Saturday, March 5, 2011

ပျော်ရွှင်လေ့လာ နည်းပညာ (Intel Turbo Boost Technology)

[slideshow]


Intel Turbo Boost technology ဟာ Intel က အသစ် ထွက်ရှိ လာတဲ့ Core i5 နဲ့ Core i7 CPU တွေမှာ ပါဝင် လာတဲ့ နည်းပညာ ဖြစ်ပါတယ်။ Intel Core i နည်း ပညာနဲ့  ထုတ်လုပ် ထားတဲ့ P6000 series CPU တွေနဲ့ Core i3 CPU တွေမှာ တော့ Intel Turbo boost နည်းပညာ မပါဝင်ပါဘူး။ အရင်တုန်းက Overclocking ကို အကျွမ်း တ၀င် ရှိတဲ့ သူတွေဆိုရင် တော့ ပိုပြီး နားလည် လွယ်နိုင် ပါတယ်။ Overclocking လုပ်တယ် ဆိုတာ CPU ရဲ့ ပုံမှန် အမြန်နှုန်း ထက် ကျော်လွန် အသုံးပြုနိုင် အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။အရင်တုန်းက Overclocking လုပ်တယ်ဆိုရင် Software တွေ၊ အချို့ Motherboard မှာဆိုရင် Overclocking button တွေနဲ့ CPU ကို အမြန်နှုန်း တင်တဲ့ လုပ်ငန်းစဉ် (Overclocking) ကို လုပ်ရပါတယ်။ Intel Turbo boost နည်းပညာကတော့ ဒီလို Software တွေ၊ Hardware တွေ သုံး စရာမလိုဘဲ အလို အလျောက် Overclocking လုပ်ပေး တဲ့ နည်းပညာ ဖြစ်ပါတယ်။ ပိုပြီးနား လည်လွယ်အောင် ပုံလေးတွေနဲ့ လေ့လာကြည့်ရအောင်။


ပုံ (၁) မှာ ပြထားတဲ့ပုံဟာ Intel Turbo Boost နည်းပညာမပေါ်ခင်က Core 2 Duo CPU တစ်လုံးရဲ့ အလုပ်လုပ်တဲ့ပုံစံ ဖြစ်ပါတယ်။ Core တစ်ခုသာ အသုံးပြုဖို့လိုအပ်တဲ့ လုပ်ဆောင်ချက် တစ်ခုခုကို လုပ်တဲ့အခါ Core 1 က အလုပ်လုပ်နေပြီး Core 2 မှာ အလုပ် မရှိပါဘူး။ ဒါပေမဲ့ Core 2 ဟာ Core 1 အမြန်နှုန်း အတိုင်း လိုက်လံ အလုပ်လုပ်နေတဲ့ အတွက် မလိုလားအပ်ဘဲ ပါဝါသုံးစွဲမှု ပိုမိုစေသလို အပူချိန် ကိုလည်း ပိုမို စေပါတယ်။ Core နှစ်ခုလုံးရဲ့ အမြန်နှုန်း များဟာလည်း သတ်မှတ် နှုန်းထက် ပိုမို လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။


ပုံ (၂) ကတော့ Intel Trubo Boost နည်းပညာပါဝင်တဲ့ Core i7 CPU တစ်လုံးရဲ့ပုံဖြစ်ပါတယ်။ Intel Trubo Boost နည်းပညာပါဝင်လာတဲ့ CPU တွေမှာတော့ ပုံ (၂) မှာ ပြထား တဲ့အတိုင်း Core တစ်ခုသာ အသုံးပြု ဖို့ လိုအပ်တဲ့လုပ် ဆောင်ချက်တစ်ခု ခုကို လုပ်တဲ့အခါ Core 1 က အလုပ် လုပ်နေပြီး Core 2 က အလုပ်မလုပ်ဘဲ ပါဝါသုံးစွဲမှုကိုလည်း လုံးဝမရှိ သလောက် နည်းပါး ပါတယ်။


အလုပ်မရှိတဲ့ Core 2 ရဲ့ အမြန်နှုန်းကို ယူ သုံးပြီး Core 1 ရဲ့ အမြန်နှုန်းဟာလည်း သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် ပိုမိုအလုပ်လုပ်တာကို တွေ့နိုင်ပါတယ်။အလုပ်လုပ်ဖို့ မလိုအပ်တဲ့ Core တွေကို ပါဝါသုံးစွဲမှု မရှိသလောက်အထိ လျှော့ချထားလို့ Notebook အသုံးပြုတဲ့အခါ ဘက်ထရီစားသက်သာမှုကို ရရှိစေမှာဖြစ်ပြီး အပူ ထုတ်လွှတ်မှုနည်းပါးတဲ့ အတွက်လည်း စက်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြင့် မားစေမှာ ဖြစ်ပါတယ်။ Core တွေရဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်ရမှုပမာဏပေါ် မူတည် ပြီး Core တစ်ခုချင်းမှာရှိတဲ့ Turbo အမြန်နှုန်းကို ပုံ (၃) မှာ ပြထားသည့် အတိုင်း အလိုအလျောက် အလျော့အတင်း ပြုလုပ်ပေးမှ ဖြစ်ပါတယ်။


ဒီလို ချိန်ညှိပေးရာမှာ (၁) အလုပ်လုပ်ဆောင်နေတဲ့ စုစုပေါင်း Core အရေအတွက် (၂) လက်ရှိအားသုံးစွဲမှုအနေအထား (၃) အလုပ်လုပ်နေ တဲ့ Core တွေရဲ့ ပါဝါသုံးစွဲအနေအထား (၄) CPU ရဲ့ အပူချိန်စတဲ့ အချက် (၄) ချက်အပေါ်အခြေခံပြီး ချိန်ညှိပေးမှာ ဖြစ်ပါတယ်။ Intel Turbo Boost ရဲ့ အလုပ်လုပ်ဆောင် မှုကို အမြဲတမ်းစောင့် ကြည့်နေချင်တယ်ဆို ရင်တော့ Intel ကနေ အခမဲ့ပေးတဲ့ Window Sidebar Gadget လေးတစ်ခုကို အသုံးပြုနိုင်ပါတယ်။Intel Turbo Boost Technology Monitr ဖြစ်ပြီး Intel Website (http://downloadcenter.intel.com) ကနေ အခမဲ့ရယူနိုင်ပါတယ်။ ဒီ Gadget လေးကို ထည့် သွင်း ပြီးသွားပြီဆိုတာနဲ့ ပုံ (၄) မှာ ပြထားတဲ့အတိုင်း တွေ့ ရှိရမှာဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း 2.8 GHz အမြန် နှုန်းဟာ CPU ရဲ့ မူလအမြန်နှုန်းဖြစ်ပြီး 3.0 GHz ဟာ Turbo Boost တင်ပြီး အလုပ်လုပ်နေတဲ့ အမြန်နှုန်းဖြစ်ပါတယ်။ နည်းပညာများကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင် ကြပါစေ။ Ref: Soe Gyi (Net Guide Journal)

No comments:

Post a Comment