Saturday, July 9, 2011

Google + မှာရှိတဲ့ Facebook မလုပ်နိုင်သေးတဲ့ အရာ ၆ ခု

(၁) Photo, Link တွေကို ကိုယ် Share ချင်သူတွေကိုပဲ Share နိုင်တယ်


Google + ရဲ့ အထင်ကရ feature တစ်ခုက Circle ဖြစ်ပြီး သူက သင့်ရဲ့သူငယ်ချင်းတွေကို သင့်စိတ်ကြိုက် Circle တွေထဲ ထည့်ခွင့်ပြုပါတယ်။ ပြီးတော့ အဲဒီ Circle တွေမှာ ဘယ် Circle တွေက ဘယ်ပုံတွေ ကြည့်လို့ ရတယ်၊ ဘယ် post တွေပဲ ဖတ်ခွင့်ရှိတယ်ဆိုတာ လွယ်လွယ်ကူကူ ရွေးချယ်ပေးနိုင်ပါတယ်။ facebook မှာက အဲဒီလိုမျိုး မရှိပဲ သူငယ်ချင်းအုပ်စုတွေကို လွယ်လွယ်ကူကူ ခွဲခြားထားလို့မရပါဘူး။ facebookk ရဲ့ Group တွေ ကလည်း Fourm တွေနဲ့ ပိုတူပြီး ဘယ်သူမဆို ၀င်Join လို့ရတော့ သိပ်ပြီး သီးသန့်မဆန်ပါဘူး။ ဒါပေမယ့် သူက ကိုယ်နဲ့ကျောင်းတူ အလုပ်တူ သူငယ်ချင်းတွေနဲ့တွေ့ရဖို့ ပိုပြီး အခွင့်အလမ်းရှိပါတယ်။


 (၂) Video Chat ကို သုံးပြီး တိုက်ရိုက်စကားပြောလို့ရမယ်


Google + မှာ Hangout ဆိုတဲ့ လူအများကြီး တပြိုင်တည်း chat လို့ရတဲ့ feature ပါရှိပြီး facebook မှာတော့ သူနဲ့သူတာတောင် မရှိပါဘူး။ တကယ်တော့ လူမှုကွန်ရက် ထဲကို Video Chat ပေါင်းထည့်တာ အဓိပ္ပါယ်ရှိပါ တယ်။ ကျနော်တို့ဆီမှာတောင် facebook ထဲက သူငယ်ချင်းကို Gtalk နဲ့စကားပြောပြီး VZO ကနေ ရုပ်ကြည့် ပြီး Chat နေရသေးတာပဲ။ Google+ မှာ Video Chat ကို သိပ်မကောင်းတဲ့ connection တွေမှာတောင်မှ အလုပ်ဖြစ်အောင် စီစဉ်ထားတယ်လို့ သိရပြီး google calander စတာတွေကို သုံးပြီး အချိန်းအချက်တွေ ပြု လုပ်နိုင်ပါတယ်။ အဲဒါကြောင့် ပါတီပွဲတို့၊ ခရီး အတူတူသွားဖို့ စီစဉ်ချင်သူတွေအတွက် သူငယ်ချင်း ၁၀ ယောက် အထိ chat ပြီး အလွယ်တကူ စီစဉ်နိုင်ပါပြီ။


 (၃) သူငယ်ချင်းတွေနဲ့ အတူတူ Youtube ကြည့်မယ်


Hangout နဲ့ နောက်ထပ် အရမ်းကောင်းတဲ့ Feature တစ်ခုကတော့ Youtube ဗွီဒီယိုတွေကို သူငယ်ချင်းတွေနဲ့ အတူတူ ကြည့်နိုင်တာပါပဲ။ ဗွီဒီယို တခုတည်းကို အတူတူကြည့်နေရင်း တချိန်တည်းမှာပဲ video chat လို့ ရပါ တယ်။ လူတိုင်းက ဗွီဒီယို ကို pause တို့ resume တို့လုပ်လို့ရပြီး ဖွင့်လို့လည်းရပါတယ်။ ဗွီဒီယို စတာနဲ့ Chat က အသံပိတ်သွားမှာ ဖြစ်ပြီး စကားပြောချင်ရင် ခလုတ်ကို ဖိထားမှ ပြောလို့ရမှာပါ။ ပြန်လွှတ်လိုက်ရင် အသံပြန် ပိတ်သွားပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ Youtube တခုပဲရသေးပြီး နေက်ပိုင်းမှာ တခြား ဗွီဒီယို site တွေ ရလာပါလိမ့်မယ်။


 (၄) သင်စိတ်ဝင်စားတဲ့အပေါ် မူတည်ပြီး ရလဒ်တွေ ထုတ်ပေးမယ်


Google+ ရဲ့ နောက်ထပ် စိတ်ကူးသစ်တစ်ခုက သင်စိတ်ဝင်စားတဲ့ ခေါင်းစဉ်တစ်ခုရဲ့ အကြောင်းအရာ အသေး စိတ်ကို ဘလော့ဂ်တွေ ဆောင်းပါတွေ၊ ၀က်ဘ်ဆိုဒ်တွေ ပေါင်းစုံကနေ ယူလာပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Google က အဲဒါကို spark လို့ ခေါ်ပြီး သူ့ရဲ့ Search လို မဟုတ်ပဲ  ရလဒ်တွေကို ဖျော်ဖြေရေးဆန်ဆန် တင်ပြ ပေးသွားမှာပါ။ Facebook မှာ သင်က ပစ္စည်း ဒါမှမဟုတ် နေရာတစ်ခုခု ကို Like လုပ်လိုက်ရင် သူလုပ်နိုင်တာ က သက်ဆိုင်တယ်လို့ ထင်ရတဲ့ ကြော်ငြာတွေ ပြပေးရုံပါပဲ။ (Gmail မှာလည်း ဒီလိုပါပဲ) ဒါပေမယ့် google + မှာက Web တခုလုံးကနေ အရေးပါတယ်လို့ ထင်ရတဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကို စုစည်းဖော်ပြ ပေးမှာ ဖြစ်ပြီး အဲဒီထဲကမှ သင်ကြိုက်တာတွေ့ရှု ထပ်ပြီး share လုပ်နိုင်ပါသေးတယ်။


 (၅) ဓါတ်ပုံတွေကို ချက်ချင်း upload လုပ်ပြီး နောက်မှ Share မယ်


Google + Mobile မှာ Auto Upload ဆိုတဲ့ feature တစ်ခု ပါလာမှာ ဖြစ်ပြီး သူ့မှာ ကိုယ်ပိုင် camera software တစ်ခုပါလာမှာ ဖြစ်ပြီး ဓါတ်ပုံရိုက်လိုက်ရင် ရိုက်လိုက်တဲ့ပုံကို ချက်ချင်းဖြစ်တဲ့နည်းနဲ့ google + ဆီ upload လုပ်လိုက်မှာပါ။ ဒါပေမယ့် သူက အဲဒါကို ချက်ချင်းကြီး share မလုပ်သေးဘဲ နောက်မှ စိတ်ကြိုက် ဘယ်သူတွေနဲ့ share လုပ်ချင်သလဲဆိုတာ ရွေးချယ်ပေးလို့ရပါတယ်။ ဓါတ်ပုံတွေကို အဲ့ဒီလို share ခွင့်ပေး ထားတော့ facebook မှာလို ရိုက်သမျှ ပုံတွေကို အလိုလို share လုပ်လိုက်ပြီး သင်မမြင်စေချင်တဲ့ ပုံတွေ ပါသွားမှာ မစိုးရိမ်ရတော့ပါဘူး။


 (၆) Quit


သင့်ရဲ့ facebook account ကို ဖျက်ဖို့ကြိုးစားဖူးပါသလား။ အဲဒီ option က တော်ရုံတန်ရုံရှာလို့ မတွေ့နိုင် အောင် ဖွက်ထားပါတယ်။ Account ကို ပိတ်တာက လွယ်ပေမယ့် သင်မသိဘဲ သင့်သူငယ်ချင်းတွေက Invit လုပ် ဓါတ်ပုံတွေကို tag လုပ်ရတုန်းပါပဲ။ Google + ကတော့ သင့်ရဲ့ Account ကို လွယ်လွယ်ကူကူ ဖျက်ခွင့် ပေးမှာ ဖြစ်ပြီး facebook လိုပဲ account ပျက်ရင် သင်တင်ခဲ့သမျှ အရာအားလုံးကို တစုတစည်းထဲ download လုပ်ခွင့်ပေးပါလိမ့်မယ်။

No comments:

Post a Comment