ဒီတစ်ခါတော့ အီးမေးလ်များအကြောင်းစုံပေါ့လေ။ ကျနော်အခုတလော ပြန်ဖတ်မိပြီး မျှဝေပေးချင်တဲ့စိတ်ပေါ်လာတဲ့ ဂျာနယ်က ကွန်ပျူတာ ဂျာနယ် (၂၀၀၈ခုနှစ်၊ ဧပြီလ) မှာ ဖော်ပြခဲ့တဲ့အကြောင်းအရာလေးပေါ့။ ကြာခဲ့ပြီဆိုပေမယ့်။ အသစ်တင်ရင်တော့ အသစ်ပေါ့လေ။ လူတိုင်းလူတိုင်း အီးမေးလ်ဆားဗစ်တွေ အများကြီးသုံးကြတဲ့အထဲမှာ ကျနော်တို့ မြန်မာနိုင်ငံမှာကတော့ ပုဂ္ဂလိက မေးလ်ဆားဗစ်တွေရှိသလို ပိုက်ဆံမပေးရတဲ့ ဂျီမေးလ်လိုမျိုး အီးမေးလ်တွေကို အသုံးပြုရတဲ့အခါ ကျတော့ ပုဂ္ဂလိက မေးလ်ဆားဗစ်ကို အသုံးမပြုနိုင်ကြသူတွေအတွက် အဆင်ပြေကြတာပေါ့။ ဂျီးမေးလ်သုံးတော့ ဂျီတော့ခ်လည်း ပါဝင်တော့ တကမ္ဘာလုံးအနှံ့အပြားရောက်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် ဆက်သွယ်စရာ လမ်းကြောင်းတစ်ခုရသွားပါတယ်။ သို့ပေမယ့် လက်ရှိ ဂျီမေးလ်များဖွင့်လိုမရတဲ့ အချိန်အခါမျိုးမှာတော့ အခုအောက်မှာပေးထားတဲ့ Free ရတဲ့ မေးလ်ဆားဗစ်များကို အသုံးပြုကြစေလိုပါသည်။ ဂျီမေးလ်မှ ဂျီမေးလ် လုံးဝဖက်တွယ်မထားကြစေလိုပါ။ မိမိဆက်သွယ်ပို့ရာအတွက် အဆင်ပြေနိုင်မည့် မေးလ်Box တစ်ခုရှိလျှင် ပိုအဆင်ပြေမည် မဟုတ်ပါလော။ ထို့အတွက်ကြောင့် လွန်ခဲ့သော နှစ်ကာလများက ဖော်ပြခဲ့သော အကြောင်းအရာလေးတစ်ခုကို ကျနော်က ပြန်လည်ဆွေးနွေးပြခြင်းသာဖြစ်ပါသည်။ အခု ၂၀၁၁ မှာလည်း အသုံးဝင်နေတုန်းပါပဲလေ။ ကျနော်တို့ အီးမေးလ်စသုံးခါစ ၂၀၀၃- ခုနှစ်တုန်းကဆိုလျှင် Yahoo က မြန်မာ နိုင်ငံမှာ မရသေးပါ။ ထိုစဉ်က email2me,newyork,walla,sailarmon ဆိုသည့် မေးလ်းဆာဗစ်များကို အသုံးပြုပြီး နိုင်ငံရပ်ခြားရောက် ကျောင်းနေဖက်ဘော်ဒါများနှင့် အဆက်သွယ်ချော့မွေ့ခဲ့သလို၊ ကျနော် ကိုယ်တိုင်လည်း နိုင်ငံရပ်ခြားရောက်လာသည့်အခါ 2004 မှာတော့ Yahoo ကို စသုံးဖြစ်ခဲ့ပြီးနောက်ပိုင်း 2005 ခုနှစ်နောက်ပိုင်းလောက်ရောက်မှ ဂျီမေးလ်ကို စသုံးဖြစ်ခဲ့တာ။ အင်္ဂလိပ်မိတ်ဆွေတစ်ယောက် ကြောင့်ပေါ့လေ။ နောက်ပိုင်း ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဂျီမေးလ်တွင်ကျယ်လာတာကတော့ ၂၀၀၆ နောက်ပိုင်းမှ ဖြစ်မယ်ထင်ပါတယ်။ ကျနော်လည်း သေချာမသိတာကတော့ မြန်မာပြည်ကြီးနဲ့အလှမ်းဝေနေ တာကလည်း ကြာရောပေါ့လေ။ အခုနောက်ပိုင်း မြန်မာပြည်မှာ မေးလ်သုံးရတာတွေ အဆင်မပြေကြဘူး၊ ဆာဗာက ပိတ်တာတွေရှိတယ်၊ ဖရီးရတဲ့ ဂျီမေးလ်တို့ကိုတောင် ပိတ်လာတဲ့အခါကျတော့ ကျနော်လည်း နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်တာပေါ့။ ဘာပဲဖြစ်ဖြစ် Facebook တို့လို လူမှုကွန်ရက်လေးတွေပေါ်လာတာနဲ့အမျှ မြန်မာပြည်ကြီးက ဘော်ဒါတွေရောင်းရင်းတွေနဲ့ အဆက်အသွယ်က ပိုမြန်ဆန်လာပါ တယ်။ ဒါပေမယ့် ကျနော်တို့က တစ်ဦးနဲ့တစ်ဦးဆက်သွယ်ရေး စနစ်ကောင်းမွန်ဖို့အတွက်ဖြစ်တာကြောင့် တစ်ခုခုကို အသေဖက်တွယ်မထားပဲ အဆင်ပြေတဲ့ အခုကျနော်တင်ပြထားတဲ့ မေးလ်ဆားဗစ်တွေနဲ့ အဆက် အသွယ်ပြန်လုပ်ကြမယ်ဆိုရင် ပိုအဆင်ပြေလာကြမယ်ထင်ပါတယ်။ ဒါကတော့ ကျနော်မြင်တဲ့ သုံးသပ်မှုတစ်ခုပေါ့လေ။ စကားတွေရှည်သွားရင်လည်း ခွင့်လွတ်နော်။:D :P :)
ကိုကိုထွန်း (Site-Admin)
အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း | |
| http://www.30gigs.com | Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။ |
| http://www.aussiemail.com | သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး ဖန်တီးပေးထားတာပါ။ |
| http://www.aim.com | America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။ |
| http://www.bigstring.com | acount အမျိုးမျိုး ခွဲခြားထားပြီး 2GB ကနေ 20 GB အထိ သိုမှီးပမာဏ ဖန်တီးပေးထားပါတယ်။ ထူးခြားတဲ့ စနစ်နဲ့ နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့အတွက် အသုံးပြုသူဟာစိတ်ချမ်းသာမှု ရစေပါမယ်လို့ ကတိပြုထားပါတယ်။ |
| http://www.bluebottle.com | spamတွေကို ကာကွယ်ဖို့ မြင့်မားတဲ့ tools တွေကို သုံးစွဲပြီး ပေးပို့သူနဲ့လက်ခံသူနှစ်ယောက်ကြား မှာရှိတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ယုံကြည် စိတ်ချရမှုရှိ၊ မရှိ ဆိုတာကိုတောင် ရွှေးချယ်ပေးပါတယ်။ |
| http://www.canada.com | ကနေဒါတစ်နိုင်ငံလုံးမှာ သတင်းမွှေးနေတဲ့ Email တစ်ခုပါ။ |
| http://www.canoe.ca | ကနေဒါ service provider တစ်ခုရဲ့ လိပ်စာပါ။ |
| http://www.care2.com | အခမဲ့ သုံးစွဲနိုင်တဲ့ service တစ်ခုဖြစ်သလို user က ယုံကြည်စိတ်ချမှုရှိပြီး သဘောကျခဲ့မယ်ဆိုရင် တော့အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဲဒီ ဒါနတရားဟာ ကမ္ကာတစ်ဝန်းလုံးမှာရှိတဲ့ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နေရာတွေအတွက် ရည်ရွယ်ပါတယ်။ |
| http://www.DCEmail.com | ၀ါရှင်တန်ဒီစီရဲ့အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။ |
| http://www.dbzmail.com | ကာတွန်းတို့ ပန်းချီတို့နဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့“out-blaze” ရဲ့ service တစ်ခုဖြစ်ပါတယ်။ ကာတွန်းချစ်သူတွေ အချင်းချင်းဆက်သွယ်ပြီး အမြင်တွေကို ဖလှယ်ရင်း ဝေမျှခံစားနိုင်ပါတယ်။ |
| http://www.DidaMail.com | အင်္ဂလိပ်၊ အာရေဗျ ဒီဇိုင်းနှစ်မျိုးနဲ့ နှစ်သက်ရာရွေးချယ်နိုင်ပြီးPOP3 acount တွေကို ပေးပိုနိုင်တယ် လို့ဆိုပါတယ်။ |
| http://www.emailaccount.com | domain အခွဲပေါင်း မြောက်မြားစွာရှိတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။ |
| http://www.fastmail.fm | သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စာပို့ခြင်းနဲ့ လက်ခံယူခြင်းတို့မှာ အလွန်မြန်ဆန်ပြီး လူကြိုက်များပါတယ်။ |
| http://www.gawab.com | ဘာသာစကား ၁၂ မျိုးကျော်နဲ့ သုံးစွဲလို့ရတဲ့ 1GB Mail ပါ။ |
| http://www.Gratfiti.net | သိုလှောင်မှုပမာဏ 100 MB အထိ ပေးထားပါတယ်။ |
| http://www.hotpop.com | online သိုလှောင်မှု 100 MB ရရှီစေပါတယ်။ |
| http://www.hushmail.com | Email တွေနဲ့ ဖိုင်တွေကို လုံခြုံမှုဝှက်စာနဲ့ ပို့ဆောင်ပေးပါတယ်။ |
| http://www.icqmail.com | အခမဲ့ကို 6MB သာ ပေးအပ်ထားပေမယ့် တခြား IM နဲ့ အသုံးဝင်တဲ့ features တွေအများအပြား ရှိနေပါတယ်။ |
| http://www.inbox.com | 5 GB ပေးထားပြီး IMAP ချိတ်ဆက် ရရှိစေပါတယ်။ |
| http://ww.indiatimes.com | Calendar တစ်ခုနဲ့ Mail Alert တစ်ခုပါဝင်ပြီးအိန္ဒိယနိုင်ငံရဲ့ဘာသာစကား အပါအ၀င် language ပေါင်း ၁၂ မျိုးနဲ့ သုံးစွဲနိင်ပါတယ်။ |
| http://ww.InMail24.com | POP3/ IMAP တွေကို လက်ခ့တဲ့အတွက် 16 MB သာပေးအပ်ထားပေမယ့် ကိုယ့်ရဲ့ Email တွေကို outlook ကနေ တစ်ဆင့် ချိတ်ဆက်လို့ ရနိုင်ပါတယ်။ |
| http://www.jubli.com | ဖိုင်တွေကို upload တင်လို့ ရသလို chat နဲ့ voip ကိုပါ ပေးအပ်ထားတဲ့ Email ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ |
| http://www.linuxmail.org | Linux OS ရဲ့ အဆင်အပြင်နဲ့ အခမဲ့ service တစ်ခုပါ။ |
| http://www.litepost.com | Alpha (စမ်းသပ်ဆဲ ကာလ) အဆင့်သာရှိသေးပေမယ့် online ရဲ့ e-mail သုံးစွဲသူ လောကမှာတော့သတင်းမွှေးပျံ့လျက်ရှိပါတယ်။ |
| http://www.lycosMail.com | 3 GB ပေးထားပြီး attachments ကိုတော့ limit နကန့်သတ်ဘူးလို့ ကြေညာထားပါတယ်။ |
| http://www.hotmail.com | Microsoft ကုမ္ပဏီရဲ့ ၀န်ဆောင်မှု တစ်ခုပါ။ စတင် ယူယူချင်းမှာ 250 MB ရရှိပေမယ့် invite letter ရှာဖွေ နိုင်ခဲ့မယ်ဆိုရင် 2GB ပမာဏအထိ ရနိုင်ပြီး ကြော်ငြာတွေကိုပါ လျှော့ချပစ်နိုင်ပါလိမ့်မယ်။ |
| http://www.dora.com | 2 GB ပေးထားပြီးနှစ်သက်ဖွယ်ရာအသွင် အပြင်ရှိပါတယ်။ |
| http://www.mailsnare.net | အခမဲ့အသုံးပြုသူတွေအတွက် 40 MB သုံးစွဲခွင့် ရှိပါတယ်။ |
| http://www.mailzworld.com | အဆုံးအစမရှိ သိုလှောင်မှု ပမာဏ ရရှိပါတယ်။ |
| http://www.Merseymail.com | လီဗာပူးတက္ကသိုလ်ရဲ့ ကျောင်းသားများ အတွက် ရည်ရွယ် ထုတ်ဝေ ထားခဲ့တဲ့ mail တစ်ခုပါ။ |
| http://www.muchomail.com | 25 MB သိုလှောင်နိုင်ပါတယ်။ |
| http://www.myway.com | ရှင်းလင်းသပ်ရပ်တဲ့ Email လှလှကလေး တစ်ခု ဖြစ်ပါတယ်။ |
| http://webmail.opera.com | opera browser ကိုသုံးစွဲကြသူတွေအတွက် ရည်ရွယ်ထားတဲ့ webmail ဟာ 3 MB သိုလှောင်မှုပေးပါတယ်။ |
| http://www.outhun.com | “Out-blaze” ရဲ့ အိမ်ရှင်မတွေအတွက် ရည်ရွယ်ထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။ |
| http://www.postmaser.co.uk | ရှေးကျတဲ့ e-mail တစ်ခုပါ။ 1 GB သိုလှောင်ခွင့် ပေးထားပြီး provide က UK မှာ ရှိနေပါတယ်။ |
| http://www.prontomail.com | attachment ကို 2MB အထိ ပေးထားတဲ့ 25MB ပမာဏ အီးမေးလ်တစ်ခုပါ။ |
| http://www.rediff.com | 1 GB ပမာဏ သိုလှောင်မှုနဲ့အတူ 10 MB attachment ရရှိစေတဲ့ အိန္ဒိယ အခြေစိုက် ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ |
| http://www.runbox.com | 10 GB ပမာဏကို စမ်းသပ်ခွင့် သုံးလပေးထားပါတယ်၊၊ အခမဲ့သမားတွေအတွက်အမှန်တကယ် သုံးစွဲနိုင်တာက 1GB/ 10 MB ဖြစ်ပါတယ်။ |
| http://www.sacmail.com | 3.5 MB အထိ file ချိတ်ဆက်လို့ရတဲ့ e-mail တစ်ခုဖြစ်ပြီး 25 MB ပမာဏ ပေးအပ်ထာပါတယ်။ |
| http://www.safe-mail.net | 3 MB သာ storage ပေးထားပေမယ့်ပေးပို့သူ တွေအတွက်ကိုတော့ လုံခြုံရေး မြင့်မြင့်မားမား တည်ဆောက်ထားပါတယ်။ |
| http://www.ureach.com | NGO အဖွဲ့အစည်းတစ်ခုရဲ့ အခမဲ့ ၀န်ဆောင်မှုတစ်ခုပါ။ |
| http://vfemail.net | 15 MB ရှိပြီး up-grade ကိုတော့ ငွေပေးဝယ်ယူရပါမယ်။ |
| http://www.zilladog.com | ကလေးတွေအတွက် ရည်ရွယ်ပြီး ဂိမ်းတွေ ဆော့ကစားနိုင်စေဖို့သူငယ်ချင်းတွေနဲ့ e-mail အပြန်အလှန် ပို့ဆောင်စေဖို့ ဖန်တီးထားပါတယ်။ |
| http://www.yahoo.com/mail | ရှေးအကျဆုံးနဲ့ များပြားတဲ့ domain ပေါင်းစုံရှိနေတဲ့ service ပါ။ yahoo ကုမ္ပဏီရဲ့အပိုင် ဖြစ်ပါတယ်။ |
Email Tools | |
| http://www.fuser.com | Gmail,yagoo mail တို့လို Email အသုံးပြုနေရင်းနဲ့ inbox အတွင်းမှာ chat/IM အသုံးပြုလို့ရအောင် စီစဉ်ပေးထားပါတယ်။ |
| http://www.grab.com | Grab Mail ကိုသုံးစွဲနေရင်းနဲ့ အခြားသော mail တွေကို account တစ်ခုတည်းနဲ့ စစ်ဆေးလို့ ရနိုင်ပါတယ်။ |
| http://www.jumpzemail.com | ကမ္ဘာပေါ်မှာရှိနေတဲ့ internet ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်ခုခုကနေပြီးစာပို့၊ စာယူလုပ်နိုင်တဲ့ web-based mail တစ်ခုဖြစ်ပါတယ်။ |
| http://mailweb.com | POP3 IMAP တွေကို ခွင့်ပြုထားတဲ့အတွက် ISP ကနေ သတ်မှတ်ပေးထားတဲ့ mail တွေကို mail2web ကနေ တစ်ဆင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ |
| http://mymail.com | 100 MB ပမာဏ သိုလှေင်ခွင့် ပေးအပ်ထားတဲ့အပြင် POP3 နဲ့ IMAP တို့ကိုပါ ချိတ်ဆက်နိုင်ပါတယ်။ |
| http://www.tamadaa.com | web အခြေပြု client program တစ်ခု ဖြစ်ပါတယ်။ Gmail နဲ့ yahoo mail စတာတွေကို ပေါင်းထည့်နိုင်ပြီး mail စစ်ဆေးနိုင်ပါတယ်။ |
| http://www.techmail.com | အခမဲ့ 25 MB ပေးထားပြီး ‘သင့်နာမည် @techemail.com’ ဆိုတဲ့ handle တစ်ခုကို ပိုင်ဆိုင်ရပါလိမ့်မယ်။ |
Miscellaneous Mail Services | |
| http://www.earthclassmail.com | ကိုယ်ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်တဲ့ email အဟောင်းတွေကိုတောင်မှ ပြန်လည် စစ်ဆေးကြည့်ရှုခွင့်ပေး ထားပြီး ကုမ္ပဏီရဲ့ server ထဲမှာ အထူး သိမ်းဆည်း ပေးထားပါတယ်။ |
| http://www.futureme.org | နောင်လာမယ့် တစ်နှစ် ဒါမှ မဟုတ် ငါးနှစ်စတဲ့ အနာဂတ်အတွက် ကြိုက်တဲ့ အချိန် ကို ရွေးချယ်ပြီး တင်ကြိုပေးပို့ထားနိုင်ပါတယ်။ |
| http://www.hoaxmail.com | ပို့ဆောင်သူရဲ့ email လိပ်စာတွေကို မသိစေလိုတဲ့ အခါမျိုးနဲ့ SMS သဘောမျိုး အလျင်အမြန် ပို့ဆောင်ပေးနိုင်ပါတယ်။ |
| http://www.18r.nu | နောင် ငါးနှစ် အတွက် Email တွေကို ကြိုတင်ပေးပို့ ထားလို့ ရပါတယ်။ |
| http://www.postful.com | လုံခြိုမှုပြည့်ဝစွာနဲ့ email အပို့၊ အယူတွေကို ပြုလုပ်လို့ ရသလို အခပေး user တွေ အတွက်တော့ $ 0.99 သတ်မှတ်ထားပါတယ်။ |
| http://www.pranketh.com | mail နဲ့ အတူ ပါလာနိုင်တဲ့ အဖျက်အမှောင့်ဗိုင်းရပ်စ်ပိုးမွှားတွေကို အဓိက နှိမ်နင်း ပေးပြီး၊ လိုသလို ကြည့်ရှု စစ်ဆေးနိုင်ပါတယ်။ |
| http://www.shinyletter.com | ကြွယ်ဝ များပြားတဲ့ text tools တွေရဲ့ font style မျိုးစုံ ပါဝင်ထားပြီး နှေးကွေးစွာ အလုပ် လုပ်ပါတယ်။ |
| http://www.2prong.com | Email လိပ်စာကို မသက်ဆိုင်သူများမသိရှိစေရန်ခြေရာဖျောက် ပို့ဆောင်ပေးပါတယ်။ |
| http://ww.dodgeit.com | အ၀င်စာကို လက်ခံရုံ သီးသန့်သာ ထားရှိချင်သော email တစ်ခုကို သုံးစွဲချင်တဲ့အခါ မျီုးမှာအလွန် အသုံးတည့်ပါတယ်။ |
| http://www.e4ward.com | အသုံးမကျသော email များ အဆမတန် forward လုပ်ဆောင်နေမှုကို ကာကွယ်နိုင်ပါတယ်။ |
| http://www.emailions.com | သင့်ကိုခြေရာမခံနိုင်စေဖို့ email လိပ်စာပေါင်း မြောက်မြားစွာကို ရယူခွင့်ပြုထားပါတယ်။ |
| http://www.gishpuppy.com | သင့်ရဲ့သာမန် email လိပ်စာကို အကာအကွယ်ပြုထားနိုင် ဖို့ အတွက် ရှေ့မှနေပြီး အယောင်အဆောင် လိပ်စာတစ်ခုနဲ့ ကာကွယ်ပေးပါမယ်။ |
| http://www.guerrillamail.com | spam email တွေကို ရှောင်ရှားချုင်တဲ့ အခါမျိုးမှာ အသုံးဝင်ပါတယ်။ |
| http://www.mailexpire.com | email box ထဲမှာရှိနေတဲ့ spam တွေကို လမ်းလွှဲပစ်စေနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။ |
| http://www.mailnator.com | spam တွေကို အဓိက နှိမ်နင်းပေးပြီး သင့်ရဲ့ email လိပ်စာအစစ်နဲ့ ချိတ်ဆက်ပြီး သုံးစွဲနိုင်ပါတယ်။ |
| http://www.pookmail.com | email လိပ်စာလေး တစ်ခုကို တစ်ရက်တာအတွက်ပဲ အသုံးပြုချင်တဲ့အခါမှာ အဆင်ပြေပါတယ်။ |
| http://www.spam.la | register လုပ်ထားခဲ့တဲ့ website တွေဆီကနေ တစ်ဆင့် ၀င်ရောက်လာတဲ့ spam တွေကို ခြေရာခံပြီး နှိပ်ကွပ်ပစ်ပါတယ်။ |
| http://www.spambox.us | မိနစ်သုံးဆယ်ကနေ တစ်နှစ်အတွင်း ကာလအတိုင်းအတာတစ်ခုအထိပဲ email လိပ်စာငယ်လေး တစ်ခုကို လိုအပ်ရင် sign up လုပ်ခွင့်ပေးပါတယ်။ |
| http://www.spamex.com | တုံ့ပြန်မှု မရှိတဲ့ email အယောင်ဆောင် ကြော်ငြာတွေကို သန့်စင်ပေးပြီး inbox ကို လုံခြုံစေပါတယ်။ |
| http://www.spamgournet.com | spam တွေ မတရားပို့နေတတ်တဲ့ လိပ်စာတွေကို နှိမ်နင်းပြီး spam တိုက်ဖျက်ရေး အဖွဲ့အစည်းကို တိုင်ကြားပေးပါတယ်။ |
| http://www.tempinbox.com | အ၀င်စာကိုသာ လက်ခံနိုင်တဲ့ အပိုလိပ်စာကို ရယူနိုင်ပါတယ်။ |
| http://www.zoemail.com | spam တွေ ရန်ကနေ ကင်းဝေးစေဖို့ မြင့်မားတဲ့စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်နိုင်တဲ့ tools တွေ ပါဝင်ထားတယ်။ |
No comments:
Post a Comment