Saturday, July 9, 2011

Google + နှင့် ပတ်သက်ပြီး သင်သိသင့်သမျှ

Google က လူမှုကွန်ရက် နဲ့ ပတ်သက်ပြီး စီမံကိန်းအသစ်တစ်ခုကို ပြီးခဲ့တဲ့ အပတ်က ကြေငြာခဲ့ပါတယ်။ အဲဒီ စီမံကိန်းက တော်တော်လေး ရည်မှန်းချက်ကြီးပါတယ်။ အဲဒါကတော့ Google+ (Google Plus) ဆိုတဲ့ ၀န် ဆောင်မှု အသစ်တစ်ခုပဲ ဖြစ်ပြီး လောလောဆယ်မှာတော့ ရုံးတွင်း စမ်းသပ် ဆဲအဆင့်သာ ရှိပါသေးတယ်။ အခု ကျနော်တို့စောင့်ကြည့်ရမှာကတော့ အားလုံးက စိတ်ဝင်စားနေကြတဲ့ Facebook, Twitter စတဲ့ လူမှုကွန်ရက် ၀န်ဆောင်မှုတွေကို အလဲထိုးနိုင်မှာလားဆိုတဲ့ ခန့်မှန်းချက်တွေကိုပါ တင်ဆက်ပေးလိုက်ပါတယ်။


 Google+ဆိုတာ ဘာလဲ


အဓိကအားဖြင့် Google+ ဆိုတာကတော့ Mobile နဲ့ Web ပေါ်က လူမှုကွန်ရက်ကို ပြန်လည်ဆန်းသစ်မှု တစ်ခုပဲ ဖြစ်ပါတယ်။ Google+ ကို အဓိက မျှဝေခြင်းအပေါ် အခြေခံထားတာဖြစ်ပြီး Website Link တွေ ဓါတ်ပုံတွေသာမက ဗွီဒီယိုတွေ သတင်းအချက်အလက်ပေါင်းစုံအထိ ဝေမျှနိုင်ဖို့ရည်ရွယ်ထားပါတယ်။ Google ရဲ့ Senior Vice President of Engineering – Vic Gundotra အဆိုအရ google+ ရဲ့Sharing ပုံစံက တကယ့် အပြင်မှာလိုပဲဖြစ်အောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ လူတွေဟာ သတင်းအချက်အလက်တွေကို မျှဝေခြင်း လုပ်ချင်တဲ့အခါမှာ လူတိုင်းနဲ့တပုံစံတည်း မျှဝေချင်ကြတာမဟုတ်ပဲ ကိုယ့်သူငယ်ချင်းတစ်ယောက် ချင်း၊ ဒါမှမဟုတ် အုပ်စုလိုက်ပေါ် မူတည်ပြီး မျှဝေချင်ကြမှာပါ။ Google+ ကို စတင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ဘ၀ထဲက လူတွေနဲ့ ပိုကောင်းတဲ့နည်းလမ်းတွေသုံးပြီး ချိတ်ဆက်နိုင်ဖို့ပါပဲ”လို့ ပြောသွားပါတယ်။


 Google + ထဲမှာ ဘာတွေပါလဲ


Google + က တကယ်တမ်းတော့ ၀န်ဆောင်မှု အသေးလေးတွေ စုပေါင်းထားတာဖြစ်ပြီး လောလောဆယ်မှာ တော့ အဓိက ၀န်ဆောင်မှု လေးခုရှိပါတယ်။ သင့်ရဲ့ Google Account ထဲမှာ Gmail, Reader, office စတဲ့ ၀န်ဆောင်မှုလေးတွေ စုပေါင်းထားသလိုမျိုးပေါ့။ Google+ ရဲ့ အဓိက ၀န်ဆောင်မှု လေးခုက Circles, Stream (Home), Hangouts နဲ့ Sparks တို့ပါပဲ။ ဒါပေမယ့် သင် ဘာမှ မလုပ်နိုင်ခင်မှာပဲ အရမ်းကို အသေးစိတ်ကျတဲ့ Profile တစ်ခုကို ဖြည့်ရပါတယ်။ အဲဒီမှာတင် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို Google က အလေးထား ကြောင်း ပြသထားပါတယ်။ သင်ဘာပဲဖြည့်ဖြည့် အကွက်တိုင်းရဲ့ဘေးမှာ ဘယ်သူတွေနဲ့ Share မလဲ ဆိုတာ ရွေးချယ်ပေးလို့ရပါတယ်။ သင့်မှာ Google Account ရှိပြီးသား ဖြစ်ခဲ့ရင် အဲဒီထဲက information တွေကို လွှဲ ပေးလိုက်လို့ရပါတယ်။ ပြီးတော့ Profile ကို ရုံးသုံးနဲ့ ကိုယ်ရေးကိုယ်တာဆိုပြီး ခွဲထားလို့ရပြီး Profile တွေထဲကို Google Map စတဲ့ အခြား Google ရဲ့ ၀န်ဆောင်မှုတွေထဲက အချက်အလက် (data) တွေကို ပေါင်းထည့်ပေး လို့ ရပါသေးတယ်။


 Circles


Google + ကို သုံးဖို့အတွက် သင်က Circle လို့ခေါ်တဲ့ အုပ်စုလေးတွေကို သတ်မှတ်ပေးရပါမယ်။ Friend, Family, Acquaintances နဲ့ Following ဆိုပြီး Circle လေးခုကို ကြိုတင်လုပ်ထားပေမယ့် သင်ကြိုက်သ လောက်ထပ်လုပ်နိုင်ပြီ။ Circle တွေမှာ လူအကန့်အသတ်မရှိပါဘူး။ ကျန်တဲ့ Circle သုံးခုက ရှင်းပေမယ့် Following ဆိုတဲ့ Circle ကတော့ သင်သူတို့နဲ့ တိုက်ရိုက် မဆက်ဆံချင်ပေမယ့် သူတို့ဘာတွေလုပ်နေလဲ ဆို တာကို သိချင်တဲ့သူတွေအတွက်ပါပဲ။ Circle က Facebook ရဲ့ အဓိကပြဿနာကြီးဖြစ်တဲ့ သူငယ်ချင်းတွေကို ဘယ်လိုမှ ခွဲခြားလို့မရဘဲ အုပ်စုကြီးတစ်ခုထဲ ပေါင်းထည့်ထားတာကို ဖြေရှင်းထားပုံ ပေါ်ပါတယ်။ သူငယ်ချင်း တွေကို Circle ထဲ ထည့်ရတာ အရမ်းလွယ်ပြီး နာမည်ရိုက်ထည့်၊ ဒါမှမဟုတ် သူတို့ပုံကို Circle ထဲ ဆွဲထည့် လိုက်ရုံနဲ့ပြီးပါတယ်။ ဒါပေမယ့် အခု စမ်းသပ်ဆဲကာလမှတော့ ပြဿနာတွေအများကြီး ရှိပါသေးတယ်။ အီးမေလ်တွေအများကြီးရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို Drag ဆွဲထည့်လိုက်တာ ချက်ချင်းအလုပ်မလုပ်ပါဘူး၊ နောက်ပြီး Circle တွေက တစ်ယောက်ချင်းစီ သီးသန့်ရှိရမှာဖြစ်ပေမယ့် အခု Circle တွေက သွားသွားပူးပြီး ပြဿနာတွေ တက်တက်လာပါတယ်။ ဒါပေမယ့် Google + က ရုံးတွင်းစမ်းသပ်ဆဲ ကာလမှာသာ ရှိသေးလို့ အပြစ်ပြောလို့မရဘဲ စောင့်ကြည်ရပါဦးမယ်။


 Stream


Stream က Facebook ရဲ့ Wall လိုပဲဖြစ်ပြီး သင့်ရဲ့ comment တွေ၊ ဓါတ်ပုံတွေ အဓိက share တဲ့ နေရာပါပဲ၊ ဒါပေမယ့် သူက facebook wall ထက် အလုပ်ပိုများပြီး comment တွေသာမက ဖိတ်စာတွေ တခြား ၀န် ဆောင်မှုတွေက အကြောင်းကြားစာတွေ တခြား Google + Service နှစ်ခုဖြစ်တဲ့ Hangout နဲ့ Mobile တို့က အချက်အလက်တွေကိုပါ ဖော်ပြပေးထားမှာပါ။ Wall နဲ့မတူတာက stream မှာ version တွေ အများကြီးရှိပြီး သင်သိချင်တဲ့ အချက်အလက်တွေကို အလွယ်တကူပဲ ရွေးချယ်နိုင်ပြီး ၀င်လာတဲ့ သတင်းတွေကိုလည်း ကန့်သတ်ထားလို့ ရပါတယ်။ ဥပမာ - ကိုယ့်ရဲ့ Circle တစ်ခုချင်းစီရဲ့ Stream တွေကြည့်မလား၊ အလုပ်နဲ့ဆိုင် တဲ့ Stream တွေပဲ ကြည့်မလားဆိုပြီး ရွေးချယ်လို့ရပါတယ်။ Google + ရဲ့ Home က Stream ပဲဖြစ်လို့ သူ့ မှာ သီးသန့် Icon မရှိပါဘူး။ Stream က လောလောဆယ်မှာတော့ Feature တွေ မစုံလင်သေးဘဲ comment တွေ ကလည်း နေရာအရမ်းယူလို့ အရမ်းများလာရင် မျက်စိရှုပ်သွားပါတယ်။


 Hangouts


Hangouts ဆိုတာကတော့ Google ရဲ့ Voice Chat ကို သုံးပြီး အုပ်စုလိုက် Chat ကြတာဖြစ်ပြီး facebook သုံး ပြီး အုပ်စုလိုက် Chat ကြတာဖြစ်ပြီး Facebook သုံးတဲ့သူတွေကို ဆွဲဆောင်နိုင်မယ့် အဓိက feature တစ်ခု ဖြစ် လာနိုင်ပါတယ်။ Google ရဲ့ အဆိုအရ ဘယ်သူမဆို Hangout ကို သုံးလို့ရပြီး ဖွင့်လိုက်တာနဲ့ Stream ထဲမှာ ပေါ်လာမှာပါ။ လူ ၁၀ ယောက်အထိ တပြိုင်တည်း chat လို့ရပြီး ဗွီဒီယို အရည်အသွေးကတော့ connection ပေါ်မူတည်ပါလိမ့်မယ်။ ဒါပေမယ့်သူက အသံကို ဦးစားပေးထားတာကြောင့် ရုပ်ကိုကောင်းကောင်း မမြင်နိုင်ရင် တောင်မှ အသံကိုတော့ ကောင်းကောင်းကြားရပါလိမ့်မယ်။ နောက်ပြီး အုပ်စုလိုက် chat တဲ့ feature တွေ ထပ် ထည့်ပေးမယ်လို့ ဆိုထားပြီး Hangout ကို Google က တော်တော်လေး မျှော်လင့်ထားပါတယ်။


 Sparks


သင်စိတ်ဝင်စားတဲ့ အကြောင်းအရာခေါင်းစဉ်တခုခုမှာ ထူးခြားပြီဆိုတာနဲ့ သင့်ကို အကြောင်းကြားမှာပါ။ ဥပမာ - ရုပ်ရှင်တစ်ခု၊ ဂိမ်းတခုအကြောင်းပဲဖြစ်ဖြစ်၊ သတင်းစာခေါင်းစဉ်တစ်ခုပဲဖြစ်ဖြစ် web ပေါ်မှာ သတင်းသစ်တွေ ရှိလာပြီဆိုတာနဲ့သင့်ကို အနှောင့်အယှက်မဖြစ်စေတဲ့ ပုံစံနဲ့အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။ သူကြိုတင် သတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်တွေ (ဥပမာ - car, comic)တွေရှိသလို ကိုယ့်စိတ်ကြိုက် ထပ်ထည့်ပေးလို့ ရပါ တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အဲဒါက google alert လောက်တောင် သုံးလို့ မကောင်းသေးပါဘူး၊ တကယ်တော့ သူက spark ကို အရမ်းအဆင့်မြှင့်တဲ့ google search နဲ့ တွဲပေးလိုက်သင့်ပါတယ်။ ဒါပေမယ့် လည်း ဒါက အခုမှ အစပဲရှိသေးတာဆိုတော့ မျှော်လင့်ချက် ရှိပါသေးတယ်။


 Google + Mobile and Photo


Google + App လက်ရှိ Mobile OS တွေ အားလုံးအတွက် ထွက်လာမှာဖြစ်ပြီး လောလောဆယ်မှာတော့ Android Version ပဲရပါသေးတယ်။ Google + App ကို သုံးပြီး ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို upload လုပ်ရင် ချက်ချင်းကြီး Share လုပ်ရမှာ မဟုတ်သေးပဲ သင့်ရဲ့ ကိုယ်ပိုင်သိမ်းစရာနေရာထဲကို ရောက်သွားမှာပါ။ ပြီးမှ သင့်စိတ်ကြိုက် ဘယ်ပုံကို ဘယ် circle နဲ့ Share လုပ်မလဲ စသဖြင့် အလွယ်တကူ ရွေးချယ်ပေးလို့ရပါတယ်။ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို အကန့်အသတ်မရှိပဲ ကြိုက်သလောက်တင်လို့ရပြီး ဗွီဒီယိုကတော့ အကြာဆုံး ၁၅ မိနစ်ပဲရှိရပါမယ်။ နောက်ပြီး picassa နဲ့ ချိတ်ပြီးတော့လည်း ဓါတ်ပုံတွေ share လို့ ရပါသေးတယ်။ ပြီးတော့ Huddle ဆိုတဲ့ အုပ်စုလိုက် chat တဲ့ feature တစ်ခုလည်း ပါပါသေးတယ်။ သူက Blackberry messenger လို ပဲ သူငယ်ချင်းတွေ အုပ်စုဖွဲ့လိုက်ပြီး ၀ိုင်း chat တာပါပဲ။ ဥပမာ - နေ့လည်စာ ဘယ်မှာသွားစားရင် ကောင်းမလဲ ဆိုတာမျိုးပေါ့။ (Skyrider itzen journal)


 သင့်ရဲ့ အချက်အလက်တွေအတွက် google ကို ယုံကြည်ရပါ့မလား


ဒီပြဿနာက တော်တော်ကြီးပါတယ်။ လူတွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး facebook အပေါ် အစာမကြေ ဖြစ် နေတာ google က သိထားပါတယ်။ google ရဲ့ blog တစ်ခုထဲမှာ ပြောထားတာက “သင်နဲ့ တခြား ဘီလီယံ နဲ့ ချီတဲ့ လူတွေ google အပေါ်ထားတဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါ’’တဲ့။ ဒါပေမယ့်လည်းပဲ google ရဲ့ အရင်တုန်းက ထွက်ခဲ့တဲ့ Buzz ကို ကြည့်ရင် တကိုယ်ရေလွတ်လပ်ခွင့်ကို သိပ်အလေးမထားတာကို တွေ့ရမှာ ပါ။ ဒါကြောင့် သင့်ရဲ့ အချက်အလက်တွေကို Google ဆီမှာ ယုံကြည်စိတ်ချစွာထားနိုင်သလားဆိုရင် မသေချာ ဘူးလို့ပဲ ဖြေရမှာပါ။


 Google + ဘယ်တော့ထွက်မလဲ


Google + ကတော့ လောလောဆယ်မှာတော့ invite-only အဆင့်မှာပဲရှိသေးပြီး လူတွေကို သုံးခွင့် မပေး သေးပါဘူး။ အဲဒါကြောင့် sign up လုပ်ပြီး သင့်အလှည့်ကို စောင့်နေရုံပဲ ရှိပါတယ်။ ဘယ်လောက်ကြာမယ် ဆို တာကတော့ ဘယ်သူမှ မသိပါဘူး။ သေချာတာတစ်ခုကတော့ google က လူမှုကွန်ရက်လောကကို အင်နဲ့ အားနဲ့ ၀င်လာတာဖြစ်ပြီး အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ လှုပ်ခတ်မှုတစ်ခုတော့ ဖြစ်သွားပါ လိမ့်မယ်။

No comments:

Post a Comment