Monday, March 7, 2011

ထိထိရောက်ရောက် နည်းပညာဝေါဟာရများ အပိုင်း(၄)

Qik


Qik ဆိုတာဟာ online  ဗီဒီယို streaming ၀န်ဆောင်မှု တစ်ခုဖြစ်ပြီး ဗီဒီယိုကင်မရာပါရှိတဲ့ smartphone ကိုသုံးကာ မြန်နှုန်းမြင့် အင်တာနက်ကွန်ရက် ကနေ တစ်ဆင့် မိမိရဲ့ ရိုက်ကူးမှုတွေကို တိုက်ရိုက် ထုတ်လွှင့်ပြသနိုင်အောင် လုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။ Qik ဟာ အခုအခါမှာ လွတ်လပ်တဲ့ ရုပ်သံဌာနတစ်ခုအဖြစ် ရောက်ရှိလာပြီး blogger  တွေ၊ ကျောင်းသားတွေ၊ မီဒီယာပရော်ဖက်ရှင်နယ်တွေနဲ့ သတင်းရေးသားခြင်းကို စိတ်ဝင်စားသူတွေ အားလုံးက အသုံးပြုလာနေကြတာကို တွေ့ရပါတယ်။ Qick  ကို အသုံးပြုဖို့အတွက် အနည်းဆုံး 2G  ကြိုးမဲ့ချိတ်ဆက်မှုစနစ် အသုံးပြုနိုင်တဲ့ smartphone ရှိထားရမှာဖြစ်ပြီး Qik ကနေ client ဆော့ဖ်ဝဲကို download  ပြုလုပ်ယူရမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ beta version  အဖြစ် စတင်ထွက်ပေါ်ခဲ့တာဖြစ်ပြီး Nokia, Motorola  နဲ့ Samsung မော်ဒယ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနေကြတယ်လို့ သိရပါတယ်။ အခု အခါမှာတော့ Qik uae iPhone နဲ့ Windows Mobile Smart-phone တချို့ကိုပါ support  ပြုလုပ်ပေးလာနိုင်တာကို တွေ့ရပါတယ်။ Qik ဆော့ဖ်ဝဲကို ဖုန်းအတွင်း install  ပြုလုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ဗီဒီယိုတွေကို stream နည်းနဲ့ တိုက်ရိုက်ပြသနိုင်မှာဖြစ်ပြီး မိမိရဲ့လွှင့်ထုတ်ပြသမှုပြီး ဆုံးသွားတဲ့အခါ အဲဒီဗီဒီယို clip  ကို Qik.com အတွင်း သိမ်းဆည်းကာ အင်တာနက်ထဲ ဘယ်နေရာမှာမဆို embed  ပြုလုပ်ပြီး ပြန်လည် ပြသနိုင်မယ်လို့ ဆိုထားပါ တယ်။ Qik.com ထဲက ဗီဒီယို clip  တွေနဲ့ ပတ်သက်ပြီးမှတ်ချက် ရေးသားခြင်း၊ Live chatroom ထဲ ၀င်ရောက်ပြောဆိုဆွေးနွေးခြင်း တို့အတွက်ကတော့ register  ပြုလုပ်ထားကြရမှာဖြစ်ပါတယ်။ နာမည်ကျော် blogger  တစ်ဦးဖြစ်တဲ့ Robert Scoble က Davos ကွန်ဖရင့်နဲ့ တခြား နေ့စဉ်အဖြစ် အပျက်တွေအကြောင်း တွေ့ဆုံမေးမြန်းပြောဆိုမှုတွေကို Qik ၀န်ဆောင်မှုသုံးကာ တိုက်ရိုက် ထုတ်လွှင့်ပေးနေတဲ့အပြင် Citizen Journalist Stere Garfield  ကလည်း အမေရိကန်ရွေးကောက်ပွဲ သတင်းတွေကို Qik ကနေ တိုက်ရိုက် လွှင့်ထုတ် သတင်းပေးပို့နေတဲ့ အကြောင်းသိရပါတယ်။


Broadcast flag


Broadcast flag ဆိုတာဟာ ဒီဂျစ်တယ် ရုပ်မြင်သံကြား ထုတ်လွှင့်မှု (DTV) တွေကို အလွယ်တကူ ကူးယူခြင်း မပြုနိုင်အောင် လုပ်ဆောင်ပေးထားမယ့် Advanced Television Systems Committee  ရဲ့ encoding  စနစ်ကို ခေါ် ဆိုခြင်း ဖြစ်ပါတယ်။ ဒီဂျစ်တယ် ထုတ်လွှင့်မှုတွေကို တရားမ၀င်ဖြန့် ချိမှုကို အကာအကွယ်ပြုပေးနိုင်မယ့် ဒီ flag ဟာ ရုပ်မြင်သံကြား အစီအစဉ်တွေကို ကူးယူထားလို့ရနိုင် မရနိုင်ဆိုတာကို အဆုံးအဖြတ် ပေးမှာဖြစ်ပါတယ်။ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေးကော် မရှင် (FCC) က ၂၀၀၅ ခုနှစ် ဇူလိုင်လ ၁ ရက်နောက်ပိုင်းထုတ်လုပ်တဲ့ ဒီဂျစ်တယ်ရီကောဒင်း ကိရိယာတွေ အားလုံးမှာ broadcast flag  စံညွှန်းကို လက်ခံနားလည်နိုင်ရမယ်လို့  စည်းကမ်းသတ်မှတ်ထားခဲ့ပေမယ့် ၂၀၀၅ ခုနှစ် မေလ ၆ ရက်နေ့မှာတော့ ကိုလံဘီယာခရိုင် အယူခံတရားရုံးကနေ ဒါဟာ FCC အနေနဲ့ မိမိရဲ့လုပ်ပိုင် ခွင့်အာဏာထက် ပိုမိုကျော်လွန် လုပ်ဆောင်တာဖြစ်တဲ့အကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ Broadcast flag  ဟာ ရုပ်သံလွှင့်ထုတ်မှုတွေကို ကူးယူခြင်းမပြု နိုင်အောင် ကန့်သတ်ထားမယ်ဆို ပေမယ့် ဗီဒီယိုတိပ်၊ ဒါမှမဟုတ် resolution နိမ့် DVD  တွေနဲ့တော့ ကူးထားလို့ရနိုင်မှာဖြစ်တဲ့အကြောင်း သိရပါတယ်။ ဒီလိုကန့်သတ်ထားတဲ့ လွှင့်ထုတ်မှုအစီအစဉ်တွေကို ပြန်လည်ကြည့်ရှုတဲ့အခါမှာလည်း broadcast flag  စံညွှန်းကိုလိုက်နာတဲ့ ကိရိယာတွေနဲ့မှပဲ  ကြည့်ရှုနိုင် မှာဖြစ်ပါတယ်။ Broadcast flag  နည်းပညာဟာ ကူးယူထားတဲ့ ရုပ် သံအစီအစဉ်တွေထဲက ကြော်ငြာလိုမျိုး အကြောင်းအရာတွေကို ကျော်ပြီး ကြည့်ရှုလို့မရနိုင်အောင် လုပ်ဆောင်ပေးထားနိုင်မယ်လို့ လည်း သိရပါတယ်။ Electronic Frontier Foundation (EFF)  ကတော့ broadcast flag  ဟာ ပြဿနာတွေကို ဖြေရှင်းမပေးနိုင် ရုံမျှမက DTV ကကိရိယာတွေရဲ့ ဈေးနှုန်းကို ပိုမိုမြင့်တက်လာဖို့ပဲ ဖြစ်စေတာကြောင့် အသုံးပြုသူတွေအတွက် ၀န်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်လာနိုင်တဲ့အကြောင်း ထောက်ပြ ဝေဖန်ထားပါတယ်။


Virtual provisioning


Virtual provisioning ဆိုတာဟာ SAN (Storage Area Network) တစ်ခုအတွင်း အချက်အလက်တွေ သိမ်းဆည်းမှတ်သား ထားဖို့အတွက် လိုအပ်တဲ့ပမာဏကို စနစ်တကျစီမံခန့်ခွဲမှုပြုတဲ့ နည်းစနစ်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တစ်ခါတရံမှာတော့ Virtual provisioning  ကို thin provisioning  လို့လည်း ခေါ်ဆိုကြပါတယ်။ Virtual provisioning  စနစ်ကို သုံးခြင်းဖြင့် Storage administrator တွေအနေနဲ့ အချက်အလက် သိမ်းဆည်းဖို့အတွက် ပမာဏကို လိုအပ်သလောက်ပဲ ပေးထားနိုင်မှာဖြစ်ပါတယ်။ Virtual provisioning  ကြောင့် host, application,  ဒါမှမဟုတ် file system ကနေ အမှန်တကယ် ပေးထားတဲ့ Physical Storage  ပမာဏထက် ပိုမိုပြီးရှိနေတောင် သိရှိနေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကွန်ရက်အတွင်းရှိ အသုံးပြုသူတွေအတွက် သိုလှောင်သိမ်း ဆည်းနိုင်မှုပမာဏကို သတ်မှတ်ပေးရာမှာ အမှန်တကယ်အားဖြင့် သတ်မှတ်ချက်ကို အပြည့်အ၀ပေး ထားခြင်းမျိုးမဟုတ်ဘဲ အချက်အလက် မှတ်သားသိမ်းဆည်းမှုပမာဏ အလိုက်ပဲ စုစုပေါင်း storage ပမာဏကို သတ်မှတ်ပေးထားရ တာဖြစ်ပါတယ်။ ဒီစနစ်ကြောင့် မလိုအပ်ဘဲ Storage device တွေ လည်ပတ်လုပ်ဆောင်နေရမှုကို လျှော့ချကာစွမ်းအင်နဲ့ အအေးပေးစနစ်ကြောင့် ကုန်ကျရမယ့် ငွေကြေးတွေကိုလည်း ချွေတာနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် ကာဗွန်ထုတ်လွှတ်မှုလျှော့ချပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ နည်းပညာအသုံးပြုသူတွေအနေနဲ့ virtual provisioning  စနစ်ကို စိတ်ဝင်စားလာ ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် administrator  တွေ အနေနဲ့ virtual provisioning  စနစ်သုံးရာမှာ အချက်အလက် သိမ်းဆည်းထားမှုပမာဏကို အမြဲမပြတ်စစ်ဆေးပြီး physical storage  ပမာဏမလုံလောက်မှုကြောင့် ပြဿနာတစ်စုံ တစ်ရာမပေါ်ပေါက်အောင် လုပ်ဆောင်ကြရမှာဖြစ်တဲ့ အကြောင်းလည်း သိရပါတယ်။


Phlashing


Phlashing ဆိုတာဟာ ကွန်ရက်ကနေ  firmware update  ပြုလုပ်မှုတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူကာ DoS (Denial of Service) နည်းနဲ့တိုက်ခိုက် မှုကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနည်းစနစ်ဟာ လောလောဆယ်အားဖြင့် သီအိုရီ အဆင့်သာရှိသေးပေမယ့် အမှန်တကယ်တိုက်ခိုက်ခြင်းခံရပါက ကွန်ပျူတာကိရိယာတွေ လုံးဝမသုံး ရတော့တဲ့အထိဖြစ်နိုင်တဲ့အကြောင်း ဆိုထားကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ မှာ ကျင်းပခဲ့တဲ့ EUSecWest  လုံခြုံရေးကွန်ဖရင့်အတွင်း HP ရဲ့ Systems Security Lab က အကြီးအကဲဖြစ်သူ  Rich Smith  က ကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့  hardware  တွေကို ပြုပြင်ရေးဆွဲ ထားတဲ့  firmware update  သုံး ကာ လက်တွေ့တိုက်ခိုက်ပြသခဲ့ပါ တယ်။ ဒီလိုမျိုး firmware အထိ တိုက်ခိုက်လိုက်ခြင်းကြောင့် အဲဒီ ကိရိယာဟာ လုံးဝအသုံးပြုလို့မရ နိုင်တော့အောင် ဖြစ်သွားမှာဖြစ်ပါ တယ်။အခုလို အလားအလာတွေရှိ နေပေမယ့် အမှန်တကယ် phlashing  နည်းနဲ့တိုက်ခိုက်မှုတွေရှိနိုင် မရှိနိုင်ဆိုတာတွေကတော့ ပညာ ရှင်တွေအကြား သဘောထားကွဲ လွဲမှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။ DoS အပါအ၀င် အင်တာနက်က နေ တိုက်ခိုက်မှုတွေအားလုံးဟာ ငွေကြေးအကျိုးအမြတ်အတွက် အဓိကရည်ရွယ်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ဒီ Phlashing  နည်း စနစ်ဟာ ငွေကုန်ကြေးကျအနည်း ငယ်မျှနဲ့ ရိုးရိုး DoS တိုက်ခိုက်မှု တွေထက် အဖျက်စွမ်းအားပိုမို ကြီးမားနိုင်ပေမယ့် firmware ကို ဖျက်ဆီးကာ ကိရိယာကို လုံးဝသုံး မရအောင် ပြုလုပ်လိုက်တာ ကြောင့် ငွေကြေးအကျိုးအမြတ် အတွက် အသုံးမပြုနိုင်တာလို့ ဆို ပါတယ်။ ဒါကြောင့် ဒီနည်းလမ်း ဟာ DoS နည်းစနစ်ကို တိုက်ခိုက် ခံရသူတွေဆီကနေ တောင်းခံထား တဲ့ ငွေကြေးရရှိပြီးမှ တိုက်ခိုက်မှုကို အဆုံးသတ်တာမျိုးမဟုတ်တော့ဘဲ တိုက်ခိုက်မယ်လို့ ကြိုတင်ခြိမ်း ခြောက်ပြီး ငွေကြေးတောင်းခံရမှာ ဖြစ်ပါတယ်။ Hack a Day blog ထဲမှာတော့ phlashing  နည်း အစား firmware ကို မူလလုပ် ဆောင်ချက်တွေ ပျက်ယွင်းသွား အောင် တိုက်ခိုက်တဲ့နည်းစနစ်က ပိုမိုထိရောက်နိုင်တဲ့အကြောင်း ရေးသားဖော်ပြထားတာကို တွေ့ရ ပါတယ်။


HTML 5


HTML 5 ဆိုတာဟာ Web browser အတွင်း ဖိုင်တွေကို စနစ် တကျ ဖော်ပြပေးနိုင်ဖို့အတွက် markup သင်္ကေတ (Symbol) တွေနဲ့ ကုတ် (code) တွေကို စု စည်းပေးထားတဲ့ Hypertext MarkupLanguage (HTML) စံညွှန်းသစ်ကို ခေါ်ဆိုခြင်းဖြစ်ပါ တယ်။ဒီ HTML 5 ကို World WideWebConsortium (W3C) လက်အောက်ရှိ HTML working group ကနေ 2007 ခုနှစ်မှာ အတည်ပြုပေးခဲ့တာဖြစ်ပြီး အများ ပြည်သူဆီ ထုတ်ပြန်တဲ့ ပထမဆုံး HTML 5 မူကြမ်းကိုတော့ 2008 ခုနှစ် ဇန်န၀ါရီလအတွင်းက ဖြန့်ချိ ခဲ့တာဖြစ်ပါတယ်။


ဒီ HTML 5 ကို တရားဝင်အတည်မပြုသေးမီ ကာလအတွင်း အသေးစိတ်စံညွှန်း တွေကို သတ်မှတ်ရဦးမှာဖြစ်ပါ တယ်။ HTML 5 ဟာ လက်ရှိအသုံး ပြုနေတဲ့ HTML 4 ထက် ပိုမိုတိုး တက်လာပြီး parsing rule သစ် တွေ၊ attribute အသစ်တွေ၊ immediate- mode drawing, drag and drop လုပ်ဆောင်ချက်၊ back button management ယ အချိန် ကာလသတ်မှတ်ချက်အတိုင်း ပြု လုပ်နိုင်မယ့် media playback လုပ်ဆောင်ချက်၊ offline editing, messaging enhancement, parsing အတွက် အသေး စိတ် စည်းမျဉ်းတွေ၊ MIME နဲ့ protocol handler registration စတာတွေပါရှိတဲ့အပြင် အသုံးမ၀င် တော့တဲ့ attribute တွေကိုပါ ဖယ် ရှားပေးသွားမှာ ဖြစ်ပါတယ်။ HTML 5 စံညွှန်းနဲ့ ရေးသားထား တဲ့ ၀က်ဘ်စာမျက်နှာတွေဟာ ဒီ စံညွှန်းကို support မလုပ်ပေးနိုင် တဲ့ browser တွေနဲ့ ကြည့်ရှုတဲ့ အခါမှာလည်း code အသစ်တွေ နဲ့ ရေးသားထားတဲ့အကြောင်း အရာကလွဲလို့ ပုံမှန်အတိုင်းဖော်ပြ ပေးသွားနိုင်မယ်လို့ သိရပါတယ်။ ဒီ HTML 5 ဟာ 1999 ခုနှစ် ကတည်းက အတည်ပြုလက်ခံ ထားကြတဲ့ version ဟောင်းကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရေး သားထားတာဖြစ်ပေမယ့် အခြေခံ ကတော့ မပြောင်းလဲဘဲရှိနေပြီး လုပ်ဆောင်ချက်အသစ်တွေကို ထပ်မံဖြည့်စွက်ပေးထားတာကြောင့် ၀က်ဘ်ဒီဇိုင်းရေးသားသူတွေအတွက် ပိုမိုအဆင်ပြေလာမှာဖြစ်တဲ့အကြောင်း Polytechnic တက္ကသိုလ်က တွဲဖက်ပါမောက္ခ Elliote Rusty Harold က ပြောဆိုထားပါတယ်။


Hadoop

Hadoop ဆိုတာဟာ distributing computing  စနစ် အတွင်း အချက်အလက် အများအပြား ကို ကိုင်တွယ် ဖြေရှင်းပေးနိုင်မယ့် Java  အခြေပြု Programming framework  တစ်ခုဖြစ်ပါတယ်။ ဒီ Hadoop  ဟာ Apache software foundation  ကနေ အ ထောက် အပံ့ပေးထား တဲ့ Apache  ပရောဂျက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး အခမဲ့ရယူ အသုံးပြုနိုင်ကြ မှာ ဖြစ်တဲ့ အကြောင်း လည်း သိရပါတယ်။


မူလက Hadoop  ကို Google  ရဲ့ MapReduce  မှာ လိုမျိုး application  တွေကိုအစိတ်အပိုင်း တွေအဖြစ်ပိုင်းဖြတ်ကာ တွက်ချက် လုပ်ဆောင် နိုင်အောင် စီစဉ်ထားခဲ့ တာ ဖြစ်ပြီး terabyte  ပေါင်းထောင် နဲ့ချီပါဝင်တဲ့ node  တွေကနေ application  တွေ run  နိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီ Hadoop  မှာအသုံးပြုတဲ့ distributed  file system (DFS)  ဟာအ သုံးပြုနေစဉ် အတွင်း node  တစ်ခု ချို့ယွင်းသွားတဲ့အခါမှာတောင် အချက်အလက် တွေကို ဆုံးရှုံးသွားရ ခြင်းမရှိအောင်လုပ်ဆောင်ပေးထား နိုင်မှာဖြစ်ပြီး node  တွေအများ အပြားအလုပ်မလုပ်တဲ့အခါတွေမှာ လည်း စနစ် တစ်ခုလုံး ကို အကြီးအကျယ် ထိခိုက်မှု မရှိအောင်ပြုလုပ်ပေးထား နိုင်မယ်လို့ဆိုပါတယ်။


ဒီ Hadoop framework  ကို Google, Yahoo, IBM  စတဲ့ကု မ္ပဏီကြီးတွေက၎င်းင်းတို့ရဲ့ search  engine  နဲ့ ကြော်ငြာ လုပ်ငန်းအပါ အ၀င် application  အတော်များ များမှာ အသုံးပြုနေကြတာ ကိုတွေ့ ရပါတယ်။ Hadoop  ဟာ windows  နဲ့ Linux operation system  တွေနဲ့အဓိကတွဲဖက်အ သုံးပြုနေရာမှာပိုမိုအဆင်ပြေပေမယ့် BSD, OS X  စတဲ့ Operating system  တွေနဲ့တွဲဖက်အသုံးပြုလို့ လည်းရနိုင်တဲ့အကြောင်းသိရပါတယ်။ Hadoop  ဆိုတဲ့စကားလုံးကိုဒီ framework  စတင်ဖန်တီးသူကနေ ၎င်းင်းရဲ့ကလေးပိုင်ဆိုင်တဲ့ Hadoop  ဆင်ရုပ်အမည်ကိုအစွဲပြုမှည့်ခေါ် ထားခဲ့တာဖြစ်တဲ့အကြောင်းသိရ ပါတယ်။


Social spreadsheet


Social spreadsheet ဆိုတာ ဟာ spreadsheet နဲ့ wiki ကို ပေါင်းစပ်ပေးထားတဲ့ Social software ကိုခေါ်ဆိုခြင်း ဖြစ်ပါတယ်။Social spreadsheet ကို distributed ကွန်ယက်အတွင်းဘယ်သူ မဆို အသုံးပြုနိုင်ပြီး တစ်ဦးနဲ့တစ်ဦး မျှဝေ အသုံးပြုခြင်း၊ ပါဝင်တည်း ဖြတ်ခြင်း စတာတွေ ကိုလည်း ပြုလုပ်နိုင်ကြမှာ ဖြစ်ပါတယ်။Social spreadsheet ကိုသုံး ခြင်းဖြင့် spreadsheet တစ်ခုကို အတူတကွ ဖန်တီးပြီးတည်းဖြတ်ဖို့ လိုလာတဲ့အခါ e-mail attachment တွေ အဖြစ်အပြန်အလှန်ပေး ပို့ နေရခြင်း မျိုးမလိုအပ်တော့တဲ့ အပြင် မူလ တည်းဖြတ်ထားတဲ့ အကြောင်းအရာတွေကို archive ပြုလုပ် သိမ်းဆည်းထားရတာတွေလည်း လိုအပ်တော့မှာ မဟုတ်ပါဘူး။


ဒီ social spreadsheet တွေဟာ တခြား wiki တွေမှာလိုမျိုးပဲ အသုံးပြုသူတွေအနေနဲ့ document ရဲ့ history ကိုပြန်လည်ကြည့်ရှုခြင်း အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုခြင်း၊ တခြား document တွေထဲ link အဖြစ် ထည့်သွင်းခြင်း တို့ပြုလုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ အခုလိုမျိုး document ကိုအတူတကွ ပါဝင်ရေးသား တည်းဖြတ်နိုင်ခြင်း ဖြင့် အလုပ်လုပ်ရာမှာ ပိုမိုအဆင်ပြေလာပြီး မလိုအပ်ပဲ ဆွေးနွေး ပြောဆိုနေခြင်း မျိုးတွေလည်း ကိုလည်း ရှောင်ရှားနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင်အသုံးပြုသူတွေအ နေနဲ့ RSS Suscription ကိုသုံးပြီး document ရဲ့အပြောင်းအလဲတွေ ကိုချက်ချင်းသိရှိနိုင်အောင် လုပ်ဆောင်ထားနိုင်ကြမှာ ဖြစ်ပါတယ်။


ဒီ social spreadsheet တွေ ဟာစာရင်းကိုင်တွေ၊ IT administrator တွေ၊ လေ့ကျင့် ပညာပေး သင်ကြားသူတွေ အပါအ၀င် အချက်အလက်တွေကို စုစည်းတင်ပြပေးရသူ ဘယ်လိုလူမျိုးတွေအတွက် မဆိုအသုံး ၀င်နိုင်မှာဖြစ်ပါတယ်။ VisiCalc ကိုတီထွင်ခဲ့သူ Dan Bricklin ကနေ SocialCalc လို့အမည်ပေး ထားတဲ့ open source အမျိုးအစား social spreadsheet  တစ်ခုကို ဖန်တီးထားပြီး one laptop per child (OLPC) ပရောဂျက်ရဲ့ XO laptop တွေ အတွင်း အသုံးပြုနိုင်အောင် လုပ်ဆောင် ပေးထားတယ်လို့ သိရပါတယ်။ ဒီ SocialCalc ဟာဖွံ့ဖြိုးဆဲနိုင်ငံတွေ ရှိဆရာ၊ ဆရာမတွေ၊ လယ်သမား တွေ၊ ကုန်သည်စီးပွားရေးလုပ်ငန်း ရှင်တွေ၊ ကလေးငယ်တွေအတွက် အခြေခံ spreadsheet အသုံးပြု နိုင်အောင် ဖြည့်စွမ်းပေးမှာ ဖြစ်တဲ့ အကြောင်းလည်း သိရပါတယ်။


IBM Roadrunner


Roadrunner ဆိုတာကမ္ဘာ ပေါ်မှာ တွက်ချက်မှုနှုန်းအမြင့်ဆုံး စူပါကွန်ပျူတာဖြစ်ပြီး Blue Gene  ထက်နှစ်ဆမျှပိုမိုမြန်ဆန်ကာတခြား စူပါကွန်ပျူတာတွေနဲ့ယှဉ်လိုက်ရင် တော့၆ဆနီးပါးပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။ ဒီ Roadrunner  ကို IBM  ကုမ္ပဏီ က နေနယူး မက္ကဆီ ကို ပြည်နယ် လော့စ်အယ်လာမို့စ် အမျိုးသား သိပံ္ပ စမ်းသပ်ခန်းမှာတည် ဆောက်ခဲ့တာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကုန်ကျကာ၂၀၀၈ခုနှစ် ဇွန်လအတွင်းမှာကမ္ဘာကိုထုတ်ပြခဲ့ တာဖြစ်ပါတယ်။


Linpack  တိုင်းတာမှုစနစ်အရ Roadrnnner  ဟာတစ်စက္ကန့်လျှင် တွက်ချက်မှုပေါင်း 1.026 quadrillion  အထိပြုလုပ်ပေးနိုင်တယ် လို့သိရပါတယ်။ IBM  ရဲ့အဆိုအရ ဒီနှုန်းထားဟာစွမ်းဆောင်ရည်မြင့် laptop  ကွန်ပျူတာအလုံးပေါင်းတစ် သိန်းရဲ့ တွက်ချက်မှု စနစ်နဲ့ညီမျှပြီး ကမ္ဘာ့လူဦးရေသန်းခြောက်ထောင်စလုံး အိတ်ဆောင် ကွန်ပျူတာသုံးကာ၄၆ နှစ်ကြာမျှ မရပ်မနားလုပ်ဆောင်ရ တဲ့အလုပ်ကို Roadrunner  နဲ့ဆို ရင်တစ်ရက်မျှသာအချိန်ယူရမှာဖြစ်တဲ့ အကြောင်း လည်းသိရပါတယ်။


ဒီ Roadrunner  မှာတခြား ကွန်ပျူတာတွေလိုမျိုးပဲစွမ်းဆောင် ရည်မြင့်မားစေဖို့အတွက် cluster  IBM Roadrunner computing  စနစ်ကိုအသုံးပြုထား တယ်လို့ဆိုပါတယ်။ အခုလိုလုပ် ဆောင်ခြင်းဖြင့်၁၉၉၀ ပြည့်အစော ပိုင်းကာလစူပါကွန်ပျူတာတွေထက် တည်ဆောက်မှု စရိတ်စကပိုမိုသက် သာပြီးကျယ်ကျယ်ပြန့်ပြန့်လည်းအသုံးချနိုင် တဲ့အပြင် ဈေးကွက်အတွင်းက hardware  ကိရိယာတွေကိုသုံး ထားတာကြောင့်လည်း upgrade  ပြုလုပ်ရာမှာပိုမိုလွယ်ကူလာတယ်လို့ ဆိုထားပါတယ်။ မကြာသေးမီက ဆိုရင် IBM  ကနေ၎င်းင်းရဲ့ Blue  Gene  စူပါကွန်ပျူတာကိုပထမဆုံး အကြိမ်အဖြစ် upgrade  ပြုလုပ် ပေးခဲ့တယ်လို့သိရပါတယ်။ သာမာန် အသုံးပြုသူတွေနဲ့ဘတ်ဂျက်အသုံး စရိတ်အကန့်အသတ်နဲ့သာရှိတဲ့ သုတေသန အဖွဲ့အစည်း တွေကလည်း တွက်ချက်မှု စွမ်းဆောင်ရည်မြင့် မြင့်မားမား လိုအပ်လာတဲ့အခါ Beowulf cluster  တွေကိုအသုံး ပြုလာကြတာတွေ့ရပါတယ်။


Roadrunner  ဆိုတဲ့အမည် ဟာ အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း ရှိ ပျံသန်းမှုနှုန်း မြန်ဆန်တဲ့ ငှက်တစ်မျိုး ကိုအစွဲပြု ခေါ်ဝေါ်ထားတာဖြစ်ပြီး ၀ါနာဘရား ကာတွန်းတွေမှာရောင်စုံငှက်အ ဖြစ်ထည့်သွင်း ဖော်ပြလေ့ရှိတဲ့ အကြောင်းလည်း သိရပါတယ်။


Ref:Internet Journal

No comments:

Post a Comment