Sunday, March 20, 2011

Gmail Preview

ဒါကတော့ Gmail ရဲ့ Feature အသစ်ပါ။ ရာသီဥတုကြောင့်၊ Computer တွေ Loading ဝိုင်းဆွဲနေတာကြောင့် စတဲ့ စတဲ့ ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် Internetနှေးကွေးလေးလံနေတဲ့ အခါမျိုးမှာ တောင် သုံးလို့ရပါတယ်။သူက Gmail ကို Loading ဆိုပြီး စောင့်နေရတဲ့ အချိန်အတောအတွင်းမှာ ကိုယ့် Inbox ထဲမှာ ဘယ်သူ့ဆီကဘယ်လို အရေးကြီးတဲ့စာတွေရောက်နေသလဲ ဆိုတာကိုကြိုပြီးဖော်ပြပေးမယ့် Feature လေးပါပဲ။ ဒါကြောင့် မိုးလင်းတာနဲ့ E-mail စစ်၊ ပြီးမှ ဝင်စာတွေ အရေးကြီးရင် ကြီးသလို ဆုံးဖြတ်ပြီး အလုပ်ဆက်လုပ်ရမယ့် လူတွေအတွက်တော့ အဆင်ပြေသွားပြီလို့ဆိုနိုင်ပါတယ်။ ဒီ Feature လေးကြောင့် Gmail ကို ဘယ်လိုမှ ဖွင့်လို့မရလို့ ဘာစာရောက်နေမှန်းမသိ၊ ဘာမှလည်း မလုပ်နိုင်ဘဲ တစောင့်စောင့်လုပ်နေရတဲ့ အဖြစ်မျိုး မဖြစ်နိုင်တော့ပါဘူး။Gmail ကို Loading လုပ်နေချိန်မှာ ကိုယ့်ဆီကို နောက်ဆုံးရောက်နေတဲ့ စာ(၁၀)စောင်ကို ဖော်ပြပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ တကယ့် Inbox မြင်ကွင်းကို ကြိုကြည့်လို့ရတဲ့သဘောပါပဲ။ သုံးချင်တယ်ဆိုရင်တော့ -


Gmail ==> Setting ==> Labs ==>

Inbox Preview

ဆိုပြီး အဆင့်ဆင့် ဖွင့်သွားပါ။ Labs ထဲရောက်ရင် Inbox Preview ဆိုတာကို ရှာပြီး enable ဆိုတာကို

COLOR=red>Click လုပ်ပေးလိုက်ရုံပါပဲ။ ဒါ့အပြင် မိတ်ဆွေတို့အနေနဲ့ Loading တက်မလာတာကို ပြန်ထွက်ချင်ရင် ထွက်လို့ရအောင် Preview နဲ့အတူ Sign Out buttonကိုပါတစ်ပါတည်းထည့်ပေး ထားပါသေးတယ်။မိတ်ဆွေတို့အနေနဲ့ Google ကို အကြံပြုချင်တယ်ဆိုရင်တော့ အပေါ်မှာ ပြောခဲ့အတိုင်း Inbox Preview ကို enable လုပ်လို့ရတဲ့ နေရာကိုထပ်သွားပြီး Feedback ပေးလို့လည်းရပါသေးတယ်။

Ref: Computer Journal

No comments:

Post a Comment