Saturday, July 9, 2011

ဒီတစ်ခါတော့ Gmail ကို ဘယ်လို Control Your Sending မလဲ နှင့် အခြားသိမှတ်ဖွယ်ရာများ

ရှေ့အပတ်က ဖော်ပြခဲ့တဲ့ https://zawhlainghtun.wordpress.com/2011/07/04/50-gmail-tips-tricks/#more-1590 Gmail TIPS and TRICKS နည်းပညာစာစုလေးရဲ့ နောက်ဆက်တွဲ အကြောင်းအရာလေးတွေပါ။


Control Your Sending


Stop sent message being delivered


သူငယ်ချင်းတစ်ယောက်၊ မိတ်ဆွေတစ်ယောက်ဆီကို Message တွေမှားယွင်းပို့လိုက်မိတဲ့အတွက် စိတ် ထိခိုက် ၀မ်းနည်းနေတယ်ဆိုရင်တော့ ဒါဟာ ဂျီမေးလ်းရဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို မသိသေးလို့ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဂျီမေးလ်ရဲ့ ၀န်ဆောင်မှုတွေထဲမှာ ပို့ပြီးသားမေးလ်တွေကို ရပ်ပစ်လိုက်လို့ရတဲ့ လုပ် ဆောင်ချက်တစ်ခု ပါဝင်ပါတယ်။ Undo ဆိုတာလေးဖြစ်ပြီး သင့်အတွက် မေးလ်မှားပို့လိုက်လို့ ဖြစ်ပေါ်လာမယ့် ထိတ်လန့်မှုအတွက် ဖြေဖျောက်ပေးနိုင်ပါလိမ့်မယ်။ ၁၀စက္ကန့်အတွင်းသာ လုပ်ဆောင်နိုင်မယ်ဆိုတာကို သိထား ဖို့လိုပါတယ်။ ဒါပေမယ့် Time ကိုတော့ ပြောင်းပေးနိုင်ပါလိမ့်မယ်။


 Send automatic replies


သင့်ဂျီမေးလ်ကိုအသုံးမပြုတဲ့အချိန်မှာလည်း သူငယ်ချင်းတွေကို သတိတရနဲ့ စာပြန်ပေးလို့ရပါတယ်။ ချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတစ်ယောက် အင်တာနက်ကို အသုံးပြုမယ့်အချိန်နဲ့ကိုက်ညီပြီး သင့်ရဲ့ မတ်ဆေ့ခ်ျတွေကို ရောက်သွားအောင် ပြုလုပ်ထားလို့ရပါတယ်။ Compose mail ကနေ တဆင့် သင်ပို့ပေးစေချင်တဲ့ စာသားတွေ ကို အရင်ဦးဆုံး ၀င်ရောက်ရေးထားထားလိုက်ပါ။ နောက်တဆင့် အနေနဲ့ menu bar ပေါ်မှာရှိတဲ့ canned reponse ကို ကလစ်နှိပ်ပြီး new canned response ကို ရွေးချယ်ပေးလိုက်ပါ။ တခုသတိထားရမှာက သင်ပို့ ပေးချင်တဲ့ သူငယ်ချင်းရဲ့နာမည်ကို ရွေးပေးထားလိုက်ပါ။ ဘယ်လောက်ကောင်းလဲဆိုရင် စမ်းသုံးကြည့်မှသာ သိပါလိမ့်မယ်။


 Send email from another address


သင့်မှာ ဂျီမေးလ် account နှစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုပါစို့။ ဥပမာဆိုရင် မောင်မောင်ဆိုတဲ့နာမည်နဲ့တမျိုး အောင်အောင်ဆိုတဲ့ နာမည်နဲ့တမျိုး နှစ်ခုပိုင်ဆိုင် ထားတယ်ဆိုရင် ဒီလိုရှိထားခြင်းအားဖြင့် သင့်မှာ အခွင့်အ လမ်းများစွာရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဂျီမေးလ်းရဲ့ နောက်ထပ် ပေးထားတဲ့နည်းလမ်း အရ မောင်မောင်ဆိုတဲ့ account ကို ရောက်လာသမျှ မတ်ဆေ့ခ်ျတိုင်းကို အောင်အောင်ဆိုတဲ့ account ကို အလိုအလျောက် ရောက်လာ အောင်ပြုလုပ်ထားလို့ရတဲ့  အတွက်ကြောင့်ပါပဲ။


 Pause sending emails you might regret


စိတ်ညစ်ဖွယ်၊ စိတ်ကုန်ဖွယ် သင်ပို့လိုက်မိတဲ့ ဂျီမေးလ်တွေကို အချိန်မီတားဆီးလို့ရပါတယ်။ လူတစ်ယောက် ဟာ အမြဲတမ်းလန်းဆန်းတက်ကြွတဲ့ အချိန်တွေကို တွေ့ကြုံနေရတာ မဟုတ်ပါဘူး။ စိတ်ညဉ်းညူစရာအချိန် တွေကိုလည်း တွေ့ကြုံရပါတယ်။ တခါတရံမှာ အရမ်းပင်ပန်းလို့ပဲ ဖြစ်ဖြစ် ခေါင်းမထောင်နိုင်လောက်အောင် အရက်တွေသောက်ထားတဲ့အချိန်တွေမှာ တချို့ မတ်ဆေ့ခ်ျတွေကို မှားယွင်းပြီး ပို့လိုက်မိသွားပါလိမ့်မယ်။ သင့် အတွက် နောက်ထပ် အဖော်မွန်ကောင်းအနေနဲ့ နေမယ့်လုပ်ဆောင်ချက်ကောင်းတခုမို့ စမ်းသပ်လိုက်ပါဦး။


 Send an empty message


တခါတရံမှာတော့ သင်ဟာ အရမ်းအရေးကြီးတဲ့ ကိစ္စတွေအတွက် စာသား မတ်ဆေ့ခ်ျတွေကို ပေးပို့တဲ့အခါ ဂျီမေးလ်ရဲ့ subject နေရာမှာသာ စာသားတွေထည့်ပြီးတော့ Send ကို ကလစ်နှိပ်မိပါလိမ့်မယ်။ ဒါဟာ မှား ယွင်းမှု တစ်ခုပါပဲ။ သင်သတိမထားမိလို့ဖြစ်သွားတဲ့ အမှားအတွက် ဂျီမေးလ်က ၀င်ရောက်ဖြေရှင်းပေးပါလိမ့် မယ်။ နည်းကတော့ သင်ဘာကြောင့် အဆုံးစာသားတွေ မထည့်လိုက်တာလဲဆိုတာကို လှမ်းသတိပေးတဲ့ နည်း လမ်းပဲဖြစ်ပါတယ်။


 Write email in a separate window


ဂျီမေးလ်မှာ ကျနော်တို့ မသိသေးဘဲ ကွယ်ဖျောက်ထားတဲ့ အသုံးဝင်လုပ်ငန်းဆောင်တာတွေ အတော်များများ ရှိပါတယ်။ မေးလ်တွေပို့တဲ့အခါမှာ အသုံးပြုရတဲ့ Compose mail ကိုသာကြည့်ပါ။ ကျနော်တို့အတွက် အသွင် မတူတဲ့ပုံစံနဲ့ နောက်ထပ် ၀င်းဒိုးတစ်ခု ပေါ်ထွက်လာသလိုပြုလုပ်ပေးထားတဲ့အတွက်ပဲ ဖြစ်ပါတယ်။ Chrome Browser မှာ ပိုမိုသိသာလွန်းပြီး အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ သူ့ထမြှာ ပါရှိနေသေးတာကို တစ်သီး တစ်သန့်ဖော်ပြထားသလိုပါပဲ။


 Read and Write Message offline


ဂျီမေးလ်ဟာ သင့်အတွက် ဘယ်လောက်တောင် အသုံးဝင်သလဲဆိုရင် အင်တာနက်ကွန်နက်ရှန် မရှိတဲ့အချိန် မှာတောင် access ပြုလုပ်နိုင်စေဖို့အတွက် အထောက်အပံ့ပေးထားတဲ့ အထိပါပဲ။ offline ဂျီမေးလ်သုံးရတယ် ဆိုတာ တကယ်ကိုပဲ ဆရာကျလွန်းတယ်လို့တောင် ယူဆနိုင်ပါတယ်။ ဂျီမေးလ်ရဲ့ setting ထဲကို ၀င်ရောက် သွားလိုက်ပါ။ offline Tab ကို ကလစ်နှိပ်ပြီး Enable offline အသုံးပြုအတွက် အရမ်းကြီးမားတဲ့ attachement ဖိုင်တွေကိုတော့ ပို့ပေးနိုင်မှာ မဟုတ်ပါဘူး။


 Make sure you’ve got the right recipient


ဂျီမေးလ်ရဲ့ Labs မှာပဲ နောက်ထပ်ပါဝင်လာတဲ့ လုပ်ဆောင်ချက်ကောင်းလေးပဲဖြစ်ပါတယ်။ Got the wrong Bob? ဆိုတာလေးပဲ ဖြစ်ပါတယ်။ သင်ဟာ မေးလ်တွေကို လက်ခံရရှိသူတစ်ယောက်အနေနဲ့ မှန်ကန်တိကျတဲ့ သူငယ်ချင်းတွေဆီက မေးလ်တွေကို တွေ့မြင်ချင်မိမှာ အမှန်ပါပဲ။


 Ensure everyone gets included


ဂျီမေးလ်ရဲ့ Labs မှာ အသစ်ပါဝင်လာတဲ့ Don’t forget Bob ဆိုတဲ့ လုပ်ဆောင်ချက်လေးပဲဖြစ်ပါတယ်။ သင့် အတွက် ဂျီမေးလ်မှာ မဖြစ်သင့်တာတွေကို မဖြစ်ရအောင် ကာကွယ်ပေးမယ့် နည်းလမ်းပဲဖြစ်ပါတယ်။ ဂျီမေးလ် မှာရှိနေတဲ့ သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေအောင် ပြုလုပ်ပေးပါလိမ့်မယ်။


 Customize Gmail


Apply Different themes


ဂျီမေးလ်ရဲ့ အပြင်အဆင်ကို ဒီထက်ပိုမိုလန်းသွားတာကို မေးလ်အသုံးပြုသူတိုင်း မြင်ချင်မိကြလိမ့်မယ်ထင် တယ်။ ဂျီမေးလ်ရဲ့ အပြင်အဆင်ကို စိတ်ကြိုက်ပုံစံတွေနဲ့ ပြင်ဆင်သတ်မှတ်ထားနိုင်ဖို့အတွက် Setting ထဲကို သာ ၀င်ရောက်လိုက်ပါ။ Themes ဆိုတဲ့နေရာကနေ ကြိုက်နှစ်သက်တဲ့ ပုံစံတစ်ခုပေါ်ကလစ်တချက်နှိပ် Apply လုပ်လိုက်တာနဲ့ လှပတဲ့အပြင်အဆင်လေးတစ်ခု သင့်ဂျီမေးလ်ရဲ့ နောက်ခံဒီဇိုင်းအနေနဲ့ဖြစ်ပေါ်လာပါလိမ့် မယ်။ တကယ်လို့ အသစ်လုပ်လိုက်တဲ့ ဒီဇိုင်းလေးကို မကြိုက်တော့ဘူးဆိုရင်လည်း နောက်ထပ်ပုံစံတစ်ခုကို ထပ်မံပြောင်းလဲနိုင်ဦးမှာ ဖြစ်ပါတယ်။


 Switch to basic HTML View


တခါတရံအင်တာနက် ကွန်နက်ရှန်မကောင်းတဲ့ အချိန်တွေမှာ ပုံမှန်ကြည့်နိုင်ဖို့ ခက်ခဲပါတယ်။ အဲဒီအခါမှာ ဒီ လုပ်ဆောင်ချက်လေးက သင့်ကို မေးလ်တွေ ဖွင့်ဖတ်နိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဂျီမေးလ်ရဲ့ အောက် ဆုံးနားမှာရှိနေတဲ့ HTML View အနေနဲ့ ကြည့်နိုင်ဖို့အတွက် တခုစီစဉ်ပေးထားပါတယ်။ Basic HTML ကို ကလစ်နှိပ်လိုက်ပါ။ သင့်အတွက်အဆင်ပြေစွာနဲ့ ဂျီမေးလ်ကို အသုံးပြုနိုင်ပါလိ့မ်မယ်။


 Create a To-do List


ဂျီမေးလ်မှာ ပါဝင်ထားတဲ့ လုပ်ဆောင်ချက်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ တကယ်တမ်း ဂျီမေးလ်ကိုသာ သေချာနားလည်သွားမယ်ဆိုရင် မေးလ်အသုံး ပြုနေရတဲ့ အချိန်တွေဟာ ပျော်စရာအချိန်တွေဖြစ်လာပါလိ့မ် မယ်။ မဖြစ်မနေနဲ့ အဓိကထားလုပ်ဆောင်ထားသင့်တဲ့ To- do list ကို ပြုလုပ်ထားလိုက်ပါ။ အသေချာဆုံး သော လုပ်ဆောင်ချက်တွေ အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဂျီမေးလ်ရဲ့ လုပ်ဆောင်ချက်တစ်ခုမို့ စမ်းသပ် သုံးစွဲကြည့်လိုက်ပါဦး။


 Search google docs from gmail


ယခုအခါတွင် ဂျီမေးလ်၌ တော်တန်ရုံအရွယ်အစားရှိသော ဖိုင်များကို အလွယ်တကူပေးပို့နိုင်ပြီဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်စေရေးအတွက် ဂျီမေးလ်တွင် Sign in ၀င်ရောက်ပြီးသော အခါ Google DOCS (https://docs.google.com) ကို ၀င်ရောက်လိုက်ရုံသာဖြစ်သည်။ ထိုသို့ ၀င်ရောက်ပြီးသည်နှင့် DOCS ဖိုင်များ ကို ရှာဖွေနိုင်၊ ဖွင့်ဖတ်နိုင်အောင် ပြုလုပ်ထားနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ Search Mail and DOCS လုပ်ဆောင်ချက်ကို Enable ပြုလုပ်ထားရပါမယ်။


 Turn off Labs Features


တကယ်သော ဂျီမေးလ် Labs ဟာ ကျနော်တို့အတွက် မဖြစ်မနေစမ်းသပ်အသုံးပြုသင့်တာတွေကိုသာ ပေးအပ် ထားတဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ တခါတလေမှာ တော့ တခြားဝန်ဆောင်မှုတွေဟာ သူကောင်းတယ် ကိုယ်ကောင်းတယ်ဆိုပြီး ငြင်းခုံခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာတွေ ဘယ်လိုတိုးတက် လာခဲ့တယ်လို့ဆိုဆို Gmail Labs ကတော့ မေးလ်သုံးစွဲသူတိုင်းအတွက် မစွန့်ခွါသင့်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ပါပဲ။


 Use gmail as an MP3 player


ဂျီမေးလ်ဟာ သုံးစွဲတတ်သူတွေအတွက်ဆိုရင် အမှန်တကယ်အသုံးဝင်အရာရောက်တဲ့ နေရာလေးတစ်ခု အဖြစ် သတ်မှတ်ထားကြပါတယ်။ 7.5GB အထိသိမ်းဆည်း ထားနိုင်မယ်ဆိုတာ အရမ်းကို ကောင်းလွန်းတဲ့ နေရာ လေးတစ်ခုပါပဲ။ အခုအဲဒီ ဂျီမေးလ်ကိုပဲ သီချင်းတွေသိုလှောင်သိမ်းဆည်းထားစရာ ပြန်လည်နားဆင်ချင်တဲ့ အခါတွေမှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၀န်ဆောင်မှုကောင်းတစ်ခုဖြစ်တဲ့အတွက် စမ်းသပ်သုံးစွဲကြည့်သင့်ပါ တယ်။ နည်းလမ်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ကိုယ်တင်လိုက်တဲ့ သီချင်းဖိုင်လေးကိုပဲ Play ဒါမှမဟုတ် Download ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။


 Turn off Conversation view


ဂျီမေးလ်းမှာ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဆိုရတာကို နှစ်သက်တဲ့သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တောင် တခါတလေသင်နဲ့ မသိတဲ့သူတွေနဲ့ ပြောဆိုဆက်ဆံမိ တဲ့အခါကျရင် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါ တယ်။ အဲဒီအတွက် သူငယ်ချင်းတွေနဲ့ (Group ထဲမှာရှိနေသူ) ပြောဆိုမဆက်ဆံချင်တော့ဘူးဆိုရင် ဒီလုပ် ဆောင်ချက်လေးကို ပြုလုပ်ထားလိုက်ပါ။ ကိုယ်မသိတဲပ့သူတွေနဲ့ပြောဆိုဆက်ဆံရတာ ခေါင်းရှုပ်စရာကောင်း တာကြောင့်လည်း ပါပါတယ်။ ဂျီမေးလ်ရဲ့ General tab ထဲမှာရှိတဲ့ Conversation view off ကို ရွေးချယ်လိုက် တာနဲ့ သင့်ရဲ့စိတ်ရှုပ်စရာကိစွတွေ ကွယ်ပျောက်သွားပါလိ့မ်မယ်။


 Hide Contacts and Tasks


ဂျီမေးလ် ထဲမှာ Setting တစ်ခုအနေနဲ့ပါဝင်နေတဲ့ Contacts နဲ့ Tasks တို့ကို ကွယ်ဖျောက်ထားလို့ရပါတယ်။ မေးလ်ရဲ့ အပြင်အဆင်ထဲမှာ မျက်စိသိပ်ရှုပ်လာလို့ မမြင်တွေ့ချင်တော့ဘူးဆိုရင် မေးလ်ဆိုတဲ့ ဘေးနားမှာ ရှိနေတဲ့ အမှတ်အသားလေးပေါ် ကလစ်နှိပ်လိုက်လို့ +Sign လေးပေါ်လာရင် ပြန်လည်ဖော်ထုတ်ပေးပြီး Minus Sign လေးဆိုရင်တော့ ကွယ်ဖျောက်ပေးတာပဲဖြစ်ပါတယ်။ ဂျီမေးလ်ရဲ့ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေထဲ က နောက်တခုမို့ အပျင်းပြေစမ်းသပ်ကြည့်လိုက်ကြပါဦး။


 ဒီတစ်ခါတော့ Gmail ရဲ့ အကောင်းဆုံး ADD – ONS 10 ခုကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ ဆက်လက် လေ့လာကြည့်ပြီး ပြုလုပ်ကြည့်ကြပါ။


10 Best Gmail Add- Ons


Google မှာ သူ့ရဲ့ကိုယ်ပိုင်လုပ်ဆောင်ချက်ကောင်းတွေရှိပါတယ်။ ဒါ့အပြင် ဒီထက်ပိုကောင်းအောင်ပြုလုပ်နိုင် မယ့် နည်းလမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အခုအောက်မှာ ရေးသားပေးထားတဲ့ Add – ONS လေးတွေကတော့ Google ကို အကောင်းဆုံးအရည်အသွေးတွေ တိုးတက်လာစေမှာ အမှန်ပါပဲ။


 Integrated gmail


www.integratedgmail.com


မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေမယ့် Add-on ကောင်းလေးတစ်ခုကို ရရှိလိုက်သလိုပါပဲ။ သင့်အတွက် ဂျီမေးလ်နဲ့ Google အခြားဝန်ဆောင်မှုတွေဖြစ်တဲ့ Calendar, Reader, Picassa တို့နဲ့ ပေါင်းစပ်ပေးမှာ ဖြစ်ပါ တယ်။


 Active inbox


www.activeinboxhq.com


Gmail ကို လန်းသွားအောင်ပြုလုပ်ပေးနိုင်မယ့် Active inbox လေးပဲဖြစ်ပါတယ်။ Firefox နဲ့ Chrome မှာ အသုံးပြုနိုင်စေဖို့ သွားရောက် Install ပြုလုပ်နိုင်ပါတယ်။


 Google mail checker plus


http://chrome.desc.se


Chrome extension တစ်ခုဖြစ်ပြီး Google အသုံးပြုသူတွေအတွက် သီးသန့်ဝန်ဆောင်မှုပေးထားတာပဲ ဖြစ်ပါ တယ်။


 Hide Gmail Ads


http://doiop.com/gmailads


Gmail ရဲ့ Message တွေနဲ့အတူ ၀င်ရောက်လာမယ့် ကြော်ငြာတွေကို မလာအောင်တားဆီးလို့ရမယ့် Add on ကောင်းလေးပဲဖြစ်ပါတယ်။ Firefox နဲ့ Chrome တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။


 Remember the milk for gmail


http://bit.ly/milk260


သင့်အတွက် အကောင်းဆုံးအချိန်တွေကို သတိရစေဖို့အတွက်ဆိုရင် ဒီ Add on လေးကို မဖြစ်မနေ သုံးစွဲရပါ လိမ့်မယ်။ Google Calendar နဲ့ ချိတ်ဆက်ပြီး သင့်လုပ်ငန်းဆောင်တာနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို အသိ ပေးမှာ ဖြစ်ပါတယ်။


 Boomerang for gmail


www.boomerangmail.com


Gmail အတွက် နောက်ထပ် Add on ကောင်းလေးတစ်ခု ဖြစ်ပြီး Firefox နဲ့ Chrome မှာ ထည့်သွင်းအသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Install ပြုလုပ်ဖို့အတွက်တော့ အပေါ်ကပေးထားတဲ့ Links မှာ ၀င်ရောက်ပြုလုပ်ရမှာပါ။


 Better Gmail 2


http://bit.ly/better260


Firefox အတွက်ပြုလုပ်ပေးထားတဲ့ Add on ကောင်းလေးဖြစ်ပြီး Gmail ကို သုံးစွဲတဲ့နေရာမှာ အကောင်းဆုံး အရည်အသွေးနဲ့ သုံးစွဲနိုင်အောင်ပြုလုပ်ပေးပါလိမ့်မယ်။


 Gmail Drive


www.viksoe.dk/gmail


Google အတွက် အကောင်းဆုံးပေးစွမ်းနိုင်မယ့် နေရာကောင်းတွေထဲက တစ်ခုဖြစ်ပြီး ဂျီမေးလ်ကိုပဲ နောက် ထပ် နည်းလမ်းကောင်းလေးတစ်ခုနဲ့ အသုံးချနိုင်မှာ ဖြစ်ပါ တယ်။


 Minimalist for gmail


http://bit.ly/mimimailst260


Gmail ရဲ့အသွင်အပြင်ကို ပြောင်းလဲကြည့်ရှုနိုင်အောင် ပြုလုပ်ပေးမယ့် Add on လေးပဲ ဖြစ်ပါတယ်။ Chrome extension အနေနဲ့လည်း ရရှိနိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုတဲ့သူတွေအတွက် အဆင်ပြေစေပါလိမ့်မယ်။


 Gmail for Android


www.android.com/market


Google ရဲ့ တချို့လုပ်ဆောင်ချက်တွေဆိုရင် အများသူမမြင်တွေ့နိုင်ပါဘူး။ အသေးစိတ်သေချာလေ့လာနိုင်မှ သာ နားလည်သိရှိသွားတာတွေရှိပါတယ်။ အခု ဒီဝက်ဘ်ဆိုဒ်လေးကလည်း အဲဒီလိုပါပဲ။ သုံးကြည့်လိုက်မှသာ သိသွားပါလိမ့်မယ်။

No comments:

Post a Comment