Tuesday, March 1, 2011

အင်တာနက်စုစည်းမှု သီချင်းခွေတွင်ထည့်သွင်းထားသော ဗိုင်းရပ်စ်အကြောင်း

ခိုးကူးသူခွေက ဖြန့်ချိတဲ့ ခိုးကူးလက်ရွေးစင်ခွေတစ်ခွေဖြစ်တဲ့ အင်တာနက်စုစည်းမှု ဆိုတဲ့ ဒီဗွီဒီသီချင်းခွေမှာ ဗိုင်းရပ်စ်တစ်ကောင် ပါရှိလာပါတယ်။ အဲဒီ ခိုးကူးသူတွေကနေ သက်သက်မဲ့ထည့်ထားခြင်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ ဗိုင်းရပ်စ်မဟုတ်ပါဘူး။ Windows XP တက်လာဖို့အတွက် လိုအပ်တဲ့ဖိုင်တွေကို ဖျက်ဆီးပစ်တဲ့ Batch ဖိုင်လေးတစ်ဖိုင် ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဖိုင်ရဲ့နာမည်က pro.bat ပါ။အဲဒီ Batch file ကို ခွေထည့်လိုက်ရင် Autorun အောင်မို့ Autorun.inf ဖိုင်ပါ ထည့်ထားပါတယ်။ ဒါကြောင့်မို့ Windows XP ကို အသုံးပြုနေပြီး Autorun ကို Disable လုပ်မထားတဲ့ ကွန်ပျူတာများ ခံရမှာပါ။ ခွေကို My Computer ကနေ DoubleClick နှိပ်ပြီး ဖွင့်ရင်လည်း ခံရမှာပါ။ အဲဒီလို ကွန်ပျူတာတွေမှာ အဲဒီခွေကို ထည့်လိုက်ရင် ကွန်ပျူတာဟာ Shutdown ကျသွားပါလိမ့်မယ်။ ပြန်ဖွင့်ရင် Windows တက်လာမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ အဲဒီ အင်တာနက်စုစည်းမှုခွေကို ရှောင်နိုင်အောင်မို့ ဒီဆောင်းပါလေးနဲ့ ချစ်လှစွာသောစာဖတ်သူတွေကို အသိပေးလိုက်ရခြင်းဖြစ်ျပါတယ်။တကယ်လို့ ခံလိုက်ရပြီးပြီဆိုရင် ကိုယ့်ကွန်ပျူတာလေး ပြန်ကောင်းသွားအောင် ပြင်နည်းလေးပါ ဆက်ပြောလိုက်ပါဦးမယ်။အဲဒီခွေထဲမှာပါတဲ့ Batch file ဟာ C: partition အောက်မှာရှိတဲ့ အောက်ပါဖိုင်တွေကို ဖျက်ပစ်ပါတယ်။


ntdetect.com


boot.ini


msdos.sys


io.sys


နောက် Windows folder ထဲက အောက်ပါဖိုင်တွေကို ဖျက်ပစ်ပါတယ်။


win.ini


win.com


system.ini


ဒါကြောင့် ပြန်ကောင်းဖို့အတွက် အပေါ်ကဖိုင်တွေကို ကိုယ့်ကွန်ပျူတာထဲ ပြန်ထည့်ပေးရပါမယ်။ ပြန်ထည့်နည်းက နှစ်မျိုးရှိပါတယ်။ တခြား Windows XP တင်ထားတဲ့ ကွန်ပျူတာတစ်လုံးမှာ ကိုယ့် hard disk ကို ချိတ်ပြီး ပြန်ထည့်တာရယ်၊ Windows ခွေကနေ ပြန်ထည့်တာရယ်ပါ။တခြားကွန်ပျူတာမှာ ကိုယ့် Hard Disk လေး ချိတ်ဖို့အဆင်ပြေတဲ့သူတွေအဖို့တော့ အပေါ်က ဖိုင်တွေကို Copy Paste လုပ်ပြီး ပြန်ထည့်ရင် ရသွားပါလိမ့်မယ်။ခွေကနေ ပြန်ထည့်လိုသူများအဖို့တော့ အောက်ပါအချက်များကို အရင်သိထားသင့်ပါတယ်။


(၁) boot.ini ဟာ Windows ခွေထဲမှာ မပါပါဘူး။ အသစ်ရေးပေးရပါမယ်။


(၂) io.sys နဲ့ msdos.sys ဟာလည်း ခွေထဲမှာမပါပါဘူး။ ဒါပေမဲ့ အဲဒီဖိုင်နှစ်ဖိုင်မရှိလည်း Windows တက်ပါတယ်။


ကဲ ပထမဆုံး Windows ခွေထဲမှာပါတဲ့ ntdetect.com ကို C: ထဲ ထည့်နည်း ကြည့်ရအောင်။


Windows ခွေကို ကိုယ့် CD Drive ထဲထည့်ပါ။ ခွေကနေ Boot လုပ်ပါ။ Press any key to boot from CD လို့ပေါ်လာတဲ့အခါ Keyboard ကနေ Key တစ်ခုခုကို နှိပ်လိုက်ပါ။ Loading လုပ်နေတာကို ခဏစောင့်ပါ။ ပြီးသွားရင် Screen တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Windows တင်မယ်ဆိုရင် Enter ခေါက်ပါ။ Windows ကို ပြင်မယ်ဆိုရင် R နှိပ်ပါလို့ ရေးထားပါလိမ့်မယ်။ ပြင်မှာမို့လို့ R ကို နှိပ်ပါ။အဲဒီအခါ Recovery Console ပွင့်လာပါလိမ့်မယ်။ Recovery Console မှာ Admin password တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် အောက်မှာရေးထားတဲ့ Command ကို ရိုက်ထည့်ပါ။


Copy X:\i386\ntdetect.com C:\


Enter ခေါက်ပါ။ X: ဆိုတဲ့နေရာမှာ ကိုယ့် CD Drive ရဲ့ Drive Letter ကို အစားထိုးပေးရပါမယ်။


နောက်ထပ် win.ini, win.com နဲ့ system.ini ကို ခွေထဲကနေ C:\Windows ထဲ ထည့်ရပါမယ်။


Copy X:\i386\win.in_ C:\Windows\win.in


copy X:\i386\win.co_ C:\Windows\win.com


copy X:\i386\system.in_ C:\Windows\system.ini


နောက်ဆုံးတစ်ဆင့်အနေနဲ့ C: ထဲမှာ boot.ini ရေးပေးဖို့ပဲ ကျန်ပါတယ်။ ဒါမျိုးလုပ်ပါ။


bootcfg /list


အဲဒီလိုရိုက်လိုက်တဲ့အခါမှာ Windows ရှိနေတဲ့ လမ်းကြောင်းကို ရှာပြီး ပြပေးပါလိမ့်မယ်။


bootcfg /add


အစောက ရှာတွေ့ခဲ့တဲ့ လမ်းကြောင်းကို ထည့်တာပါ။


အားလုံးပြီးသွားရင် Restart လုပ်လိုက်ပါ။ သင့် Windows လေး ပြန်တက်လာပါလိမ့်မယ်။


လူအများကို ဒုက္ခပေးသောသူများနဲ့ ကင်းဝေးနိုင်ကြပါစေ။


Written By: TR

No comments:

Post a Comment