အသုံးပြုသူ ၁၂ သန်းရှိသော Firefox 3.5 ကို လာမည့်ဇွန်လတွင် အဆုံးသတ်ရန်နှင့် Firefox 3.5 အသုံးပြုသူများအနေဖြင့် ဗားရှင်းအသစ်သို့ အလိုအလျောက် upgradeလုပ်နိုင်အတွက် Mozilla မှစီစဉ်နေကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်လယ်ပိုင်းတွင်ဖြန့်ချိခဲ့သည့် Firefox 3.5 ကို Mozilla မှလုံခြုံရေး patch များထုတ်ပေးခဲ့ပြီးဖြစ်သော်လည်း လာမည့်ဇွန်လတွင် Firefox 3.5 ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီမှဖော်ပြခဲ့သည်။ Mozilla အနေဖြင့် အရေအတွက် ၁၂ သန်းရှိသည့် Firefox 3.5 အသုံးပြုသူများအား Firefox 4 ထံသို့ ပြောင်းရွှေ့အသုံးပြုစေလိုသော်လည်း ၂၀၁၀ ခုနှစ် ဇန်န၀ါရီလကဖြန့်ချိခဲ့သည့် Firefox 3.6 ထံသာ ပြောင်းရွှေ့အသုံးပြုစေမည်ဖြစ်သည်ဟုသိရသည်။ လာမည့်ဇွန်လ ၂၁ ရက်နေ့တွင် Firefox 5 ကိုတင်ပို့ရောင်းချမည်ဖြစ်ပြီး Firefox 3.5 ၏ လုံခြုံရေး update အဖြစ် Firefox 3.6.18 ကို အလိုအလျောက်ပြုလုပ်စေမည်ဖြစ်ကြောင်း Mozilla မှပြောကြားခဲ့သည်။ Firefox 3.5 အသုံးပြုသူများအနေဖြင့် အွန်လိုင်းတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပါက Firefox မှ ကာကွယ်ပေးမည်မဟုတ်ကြောင်း ဟူသောအဓိပ္ပာယ်ရသည့် စာတန်းကိုလည်း Google search home page တွင်ဖော်ပြပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ Ref: Internet Journal
Sunday, May 29, 2011
PAC လိုင်စင်များဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားရယူနိုင်
PAC ( Public Access Centre) ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုသူများ၊ ဆောင်ရွက်နေသူများအနေဖြင့် လိုင်စင်သက်တမ်တိုးခြင်း၊အသစ်လျှောက်ခြင်းများ ကို၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဧပြလီလ မှစတင်ကာ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနလက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထားရယူနိုင်ကြောင်းသိရသည်။ အဆိုပါ PAC လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်းများကို နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုက်ရိုက်လိုင်စင်ကောက်ခံပေးလျက်ရှိပြီး ကျန်သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက်
အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အခြေစိုက်ဆက်သွယ်ရေးစခန်း (စာတိုက်) များတွင် ကောက်ခံဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ PAC ၀န်ဆောင်မှုလုပ်ငန်းများအတွက် ကောက်ခံသည့်နှုန်းထားများမှာ (က) ကနဦးလိုင်စင်ကြေးအတွက် ကျပ် ၅၀၀,၀၀၀ (ခ) နှစ်စဉ်ကြေးကျပ် ၃၆၀,၀၀၀ (ဂ) ရက်လွန်ကြေး - တစ်ရက်လျင် တစ်ထောင်ကျပ် (လိုင်စင်သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၉၀) ကာလအထိသာ ခွင့်ပြု ) (ဃ) လိုင်စင်ပျောက်ဆုံးခြင်း၊ လိုင်စင်ပျက်စီးခြင်းအတွက် မူရင်းခွဲလိုင်စင် (Duplicate) ပြုလုပ်ခကျပ် ၃၀,၀၀၀ ဖြစ်သည်။ PAC လိုင်စင်ရယူခြင်းမရှိဘဲ ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် လိုင်စင်ရယူရန်လိုအပ်ကြောင်း သိရသည်။ လိုင်စင်ရယူခြင်းပျက်ကွက်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် PAC လိုင်စင်ဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးအမှတ် (၂) နေပြည်တော်သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။ လိုင်စင်သက်တမ်းတိုးခြင်း ၊ အသစ်လျှောက်ထားခြင်းကိစ္စများကို နေပြည်တော်တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာ ရုံးအမှတ် (၂)နှင့် ရန်ကုန်တိုင်းဒေသကြီး တွင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးခွဲ) အမှတ် ၄၃၊ တတိယထပ၊် ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်တွင် ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
Ref:Internet Journal
မိုဘိုင်း Directory အသစ်ကို MCC မှစတင်ဖြန့်ဖြူး
Yangon Directiory တွင်ပါဝင်သော အချက်အလတ်များအား မိုဘိုင်းဗားရှင်းအဖြစ် ပြောင်းလဲသုံးစွဲနိုင်မည့် ဆော့ဖ်ဝဲလ်အသစ်အား MCC Group အနေဖြင့် စတင်ဖြန့်ဖြူးခဲ့ကြောင်းသိရသည်။ Beta ဗားရှင်းအနေဖြင့်သာ အခမဲ့ဖြန့်ဖြူးခဲ့ခြင်းဖြစ်ပြီး Android မိုဘိုင်းဖုန်းအားလုံးတွင် သုံးစွဲနိုင်ကြောင်းသိရသည်။ Yangon Directory တွင်ပါဝင်သော ကဏ္ဍအားလုံး ပါဝင်သေးခြင်းမရှိသော်လည်း Beta ဗားရှင်း၌ ကဏ္ဍသုံးခု ထည့်သွင်းပါဝင်ကြောင်းသိရသည်။ MCC Group အနေဖြင့် အဆိုပါ Android မိုဘိုင်းဖုန်းအသုံးပြု Directory အသစ်အားမေလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အိုင်စီတီနည်းပညာပွဲတော်၌ Beta ဗားရှင်းများကို အခမဲ့ဖြန့်ဖြူး မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ Ref: Internet Journal
Monday, May 9, 2011
GTALK မှာ SLIDESHOW နဲ့ ပုံတွေကို ပေါ်အောင်လုပ်နည်း
-www.Softpedia.com မှာနှိပ်ပြီး Download ဆွဲလိုက်ပါ။
-www.brothersoft.com မှာလည်း Download လုပ်လို့ရပါတယ်။
-Download လုပ်ပြီးရင် Run လိုက်ပါ။
ဒါဆိုရင် Gtalk ဖွင့်ထားထား မဖွင့်ထားထား နောက်ထပ် Gtalk ဘောင်အသစ် ပေါ်လာပါလိမ့်မယ်။ ဒီဘောင်အပေါ် Google Talk ဆိုတဲ့စာဘေးမှာ အသစ်အနေနဲ့ Shell ဆိုတာ ပါလာပါလိမ့်မယ်။ ဒီ Shell ကို ကလစ်နှိပ်လိုက်ပါ။
ထိုအခါ ဘောင်အသစ်လေးထဲမှာ Avator/Language/Option/Always On Top/Get More Avatars/About ဆိုတာကို တွေ့ပါလိမ့်မယ်။
Shell/Avatar ကို နှိပ်၍ Enable Slide တွင် အမှန်ခြစ်လိုက်ပါ။ Shell/Option ကိုနှိပ်လိုက်ပါ။ ဘောင်အသစ်ကျလာပြီး Avatar/Anti Boss/Auto find ဆိုတာမှ Avatar ကိုရွေးပါ။ ထို့နောက် ညာဘက်ဘောင်ထဲတွင် Add နဲ့ Remove ကိုတွေ့ရမယ်။ ကိုယ့် Slide Show လုပ်ချင်သော ပုံများကို ရွေးရပါမယ်။ Add ကိုနှိပ်ပြီး လိုချင်သော ပုံရွေးပါ။ Interval (Seconds) ကို ကိုယ်ပြောင်းစေချင်သော ပုံများကို စက္ကန့်အလိုက်ချိန်ပေးပါ။
ဥပမာ-(၁) စက္ကန့်၊ (၂)စက္ကန့် ထို့နောက် အောက်မှ OK ကိုနှိပ်ပါ။ Gtalk ကို ပုံမှန်အတိုင်း User name နဲ့ Password ရိုက်ပြီး Sign In လိုက်ပါ။ Gtalk မှာပေါ်တဲ့ ကိုယ့်ရဲ့ Icon လေးတွေ တဖျပ်ဖျပ် ပြောင်းနေပါလိမ့်မယ်။
(Ref:http://news.yatanarpon.com.mm/cp/itweekly/news-16544)
EVDO လိုင်းဖွင့်ထားသူများ ဖုန်းကတ်ပျက်စီးပါက ကျပ်(၃၀,၀၀၀) ဆုံးရှုံးမည်ဟုဆို
CDMA(800MHz) ဖုန်းများတွင် ကျပ်ငွေ (၃၀,၀၀၀) ပေးသွင်း၍ RUIM ကတ်လဲလှယ်ကာ EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုနိုင်ခြင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် စတင်နိုင်ခဲ့သည်။ ယခုအခါ ထို EVDO လိုင်းဖွင့်ထားသူများ အနေဖြင့် RUIM ကတ်ပျက်စီးသွားပါက EVDO လိုင်းဖွင့်ကြေး ကျပ် (၃၀,၀၀၀) ဆုံးရှုံးမည် ဖြစ်ကြောင်း သိရသည်။ “CDMA (800 MHz) တွေရဲ့ ဖုန်းကတ် ပျက်စီးရင်တော့ အစိုးရကို တရားဝင် (၁) သိန်းပေးပြီး ထပ်လျှောက်လို့ ရပါတယ်။ အင်တာနက် သုံးလို့ရတဲ့ RUIM ကတ်ပျက်ရင်တော့ ပထမသွင်းထားတဲ့ ငွေတွေဆုံးသွားမှာပါ။ အားလုံး ပြန်လျှောက်ရင်တော့ ကျပ် (၃၀,၀၀၀) ကျော်လောက် ကုန်ကျနိုင်ပါတယ်" ဟု ဖုန်းအကျိုးဆောင် တစ်ဦးဖြစ်သူ ဦးကောင်းထက်စံက ပြောသည်။
အဆိုပါ CDMA (800 MHz) ဖုန်းများတွင် EVDO စနစ်ဖြင့် အင်တာနက် အသုံးပြုရာတွင်လည်း ယခုအခါ ဟန်းဆက်များတွင် Proxy နံပါတ်များခံ၍ အသုံးပြုစရာ မလိုတော့သဖြင့် ယင်းနံပါတ်ကိုကျော်၍ အင်တာနက် တိုက်ရိုက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ CDMA (800MHZ) ဖုန်းများတွင် အင်တာနက် အသုံးပြုလာနိုင်သောကြောင့် အွန်လိုင်းအသုံးပြုသူများအနေဖြင့် အင်တာနက် ဆိုင်များသို့ သွားစရာမလိုဘဲ မိမိအိမ်တွင်ရှိသော Laptop, Desktop များ နှင့် အခြားအင်တာနက် အသုံးပြုနိုင်သော Mobile Device များဖြင့် မိမိရုံးနှင့် အိမ်များတွင် ကွန်ပျူတာဖြင့် အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ရာ အချိန်ပိုကုန်စရာမလိုဘဲ မိမိဖုန်းမှတစ်ဆင့် Email နှင့် အခြားသတင်း အချက်အလက်များကို ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်သည်။
Ref:http://news.yatanarpon.com.mm/news/news-16279
Friday, May 6, 2011
မိုဘိုင်းဖုန်းလိုင်းတိုးချဲ့မည့်စီမံကိန်းကြောင့် ဖုန်းအခြေခံစီးပွားရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာဖွယ်ရှိ
အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဂျီအက်စ်အမ်ဖုန်းလိုင်းပေါင်း သန်း ၃၀ ကို လာမည့်ငါးနှစ်အတွင်း တိုးချဲ့ချထားမည်ဖြစ်ရာ ထိုစီမံကိန်းကြောင့် မိုဘိုင်းဖုန်းနှင့်သက်ဆိုင် သည့် စီးပွားရေးလုပ်ငန်းများ တိုးတက်ကျယ်ပြန့်လာဖွယ်ရာရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။ စီမံကိန်းပထမနှစ်တွင် ဖုန်းလိုင်းရေ ၄ သန်း၊ ဒုတိယနှစ်တွင် ၅ သန်း၊ တတိယနှစ်တွင် ၆ သန်း၊ စတုတ္ထနှစ်တွင် ၇ သန်းနှင့် ပဉ္စမနှစ်တွင် ၈ သန်း တိုးချဲ့တပ်ဆင် မည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြီးခဲ့သည့်လကုန်ပိုင်းက ပြောဆိုခဲ့သည်။ ဂျီအက်စ်အမ်ဖုန်းလိုင်းများ တိုးတက်များပြားလာပါက မိုဘိုင်းဖုန်းဟန်းဆက်ရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာပြီး ကွန်ပျူတာစီးပွားရေးလုပ်ငန်းများကဲ့သို့ အောင်မြင်လာဖွယ်ရာရှိကြောင်း ကျွမ်းကျင်သူများကဆိုသည်။ လူကြီးမင်းဖုန်းဟန်းဆက်အရောင်းဆိုင် အထွေထွေမန်နေဂျာ ဦးကိုကိုအောင်က “ဂျီအက်စ်အမ်က သုံးလို့လည်းကောင်းတဲ့အတွက် အာရုံစိုက်မှုပိုမိုလာနိုင် တယ်။ အရင်က လိုင်းမမိတဲ့နေရာတွေလည်း မိလာနိုင်တယ်။ ဒါမှစိတ်ဝင်စားမှုပိုလာပြီး ဈေးကွက်ကကြီးထွားလာမှာပါ။ တန်ဖိုးနည်းဟန်းဆက်တွေ ပိုပြီးရောင်းလာရနိုင်တယ်။ အရောင်းဆိုင်အရေအတွက်ကတော့ ချထားပေးမယ့်ဒေသတွေပေါ်မှုတည်ပြီး တိုးလာနိုင်တယ်။ ရန်ကုန်မှာတော့ အခုနောက်ပိုင်း ဆိုင်တွေသိပ်တိုးမလာတော့ဘူး။
နယ်တွေမှာတော့ အီလက်ထရွန်နစ် ဆိုင်တွေကအစ ဟန်းဆက်တင်ပြီး ရောင်းလာတော့ အရောင်းဆိုင်တိုးတယ်ပြောလို့ရတယ်” ဟုပြောသည်။ မိုဘိုင်းဖုန်းဟန်းဆက်ဈေးကွက်သည် ၂၀၀၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စင်ထရယ်လ်မားကက်တင်း ကုမ္ပဏီတို့ပူးပေါင်း၍ ထုတ်လုပ်ရောင်းချခဲ့သည့် တစ်ခါသုံးကြိုတင်ငွေပေး ကတ်များ စတင်ဈေးကွက်တင်ချိန်မှစ၍ သိသာစွာဖွံ့ဖြိုးလာခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့တစ်မြို့ထဲ၌ပင် မိုဘိုင်းဖုန်းဟန်းဆက်အရောင်းဆိုင် ၂၀၀ ၀န်းကျင်အထိရှိလာခဲ့ကြောင်း သိရသည်။ ACE မိုဘိုင်းဖုန်းဟန်းဆက်အရောင်းဆိုင် တာဝန်ရှိသူကိုသန်းထိုက်က “လက်ရှိရောင်းအားမှာတော့ စီဒီအမ်အေ ၈၀၀ မဂ္ဂါ ဟတ်ဇ်မိုဘိုင်းဟန်းဆက်တွေက ပိုရောင်းကောင်းတယ်။ အခုလက်ရှိ ကျပ်ငါးသိန်းတန်ဂျီအက်စ်အမ်တွေကို ချထားပေးပေမယ့်လည်း ဈေးကွက်ကလိုက်မပြောင်းဘူး။ လူတွေက လိုင်းပိုမိတဲ့ဖုန်းလိုင်း၊ သုံးစွဲ လို့ရတဲ့နယ်မြေအရေအတွက်နဲ့ အင်တာနက်လိုင်း သုံးလို့ရ၊ မရဆိုတာကို ပိုပြီးစိတ်ဝင်စားကြတယ်။ အခုဂျီအက်စ်အမ်လိုင်းဝယ်တဲ့သူတွေက တစ်ခါသုံးကတ်တွေသုံးခဲ့စဉ်က ဖုန်းဝယ်ပြီးသူတွေဖြစ်တော့ ဈေး ကွက်မှာလိုက်ပြီး ပြောင်းလဲမလာဘူး။ စီဒီအမ်အေနဲ့ ၈ျီအက်စ်အမ်ကသွင်းတဲ့ လမ်းကြောင်းချင်းမတူဘူး။ ၈ျီအက်စ်အမ်က ဈေးကွက်ဖြစ်လာရင်တောင် တင်သွင်းလုပ်ကိုင်သူအရေအတွက်က အနည်းငယ်လောက်ပဲ ရှိနေမှာပါ” ဟုသုံးသပ်သည်။ ဈေးကွက်ဝယ်လိုအားမှာ ကျယ်ပြန့်လာဖွယ်ရာရှိသော်လည်း မိုဘိုင်းဖုန်းရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းတိုးချဲ့ရာတွင် သေချာစွာဆောင်ရွက်သင့်ကြောင်း ကျွမ်းကျင်သူများကအကြံပြုသည်။ Alpha Info Tech ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးရဲမြတ်သူက “ဖုန်းလိုင်းတွေကလည်း ချထားပေးဦးမယ်ဆိုတော့ ပိုမိုကောင်းလာစရာရှိတယ်။ ဒါပေမယ့်မြန်မာပြည်မှာ Statistatics မရှိတော့ အားလုံးပြုံပြီးတိုးတက်ကြတယ်။ ပြီးရင်မပြိုကွဲတဲ့သူလောက်ပဲ ကျန်တော့တာကိုလည်း တွေ့ရတယ်။
လက်ဝါးကြီးအုပ်ချင်တဲ့ စီးပွားရေးသမားတွေကတစ်မျိုး၊ အထင်နဲ့လုပ်နေသူတွေကတစ်မျိုး ရှိကြမှာပဲ။ ဒီကြားထဲမှာ အဖြေမှန်မှန်းနိုင်တဲ့သူတွေပဲ ကျန်ခဲ့ကြမှာပါ” ဟုပြောသည်။ မိုဘိုင်းဖုန်းလိုင်းများ ပိုမိုတိုးချဲ့ချထားပေးသောကြောင့် ဟန်းဆက်အရောင်းဈေးကွတ် ပြောင်းလဲလာနိုင်သော်လည်း မိုဘိုင်းဆော့ဖ်ဝဲဈေးကွက်မှာမူ ပြောင်းလဲလာနိုင်ချေနည်းပါး ကြောင်း၊ Payment Gateway များရှိလာခဲ့ပြီး မိုဘိုင်းဟန်းဆက်သုံးစွဲသူ များပြားလာခဲ့ပါက မိုဘိုင်း Commerce အနေဖြင့် ပေါ်ပေါက်လာနိုင်ကြောင်း ဦးရဲမြတ်သူက ဆိုသည်။ “မိုဘိုင်းနဲ့ပတ်သက်လို့ ဆော့ဖ်ဝဲဈေးကွက်ကတော့ Law Infrastructure မရှိရင် ဘာမှတော့ ဖြစ်လာဦးမှာ မဟုတ်သေးဘူး။ မိုဘိုင်းဖုန်းတွေပေါလာရင် ခရီးသွားလာရေးကုန်ကျစရိတ်တွေနဲ့ မလိုလားအပ်တဲ့ကုန်ကျစရိတ်တွေတော့ လျှော့ချလာနိုင်မယ်” ဟု၎င်းကပြောသည်။ လူဦးရေသန်း ၆၀ ၀န်းကျင်နေထိုင်သော မြန်မာနိုင်ငံတွင် လက်ရှိတွင် မိုဘိုင်းတယ်လီဖုန်း လိုင်းအင်အား ၂ သန်းကျော်ကို အသုံးပြုလျက်ရှိပြီး အော်တိုတယ်လီဖုန်းလိုင်း များနှင့်စုပေါင်း၍ တယ်လီဖုန်းသိပ်သည်းဆကို တွက်ချက်ပါက ၅.၄ ရာခိုင်နှုန်းတွင်ရှိကြောင်း၊ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ်မိုဘိုင်းဖုန်းလိုင်း ငါးသိန်းရှစ်သောင်းကျော်၊ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ်ဖုန်းလိုင်း နှစ်သိန်းခွဲ၊ ဒဗလျူစီဒီအမ်အေ ဖုန်းလိုင်း ၂၈,၀၀၀ နှင့် ဂျီအက်အမ်မိုဘိုင်းဖုန်းလိုင်း လေးသိန်းရှစ် သောင်းကျော် ချထားပေးခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇန်န၀ါရီလတွင်ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။ Ref:Internet Journal
Sunday, May 1, 2011
မြန်လွန်းလှတဲ့ Wireless Gigabit Spec လာပြီနော်
Wireless နည်းပညာလုပ်တဲ့အုပ်စုက Intial Spec တွေနဲ့ ယနေ့ခေတ် အမြန်ဆုံး Wi-Fi ထက် ၁၀ ဆက် ပိုမြန်တဲ့နှုန်းနဲ့ Data တွေကို ပို့နိုင်ပါပြီ။ Wirelss Gigabit Alliance ဟာ WiGig လို့ခေါ်တဲ့ နည်းပညာကို အကောင်အထည်ဖော်ပြီးပါပြီ။ 60GHz ပတ်လည်ရှိတဲ့ unlicense spectrum ကို သုံးပါလိမ့်မယ်။ တစ်စက္ကန့် မှာ transmission speeds 6 gigabits ရနိုင်ပါတယ်။ High-Def video stream တွေကို monitor ဆီပို့ခြင်း၊ Laptop PC နဲ့ docking station ကြားမှာ Data ပို့ခြင်းစတဲ့ အလုပ်တွေအတွက် WiGig ဟာ Cable တွေကို အစားထိုးဖို့ Design လုပ်ထားပါတယ်။ Wi-Fi ကို ယှဉ်ပြိုင်ဖို့ စိတ်မကူးထားပါဘူး။ 2.4GHz, 5GHz freq range နဲ့ အလုပ်လုပ်နေတဲ့ လက်ရှိ Wi-Fi device တွေနဲ့ အဆင်ပြေဖို့ tri-band device တွေရဲ့ အဆောက်အအုံ လိုအပ်ပါတယ်။
Technologies ရဲ့ adopers အဖြစ်နဲ့ Sign Up လုပ်ဖို့အခွင့်အရေး ရနိုင်ပါတယ်။ ဒီလိုလုပ်တာအားဖြင့် WiGig Product တွေ စသုံးနိုင်ဖို့ access လုပ်ခွင့်ပေးပါလိမ့်မယ်။ ပထမဆုံး အဆင်ပြေဆုံး product တွေ 2011 မှာ ရ နိုင်ပါပြီ။