အသုံးပြုသူ ၁၂ သန်းရှိသော Firefox 3.5 ကို လာမည့်ဇွန်လတွင် အဆုံးသတ်ရန်နှင့် Firefox 3.5 အသုံးပြုသူများအနေဖြင့် ဗားရှင်းအသစ်သို့ အလိုအလျောက် upgradeလုပ်နိုင်အတွက် Mozilla မှစီစဉ်နေကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်လယ်ပိုင်းတွင်ဖြန့်ချိခဲ့သည့် Firefox 3.5 ကို Mozilla မှလုံခြုံရေး patch များထုတ်ပေးခဲ့ပြီးဖြစ်သော်လည်း လာမည့်ဇွန်လတွင် Firefox 3.5 ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ကုမ္ပဏီမှဖော်ပြခဲ့သည်။ Mozilla အနေဖြင့် အရေအတွက် ၁၂ သန်းရှိသည့် Firefox 3.5 အသုံးပြုသူများအား Firefox 4 ထံသို့ ပြောင်းရွှေ့အသုံးပြုစေလိုသော်လည်း ၂၀၁၀ ခုနှစ် ဇန်န၀ါရီလကဖြန့်ချိခဲ့သည့် Firefox 3.6 ထံသာ ပြောင်းရွှေ့အသုံးပြုစေမည်ဖြစ်သည်ဟုသိရသည်။ လာမည့်ဇွန်လ ၂၁ ရက်နေ့တွင် Firefox 5 ကိုတင်ပို့ရောင်းချမည်ဖြစ်ပြီး Firefox 3.5 ၏ လုံခြုံရေး update အဖြစ် Firefox 3.6.18 ကို အလိုအလျောက်ပြုလုပ်စေမည်ဖြစ်ကြောင်း Mozilla မှပြောကြားခဲ့သည်။ Firefox 3.5 အသုံးပြုသူများအနေဖြင့် အွန်လိုင်းတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပါက Firefox မှ ကာကွယ်ပေးမည်မဟုတ်ကြောင်း ဟူသောအဓိပ္ပာယ်ရသည့် စာတန်းကိုလည်း Google search home page တွင်ဖော်ပြပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ Ref: Internet Journal
No comments:
Post a Comment