှင့်ပတ်သက်၍ အသိ ပညာပေးဖြန့်ဝေရန်အတွက်လုပ် ဆောင်ပေးကြပါတယ်။The Security Requirements Group ကတော့ ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာမှာ လုံခြုံမှုရှိတဲ့ဆောဖ့်ဝဲ၊ ဟာ့ဒ်ဝဲနှင့် Elements of Design များကို ပိုင်းခြားသတ်မှတ်ပေးမှာဖြစ်ပါတယ်။The Best Practices Group ကတော့ ခြိမ်းခြောက်မှုဆိုင်ရာ ပြဿနာတွေကိုရှာဖွေပြီး ဘယ်လို ကာကွယ်လုပ်ဆောင်ရမယ်ဆိုတာ တွေကို စမ်းသပ်ပြီး အကြံပြုချက် ထောက်ခံချက်တွေကို ပေးသွားမှာ ဖြစ်ပါတယ်။VOIPSA ကို ၂၀၀၅ ခုနှစ်၌ တည်ထောင်ခဲ့ပြီး အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေဟာ စီမံခန့်ခွဲခတော့ပေးရမှာပါ။


Operational data store


Operational data store (ODS) ဟာ database ပုံစံတစ်မျိုးဖြစ်ပါတယ်။ အချက်အလက်တွေကို အများအပြားသိမ်းဆည်းထားနိုင်ရန်အတွက် ကြားခံ logical area အဖြစ် တစ်ခါတစ်ရံအသုံးပြုပါတယ်။
ODS ထဲမှာ အချက်အလက်တွေကို redundancy အတွက် ဖျက်တာနဲ့ ပြန်လည်ဖြေရှင်းညှိနှိုင်းတာတို့ကို ပြုလုပ်နိုင်ပါတယ်။ နောက်ပြီး စီးပွားရေးဆိုင်ရာစည်းမျဉ်းတွေနဲ့ကိုက်ညီမှုရှိအောင်လည်း စစ်ဆေး ပြုပြင်မှုတွေလုပ်နိုင်ပါတယ်။ODS ဟာ Source ပေါင်းများစွာမှ ကွဲပြားတဲ့အချက်အလက်ပေါင်းများစွာကိုပေါင်းစပ်ပြီး အသုံးပြုနိုင်အောင် စီမံထားတာဖြစ်ပါတယ်။ ဒီနေရာဟာအချက်အလက်တွေကို ကာလရှည်ကြာစွာသိုလှောင်ခြင်းမပြုမှီ သိုမှီထားတဲ့နေ ရာဖြစ်ပါတယ်။ODS ဟာ သေးငယ်တဲ့အချက်အလက်တွေကို ရိုးရှင်းတဲ့ queries တွေနဲ့ ကိုင်တွယ်စီမံနိုင်ဖို့ဒီဇိုင်းပြုလုပ်ထားတာပါ။ Data warehouse တွေမှာလို များပြားလှတဲ့အချက်အလက်တွေကို ရှုပ်ထွေးတဲ့ queries တွေနဲ့ စီမံကိုင်တွယ်တာ နဲ့ ပုံစံကွဲပြားပါတယ်။ODS ဟာ သတင်းအချက်အလက်တွေကို ယာယီမှတ်ဉာဏ်ပေါ်တင်ပြီး မှတ်သားစီမံထားတာနှင့်ပုံစံတူညီပါတယ်။ Data warehouse  ကတော့ မှတ်ဉာဏ်တွေကို ထာဝစဉ်သိုလှောင်နိုင်ဖို့အတွက် hard drive ပေါ်မှာသိမ်းထားတာ နှင့် ပုံစံတူညီပါတယ်။


Deperimeterization


ကွန်ရက်လုံခြုံရေးမှာတော့ deperimeterization ဆိုတာဟာ ကုမ္ပဏီရဲ့အချက်အလက်ကို ကာကွယ်တဲ့နည်းဗျူဟာကိုခေါ်ဆိုတာပါ။ ဒီ အချက်အလက်တွေက level အများအပြားပေါ်မှာရှိပါတယ်။ ၎င်းတို့ကို encryption နဲ့ dynamic data-level authentication တွေသုံးပြီးကာကွယ်တာပါ။ကွန်ရက်စီမံကိန်းခန့်ခွဲသူများ (Network Administrator) ဟာ ၎င်းတို့ရဲ့လုံခြုံရေးဆိုင်ရာမဟာဗျူဟာကို ရှင်းလင်းပြသဖို့အတွက် castle analogy ကိုအသုံးများကြ ပါတယ်။ Network device များကို firewall ခံပြီး သုံးစွဲကြပါတယ်။ အခြားသူများကျူးကျော်ဝင်ရောက် မလာစေရန်အတွက်လုံခြုံရေးဆိုင် ရာအားထုတ်မှုဖြစ်ပါတယ်။ နေရာ အနှံ့အပြားမှာတွေ့နေရတဲ့ဆက် သွယ်မှုတွေနဲ့မိုဘိုင်းလုပ်ငန်းတွေ လို Web  ၀န်ဆောင်မှုဆိုင်ရာအ ဆင့်မြင့်လုပ်ငန်းများရှိ administrator များဟာ IT လုံခြုံရေးနယ်ပယ်အတွင်းရှိ ရှေးရိုးလုပ်ကိုင်ပုံနယ်ပယ်တွေကို စတင်မေးခွန်းထုတ်လာကြပါတယ်။Deperimeterization ဆိုတဲ့ စကားလုံးကို Jericho  ဖိုရမ်က Paul Simmonds  ကစတင်ပြော ကြားခဲ့တာဖြစ်ပါတယ်။ Wikipedia  မှာတော့ဒီစကားလုံးကိုအင်္ဂလန်နိုင် ငံရှိ Royal Mail  မှာတာဝန်ထမ်း ဆောင်ခဲ့ဖူးတဲ့ Jon Measham  ကပြောခဲ့တာပါလို့ဆိုပါတယ်။


Heuristic


Heuristic ဆိုတာဟာ နာမ၀ိသေသနစကားလုံးတစ်ခုဖြစ်ပြီးတော့ အတွေ့အကြုံကိုအခြေပြုတဲ့ နည်းဗျူဟာအတွက် အထူးပြုသုံးစွဲတဲ့စကားလုံးပါ။ ဒီစကားဟာ ဂရိဘာသာစကားဖြစ်တဲ့ ရှာဖွေလေ့လာရန်ဆိုတဲ့ heuriskein စကားလုံးက ဆင်းသက်လာတာပါ။ ပြဿနာဖြေရှင်းခြင်း သင်ယူလေ့လာခြင်းနဲ့ ရှာဖွေလေ့လာခြင်း စသည်တို့မှာ ဒီစကားလုံးကိုအသုံးပြုကြပါတယ်။Heuristic နည်းလမ်းဟာ ပြဿနာတွေကိုအဖြေရှာဖြေရှင်းတဲ့အခါမှာ အကောင်းဆုံးဖြစ်နိုင်ချေတွေကို လျှင်မြန်စွာထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ကျောင်းသားတွေ နံကြားထောက်ဖြေတဲ့သဘောတရားနဲ့တူပါတယ်။ Heuristic Methods  အတွက် Heuristics ဟာ Noun ဖြစ်ပါတယ်။


Touchscreen


Touchscreen ဆိုတာဟာ လက်ချောင်းသို့မဟုတ်လက်ဖြင့်ထိ တွေ့ကိုင်တွယ်ပြီးကိုယ်လုပ်စေချင် တာကိုပြုလုပ်ခိုင်းစေနိုင်တဲ့ display  ဖြစ်ပါတယ်။ Mouse  သို့မ ဟုတ် touchpad  တို့ကတစ်ဆင့် ပြုလုပ်နိုင်စေမည့်အစား dispaly  မှာတိုက်ရိုက်လုပ်ဆောင်တာကို ခေါ်ဆိုတာပါ။ဒီနည်းပညာဟာ personal digital assistant (PDA),  ဂြိုလ် တုလမ်းညွှန် device  တွေ၊ မိုဘိုင်း ဖုန်းတွေနဲ့ဗီဒီယိုဂိမ်းတွေလိုဒီဂျစ် တယ်ပစ္စည်းမှာအသုံးများပါတယ်။Touchscreen ကို 1960ck  နှစ်တွေရဲ့အလယ်ပိုင်းကာလတွေ မှာကော်ပရေးရှင်းနဲ့အကယ်ဒမစ် နယ်ပယ်တို့ကသုတေသနပြုခဲ့ကြပါ တယ်။ ပထမဆုံး Touchscreen  အဖြစ် မြင်တွေ့ရ တာကတော့ ၁၉၇၂ ခုနှစ်တွင် ပြုလုပ်ခဲ့ သော PLATO (Programmed Logic for Automated Teaching Operations)  ပရောဂျက်ရဲ့ အ စိတ် အပိုင်းထဲက ထွက်လာတာဖြစ် ပါတယ်။ ၎င်းင်းတို့ဟာ ဒီနည်းပညာ ကို လက်လီအရောင်းဆိုင်နှင့် ခရီး သွားလုပ်ငန်းငယ်လေးများ၌ သုံး စွဲဖို့အတွက် စတင်စီမံခဲ့ပါတယ်။ 1983 ခုနှစ်တွင်ထွက်ပေါ်လာခဲ့သော HP-150  ကွန်ပျူတာဟာ ဆိုလျှင် ကမ္ဘာပထမဆုံးသော touchscreen  ကွန်ပျူတာဖြစ်ပါတယ်။ ဒါပေမယ့် touchscreen  အစစ်မဟုတ်ပဲ infrared transmitter  များနှင့် receiver  များကို ထားရှိပြီး ထိလိုက်တဲ့နေရာအတွက် အလုပ်လုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်။


Nettop


Nettop ဆိုတာဟာ သေးငယ်ပြီး၊ စွမ်းဆောင်ရည်နည်းပါးကာ ဈေးနှုန်းချိုသာတဲ့ desktop ကွန်ပျူတာအမျိုးအစားဖြစ်ပါတယ်။ Nettop အများစုဟာ hardware အားလုံးကို တစ်စုတည်းပေါင်းစပ်ထားတာပါ။ Keyboard နဲ့ Mouse  ကိုလည်း မော်နီတာနဲ့တွဲဆက်ထားပါတယ်။ Nettop တွေမှာ ပန်ကာတွေမပါကြပါဘူး။ လျှပ်စစ်ဓါတ်အားကို 8 watt လောက်သာသုံးစွဲပါတယ်။ အချို့မှာ SSD လို့ခေါ်တဲ့ Solid state drvie ကိုသာသုံးစွဲပါတယ်။ လက်ရှိ Nettop တွေဟာ Intel Atom ပရိုဆက်ဆာပေါ်မှာ run ပြီး Windows XP သို့မဟုတ် အချို့သော Linux version တွေကို OS အဖြစ်သုံးစွဲကြပါတယ်။Nettop ဟာ Netbook တွေနဲ့သဘောတရားတူညီပြီး စာရိုက်တာ Web ပေါ်မှာရှာဖွေမှုပြုလုပ်တာ၊ သီချင်းဖွင့်တာနဲ့ Web အခြေပြု application တွေနဲ့အလုပ်လုပ်တာ စတဲ့ လုပ်ဆောင်နိုင်စွမ်းအများအပြားမလိုတဲ့ လုပ်ငန်းကိစ္စ တွေအတွက် အသုံးပြုကြပါတယ်။ ဒီနှစ်မျိုးလုံးဟာ cloud computing အတွက် သုံးစွဲရန်သင့်လျော်ပါတယ်။


Gesture recognition


Gesture recognition ဆိုတာဟာကွန်ပျူတာသုံး device ဖြင့် လူသားရဲ့အမှတ်အသားကို သင်္ချာနည်းအရမှတ်သားပြီး အဓိပ္ပါယ်ကောက်ယူတဲ့စနစ်ကိုခေါ်ပါတယ်။ Gesture recognition, facial recogition  (မျက်နှာပြင်မှတ်သားခြင်း)၊ voice recognition (အသံမှတ်သားခြင်း)၊ eye tracking (မျက်စိကိုမှတ်သားခြင်း)၊ lipmovement recognition (နှုတ်ခမ်းပြင်လှုပ်ရှားမှုကိုမှတ်သားခြင်း) တို့ဟာ perceptual user interface (PUI)  လို့ ပြုလုပ်သူတွေကသတ်မှတ်ထားတဲ့ component တွေဖြစ်ပါတယ်။ PUI ဟာ Usability လို့လူသိများတဲ့ ဒီဇိုင်းစည်းမျဉ်းကို သုံးစွဲပေးတဲ့ပရိုဂရမ်ပေါ်မှာ အခြေခံတည်ဆောက် ထားတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ gesture  ဆိုတာဟာ input command တွေဖြစ်နေတက်ပါတယ်။ 3D ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်းရှိလာတဲ့အခါမှာတော့ လူသားရဲ့လက်တွေ ခြေတွေလှုပ်ရှားတာကို မှတ်သားယူနိုင်ပြီး လုပ်ဆောင်ချက်တွေပြုလုပ်လာအောင် စီမံလာနိုင်ခဲ့ကြပါတယ်။ Gesture recognition ရဲ့အကောင်းဆုံးဥပမာကတော့ Wii ဂိမ်းဆက်တွေမှာ ယခုအချိန်မှာထည့် သွင်းလိုက်တဲ့စနစ်ပါ။ လူရဲ့လှုပ်ရှားမှုနဲ့ ဂိမ်းတွေထဲကဇာတ်ကောင်တွေကို ထိန်းချုပ်ကစားနိုင်မည့်စနစ် ဖြစ်ပါတယ်။


CloudAV


CloudAV ဟာ Multiple antivirus application  တွေနဲ့ scans user file တွေကို ဆာဗာတွေရဲ့ ကွန်ရက်မှာ သုံးစွဲနိုင်ဖို့ ပေါင်းစပ်ပေးထားတဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာ မစ်ရှိ ကန်တက္ကသိုလ်ကနေ ရေးစွဲခဲ့တာ ဖြစ်ပါတယ်။ CloudAV  မှာပါတဲ့ antivirus  ကာကွယ်မှုကို Trend Micro အပါအ၀င် လုံခြုံရေး ကုမ္ပဏီအများအပြားက ထောက်ခံချက်တွေ ပေးထားကြတာဖြစ်ပါတယ်။
CloudAV ဟာ အခြားသော antivirus  ပရိုဂရမ်နဲ့ မတူတာကတော့ မသင်္ကာတဲ့ဖိုင်တွေကို ဖွင့်လိုက်တာနဲ့ သို့မဟုတ် လက်ခံရရှိ လိုက်တာနဲ့ သတိပေးချက်တွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။သုတေသီတွေက virus  တွေ ကို ၈၈ ရာခိုင်နှုန်းအထိ ရှာပေးနိုင် မှာဖြစ်ပြီး malware  တွေကို ၉၉ ရာခိုင်နှုန်းအထိ ဖမ်းပေးမှာဖြစ် တယ်လို့ ဆိုပါတယ်။ Antivirus  ဆော့ဖ်ဝဲရဲ့ definitionတွေကို စောင့်စရာမလိုဘဲ CloudAV  ကို ဆက်သွယ်လိုက်တာနဲ့ အလို အလျောက် ကာကွယ်ပေးပြီးသားဖြစ်သွားမှာပါ။


malvertizement


malvertizement ဆိုတာက ၀က်ဘ်ဆိုက် သို့မဟုတ် e-mail Message  တွေထဲမှာရှိတဲ့ ကြော်ငြာတွေကနေလာတဲ့ အဖျက်စွမ်းအား ရှိတဲ့ Coding  တွေဖြစ်ပါတယ်။ သို့ပေမဲ့ ဒီလို coding  တွေ ၀င်ရောက်မလာဖို့အတွက် မေးခွန်းထုတ် လို့ရတဲ့ ၀က်ဘ်ဆိုက်တွေကို မ၀င်ရောက်ဖို့ လိုအပ်သလို ဘာမှန်းမသိတဲ့ e-mail  တွေရဲ့ link  တွေကို click  မခေါက်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဖျက်စီးနိုင်စွမ်းရှိတဲ့ code  တွေဟာ တရားဝင်ဆိုက်တွေကလည်း လာတတ်ပါတယ်။  အွန်လိုင်းလုံခြုံရေး ကုမ္ပဏီဖြစ်တဲ့ websense  ကတော့ 2008  ခုနှစ် ရဲ့ပထမခြောက်လတုန်းကစလို့ တရားဝင်ဆိုက်တွေ ဖောက်ထွင်းဝင်ရောက်ခြင်း ခံရပြီးတော့အဖျက်စွမ်းအားရှိ တဲ့ code  တွေကို ကြော်ငြာတွေထဲမှာ ကပ်ပါအောင်ပြုလုပ်ထားတာကို တွေ့ရတယ်လို့ ကြေညာ ပါတယ်။ Websense  က လူသိများတဲ့ဆိုက် ပေါင်းတစ်ရာမှာ ခြောက်ဆယ်ရာ ခိုင်နှုန်းလောက်က ဒီလိုမျိုး အလုပ်ခံထားရပြီးပြီ လို့ပြောဆိုပါတယ်။  2008 ခုနှစ်သြဂုတ်လမှာတော့ Digg, MSNBC  နဲ့ Newsweek  တို့အပေါ်မှာရှိတဲ့ကြော်ငြာတွေဟာ malvertizement တွေဖြစ်နေ တယ်ဆိုတာကို တွေ့ကြရပြီး သုံးစွဲသူတွေကို clipboard hijack  တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ရည်ရွယ် တယ်ဆိုတာကိုပါ သိရှိခဲ့ရပါတယ်။


Clipboard hijacking


Clipboard hijacking ဆိုတာဟာ တိုက်ခိုက်သူတွေက သူတို့ရဲ့ သားကောင်ဖြစ်သူရဲ့ Clipboard ကို ထိန်းချုပ်ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် အချက်အလက်တွေကို ပြောင်းလဲ ထည့်ပေးလိုက်တဲ့ ဖြစ်စဉ်ကို ဆိုလိုတာ ဖြစ်ပါတယ်။တိုက်ခိုက်သူဟာ သုံးစွဲနေတဲ့သူရဲ့ browser ကို မပိတ်မချင်း သို့မဟုတ် ကွန်ပျူတာကို reboot ပြန်မလုပ်မချင်း clipboard ကို သူတင်ချင်တဲ့ အချက်အလက်တွေကို တင်ပေးနေတဲ့အတွက် အွန်လိုင်းထဲကို ကိုယ်တိုင်က မသိလိုက်ရဘဲနဲ့ အဖျက်စွမ်းအားရှိတဲ့ ကုဒ်တွေ ကို တင်ပေးထားပြီးသား ဖြစ်သွားပါတယ်။၂၀၀၈ ခုနှစ် သြဂုတ်လမှာတော့ Clipboard hijack attack တွေဟာ Adobe Flash အခြေပြု ကြော်ငြာတွေ ကနေပြီးတော့ Digg, Newsweek နဲ့ MSN BC.com တို့လိုမျိုး တရားဝင်ဝက်ဘ်ဆိုက် အများအပြားကို တိုက်ခိုက်ခြင်း ခံရတယ်လို့ တင်ပြမှုတစ်ခု ရှိခဲ့ပါတယ်။ System Set Clipboard ( ) လို့ခေါ်တဲ့ နည်းလမ်းကို သုံးပြီးတော့ Shock wave ဖိုင်တွေထဲမှာ coding တွေ ရေးကာ clipboard က အကြောင်းအရာတွေကို အစားထိုး ရယူကြပါတယ်။ အကယ်၍ သုံးစွဲသူဟာ insert link တွေနောက်ကို လိုက်လုပ်ခဲ့မယ် ဆိုလျှင်တော့ system အတွင်းကို malware တွေ စွဲကပ်နေတယ် ဆိုပြီးတော့ လုံခြုံ ရေးဆော့ဖ်ဝဲဆိုက် အသွင်ဖြင့် သတိပေးမှုတွေကို ပြုလုပ်ပါတယ်။ တိုက်ခိုက်သူတွေရဲ့ ရည်ရွယ်ချက်ကတော့ မရိုးသားတဲ့ ဆော့ဖ်ဝဲတွေကို download လုပ်ယူမိဖို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ရယူဖို့အတွက် ဖြစ်ပါတယ်။ Flash ကို install လုပ်ပြီး အချိန်ကြာလာတာနှင့်အမျှ အဓိက operating system တွေနဲ့ browser တွေက တိုက်ခိုက်ခံရဖို့ အားနည်းချက် ဖြစ်နေကြပါတယ်။Adobe ကတော့ flash မျိုးဆက်သစ်ကို ထုတ်ပေးမှာဖြစ်ပြီး ဒီ version မှာတော့ Shockwave ဖိုင်တွေက Clipboard ပေါ်ကို အချက် အလက်တွေ တင်တဲ့အခါမှာ မလုပ်နိုင်အောင် စီမံပေးမယ်လို့ ကြေငြာထားပါတယ်။


Windows 7


Windows 7 ဆိုတာဟာ Microsoft Windows Vista operating system ပြီး နောက်ပိုင်းမှာ ပေါ်ထွက်လာမည့် operating system ရဲ့ အမည် ဖြစ်ပါတယ်။ ဒီ OS အသစ်ဟာ၂၀၀၉ ခုနှစ် အလယ်ပိုင်းနဲ့ ၂၀၁၀ အစောပိုင်း ကြားထဲမှာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီ OS ရဲ့ Code name ကတော့ BlackComb နဲ့ vienna ဆိုပြီး ယခင်က ခေါ်ဆိုပါတယ်။ဒီ OS အသစ်ဟာ Client နဲ့ Server ဗားရှင်းတွေအဖြစ် နှစ်မျိုးထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ Client version မှာတော့ 32-bit နဲ့ 64-bit Edition ဆိုပြီးနှစ်မျိုး ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ Windows 2008 လို့ခေါ်တဲ့ server ဗားရှင်းကတော့ 64-bit Edition တစ်မျိုးတည်း ကိုသာ ထုတ်ပေးမှာပါ။Windows 7 ဟာ မီဒီယာစင်တာ ဗားရှင်းအဖြစ် လုပ်ဆောင်မယ်လို့ မျှော်လင့်ရသလို ဗီဒီယို adapter အများအပြားကိုလည်း support လုပ်မှာ ဖြစ်ပါတယ်။ Windows 7 မှာ ပါဝင်လာတဲ့ အခြားသော feature တွေကတော့




  • Windows Explorer ထဲမှာ Gadget တွေကို ပေါင်းထည့်ထားခြင်း

  • network connection တွေကို ပိုမိုတိုးတက်အောင် ပြုလုပ်ထားခြင်း

  • XML Paper Specification (XPS) Essentials Pack တွေကို ပေါင်းထည့်ထားခြင်း၊ Control Panel ကို ပိုကောင်းအောင် ပြုပြင်ထားခြင်း

  • Windows live account ပေါ်မှာ Internet Explorer Setting တွေကို သိမ်းထားနိုင်ခြင်း

  • Paint ပရိုဂရမ်ကို update ဗားရှင်း ထုတ်ပေးထားခြင်း

  • Mapping ပရိုဂရမ်အသစ် ထည့်ပေးထားခြင်း

  • Virtual Piano ပရိုဂရမ်အသစ်ကို ထည့်ပေးထားခြင်းတို့ ဖြစ်ပါတယ်။


Large Hadron Collider


Large Hadron Collider ဆိုတာဟာ ဒြပ်မှုန်တွေကို အရှိန်မြှင့်ပေးတဲ့ ကိရိယာဖြစ်ပြီး CERN  လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးသော ဒြပ်မှုန်ရူပဒေဆိုင်ရာ သုတေသန အဖွဲ့ကြီးက တီထွင်ထုတ်လုပ်ထားတဲ့ ကိရိယာဖြစ်ပါတယ်။ Large Hadron Collider (LHC)  ကို atom smasher  လို့လည်း ခေါ်ဆိုကြပါတယ်။ LHC  လို စက်တွေ ဟာ ဒြပ်မှုန်တွေကို အသေးငယ်ဆုံး အပိုင်းလေးတွေအထိ ခွဲခြမ်းပြီး လေ့လာပြီး စွမ်းအင်တွေရဲ့ ရင်း မြစ်ကို ရှာဖို့တီထွင်ထားတာဖြစ်ပါ တယ်။ LHC  ကို CERN  ရဲ့ ရုံးချုပ်မှာ ထားရှိထားပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင်စမ်းသပ်မှာဖြစ်ပါတယ်။ ပရိုတွန်တွေတစ်ခုနှင့် တစ်ခုတိုးတိုက်မိပြီး စကြ၀ဠာကြီးပေါ်ထွန်းစေခဲ့ တဲ့ မဟာပေါက်ကွဲမှုကြီး Big Bang  အကြောင်းကိုလေ့လာဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ သဘာဝတရားနဲ့ဒြပ် ၀တ္ထုတွေ၊ စွမ်းအင်တွေရဲ့ မူလအစနဲ့ စကြာ ၀ဠာရဲ့ ဖြစ်တည်ပုံတွေအကြောင်း ကို ရူပဗေဒပညာရပ်တွေ၊ နက္ခတ် ဗေဒပညာရှင်တွေနဲ့ စကြ၀ဠာ ဗေဒပညာ ရှင်တွေရဲ့ မေးခွန်းတွေကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ၁၇ မိုင်လောက် ရှည်လျားတဲ့စက်ဝန်းပုံ ဥမင်လိုဏ်ခေါင်းအတွင်းမှာ စမ်း သပ်မှာဖြစ်ပြီး 14 TeV  သို့မဟုတ် ထရီလီယံအီလက်ထရွန်ဗို့နှင့် ညီ မျှသောအားကို ပေးပြီးစမ်းသပ်မှာဖြစ်ပါတယ်။


Microsoft Hyper-V


Hyper-Vဆိုတာဟာ Microsoft Server 2008  အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ မိုက္ကရိုဆော့ဖ်ရဲ့ Server Virtualization ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Hyper-V ဟာ Server hardware တွေအပေါ် တိုက်ရိုက် run  နိုင်မယ့် native hypervisor  လည်းဖြစ်ပါတယ်။ Virtual machine  တွေဟာ ကွန်ပျူတာရဲ့ မူလ Operating System  ရဲ့အပေါ်မှာ Virtualization layer  အဖြစ် အသုံးပြုရတာဖြစ်ပြီး Hyper-V ကတော့ hard drive ကို partition  လုပ်ကာ guest operating system  ကို run  နိုင်အောင် support ပြုလုပ်ပေးမယ်လို့ ဆိုထားပါ တယ်။ Hyper-V ဟာ root partition  အတွင်း run  ပြီး partition  ငယ်တွေ ထပ်ခွဲပေးကာ virtual machine  တွေ အများအပြားကို host  ပြုလုပ်ပေးနိုင်တာကို တွေ့ရပါတယ်။ မိုက္ကရိုဆော့ဖ်ရဲ့ အဆိုအရ Hyper-V Platform ကို အသုံးပြုနိုင်ဖို့အတွက် Windows Server 2008 အပြင် 64-bit  အမျိုးအစား operating system  နဲ့ Intel V ဒါမှမဟုတ် AMD-V  နည်းပညာတို့ရှိထားဖို့လည်း လိုအပ်တဲ့အကြောင်း သိရပါတယ်။ မူလက မိုက္ကရိုဆော့ဖ်အနေနဲ့ ၎င်းရဲ့ Hyper-V  စမ်းသပ် Version  ကို Viridian  လို့ အမည်ပေးကာ Windows Server 2008 နဲ့အတူ တွဲဖက်ဖြန့်ချိပေးခဲ့တဲ့ အကြောင်းလည်း သိရပါတယ်။


Microsoft D


Microsoft ဆိုတာဟာပရိုဂရမ်ဘာသာစကားသစ်တစ်ခုဖြစ်ပြီး ကုမ္ပဏီရဲ့ Oslo Service-oriented architecture (SOA) initiative  ထဲကအစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ မိုက္ကရိုဆော့ဖ်ကတော့ D ကိုစာသားအခြေပြုမော်ဒယ်ဘာသာစကား (textual modeling language)  အဖြစ်သတ်မှတ်ဖော်ပြလေ့ရှိတာကိုတွေ့ရပါတယ်။


ဒီ Microsoft D  ဟာ eX- tensible Application Markup language (XAML)  ကိုအခြေပြုထားတာဖြစ်ပြီး application modeling အပိုင်းမှာတခြားပရိုဂရမ် ဘာသာစကားတွေထက် အသုံးပြုရပိုမိုလွယ်ကူအောင်လုပ်ဆောင် ပေးထားတာကိုတွေ့ရပါတယ်။ မိုက္ကရိုဆော့ဖ်ရဲ့ပရိုဂ ရမ်မန်နေဂျာ တစ်ဦးဖြစ်တဲ့ Ken Knueven  က ကွန်ပျူတာပရိုဂရမ်မရေးတတ်သူတစ်ဦးကတောင် ၎င်းတို့ရဲ့ D ကိုသုံး ပြီး application  တွေကိုအခြေခံ အဆင့်ရေးသားနိုင်မယ်လို့ဆိုထား ပါတယ်။ ကုမ္ပဏီရဲ့ Oslo initiative ဟာပရိုဂရမ် မော်ဒယ်တွေကို application  တွေဘယ်ပုံဘယ် နည်းရေးသားရမယ်ဆိုတာမျိုးအ ဆင့်မဟုတ်တော့ဘဲ application  အဆင့်တိုက်ရိုက်ရေးသားနိုင်အောင် လုပ်ဆောင်ပေးထားတာကြောင့် တခြားပရိုဂရမ်ဘာသာစကားတွေ ထက်ပိုမို လွယ်ကူအဆင်ပြေလာတာ လို့လည်းပြောကြားထားပါတယ်။  လေ့လာသူတွေကတော့ Mi- crosoft D  ဟာ desktop  ကွန် ပျူတာတွေအတွက် rich internet application (RIA)  တွေရေးသား နိုင်မယ့် Adoble AIR runtine environment  ကိုတုံ့ပြန်ယှဉ် ပြိုင်တဲ့အနေနဲ့ဖန်တီးထားတဲ့ပရို ဂရမ်ဘာသာစကားတစ်ခုဖြစ်တဲ့ အကြောင်းသုံးသပ်ထားကြပါတယ်။ အခုအခါမှာ Digital Mars Dာ အပါအ၀င်ီ ဆိုတဲ့နာမည်ကိုအ သုံးပြုထားတဲ့ပရိုဂရမ်ဘာသာစကား တွေအများအပြား ရှိနေတဲ့အကြောင်းလည်းသိရပါတယ်။


iTunes U


iTunes U ဆိုတာဟာ ပညာရေးနဲ့ပတ်သက်တဲ့ အော်ဒီယိုနဲ့ ဗီဒီယိုဖိုင်တွေကို အခမဲ့ download ပြုလုပ်ယူနိုင်ဖို့အတွက် ပေးထားတဲ့ Apple iTunes Music Store   ရဲ့ သီးသန့် ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီ iTunes U  ကနေ တက္ကသိုလ်တွေ၊ ပြတိုက်တွေ၊ အများပြည်သူအတွက် ရည်ရွယ်ထားတဲ့ မီဒီယာ အဖွဲ့အစည်းတွေက တင်ပေးထားတဲ့အကြောင်းအရာတွေကို တခြား iTunes Store  က ၀ယ်ယူနားထောင် ကြည့်ရှုရတဲ့အစီအစဉ်တွေလိုမျိုး ရှာဖွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခုလောလောဆယ်အား ဖြင့် Stanford, UC Berkeley, Melbourne တက္ကသိုလ်၊ Texas A&M, MIT, Yale, Trinity College Dublin၊ စတဲ့ တက္ကသိုလ်ကြီးတွေက ပူးပေါင်းပါဝင်ထားကြ ပါတယ်။ iTunes U  ရဲ့ Beyond Campus့ ကဏ္ဍမှာဆိုရင် American Public Media, PBS,  ခေတ်သစ်အနုပညာပြတိုက် (Museum of Modern Art) နဲ့ Smith-sonian တို့ရဲ့ ပရိုဂရမ်တွေကိုပါ ရယူနားထောင်နိုင်မယ်လို့ ဆိုထားပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုဖို့ အတွက် iTunes  ဆော့ဖ်ဝဲကို install  ပြုလုပ်ထားရမှာဖြစ်ပြီး iTunes U  ကနေ မိမိအလိုရှိရာ တက္ကသိုလ် ဒါမှမဟုတ် အဖွဲ့အစည်း ရဲ့ homepage ထဲ သွားရောက်ကာ အော်ဒီယိုနဲ့ ဗီဒီယိုဖိုင်တွေကို နားထောင်ကြည့်ရှုခြင်းနဲ့  e-book  တွေကို ဖတ်ရှုခြင်းတို့  ပြုလုပ်နိုင်ကြ မှာဖြစ်ပါတယ်။ Apple  ကနေ ဒီ iTunes U  အသုံးပြုမှုအရေအတွက်နဲ့ ပတ် သက်ပြီး အသေးစိတ်ထုတ်ဖော် ပြောဆိုထားခြင်း မရှိပေမယ့် လေ့လာသူတွေကတော့ ဒီဝန်ဆောင်မှုကနေ download  ပြုလုပ်ယူမှု အကြိမ်ပေါင်း ၄ သန်းကျော် ရှိနေပြီဖြစ်တဲ့အကြောင်း ဆိုထားကြပါတယ်။ အခုနောက်ပိုင်း ပေါ်ထွက်လာတဲ့ iPhone  နဲ့ iPod Touch  မိုဘိုင်းကိရိယာတွေကို အသုံးပြုပြီး ကျောင်းသားတွေအနေနဲ့ ၎င်းတို့ လိုအပ်တဲ့သင်ကြားမှု အထောက်အကူပြု အကြောင်းအရာတွေကို ကြိုးမဲ့ချိတ်ဆက်မှုစနစ်သုံးကာ အလွယ်တကူ download  ပြုလုပ်ယူနိုင်ကြတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် iTunes U  ကို Stanford, Berkeley  နဲ့ MIT တို့လိုမျိုး တက္ကသိုလ်ကြီးတွေကပဲ အဓိကအားဖြင့် ပူးပေါင်းပါဝင်နိုင် ကြသေးတာဖြစ်ပြီး ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့အကြောင်း အရာတွေကလည်း အနည်းငယ်မျှ သာရှိသေးကာ ပို့ချမှုအကြောင်းအရာတွေရဲ့ အရည်အသွေးဆိုရင်လည်း အရည်အသွေးအားဖြင့် အကောင်းဆုံး မဟုတ်သေးတာကြောင့် ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ ကျန်နေသေးတဲ့အကြောင်း လေ့လာသူတွေက ထောက်ပြပြော ဆိုထားကြပါတယ်။


Ref:Internet Journal


 

No comments:

Post a Comment