Saturday, July 9, 2011

အင်တာနက်သုံးရန် ဖြတ်လမ်းနည်းများ

အင်တာနက်သုံးတဲ့အခါ အချိန်နဲ့အမျှ တန်ဖိုးရှိကြောင်းသိကြမှာပါ။ ဒါ့ကြောင့် အင်တာနက်သုံးတဲ့အခါ ပိုပြီး လွယ်ကူ ထိရောက် မြန်ဆန်စေနိုင်မယ့် နည်းလမ်းလေးတွေ ပြောပြလိုက်ချင်ပါတယ်။ Beginner တွေ အသုံးချ စရာ နည်းလမ်းပေါင်းစုံကို အင်တာနက်မှာ အလွယ်ဆုံး အမြန်ဆုံးသုံးဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးပါမယ်။


 Website ကို Run ကနေ သွားဖွင့်မယ်


Run ထဲကနေ ရိုက်လိုက်တာနဲ့ ကိုယ်သွားချင်တဲ့ website URL ကို တန်းပြီး သွားလို့ရနိုင်ပါတယ်။ browser အမျိုးအစားရွေးပေးနိုင်ပါတယ်။ Run က Start ထဲမှာ ရှိပါတယ်။ Shortcut ကတော့ Win Key+R ပါ။ Run ထဲ မှာ အခုလိုရိုက်ပါမယ်။ Firefox www.google.com (firefox ကတော့ firefox ကို သုံးပြီး www.google.com ကတော့ ကိုယ်သွား ချင်တဲ့ပေါ့ website firefox နဲ့ www ကြားထဲမှာ space bar ပါတာကို သတိပြုပါ)


 







 IE သုံးသူများအတွက်ကတော့ အောက်ပါအတိုင်းရိုက်ပါမယ်။







Iexplore www.google.com ပေါ့လေ။ IE သုံးပြီး အင်တာနက်သုံးမယ်ဆိုတဲ့ သဘောပါ။ ကဲအားလုံး ကိုယ်လိုချင်တဲ့ browser တွေ ရွေးပြီးသွားရင် Enter ခေါက်လိုက်မယ်ဆို ကိုယ်သွားချင်တဲ့ browser ကို ရောက်ပြီးသားဖြစ်သွားပါလိ့မ်မယ်။ Browser ကျလာပြီးလို့ website URL သွားရိုက်ဖို့ ကလစ်မနှိပ်ချင်ရင် F6 နှိပ်လိုက်တာနဲ့ website တန်းရိုက်ရုံ ပဲ။

Google + မှာရှိတဲ့ Facebook မလုပ်နိုင်သေးတဲ့ အရာ ၆ ခု

(၁) Photo, Link တွေကို ကိုယ် Share ချင်သူတွေကိုပဲ Share နိုင်တယ်


Google + ရဲ့ အထင်ကရ feature တစ်ခုက Circle ဖြစ်ပြီး သူက သင့်ရဲ့သူငယ်ချင်းတွေကို သင့်စိတ်ကြိုက် Circle တွေထဲ ထည့်ခွင့်ပြုပါတယ်။ ပြီးတော့ အဲဒီ Circle တွေမှာ ဘယ် Circle တွေက ဘယ်ပုံတွေ ကြည့်လို့ ရတယ်၊ ဘယ် post တွေပဲ ဖတ်ခွင့်ရှိတယ်ဆိုတာ လွယ်လွယ်ကူကူ ရွေးချယ်ပေးနိုင်ပါတယ်။ facebook မှာက အဲဒီလိုမျိုး မရှိပဲ သူငယ်ချင်းအုပ်စုတွေကို လွယ်လွယ်ကူကူ ခွဲခြားထားလို့မရပါဘူး။ facebookk ရဲ့ Group တွေ ကလည်း Fourm တွေနဲ့ ပိုတူပြီး ဘယ်သူမဆို ၀င်Join လို့ရတော့ သိပ်ပြီး သီးသန့်မဆန်ပါဘူး။ ဒါပေမယ့် သူက ကိုယ်နဲ့ကျောင်းတူ အလုပ်တူ သူငယ်ချင်းတွေနဲ့တွေ့ရဖို့ ပိုပြီး အခွင့်အလမ်းရှိပါတယ်။


 (၂) Video Chat ကို သုံးပြီး တိုက်ရိုက်စကားပြောလို့ရမယ်


Google + မှာ Hangout ဆိုတဲ့ လူအများကြီး တပြိုင်တည်း chat လို့ရတဲ့ feature ပါရှိပြီး facebook မှာတော့ သူနဲ့သူတာတောင် မရှိပါဘူး။ တကယ်တော့ လူမှုကွန်ရက် ထဲကို Video Chat ပေါင်းထည့်တာ အဓိပ္ပါယ်ရှိပါ တယ်။ ကျနော်တို့ဆီမှာတောင် facebook ထဲက သူငယ်ချင်းကို Gtalk နဲ့စကားပြောပြီး VZO ကနေ ရုပ်ကြည့် ပြီး Chat နေရသေးတာပဲ။ Google+ မှာ Video Chat ကို သိပ်မကောင်းတဲ့ connection တွေမှာတောင်မှ အလုပ်ဖြစ်အောင် စီစဉ်ထားတယ်လို့ သိရပြီး google calander စတာတွေကို သုံးပြီး အချိန်းအချက်တွေ ပြု လုပ်နိုင်ပါတယ်။ အဲဒါကြောင့် ပါတီပွဲတို့၊ ခရီး အတူတူသွားဖို့ စီစဉ်ချင်သူတွေအတွက် သူငယ်ချင်း ၁၀ ယောက် အထိ chat ပြီး အလွယ်တကူ စီစဉ်နိုင်ပါပြီ။

Google + နှင့် ပတ်သက်ပြီး သင်သိသင့်သမျှ

Google က လူမှုကွန်ရက် နဲ့ ပတ်သက်ပြီး စီမံကိန်းအသစ်တစ်ခုကို ပြီးခဲ့တဲ့ အပတ်က ကြေငြာခဲ့ပါတယ်။ အဲဒီ စီမံကိန်းက တော်တော်လေး ရည်မှန်းချက်ကြီးပါတယ်။ အဲဒါကတော့ Google+ (Google Plus) ဆိုတဲ့ ၀န် ဆောင်မှု အသစ်တစ်ခုပဲ ဖြစ်ပြီး လောလောဆယ်မှာတော့ ရုံးတွင်း စမ်းသပ် ဆဲအဆင့်သာ ရှိပါသေးတယ်။ အခု ကျနော်တို့စောင့်ကြည့်ရမှာကတော့ အားလုံးက စိတ်ဝင်စားနေကြတဲ့ Facebook, Twitter စတဲ့ လူမှုကွန်ရက် ၀န်ဆောင်မှုတွေကို အလဲထိုးနိုင်မှာလားဆိုတဲ့ ခန့်မှန်းချက်တွေကိုပါ တင်ဆက်ပေးလိုက်ပါတယ်။


 Google+ဆိုတာ ဘာလဲ


အဓိကအားဖြင့် Google+ ဆိုတာကတော့ Mobile နဲ့ Web ပေါ်က လူမှုကွန်ရက်ကို ပြန်လည်ဆန်းသစ်မှု တစ်ခုပဲ ဖြစ်ပါတယ်။ Google+ ကို အဓိက မျှဝေခြင်းအပေါ် အခြေခံထားတာဖြစ်ပြီး Website Link တွေ ဓါတ်ပုံတွေသာမက ဗွီဒီယိုတွေ သတင်းအချက်အလက်ပေါင်းစုံအထိ ဝေမျှနိုင်ဖို့ရည်ရွယ်ထားပါတယ်။ Google ရဲ့ Senior Vice President of Engineering – Vic Gundotra အဆိုအရ google+ ရဲ့Sharing ပုံစံက တကယ့် အပြင်မှာလိုပဲဖြစ်အောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ လူတွေဟာ သတင်းအချက်အလက်တွေကို မျှဝေခြင်း လုပ်ချင်တဲ့အခါမှာ လူတိုင်းနဲ့တပုံစံတည်း မျှဝေချင်ကြတာမဟုတ်ပဲ ကိုယ့်သူငယ်ချင်းတစ်ယောက် ချင်း၊ ဒါမှမဟုတ် အုပ်စုလိုက်ပေါ် မူတည်ပြီး မျှဝေချင်ကြမှာပါ။ Google+ ကို စတင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ဘ၀ထဲက လူတွေနဲ့ ပိုကောင်းတဲ့နည်းလမ်းတွေသုံးပြီး ချိတ်ဆက်နိုင်ဖို့ပါပဲ”လို့ ပြောသွားပါတယ်။


 Google + ထဲမှာ ဘာတွေပါလဲ


Google + က တကယ်တမ်းတော့ ၀န်ဆောင်မှု အသေးလေးတွေ စုပေါင်းထားတာဖြစ်ပြီး လောလောဆယ်မှာ တော့ အဓိက ၀န်ဆောင်မှု လေးခုရှိပါတယ်။ သင့်ရဲ့ Google Account ထဲမှာ Gmail, Reader, office စတဲ့ ၀န်ဆောင်မှုလေးတွေ စုပေါင်းထားသလိုမျိုးပေါ့။ Google+ ရဲ့ အဓိက ၀န်ဆောင်မှု လေးခုက Circles, Stream (Home), Hangouts နဲ့ Sparks တို့ပါပဲ။ ဒါပေမယ့် သင် ဘာမှ မလုပ်နိုင်ခင်မှာပဲ အရမ်းကို အသေးစိတ်ကျတဲ့ Profile တစ်ခုကို ဖြည့်ရပါတယ်။ အဲဒီမှာတင် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို Google က အလေးထား ကြောင်း ပြသထားပါတယ်။ သင်ဘာပဲဖြည့်ဖြည့် အကွက်တိုင်းရဲ့ဘေးမှာ ဘယ်သူတွေနဲ့ Share မလဲ ဆိုတာ ရွေးချယ်ပေးလို့ရပါတယ်။ သင့်မှာ Google Account ရှိပြီးသား ဖြစ်ခဲ့ရင် အဲဒီထဲက information တွေကို လွှဲ ပေးလိုက်လို့ရပါတယ်။ ပြီးတော့ Profile ကို ရုံးသုံးနဲ့ ကိုယ်ရေးကိုယ်တာဆိုပြီး ခွဲထားလို့ရပြီး Profile တွေထဲကို Google Map စတဲ့ အခြား Google ရဲ့ ၀န်ဆောင်မှုတွေထဲက အချက်အလက် (data) တွေကို ပေါင်းထည့်ပေး လို့ ရပါသေးတယ်။

Google က Google+ ကို လူမှုကွန်ရက် စာမျက်နှာ (Social Network) အနေဖြင့် ထုတ်မည်

Google က Facebook ကို အလဲထိုးနိုင်မယ့် လူမှုရေး Site တစ်ခုကို Google+ ဆိုပြီး ထုတ်ပါပြီ။ စမ်းသပ် အဆင့်မှာ အကန့်အသတ်တွေနဲ့လုပ်ထားသေးတယ်။ Facebook လောက်တော့ ရဦးမယ်မထင်ပါဘူး။ Google က ထူးခြားစွာနဲ့ content share ဆိုတာထည့်ပေးထားတာကတော့ ထူးခြားတယ်။


 Google+ မှာ တစ်ဦးချင်းသာမက ကိုယ့်အုပ်စုလိုက် Circles ထဲမှာ ၀င်ထားလို့ရတယ်။ လူတစ်ဦးချင်းစီကို လည်း update လိုက်လုပ်နေလို့ရတယ်။ အများစုပေါင်းထားတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရင် စည်းဖောက်ပြီး မဟုတ်တာကို ကိုယ်တစ်ယောက်တည်းက ချွန်ပြီးလုပ်လို့မရအောင် ထိန်းထားပေးတယ်။ Google+ ထဲက Sparks ဆိုတာ ကိုယ့်အကြောင်းအဖွဲ့အကြောင်း အမြဲ update လုပ်လို့ရတဲ့နေရာပါ။ Sparks နဲ့ ကိုယ့် contentတွေကို Share လုပ်လို့ရပါတယ်။ ကိုယ်လုပ်လိုက်တဲ့ Share ဟာ ကိုယ့် circles နဲ့လည်း ပတ်သက် သွားအောင် လုပ်လို့ရသလို၊ မပတ်သက်အောင်လည်း ထိန်းလို့ရတယ်။


 Google က ဗွီဒီယိုနဲ့ရုပ်သံကြား Chatting လုပ်နိုင်အောင် စီစဉ်ပေးထားတယ်။ ဒီကဏ္ဍကိုတော့ Google က Hangouts လို့ ခေါ်ထားတယ်။ မိတ်ဆွေသူငယ်ချင်းတွေ အားလုံးစုပြီး Chatting လုပ်နိုင်တယ်။ Google+ မှာ မိုဘိုင်းတွေနဲ့ပူးတွဲသုံးလာနိုင်စရာ အများကြီးရှိတယ်။ Android OS သုံးသူတွေ Huddle ဆိုတဲ့ အုပ်စုလိုက် စာပို့ နိုင်တဲ့ ၀န်ဆောင်မှုကို ရနိုင်တယ်။ ပုံတွေကိုလည်းGoogle+ ထဲမှာ အော်တို Backup လုပ်ထားနိုင်တယ်။ Google က လူမှုရေးလမ်းကြောင်းကို လိုက်နေတာတော့ သေချာပြီ။ Facebook ကို ဘယ်လို နလံမထူနိုင် အောင် လုပ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရလိမ့်မယ်။ (Ref: Itzien Journal)

ဒီတစ်ခါတော့ Gmail ကို ဘယ်လို Control Your Sending မလဲ နှင့် အခြားသိမှတ်ဖွယ်ရာများ

ရှေ့အပတ်က ဖော်ပြခဲ့တဲ့ https://zawhlainghtun.wordpress.com/2011/07/04/50-gmail-tips-tricks/#more-1590 Gmail TIPS and TRICKS နည်းပညာစာစုလေးရဲ့ နောက်ဆက်တွဲ အကြောင်းအရာလေးတွေပါ။


Control Your Sending


Stop sent message being delivered


သူငယ်ချင်းတစ်ယောက်၊ မိတ်ဆွေတစ်ယောက်ဆီကို Message တွေမှားယွင်းပို့လိုက်မိတဲ့အတွက် စိတ် ထိခိုက် ၀မ်းနည်းနေတယ်ဆိုရင်တော့ ဒါဟာ ဂျီမေးလ်းရဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို မသိသေးလို့ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဂျီမေးလ်ရဲ့ ၀န်ဆောင်မှုတွေထဲမှာ ပို့ပြီးသားမေးလ်တွေကို ရပ်ပစ်လိုက်လို့ရတဲ့ လုပ် ဆောင်ချက်တစ်ခု ပါဝင်ပါတယ်။ Undo ဆိုတာလေးဖြစ်ပြီး သင့်အတွက် မေးလ်မှားပို့လိုက်လို့ ဖြစ်ပေါ်လာမယ့် ထိတ်လန့်မှုအတွက် ဖြေဖျောက်ပေးနိုင်ပါလိမ့်မယ်။ ၁၀စက္ကန့်အတွင်းသာ လုပ်ဆောင်နိုင်မယ်ဆိုတာကို သိထား ဖို့လိုပါတယ်။ ဒါပေမယ့် Time ကိုတော့ ပြောင်းပေးနိုင်ပါလိမ့်မယ်။


 Send automatic replies


သင့်ဂျီမေးလ်ကိုအသုံးမပြုတဲ့အချိန်မှာလည်း သူငယ်ချင်းတွေကို သတိတရနဲ့ စာပြန်ပေးလို့ရပါတယ်။ ချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတစ်ယောက် အင်တာနက်ကို အသုံးပြုမယ့်အချိန်နဲ့ကိုက်ညီပြီး သင့်ရဲ့ မတ်ဆေ့ခ်ျတွေကို ရောက်သွားအောင် ပြုလုပ်ထားလို့ရပါတယ်။ Compose mail ကနေ တဆင့် သင်ပို့ပေးစေချင်တဲ့ စာသားတွေ ကို အရင်ဦးဆုံး ၀င်ရောက်ရေးထားထားလိုက်ပါ။ နောက်တဆင့် အနေနဲ့ menu bar ပေါ်မှာရှိတဲ့ canned reponse ကို ကလစ်နှိပ်ပြီး new canned response ကို ရွေးချယ်ပေးလိုက်ပါ။ တခုသတိထားရမှာက သင်ပို့ ပေးချင်တဲ့ သူငယ်ချင်းရဲ့နာမည်ကို ရွေးပေးထားလိုက်ပါ။ ဘယ်လောက်ကောင်းလဲဆိုရင် စမ်းသုံးကြည့်မှသာ သိပါလိမ့်မယ်။

Monday, July 4, 2011

50 Gmail TIPS & TRICKS

50 Gmail TIPS & TRICKS


ဂျီမေးလ်ဟာ အခု ၂၀၁၁ ဆိုရင် သိုလှောင်မှု ပမာဏ ၇.၀ + ကျော်ရှိခဲ့ပြီ ဖြစ်ပါသည်။ ၎င်းထက်အရင် အီးမေလ်ဝန်ဆောင်မှုများ ပြုလုပ်ခဲ့ကြသော Yahoo, Hotmail တို့ကို ကျော်လွန်ပြီး Web User လောကတွင် အကောင်းဆုံး ၀န်ဆောင်မှုအနေဖြင့် နေရာအခိုင်အမာ ရခဲ့ပြီဖြစ်သည်။ ရသင့်ရထိုက်သော စွမ်းရည်အနေဖြင့် ဂျီမေးလ်သည် အလိုအလျောက်သန့်ရှင်းပေးသော Spam Filter များပါဝင်ခြင်း၊ ရိုးရှင်းသော မျက်နှာပြင်ရှိခြင်း စက္ကန့်နှင့်အမျှ တိုးပွါးပေးနေသော ပမာဏနေရာရှိခြင်း၊ လုံခြုံစိတ်ချရသော နည်းပညာသုံးစွဲထားခြင်းတို့ ကြောင့် ယခုဆိုလျှင် ကမ္ဘာတ၀န်းသုံးစွဲသူပေါင်း ၁၉၃.၃သန်းကျော် ရှိလာခဲ့ပြီသည်။


 သို့ရာတွင် ထိုသို့သော ဂျီမေးလ် သုံးစွဲသူများတွင် ဂျီမေးလ်နှင့် ပတ်သက်သော အမှန်တကယ် အစွမ်းထက်မှု များကို မသိရှိကြသေးဘဲ အပေါ်ယံ သုံးစွဲနိုင်မှုအဆင့်ကိုသာ သိနေကြသေး သည်ဖြစ်ရာ ယခု Tips and Tricks များတွင် ဂျီမေးလ်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ အမှန်တကယ်ပြုလုပ်နိုင်သည့် စွမ်းဆောင်ချက်များကို မျှဝေဖော်ပြပေးထားသည်။


 ENCHANCE YOUR EMAILS


Add invitations to emails


သင့်ရဲ့အီးမေးလ်ကို အကောင်းဆုံးအရည်အသွေးတွေ ရရှိနိုင်မယ့်အရာတွေထဲကမှ တစ်ခုဖြစ်ပါ တယ်။ ဘာ ကြောင့်လဲဆိုရင် Google ကနေ သုံးစွဲသူတွေအတွက် ၀န်ဆောင်မှုပေးထား တဲ့ Google Calendar (http://calendar.google.com) ကို သွားရောက် သုံးစွဲကြည့်ဖို့ပဲဖြစ်ပါ တယ်။ သုံးစွဲသူတစ်ယောက်ချင်းစီ  အတွက် သီးသန့်ပေးထားတဲ့ ၀န်ဆောင်မှုဖြစ်ပြီး သင့်ရဲ့အစည်း အဝေးပွဲနဲ့ သီးခြားပြုလုပ်စရာရှိတဲ့ ကိစ္စတွေကို အစီအစဉ်တကျပြုလုပ်ထားနိုင်မယ့် နေရာလေးပဲဖြစ် ပါတယ်။ သင်ဟာ အီးမေးလ်တစ်ခုကို ပိုင်ဆိုင်ထားသူ တစ်ယောက်အနေနဲ့ တွေ့ဆုံစရာရှိတဲ့ရက်နဲ့ အချိန်တွေကို သင့်တော်သလို စီမံထားချင်တယ်ဆိုရင်တော့ သုံး ကြည့်လိုက်ပါ။


 Get extra emotions


သူငယ်ချင်းမိတ်ဆွေဆီကို အီးမေးလ်တွေပို့တဲ့အခါနဲ့ ကိုယ့်ရဲ့ အရင်းနှီးဆုံး ချစ်ရသူလေးဆီကို မေးလ်ပို့တဲ့အခါ မှာ ကိုယ့်ရဲ့ခံစားချက်ကို အဓိကထားဖော်ကျူးနိုင်မယ့် ရုပ်ပုံလေးတွေပါ တပါတည်း ပို့ပေးချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် လုပ်ဆောင်ချက်လေးဖြစ်ပါသည်။ ၀မ်းသာနေရင် ပြုံးနေတဲ့မျက်နှာ ၀မ်းနည်းနေရင်တော့ ကြေကွဲဝမ်းနည်းနေတဲ့ ပုံရိပ်လေးတွေပေါ့။ ဒီလိုလုပ်ဆောင် နိုင်ဖို့အတွက် ဂျီမေးလ်ရဲ့ Labs ထဲမှာ Extra email ဆိုတဲ့ လုပ်ဆောင်ချက်လေး ထည့်သွင်း ပေးထားပါတယ်။ ရောင်စုံလှုပ်ရှားနေတဲ့ ရုပ်ပုံလေးတွေကို ထည့်သွင်းနိုင် စေဖို့အတွက် Email extra ဆိုတာလေးကို Enable ပြုလုပ်ထားဖို့တော့ လိုပါတယ်။

Cloud ရဲ့ အကောင်းဆုံး အကျိုးကျေးဇူး (၁၀)ချက်

ရှေ့တစ်ပတ်က ဖော်ပြခဲ့တဲ့ Cloud Computing ဟုဆိုရာဝယ် ဆိုသည့် နည်းပညာစာစုလေး ကဏ္ဍ မှ အခန်းဆက် အဖြစ် Cloud ရဲ့ အကောင်းဆုံး အကျိုးကျေးဇူး (၁၀)ချက် ဖော်ပြပေး လိုက် ပါတယ်။


Cloud ကို ဘာကြောင့်အသုံးပြုရတာလဲ။  အသုံးပြုခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်ဆို တာ လူစိတ်ဝင်စားမှုအရှိဆုံးအကြောင်းအရာတစ်ခုပါပဲ။ Google နဲ့ Amazon တို့က သူတို့ရဲ့ Cloud Music Service ကို အကောင်အထည်ဖော်ခဲ့ပြီး မကြာမှီမှာပဲ Apple ကလည်း သူတို့ iCloud ကို စတင်မိတ်ဆက်ပေးခဲ့ ပါတယ်။ ဒါတွေဟာ Cloud ရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို ထောက်ပြနေတာဖြစ်ပါတယ်။ Cloud ကို အသုံးချခြင်းဟာ ကုန်ကျစရိတ် သက်သာစေတယ် ဆိုတာတော့ အများသိရှိနေလောက်ပြီဖြစ်ပါတယ်။ နောက်လက်ရှိအချိန်က Cloud ဟာ လွန်ခဲ့သော နှစ်အနည်းငယ်လောက်ကထက် ပိုမိုပြီး စွမ်းဆောင်ရည်မြင့်မား လာတယ်ဆိုတာက တော့ သေချာပါတယ်။ ဒီတော့လက်ရှိအကောင်းဆုံး အကျိုးကျေးဇူး ၁၀ ချက်ကို ရွေးထုတ်ကြည့် လိုက်ပါ မယ်။


 ၁။ ဖိုင်များ ဝေမျှခြင်း (File Sharing)


ဖိုင်တွေကို ဝေမျှခြင်းမှာ ယခင်အချိန်များက ဒုက္ခအတော်များခဲ့ကြပါတယ်။ များသောအားဖြင့် ရုံးလုပ်ငန်းတွေ မှာ များစွာလှသော ၀န်ထမ်းတွေက ဖိုင်တစ်ခုထဲကိုပဲ တစ်နေ့ထဲ တစ်ပတ်ထဲမှာ အကြိမ်ရေများစွာကို မျှဝေသုံးစွဲ နေရတဲ့အတွက် အချိန်နှောင့်နှေးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကို Cloud မှာ ဖြေရှင်းပေးထားပါတယ်။ သူ့မှာ Drop Box လို ပုံစံရှိပါတယ်။ ဖိုင်တစ်ခုကို ပစ်ထည့်လိုက်ပြီး sync လုပ်လိုက်တာနဲ့ ဒီဖိုင်ကို ကျန်လူအများကပါ တိုက်ရိုက်မျှဝေသုံး စွဲနိုင်ကြပြီဖြစ်ပါတယ်။ ဒါဟာများစွာလှသော ကော်ပီဖိုင်တွေကို တစ်ကြိမ်တစ်ခါပဲနဲ့ပြုလိုက် လိုက်ခြင်းလည်း ဖြစ်ပါတယ်။ အကြမ်းအားဖြင့် သတ်မှတ်ရရင်တော့ 2GB ဆိုတဲ့ သိုလှောင်မှု ပမာဏပေါ်မှာ လူအများဟာ မျှဝေသုံးစွဲနိုင်ကြမှာ ဖြစ်တာကြောင့် ပြင်ပ ဆာဗာတွေရဲ့ Infracstructure တွေကိုလည်း လျှော့ ချပေးနိုင်မှာ ဖြစ်ပါတယ်။