Thursday, March 24, 2011

ကွန်ပျူတာလေ့လာနေသူများအတွက် မရှိမဖြစ် Internet Dictionary

Internet Dictionary


Internet Dictionary ကို ကွန်ပျူတာ ၀ါသနာရှင်များ၊ အင်တာနက် သုံးစွဲသူများအတွက် အထူးစီစဉ် ပြုလုပ်ထားပါသည်။ အင်တာနက် ဝေါဟာရ တစ်လုံးချင်းစီကို လွယ်ကူစွာလေ့လာနိုင်ရန်အတွက် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။


အင်တာနက် ဝေါဟာရပေါင်း (၃၂၀) ကျော်ပါဝင်ပြီး အင်တာနက်ပေါ်ခါမှစ၍ ယခုနောက်ဆုံးပေါ် ဝေါဟာရများအထိပါဝင်ပါသဖြင့် သိရှိလိုသော သူအပေါင်း ဖတ်ရှု ရှာဖွေလေ့လာနိုင်ရန်ဖြစ်ပါသည်။ အပင်ပန်းခံပြီး ပြန်လည်ပြုစုစာစီထားပါသည်။ နည်းပညာဝေါဟာရ စာလုံးများနှင့် ပျော်ရွှင်နိုင်ကြပါစေ။


ကိုကိုထွန်း(Site-Admin)


A


@ Domaim Name မှ User ၏ အမည်များကိုသီးခြား ခွဲထုတ်ပေးထား သော e-mail address များအတွင်းရှိ သင်္ကေတ(symbol) ပင် ဖြစ် သည်။ ယင်းကို Arpanet Contractor Bolt မှ အင်ဂျင်နီယာ Ray Tomlinson Beranek နှင့် Newman တို့က သဘောတူပြီး စတင်အသုံ ပြုခြ့သည်။ လုပ်ငန်းစဉ်အရ အင်တာနက်၏ အလွန်မှတ်မိလွယ်သော icon အဖြစ် တီထွင်ကာ သူ၏ Model 33 Teletype နှင့် ပတ်သက်၍ အသုံးပြုရလွယ်သော အဖြတ်အတောက် အမှတ်အသား အနည်းငယ် မှ @ symbol ကို ရွေးချယ်ပြီး Tomlinson က Arpanet နှင့် ဆက် သွယ်ထားသည့် machines များအတွက် ပထမဆုံး e-mail ပရိုဂရမ် များကို ၁၉၇၂ ခုနှစ်တွင် စတင်ရေးသားခဲ့သည်။


Acrobat


documents များကို ဖမ်းယူခြင်း၊ ကြည့်ရူခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ အတွက် Adobe System များမှ cross Platform program တစ်ခုဖြစ် သည်။ Acrobat သည် အရောင် (colours)၊ graphics နှင့် type-faces တို့အနည်းနှင့် အများဆိုသလို တိကျအောင် ပြန်၍ reproduce လုပ်ပေးသည်။ ယခုအခါ organisations များစွာသည် Acrobat PDF (portable document format) files ကဲ့သို့သော desktop publishing သို့မဟုတ် word processing programs များဖြင့် ဖန်တီး ထားသော ကုမ္ပဏီ အစီရင်ခံစာများနှင့် စာအုပ်ငယ်များ (company reports and nrochures) ကို ဖြန့်ဝေပေးလျက် ရှိသည်။ ဤသို့ လုပ် ဆောင်သောကြောင့် ပုံနှိပ်ရခြင်း လုပ်ငန်းအတွက် ကုန်ကျမည့်စရိတ် ကို ချွေတာရာ ရောက်သည်။


Access Provider


အင်တာနက် ဆက်သွယ်ရေး (Internet Connection) ကိုရောင်းချ သော ကုမ္ပဏီ Internet Access Providers (IAPs) ဟုလည်းကောင်း  Internet Service Providers (ISPs) ဟုလည်းကောင်း အမျိုးမျိုးခေါ် သည်။


Acronyms


ပရိုဂရမ်မာများနှင့် နည်းပညာရှင်များသည် အသုံးပြုရာတွင် လွယ်ကူ စေရန် ရူပ်ထွေးပြီး ရှည်လျားသော ဝေါဟာရများကို အတိုချုံ့ပစ်ရန် acronyms သို့မဟုတ် အတိုကောက်များကို အသုံးပြုကြသည်။ စာလုံး ပေါင်းသောအခါ အချို့မှာကိုယ်ပိုင်အဓိပ္ပာယ်အရ အတော်အတန် ရှည် လျားနေတတ်သည့် သဘောရှိသည်။ ဥပမာ GUI ဆိုလျှင် မှုရင်းမှာ (graphical user interface) ဖြစ်သည်။ CORBA (common onject request broken architecture) ကဲ့သို့သော အချို့သော ဝေါဟာရ များမှာ မြင်ရ၊ တွေ့ရခဲပြီး မှတ်သားရသည်မှာလည်း ခက်ခဲလှပါသည်။ acronyms အားလုံးမှာ နည်းပညာနှင့် သက်ဆိုင်ခြင်း မရှိပါ။ Newsgroups တွင့် IMHO (in my humble opinion) နှင့် IYSWIM (if you see what I mean) ကဲ့သို့သော စကာစုမျိုးကို သင်တွေ့ ကောင်းတွေ့နိုင်သည်။ ယင်းတို့မှာ နည်းပညာနှင့် မဆိုင်ပါ။


ဤစာအုပ်ငယ်တွင် acronyms နှင့် ပတ်သက်သော စာရင်းအပြည့်အ စုံကို မပေးနိုင်သော်လည်း YAAS (yet another acronym server) တွင် ကြိုးစား၍ Web ပေါ်ရှိအတိုကောက် များကို လေ့လာကြည့်ရူ နိုင်သည်။


Acitve


ကွန်ရက်တစ်ခုအတွင်းတွင် ဆောဖ်သဲ အစိတ်အပိုင်းများ အပြန်အလှန် ဆက်သွယ်ချိတ်ဆက်ပေးသည့် မိုက်ခရိုဆော့ဖ်၏ စံသတ်မှတ်ချက် တစ်ခုဖြစ်သည်။ ထိုသို့ ကွန်ရက်ချိတ်ဆက် ထားရာတွင် အသုံးပြုထားသော ဘာသာစကားများကို ထည့်သွင်းစဉ်းစား ရန်မလို ပါ။


Acitve X


ဆော့ဖ်ဝဲ အစိတ်အပိုင်းများကို ဖန်တီးခြင်းအတွက် မိုက်ခရိုဆော့ဖ်မှ set og standards ဟု လွတ်လပ်စွာ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ် ဖြစ်သည်။ မကြာခဏ မှားယွင်း၍ နှိုင်းယှဉ်ခြင်း ခံရသော JAVA နှင့် အတူသည်မှာ Active X ကို single technology သို့မဟုတ် Kanguage တစ်ခုပေါ်တွင် based လုပ်ခြင်းမရှိပါ။ သို့သော် မိုက်ခရို ဆော့ဖ် extensive (component object model) ၏ အစိတ်အပိုင်း သာ ဖြစ်ပါသည်။ အင်တာနက် user များအတွက် Active X ၏ အလွန် မြင်သာသော သီးသန့်အစိတ်အပိုင်းများမှာ control များ၊ မိုက်ခရို ဆော့ဖ်၏ Navigator တို့ကဲ့သို့သော Web browsers များ၏ လုပ် ဆောင်ချက်စွမ်းရည်ကို တိုးမြှင့်ပေးသော ဆော့ဖ်ဝဲ၏ သေးငယ်သော အစိတ်အပိုင်းများပင် ဖြစ်သည်။


Java fans နှင့် security consultants တို့က ဤအချက်သည် Java တွင် ရေးသားခြင်းထက် Active X controls များ အသုံးပြုခြင်းကို ရှောင်ရှားရန် အကောင်းဆုံးသော အကြောင်းပြချက်ဖြစ်သည်ဟု ဆို သည်။ မည်သို့ပင် ဆိုစေကာမှု user ၏လုံခြုံမှုကို အယုံကြည်ခံရသော ကုမ္ပဏီက controls များကို identify ရာတွင် အာမခံပေးရန် Digital Signature ကို သုံးသင့်သည်ဟု မိုက်ခရိုဆော့ဖ်က ပြောကြားသည်။ ၄င်း၏ အဆိုမှာ user ၏ လုံခြုံမှုကို ကုမ္ပဏီသာ တာဝန်ယူရမည်ဆို သည့် သဘောဖြစ်ပါသည်။ မည်သူမှားသည် မည်သူမှန်သည် ဖြစ်စေ Java applets ကိုနှစ်သက် လာပြိး Active X ကို မကြိုက်သူများက ပို၍ပို၍ များလာခဲ့သည်။


ADSL


Asymmetric Digital Subscriber Line


စံသတ်မှတ်ထားသော copper telephone wires က အသုံးပြုနေ သော bandwidth တိုးပွားလာစေရန် တည်ဆောက်ထားသည့် ဒစ်ဂျစ် တယ် နည်းပညာ ပစ္စည်းများအနက်မှ တစ်ခုဖြစ်သည်။ ADSL ၏ design ကို အိမ်များနှင့် လုပ်ငန်းများက သူတို့ generate လုပ်နိုင် သည်ထက် data များကိုအလွန်အကျွံသုံးစွဲမှု လုပ်နေသည် ဟူသော အယူအဆအပေါ် အခြေခံကာ တည်ဆောက်ထားသည်။


Advertising


အင်တာနက်သည် ကုန်ပစ္စည်းများ ၀န်ဆောင်မှုများနှင့် အမှတ်တံဆိပ် များကို ကြော်ငြာပေးနိုင်ပါသည်။ ယင်းသို့ ကြော်ငြာမှုကြောင့် ရောင်း အား တက်လာနိုင်ပါသည်။ website content providers များအတွက် ကြောငြာမှရရှိသော ၀င်ငွေသည် content yser များထံမှ ရရှိသည် ထက်များသည်။ အလားအလာရှိသော ကြော်ငြာသမား တစ်ယောက် ကို web များက သဘောကျတတ်သည်။ Web ပရိသတ်ခြေရာခံပြီး ပရိသတ်အကြိုက် ဂရိုစိုက်၍ ပစ်မှတ်ထားကာ ဆောင်ရွက်ရသည်။ ယင်းမှာ မည်သည့် site ကိုကြည့်သူများသလဲကို ကြော်ငြာ site အ တွက် အချိန်မည်မျှ ကြာကြာပေးသလဲ စသည်အပေါ်မှာမှုတည်၍ စဉ်း စားကြသည်။ မည်သို့ပင်ဆို စေကာမှု လက်တွေ့တွင် ကြော်ငြာလုပ် ငန်းသည် ထင်သလောက် မလွယ်ပေ။


သူတို့ဖော်ပြသော ကိန်းဂဏန်းများက အခြေအနေကို ဖော်ပြနေပါ သည်။ ၁၉၉၉ ခုနှစ် Internet Advertising Bureau ရဲ့ အစီရင်ခံစာအ ရ ကြော်ငြာမှ ရရှိတဲ့ဝင်ငွေမှာ ၁၉၉၈ မှာ ဒေါ်လာ ၁.၉၂ ဘီလီယံ ရှိ သည် ဆိုသည်။ ယင်းမှာ ယခင်နှစ်ကထက် ၁၁၂ ရာခိုင်နှုန်း တက်လာ ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ် ဒုတိယလေးလပတ်မှာပင် ဒေါ်လာ ၁ဘီလီယံ နီးပါးရရှိထားပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကြော်ငြာရှင် များ၏ ငွေကို လိုချင်နေသော website များအကြား ပြိုင်ဆိုင်မှုမှာ ပြင်း ထန်လာပြီး ကြော်ငြာရှင်များအနေဖြင့်လည်း မည်သည့်နေရာတွင် ကြော်ငြာသင့်သည်ကို ဆုံးဖြတ်၍ မရအောင် ဖြစ်နေကြသည်။


Agent


ဆော့ဖ်ဝဲတစ်မျိုးဖြစ်ပြီး အထူးသဖြင့် ကွန်ရက် တစ်ခုကို ဖြတ်၍ သတင်းအချက်အလက်များကို အလိုအလျောက် ရှာဖွေပေးသည်။ Grandiose က ဖော်ပြသည်မှာ အလားအလာ ရှိသော agents များကို မှန်မှန်တည်ဆောက်သွားဖို့ ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေမှာ လုံလောက်မှု ရှိနေပါသေးသည်။ Grand Central Station ကဲ့သို့သော ပရိုဂရမ်များ၌ Web pages ရှိအချက်အလက်များကို ပြန်လည်ထုတ်ယူ ရန် အဓိက အသုံးပြုနေသည်။ ယခု လောလောဆယ်တွင် အကန့်အသတ်များ ရှိနေသော်လည်း agent နည်းပညာမှာ အလွန်အရေးပါသော ခေါင်းစဉ်ဖြစ်နေဆဲပင် ဖြစ်သည်။


Alta vista


World Wide Web အတွက် ပထမဆုံး ပေါ်ထွက်ခဲ့သည့် search engines များအနက်မှ တစ်ခုဖြစ်သည်။ Alta Vista ကို ၁၉၉၅ ခုနှစ်က Digital Equipment Corp( DEC) မှ ထုတ်လုပ်ခဲ့သည်။ e-mail အ ဟောင်း၏ track ကို ထိန်းထားပြီး internal obsession တစ်ခု၏ အကျိုးဆက်အဖြစ် ယင်းဆော့ဖ်ဝဲကို ပိုကောင်းအောင် တီထွင်ခဲ့သည်။ ယင်းသည် ယခုအခါ Web based data ကို 200 gigabytes ဖြင့် index လုပ်ပေးသည်။


Amazon


Web ကို အသုံးပြု၍ စာအုပ်ရေင်းသော ကုမ္ပဏီ ဖြစ်သည်။ အမေဇုန် အား ၁၉၉၄ ခုနှစ်တွင် အမေရိကန်မှ စာအုပ်များကိုတစ်ချိန်တည်းတွင် နေရာများစွာ၌ ရောင်းချပေးမည် ဟူသော ရည်ရွယ်ချက်ဖြင့် တည် ထောင်ခဲ့သည်။ တည်ထောင်သူမှာ ဂျက်ဘင်ဇို ဖြစ်သည်။ ပထမဆုံး အင်တာနက် ကုမ္ပဏီအမေဇုန်သည် ၁၉၉၉ ဇွန်တွင် သုံးစွဲသူ ၁၀ သန်း အထိ ရရှိခဲ့သည်။


Anonymous FTP Server


လူအများဆက်သွယ် အသုံးပြုနိုင်သော file archive ပါသော ကွန်ပျူ တာတစ်ခု ဖြစ်သည်။ "anonymous" ဟူသော စကားလုံးကို Log-in name အဖြစ်လည်းကောင်း၊ e-mail address အဖြစ်လည်းကောင်း password အဖြစ်လည်းကောင်းသုံးသည်။


AOL


Online Services နှင့် အင်တာနက် access ကို ဆောင်ရွက်ပေးသော ကမ္ဘာ့အကြီးမားဆုံး Provider ဖြစ်သည်။ ကုမ္ပဏီအမည် အရှည်မှာ America On Line ဖြစ်သည်။ AOL ကို နှစ်စဉ်ကြေး ပေးသုံးသူ ၁၉ သန်း ရှိသည်။


APache


လည်ပတ်နေသော Web Servers အတွက်သုံးသော ဆော့ဖ်ဝဲ ဖြစ် သည်။ Netscape နှင့် Microsoft ကဲ့သို့သော ကုမ္ပဏီ ကြီးများမှ ဆော့ဝဲများနှင့် မတူဘဲ သီးခြား free software ဖြစ်သည်။ ၁၉၉၉ ခုနှစ် မေလက ပြုလုပ်ခဲ့သော Netcraft ၏ survey အရ ၅၇ ရာခိုင်နှုန်း သော Websites များသည် Apache နှင့် ဆောင်ရွက်နေကြသည်ဟု ဆိုသည်။


Applet


တိကျသော လုပ်ငန်းတစ်ခုကို ဆောင်ရွက်ပေးသော သေးငယ်သည့် ကွန်ပျူတာ ပရိုဂရမ်တစ်မျိုး ဖြစ်သည်။ World Wide Web ၏ context တွင် applet ကို displaying animations သို့မဟုတ် တွက် ချက်မှုများကို ဆောင်ရွက်ရန် WEB pages များအတွင်းတွင် တည်ဆောက်ထားသည်။


Archine


Internet FTP archives များကို filename ဖြင့် ရှာသော ပရိုဂရမ်တစ် ခုဖြစ်သည်။


ASCII


America Standard Code for Information Interchange ၏ အတို ကောက် ဖြစ်သည် text format ကို ကွန်ပျူတာ အားလုံးက ဖတ်နိုင်သည်။


ASP


Active Server Pages


server ပေါ်ရှိ template တစ်ခုမှ အလိုအလျောက် အလုပ်လုပ်နေ သော Web pages များအတွက် အလွန်လူကြိုက်များနေသော နည်းစ နစ်တစ်ခု ဖြစ်သည်။


(ATM)


Asynchronous Transfer Mode


သတင်းအချက်အလက်များကို မြန်ဆန်စွာ ပေးပို့နိုင်သော ကွန်ရက် ဆိုင်ရာ နည်းပညာတစ်မျိုး ဖြစ်သည်။ ယင်းကြောင့် data များ ပေးပို့ ရာတွင် များများနှင့်မြန်မြန် ပေးပို့နိုင်ခဲ့သည်။


Attachment


document သို့မဟုတ် audio clip တစ်ခုကဲ့သို့ e-mail message တစ်ခုနှင့်တွဲ၍ ပေးပို့သော ဖိုင်တစ်ခုကို ဆိုလိုသည်။ မည်သည့် disk file ကိုမဆို attavhment တစ်ခုအဖြစ်ပေးပို့နိုင်သည်။ သို့သော modem connection နှေးကွေးပါက size ကို ကန့်သတ်မှု ရှိနိုင်သည်။


Avatar


ဂိမ်းသိုပမဟုတ် chat room တို့ ပါဝင်သည့် online တစ်ခုတွင် ပါဝင် သော ပုံစံသို့မဟုတ် ဆော့ဖ်ဝဲ generated figure တစ်ခု ဖြစ်သည်။ ယင်းသည် free-floating heads မှသည် cartoon characters များ အထိ form များစွာကို ကိုယ်စားပြု ဆောင်ရွက်ပေးသည်။


B


Backbone


အလွန်ဝေးကွာသော အင်တာနက် လမ်းကြောင်းတွင် data များစွာကို ထိန်းသိမ်းပေးထားနိုင်သော စွမ်းရည်။ ယင်းသိုလှောင်မှုစွမ်း ရည်မြင့် မာသလို (high- capacity) လည်း မြန်ဆန်သည်။


 


Bandwidth


communications channel တစ်ခုကိုဖြတ်၍ data signal တစ်ခုက occupied လုပ်ထားသော frequencies ၏ range နှင့် ပတ်သက် သော ပမာဏ။ range of frequencies ကြိးမားလေလေ data များလာလေလေ ဖြစ်ပြီး သတင်းအချက်အလက်ကိုလည်း ပေးထား သော အချိန်အတွင်း ပေးပို့နိုင်သည်။


 


Banner


Web page တစ်ခုပေါ်ရှိ ကြော်ငြာတစ်ခု၊ အစဉ်သဖြင့် GIF image တစ်ခု၏ ပုံသဏ္ဍန်ဖြင့် ဖော်ပြလေံရှိသည်။ ၁၉၉၄ ခုနှစ်တွင် Hotwired က တီထွင်ခဲ့သည်။ banner သည် Wen advertising ၏ အလွန် လူသုံးများသော ပုံစံတစ်ခုဖြစ်သည်။ ထို့အပြင် ၀င်ငွေအများဆုံးရသော အရင်းအမြစ်လည်း ဖြစ်နေဆဲ ဖြစ်သည်။


Baud Rate


Data ကို လွှဲပြောင်းပေးပို့သောအခါ မိုဒမ်၏ အချက်ပြများ တစ်စက္ကန့် တွင် ပြောင်းလဲမှုအကြိမ် အရေအတွက်ဖြစ်သည်။ Bps နှင့် မတူပါ။


 


BBS


Bulletin Board System ၏ အတိုကောက်ဖြစ်သည်။ မိုဒမ်ကို သုံး၍ ဆက်သွယ်ရသည်။ အဖွဲ့ဝင်များသည် ဖုန်းဖြင့် ဆက်သွယ် နိုင်သည်။ အီးမေးလ်ပို့နိုင်သည်။ ဂိမ်းများကစားနိုင်သည်။ အခြား user နှင့် ဖိုင်များ ကို ဖလှယ်နိုင်သည်။


 


BCC


Blind carbon copy


(မမြင်ရသော ကာဗွန်ကော်ပီ) ကို အတိုကောက်သုံးထား ခြင်းဖြစ် သည်။ e-mail တစ်စောင်၏ copy တစ်ခုကို မှုလလက်ခံသူအား အသိမပေးဘဲ third party သို့ ပို့လိုက်ခြင်း မျိုးဖြစ်သည်။


 


Bainary Files


Non-plain text file အားလုံးသည် binary file များဖြစ်သည်။ ယင်းတို့ထဲတွင် ပရိုဂရမ်များ၊ word processor document များ၊ ပုံရိပ် များ sound clip များနှင့် compressed file များ ပါဝင်သည်။


 


Biary Newsgorup


Binary file များကို ပေးပို့ရန် သီးသန့် ဆောင်ရွက်သော usenet group ဖြစ်သည်။


Binhex


ကွန်ရက်တစ်ခုမှတဆင့်ဖြစ်စေ၊ သို့မဟုတ် e-mail message တစ်ခု၏ အစိတ်အပိုင်း သဘောဖြင့်ဖြစ်စေ မပေးပို့ခင် Macintosh files များကို  text အဖြစ် ပြောင်းလဲပေးသော utility တစ်ခု ဖြစ်သည်။


 


Blocking software


အဓိကကျသည်ဟု ယူဆထားသော အင်တာနက်၏ အစိတ်အပိုင်းများ ကို access လုပ်ရာတွင် အကာအကွယ်ပေးသော ပရိုဂရမ်များ ဖြစ်သည်။ ယင်းကို တစ်ခါတစ်ရံ censor ware သို့မဟုတ် filtering software ဟုခေါ်သည်။


 


Bluetooth


ကြိုးမဲ့ဆက်သွယ်ရေးအတွက် အသုံးပြုသော specifications တစ်စုံ (a set of) ဖြစ်သည်။ ၁၀ရာစုနှစ်က ဒိန်းမတ်ပြည်နယ်များကို စုစည်းခဲ့ သော ဘုရင်ကို ခေါ်ဝေါ်သော အမည်ဖြစ်သည် Bluetooth သည် ရေဒီ ယိုလှိုင်းများမှတဆင့် ကြိုးမဲ့ပီစီနှင့် တယ်လီဖုန်းတို့ကဲ့သော electronic devices များကို ဆက်သွယ်ပေးသည်။


 


Book Marks


URL များကို သိမ်းဆည်းရန် သုံးသော Web browser ဖိုင် ဖြစ်သည်။


 


Bounced Mail


ပေးပို့သူထံသို့ ပြန်လာသော အီးမေးလ်။


 


Bps


Bits per second ၏ အတိုကောက်ဖြစ်သည်။ မိုဒမ်းတစ်ခုနှင့်တစ်ခု data ကို ပြောင်းလဲပေးပို့သည့်နှုန်း။ Bit သည် data ၏ အခြေခံယူနစ် ဖြစ်သည်။


 


Browser


Web document များကို download လုပ်ပြီး display လုပ်နိုင်သော ပရိုဂရမ်တစ်ခု ဖြစ်သည်။ ဥပမာ-Netscape ပရိုဂရမ်။


 


Business-T0- Business


လုပ်ငန်းတစ်ခုမှ အခြားလုပ်ငန်းတစ်ခု၊ ကုမ္ပဏီတစ်ခုမှ အခြားကုမ္ပဏီ တစ်ခုသို့ အပြန်အလှန် ဆက်သွယ်ခြင်းကို ဆိုလိုသည်။


 


Byte


အက္ခရာစာလုံး "a" သို့မဟုတ် "J" စသည်ဖြင့် စာလုံးတစ်လုံးချင်းအ တွက် လိုအပ်သော သိုလှောင်မှု ပမာဏ။


 


Bytecode


Java Program File တွင်ပါဝင်သော constituent code ဖြစ်သည်။


 


C


C++


ပရိုဂရမ်များ ရေးသားရာတွင် သုံးသည့် Object-Oriented Programming Language ဖြစ်သည်။ ၁၉၈၀ ခုနှစ်များ အတွင်းက Bjare Stroustrop ဆိုသူက Bell Labs တွင် တီထွင်ခဲ့သည်။ အဆိုပါ ပရိုဂရမ်ဘာသာစကားသည် မှုလက ရှိထားပြီး ဖြစ်သော ပရိုဂရမ်ဘာ သာစကား C ကို ဆက်လက် တိုးတက်အောင် ပြုလုပ်ခြင်း ဖြစ်သည်။ PC များအတွက် ပရိုဂရမ်များ ရေးသားရာတွင် လူသိများသော ပရိုဂရမ် ဘာသာစကားဖြစ်သည်။ ယခုအလားတူ ဘာသာစကားတစ်ခု ဖြစ်သော Java ပေါ်လာသဖြင့် ယခင်ကလောက် နာမည်ကျော်ကြား ခြင်း မရှိတော့ပေ။ Java က ပိုမိုကောင်းမွန်ပြီး လွယ်ကူသည်ဟု ဆိုကြ သည်။


 


Cable Modem


ကိုယ်ပိုင်သုံး ကွန်ပျူတာတစ်လုံးကို ဒေသတွင်းရှိ ကေဘယ်တယ်လီဗီး ရှင်းလိုင်းတစ်ခုနှင် ဆက်သွယ်ပေးနိုင်သော မိုဒမ်တစ်ခုဖြစ်သည်။ Cozxial ကေဘယ်ကြိုး ရှိသောနေရာများတွင် ကေဘယ် မိုဒမ်များသည် လျင်မြန်စွာဖြင့် အမြဲတမ်း အင်တာနက်ကို ဆက်သွယ် ပေးသည်။ အချက်အလက်လွှဲပြောင်းပေးပို့နိုင်သော နှုန်းမှာ 30Mbps ရှိသော်လည်း ISP အင်တာနက် တံခါးမကြီး၏ ပို့နှုန်းအပေါ်တွင် ကေဘယ် မိုဒမ်များ၏ ပို့နိုင်သော လျင်မြန်မှုနှုန်းက တည်နေသည်။


 


Cache


ကွန်ပျူတာတစ်ခု၏ hard disk ပေါ်မှ တစ်ခုဖြစ်သည့် Web Browser တစ်ခုက မကြာသေးသော အချိန်အတွင်း download လုပ်ထားသော pages များထားသိုရာ နေရာဖြစ်သည်။ အသုံးပြုသူက သိုလှောင်ထား သော Stored Page များရယူလိုလျှင် cache မှ ရယူနိုင်သည်။ Original Internet-Server မှ ရယူရန် မလိုတော့ပေ။


Cache Poisoning


သိုလှောင်ထား၍ မမြင်ရသော အင်တာနက်ပုဂ္ဂလိက အမည်ပေးနေရာ ယူထားသော စနစ် domain name system (DNS) server data (ထိန်းချုပ်ထားသော သတင်းအချက်အလက်များ) ၏ လွဲချော်မှုနှင့် ပတ်သက်သော ကွန်ပျူတာကို တိုက်ခိုက်သည့် ပုံစံတစ်မျိုး၊ ယင်း တိုက်ခိုက်မှုသည် ဆိုးဝါးသော server တစ်ခုသို့ ကွန်ရက်ကို တစ်ဆင့် ခံကာ တိုက်ရိုက်ပေးပို့သွားနိုင်သည်။


 


Carrier


သတင်းအချက်အလက်များ ထည့်သွင်းရာတွင် signal of frequency နှုန်း ပြောင်းလဲမှုပေါ်တွင် အခြေပြု ထည့်သွင်းရသော အီလက်ထရွန်း နစ် အချက်ပြမှု တစ်ခု ဖြစ်သည်။


 


Case-Sensitive


စာလုံးအကြီးနှင့်အသေး အတူတူဟု မသတ်မှတ်ပါနှင့်။ ဥပမာ-case sensitive password ကို type ရိုက်သောအခါ " CAT" နှင့် "cat" မတူချေ။


 


CC


E-mail သတင်းများ ပေးပို့ရာတွင် မှုလလိပ်စာရှင် main address မှ တစ်ပါး အခြားတစ်ဦးမှတစ်ဦးသို့ ပေးပို့သော သတင်း မိတ္တူဖြစ်သည်။


 


CDA


communications decency act.


၁၉၉၆ ခုနှစ်က သမ္မတဘီလ်ကလင်တန် လက်မှတ် ရေးထိုး အတည်ပြု သော Telecommunications Act ၏ တစ်စိတ် တစ်ဒေသ ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် အခြေခံဥပဒေ First Amendment ကို ချိုး ဖောက်ရာကျသဖြင့် တရားရုံးတော်က ပယ်ချခဲ့သည်။ အစိုးရက အ တည်ပြုခွင့်  မပေးသော မည်သည့် အင်တာနက် ဆက်သွယ်မှုများကို မဆို အရေးယူနိုင်မည့် ဥပဒေမျိုး ဖြစ်သည်။ အဓိပ္ပာယ်သတ်မှတ်ချက် မရှင်းလင်းသဖြင့် အတိုက်အခံ အုပ်စုများ၏ ကန့်ကွက်မှုကြောင့် တရားရုံးမှ ပယ်ချခြင်း ဖြစ်သည်။


 


Censorship


အင်တာနက် ပေါ်ပေါက်လာသောကြောင့် ယင်းအပေါ် ထုတ်လွှင့်သော အကြောင်းအရာများကို စိစစ်ရန် ပြဿနာပေါ်ပေါက်ခဲ့သည်။ အများ ပြည်သူတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သော အကြောင်းအရာ များ ဖြစ်သော ညစ်ညမ်းစာပေများ၊ အကြမ်းဖက်မှုများ အခြားပြစ်မှုများ အကြောင်းထုတ်လွှင့်ခြင်းကို အစိုးရများက ပိတ်ပစ်ကန့်သတ်ထား သည်။ အင်တာနက်သည် တစ်ကမ္ဘာလုံးက ရယူဆက်သွယ်နိုင်သဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပိတ်ပင် ကန့်သတ်မှုတွင် အယူအဆ မတူညီ ကြချေ။ အချို့နိုင်ငံများက ISP အဆင့်တွင် တစ်စုံတစ်ခုသော Sites များကို ဆက်သွယ်ခွင့်မရအောင် ပိတ်ပစ်ထားကြခြင်း သို့မဟုတ် တစ်ဦးတည်းပိုင် ကွန်ပျူတာများ၏ လိပ်စာအရ ကွန်ပျူတာ တစ်လုံးစီ အတွက် သီးခြားပိတ်ပစ်ခြင်းမျိုးကိုလည်း ပြုလုပ်ကြသည်။ ၁၉၉၅ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာဗေးရီးယားတွင် အာဏာပိုင်များက Compu Serve ကို News Group ၂၀၀ ကျော်အား ပိတ်ပစ်ပေးရန် ဖိအားပေး ခဲ့သည်။


CGI


common gateway interface


အသံမြည်သော Web Pages များကို အသံကောင်းစာ ကြည့်ရူနိုင်ရန် ပြုလုပ် ပေးသော လုပ်ထုံးတစ်ခု ဖြစ်သည်။ CGI သည် WEb Pages တစ်ခုကို သီးခြားလုပ်ငန်းတစ်ခု ဆောင်ရွက်နေသော ကွန်ပျူတာ ပရိုဂရမ် အငယ်တစ်ခုနှင့် ဆက်စပ်ပေးသည်။ ယင်း လုပ်ငန်းများမှာ contents များကို processing ပြုလုပ်ခြင်းနှင့် အတည်ဖြစ်သော သတင်းများကို ပြန်ပေးပို့ခြင်းဖြစ်သည်။ CGI ပရိုဂရမ်တစ်ခုကို Script ဟုလည်း ခေါ်သည်။ ပရိုဂရမ်ဘာသာ စကားအမျိုးမျိုးဖြင့် ရေးသားနိုင် သည်။


 


CHAT


အင်တာနက်တွင် လူသုံးများသော လုပ်ငန်းတစ်ခု ဖြစ်သည် အသစ် ဆက်သွယ်သူများက ပိုမို၍ သုံးစွဲကြသည်။ Chat သည် အင်တာနက် ပေါ်တွင် ပုံစံအမျိုးမျိုးရှိသည်။ Free-for-all-Internet Relay Chat သည် one-to-one-programs များဖြစသည့် ICQ နှင့် AOL Instant Messenger တို့ကို ထုတ်လွှင့်ပေးသည်။ text only Window တွင် တစ်ဦးချင်းသို့ အုပ်စုတစ်စု အတွက် သတင်းများကို Type ပြုလုပ်ပြီး ဈေးသက်သာ၍ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်သည့် ဖုန်း သို့မဟုတ် ခရီးဝေးဖုန်း အနေဖြင့် အစားသုံးကြသည်။ ဘာသာရပ်မျိုးစုံ ထောင်နှင့် ချီ၍ ရှိသည့်အတွက် channels များနှင့် rooms များစွာ၇ှိသည်။ အချို့ servers များက သုံးစွဲသူများကို ကိုယ်ပိုင် rooms များ ထားရှိခွင့်ပေး သည်။ (လွတ်လပ်စွာ ဆက်သွယ်စကားပြောနိုင်ရန် ဖြစ်သည်။)


Chat ကို Microsoft ကလည်း ၀င်ရောက်လာပြီး ၁၉၉၉ ခုနှစ် တွင် Microsoft (IETF) သို့ Rendezvous ခေါ် chat လုပ်ထုံး တစ်ခုပေါ် လာသည်။ ယင်း၏ ရည်ရွယ်ချက်မှာ မှုပိုင်ဖြစ်သော ဆော့ဖ်ဝဲ သုံးနေသူ များကို ယင်းဆော့ဖ်ဝဲ အသစ်များ ပြောင်းသုံးလာစေရန် ဖြစ် သည်။ တစ်နည်းအားဖြင့် ရောင်းသူများနှင့် AOL တို့၏ အ၀န်းအ၀ိုင်း ထဲမှ ဆွဲဆောင်ရန်ဖြစ်သည်။ Microsoft ၏ Messenger software ကို ဆက်သွယ်နိုင်သဖြင့် AOL ကတုံ့ပြန်ပြန်း access မလုပ်နိုင်ရန် ပိတ် ထား သည်။ ယင်းဖြစ်ရပ်ကြောင့် အများအတွက် open chat standard တစ်ခု ဖြစ်ပေါ်လာရန် ကြိုးပမ်းလျက် ရှိသည်။


 


CISCO


ကမ္ဘာ့အင်တာနက် ကွန်ရက်အများစုကို ဆက်သွယ်ပေးသော ကုမ္ပဏီ တစ်ခုဖြစ်သည်။ ကယ်လိဖိုးနီးယားတွင် အခြေစိုက်သော ciso သည် ၀င်ငွေသန်း ထောင်ပေါင်းများစွာ ရရှိသော လုပ်ငန်းတစ်ခုဖြစ်သည်။ cisco သည် ကမ္ဘာ့ Router ပစ္စည်းဈေးကွက် သုံးပုံတစ်ပုံကို ချုပ်ကိုင် ထားနိုင်သည်။


 


Class A network


အင်တာနက်ပေါ်တွင် ပါဝင်သော ကွန်ရက်အတွက် Internet addresses (IP addresses) များကို 16,777,215 အထိသတ်မှတ် ပေးထားသည်။ လက်ရှိ အင်တာနက် addressing ကန့်သတ်ချက်မှာ အများဆုံး 128 Cass A networks များ ဖြစ်သည်။


 


Class B network


အင်တာနက်ပေါ်တွင် ပါဝင်သော ကွန်ရက်အတွက် Internet addresses (IP addresses) များကို 65,535 အထိ သတ်မှတ်ထား သည်။ လက်ရှိအင်တာနက် addressing ကန့်သတ်ချက်မှာ အများဆုံး 16,384 Class B networks များ ဖြစ်ည်။ ဤနည်းအရ IP addresses များကို ပြတ်လပ်မှုမရှိစေရန် ဖန်တီးကြသည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့အစည်းများအနေဖြင့် 256 addresses ထက်ပို၍ လိုအပ်သည်။ သို့ရာတွင် 65,535 addressed ကအနည်းငယ် အလှမ်းဝေးသဖြင့် Class B addresses သည် အလဟသာ ဖြစ်စေသည်။


 


Class C network


အင်တာနက်ပေါ်တွင် ပါဝင်သသော ကွန်ရက်အတွက် Internet addresses (IP addresses) များကို 256 အထိ သတ်မှတ်ထားသည်။ လက်ရှိအင်တာနက် addressing ကန့်သတ်ချက်မှာ အများဆုံး 2,097,152 Class C networks များ ဖြစ်သည်။


 


Client


ကွန်ရက်တစ်ခုမှတစ်ဆင့် သတင်းအချက်အလက်ကို ဆက်သွယ်ရယူ သော ပရိုဂရမ်တစ်ခု။


 


Client/Server


ကွန်ပျူတာများ အလုပ်လုပ်ပုံ ပုံစံတစ်ခုဖြစ်သည်။ ပရိုဂရမ်တစ်ခု (A Cilent) က အခြားတစ်ခု (A server) ထံမှ အချက်အလက်များတောင်း ခံသော အနေအထား ဖြစ်သည်။ Client/Server ဆက်သွယ်မှု ပုံစံသည် Network computing အတွက် အလွန်အရေးကြီးသော အယူအဆ ဖြစ်သည်။ ဝေးကွာသော နေရာရှိ ကွန်ပျူတာများ ကွန်ရက် များသို့ အချက်အလက်များ ပရိုဂရမ်များဆက်သွယ် ဖြန့်ဝေရာတွင် လုပ်ငန်းအဖွဲ့အမစည်းများအတွက် ကောင်းမါန်သော နည်းစနစ် တစ်ခုကို ဖော်ဆောင်ပေးသည်။


 


.COM:


Dot-Com သည် Generic-Jigh Levle Domain-names ခုနှစ်ခုအ နက်မှ တစ်ခုဖြစ်သည်။ American မှ လိပ်စာများကို ကျယ်ပြန့်သော လိပ်စာအမျိုးအစားများ ခွဲခြမ်းရာတွင် အသုံးပြုသည်။ ဥပမာ-A-Com သည် ကူးသန်းရောင်းဝယ်ရေး အဖွဲ့အစည်းများ၏ လိပ်စာကို ဖော်ညွှန်း သည်။ a.org ပါသော လိပ်စာများမှာ A.Com နှင့် ဆန့်ကျင်ဖက်ဖြစ်ပြီး အကျိုးအမြတ်မယူသော (non-profit) အဖွဲ့ အစည်းများကို ရည်ညွှန်းသည်။ ယင်းလိပ်စာမျိုးတွင် Kudos ရှိရသည့် နိုင်ငံကို တိကျစွာ ဖော်ပြပေးသည်။ Domains များထက်ကြီးသည်။ ဥပမာ .Co.Uk.


 


COM


Compnent Object Model


Microsoft မှပြုလုပ်သည့် ရူပ်ထွေးသော နည်းပညာ အစုအဝေး ဖြစ်သည်။ Components ခေါ် Software အစိတ်အပိုင်းများ အတူ အလုပ်လုပ်နိုင်ရန် စီမံပေးထားသော နည်းပညာ ဖြစ်သည်။


 


Compression


ဖိုင်များ၏ အရွယ်ကို သေးငယ်အောင် ပြုလုပ်သော နည်းဖြစ်သည်။ သေးငယ်သွားစေရန် ကူးယူရာတွင်လည်းကောင်း လျင်မြန်သည်။ Text သို့မဟုတ် Bibary Files များမှ ခေတ်မမီတော့၍ မလိုသော သတင်းများကို ဖယ်ခြင်း၊ အစားထိုးခြင်း၊ compression algorithms များက ဆောင်ရွက်ပေးသည်။ ရုပ်ပုံဖိုင်များမှ ချုံ့ရန်၊ သင့်လျှော်သည့် Pictures Formates များဖြစ်သည်။ GIF နှင့် JPED ကဲ့သို့သော Pictures Formats များကို သေးငယ်စေရန် ပြုလုပ်နိုင်သည်။ လူသိ များသော Compression Format များမှ ZIP,ARC နှင့် TAR တို့ ဖြစ်သည်။


 


Connection


Dital-up Networking သည် တစ်စုံတစ်ခုသော ကွန်ရက် သို့မဟုတ် ISP သို့ ဆက်သွယ်ထားခြင်းအား သတ်မှတ်ပေးသည့် ဖုန်းနံပါတ် သို့မ ဟုတ် အခြား setting များ။


 


Content


Website တစ်ခုသို့မဟုတ် အခြားထုတ်လွှင့်သော စနစ်တစ်ခု၏ ဖြန့်ချိ သော အကြောင်းများနှင့် ပတ်သက်သော သတင်းဖြစ်သည်။ ယင်းတွင် Text,Sound,Video,Animation နှင့် numerical information တို့ ပါဝင် သည်။ Content သည် စရိတ်ကနု ကျမှုများ များပြားသဖြင့် အင် တာနက် အဖွဲ့အစည်းများ အများအပြားက အခမဲ့ ဖြန့်ဝေခြင်း မပြုနိုင် ချေ။


 


Convergence


တစ်ခုနှင့်တစ်ခု ဆက်စပ်နိုင်ရန် ခက်ခဲသော နည်းပညာ ၇ပ်များ စုပေါင်း ထားခြင်း။


ဥပမာ- Internet Services, television နှင့် အခြားဖြေဖျောမှုများ ဖြစ် သည်။ တယ်လီဗေးရှင်းစက်တစ်ခု၏ လုပ်ကိုင်ဆောင်ရွက်ပုံကို လူသိ များသော်လည်း ကွန်ပျူတာတစ်ခု အကြောင်းကို လူသိနည်းပါးသည်။ ကိုယ်တွယ်ရန်လည်း ခက်ခဲသည်။ သို့ဖြစ်၍ ဒစ်ဂျစ်တယ်နည်းသုံး သတင်းအချက်အလက်များ အသုံးပြုနိုင်မှု၏ ဗဟို အဖြစ်တယ်လီဗေး ရှင်းကိုထားပြီး E-mail,Web, cable, televistion,vide0, video-game များကို ပေါင်းစည်းနိုင်ရန် ကြံစည်လျက်ရှိသည်။ ယင်းတို့ကို စုစည်းနိုင်မည့် စက်ပစ္စည်းများ၏ ဒီဇိုင်းရေးဆွဲခြင်းနှင့် အခြားနည်း ပညာ အဟန့်အတားများ ရှိနေသည်။ သို့အတွက် နည်းပညာနှင့် မီဒီ ယာ ကုမ္ပဏိကြီးများက Bandwidth Providers များနှင့် setop-box ထုန်လုပ်သူများအား အရင်းအနှီးများ စုပုံပေးပြီး နည်းပညာများ ပေါင်းစည်းထားနိုင်မည့် ပစ္စည်းများ ထုတ်လုပ်ရန် စိတ်ဝင်စားနေကြ သည်။


 


Copyright


အင်တာနက်ပေါ်တွင် မည်သူက မည်သည့်အရာ သိုပမဟုတ် ပစ္စည်း ကို ပိုင်ဆိုင်ခွင့်ရှိသည်ဟု သတ်မှတ်ရန်ကိစ္စမျာ အလွန်ခက်ခဲလှသည်။ Cpoyright ဥပဒေများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြသဖြင့် အင်တာနက်နှင့် ပတ်သက်သော ဘုံစည်းကမ်းချက်များ ချမှတ်ရန် မလွယ်ကူချေ။ အင်တာနက် ပေါ်ပေါက်လာသဖြင့် မှုပိုင်ခွင့် ပစ္စည်းများ ကို ဖြန့်ချိရာတွင်လည်း နည်းလမ်းသစ်များ ပေါ်လာသည်။ ထိရောက် သော စီမံခန့်ခွဲမှုများကိုလည်း မပြုလုပ်နိုင်ပေ။ ဥပမာ MP3 Music Format ဖြစ်သည်။ CD ပိုင်ဆိုင်သူများသည် တေးဂီတများကို ကူးယူ ပြီး CD-quality audio files များအား e-mail သို့မဟုတ် Websites များမှ လူသိမခံရဘဲ ပြန်လည်ဖြန့်ချိနိုင်သည်။ ကုလသမဂ္ဂ၏ အဖွဲ့အ စည်းတစ်ခု ဖြစ်သော World Intellectual Property Organistaion (WIPO) နှင့် အခြားမှုပိုင်ခွင့် သတ်မှတ်ရေး အုပ်စုများက ကမ္ဘာ့မှုပိုင် ခွင့် အစီအစဉ်ချမှတ်ရန် ကြိုးပမ်းလျက်ရှိသည်။


Cracker


ကွန်ရက်တစ်ခုပေါ်တွင် တစ်စုံတစ်ဦး၏ ကွန်ပျူတာ စနစ်အတွင်းသို့ ထိုးဖောက်ဝင်ေ၇ာက်သူ တစ်ဦးကိုခေါ်သော အမည်ဖြစ်သည်။ အများအားဖြင့် လုံခြုံမှု အစီအမံများ၌ ယိုပေါက်များ ဟာကွက်များရှိ ကြောင်း ပြသရန် ပြုလုပ်ကြခြင်း ဖြစ်သည်။ ယင်းတို့ကို hacker များနှင့် မရောထွေးသင့်ချေ။


 


Cyber


အင်တာနက်နှင့်သော်လည်းကောင်း၊ ယင်းနှင့် ဆက်စပ်နေသော ယဉ် ကျေးမှု ပျိုးထောင်မှုနယ်ပယ်၊ အတတ်ပညာ၊ လူပုဂ္ဂိုလ်များ စသည် တို့ကို ဖော်ညွှန်းသော ဝေါဟာရ ဖြစ်သည်။ ၁၉၄၈ ခုနှစ်က Norbert Weiner ဆိုသူက စတင် သုံးနှုန်းခဲ့သည်။


Cyberian


အင်တာနက်ပေါ်တွင် လုပ်ငန်းဆောင်ရွက်ရသော စာကြည့်တိုက်မှူး သို့မဟုတ် သုတေသီတစ်ဦးကို ခေါ်သည်။


Cyberspace


ကွန်ပျူတာများ၊ ဆက်သွယ်ရေး ကွန်ယက်များ ဒဂျစ်တယ် မီဒီယမ်များဖြင့် ဖွဲ့စည်းထားသော ကမ္ဘာလောကကြီးကို ရည်ညွှန်းသုံး စွဲသော သိပ္ပံစာရေးဆရာ William Gibson ၏ စကားလုံး ဖြစ်သည်။


Cypherpunk


အမည်မသိသော ကိုယ်ပိုင်သုံး ဆက်သွယ်ရေး စနစ်တစ်ခုကို Cyptography သုံး၍ ပြုလုပ်သူဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ပထမဆုံး RSA encrypted message တစ်ခုကိုCypher punk အုပ်စုထဲမှ အဖွဲ့ ၀င်များကိ ဖော်ထုတ်ပြသနိုင်ခဲ့ သဖြင့် ထိုစနစ်၏ အားနည်းချက်ကို ထုတ်ဖော်နိုင်ခဲ့သည်။ Cypherpunk များကိုယ်ပိုင် ပြုလုပ်သော Cryptographic နည်းစနစ်များကို အခမဲ့ ရယူနိုင်ပြီး ပြုပြင်သုံးစွဲနိုင် သည်။


D


Database


စီးပွားရေး အဖွဲ့အစည်းများ၏ ကွန်ပျူတာ စနစ်များတွင် ကွန်ပျူတာ နည်းစနစ်များဖြင့် အချက်အလက်ဖိုင်များကို သိမ်းဆည်းပေးထားခြင်း ကို ခေါ်သည်။ database သည် သာမာန်အားဖြင့် အချက်အလက်များ သိမ်းဆည်းခြင်းနှင့် ထုတ်ယူအသုံးပြုခြင်း ဖြစ်သည်။ စီးပွားရေးအဖွဲ့ အစည်းများတွင် အချက်အလက်များ တိုးပွားလာသည်နှင့်အမျှ နည်း မျိုးစုံသုံး၍ ဆန်းစစ်လေ့လာနိုင်ရန် လိုအပ်လှသည်။ သို့ဖြစ်၍ ကြီးမားသော ထိန်းသိမ်းမှု ပရိုဂရမ်များဟူ၍လည်း ခေါ်နိုင်သည်။ မကြာသေးမီကာလအထိ database များသည် စာသား များ၊ ကိန်းဂဏန်းများကိုသာ ကိုင်တွယ်ဆောင်ရွက်ခဲ့ရာမှ ဘက်စုံ သတင်းနည်းပညာများ သုံးစွဲလာကြသဖြင့် ပိုမိုဆန်းပြားသော ဗွီဒီယိုနှင့် ဂရပ်ဖစ်များကိုပါ သိမ်းဆည်းလာကြသည်။ Website များတွင် database များကို search engines များအဖြစ် အသုံးပြုကြသည်။ ဥပမာ Retail Sites များသည် ယင်းတို့ရောင်းချမည့် ပစ္စည်းများ၏ အကြောင်းအရာ အသေးစိတ်ကို မှတ်တမ်းတင်ထားသည်။ site အများအပြားသည် မိမိတို့ ဖော်ပြမည့် အကြောင်းအရာများကို တည်းဖြတ်သော လုပ်ငန်းများတွင်လည်း အသုံးပြုကြသည်။ ယခအသုံးများသော database မှာ Relational Database ဖြစ်ပြီး အချက်အလက်များကို သိမ်းဆည်းရာတွင် အညွှန်းစနစ်ဖြင့် ဇယားများ ပြုစုထားရှိသည်။


Data Mining


Database တွင် သိမ်းဆည်းထားသော အလွန်များပြားလှသည့် အချက်အလက်များအား သုံးစွဲမည့်သူများ အလွယ်တကူ သိမြင်နိုင်ရန် ပြောင်းလဲစီစဉ်ပေးနိုင်သော နည်းလမ်းများဖြစ် သည်။ ကုန်တိုက်ကြီးများက အချက်အလက်များကို စားသုံးသူ အမျိုးအစားအလိုက် ၀ယ်ယူပုံ များ၊ ၀ယ်ယူသူများ၏ အသက်အုပ်စုများ၊ ဈေးဝယ်လေ့ရှိသောနေ့များ စသည်ဖြင့် မှတ်တမ်းပြု စုထားရှိကြသည်။


DATA warehouse


အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းခွဲများ သို့မဟုတ် အစိတ်အပိုင်းများ Data Mining နည်းဖြင့် ပြုစုထိန်းသိမ်းထားသော အချက်အလက်များကို စုပေါင်းထားသော စီစဉ်မှုတစ်ခု ဖြစ်သည်။


Default


ပြောင်းလဲပေးရန် သို့မဟုတ် ဒီအတိုင်းထားရန် ကြိုတင်၍ ရွေချယ်ထားသော setting။ ပြဿနာ သို့မဟုတ် အမှား "fault" ညွှန်ပြခြင်း မဟုတ်ပါ။


DES


(data encryption Standard)


အချက်အလက်များကို လျှို့ဝှက်သင်္ကေတအဖြစ် ပြောင်းလဲပေးသော စံပြုနည်းလမ်းတစ်ခု ဖြစ် သည်။ ကြားဖြတ်ဖော်ထုတ်ရန် ခက်ခဲသောကြောင့် အမေရိကန်ပြည်ထောင်စု အစိုးရက အခြားနိုင်ငံများသို့ တင်ပို့ရောင်းချခြင်း မပြုရန် ပိတ်ပင်တားမြစ် ထားသည်။ ၁၉၇၀ ခုနှစ်များ အတွင်းက IBM ကုမ္ပဏီမှ တီထွင်ခဲ့သော Lucifer ခေါ်တွက်နည်း အဆင့်ဆင့်သုံးသောနည်း ကို အခြေခံထားသည်။ ၁၉၇၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အစိုးရက တရားဝင် စံအ ဖြစ် သတ်မှတ်ပေးခဲ့သည်။


DHTML


dynamic hypertext mark-up language


အဆင့်မြင့် HTML စွမ်းရည်များ၊ Style sheets များနှင့် Scripting များကို ပေါင်းစည်း ခေါ်သော အမည်ဖြစ်သည်။ HTML တွင်ပါဝင်သောအရာများကို စုပေါင်းသုံးခြင်းဖြင့် WEB Page တစ်ခုပြုလုပ်ပြီး နောက်ပိုင်းတွင် အပြောင်းအလဲ ပြုလုပ်လိုပါက ရူပ်ထွေးသော ပရိုဂရမ် နည်းလမ်းများ သုံးစွဲရန် မလိုတော့ချေ။


Dial UP Networking


ဖုန်းလိုင်းမှတဆင့် ကွန်ရက်များသို့ ဆက်သွယ်မှုပေးသော Windows program တစ်ခု။ ယင်း icon ကို နေရာချရန် "Windows My Computer Icon " ကို ဖွင့်ပါ။


Digerati


ဒစ်ဂျစ်တယ်လောကအတွင်းရှိ Movers and Shakers အုပ်စုကို ခေါ်သောအမည် ဖြစ်သည်။


Digital Revolution


နည်းပညာ ပြောင်းလဲမှုကြောင့် လူသားတို့၏ ဘ၀အခြေအနေ ရုတ်တရက် တိုးတက်ပြောင်း လဲခြင်းကို တော်လှန်ရေးတစ်ရပ်အဖြစ် တင်စားသုံးနှုန်းထားသော ဝေါဟာရဖြစ်သည်။ Wired မဂ္ဂဇင်း စတင်သုံးစွဲခဲ့သည်။


Digital Signature


အီလက်ထရွန်းနစ်နည်းဖြင့် ပေးပို့သော သတင်းတစ်ပုဒ် သို့မဟုတ် စာတမ်းတစ်ခုကို မည်သူမည်ဝါက ပေးပို့သည်ကို Public Key Cryptography သုံး၍ တိကျစွာ ဖော်ပြပေးသော Digitalcode တစ်ခုဖြစ်သည်။ Digityal Signature ၏ ရည်ရွယ်ချက်မှာ ပေးပို့သူ မည်သူဖြစ်သည်ကို မှန်ကန်ကြောင်း အာမခံရန် ဖြစ်သည်။ Digital Signature များသည် E-Commerce သုံးစွဲမည့် စီးပွားရေးလုပ်ငန်းများအတွက် အလွန်အရေးကြီးသည်။ Digital Singature မရှိပါက E-mail ကို အစစ်အမှန် ဖြစ်သည်ဟု သတ်မှတ်ရန် ခဲယဉ်းသကဲ့သို့ Web အခြေပြု၍ ပစ္စည်းရောင်းသူ သို့မဟုတ် ၀န်ဆောင်မှုပေးသူကိုလည်း ယုံကြည်ရန် ခဲယဉ်းသည်။ Digital Signature များကို Verisign ခေါ် အမေရိကန် ကုမ္ပဏိကဲ့သို့ အသိအမှတ်ပြုပေးသော အာဏာပိုင် အဖွဲ့အစည်းက စစ်မှန်ကြောင်း ထောက်ခံချက်ပေးရသည်။ ထောက်ခံချက် ရရှီ နိုင်ရန် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခု အတွက် Digital Signature တွင် သုံးစွဲသူ၏ အမည်နံပါတ်၊ ကုန်ဆုံးမည့် ရက်စွဲနှင့် ကိုင်ဆောင်သူ၏ Public Key မိတ္တူ တစ်ခုပါရှိရသည်။


Direct Connection


ကွန်ပျူတာများကို အင်တာနက်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာအောင် ဆက်သွယ်ပေးသော ဆက်သွယ်မှုဖြစ်သည်။ SLP သို့မဟုတ် PPP စသည်တို့ပါဝင်သည်။ Full IP Access ဟုလည်း ခေါ်သည်။


Directory


"Floder" ဟုခေါ်သော အခြားသော စကားရပ်တစ်မျိုးဖြစ်ပြိး ကိုယ်ပိုင် ဖိုင်စုစည်းမှုကို ပြုလုပ် သော disk တစ်ခုပေါ်ရှိ နေရာတစ်စု။


Distributed Computing


Networked Computer များ၏ ပမာဏ ကြီးမားသော အလုပ်များနှင့် ခက်ခဲသော အလုပ်များကို ယင်းတို့၏ ပရိုဆက်ဆာများ စုပေါင်းအင်အားဖြင့် အတူပူးပေါင်း ဆောင်ရွက် လုပ်ကိုင်နိုင်ရန် စီစဉ်သော နည်းလမ်းဖြစ်သည်။


DNS


Domain Name System ၏ အတိုကောက်ဖြစ်သည်။ host name ကို ဆက်သွယ်သော IP address ကို ဂဏန်းများဖြင့် ဖော်ပြပေးသည်။


Domain


အင်တာနက်ပေါ်တွင် ကွန်ပျူတာတစ်ခု သို့မဟုတ် ကွန်ပျူတာများ တည်ရှိနေကြောင်း ဖော်ပြရန် တိကျသော အမည်နှင့် IP address သတ်မှတ်ရသည်။ ဥပမာ-The Economist အတွက် Network နှင့် ချိတ်ဆက်ထားသော ကွန်ပျူတာများသည် economist.com ခေါ် Domain အတွင်း၍ ရှိကြသည်။ Domain များနှင့်ယင်းတို့၏ အမည်များကို အထက်အောက် စီထားသည်။ ထိပ်ဆုံးအဆင့်တွင် Top Level Domain (TLDS) များကို တွေ့မြင်ရမည်ဖြစ်ပြီး Internet address ၏ နောက်တွင် Com,.UN သို့မဟုတ် .net. ဟုပါရှိသည်။ ယင်း၏နောက် ထပ်အောက် အဆင့်တွင် economist ကဲ့သို့ အဖွဲ့အစည်းများ ပါဝင်သည်။ ယင်း၏ အောက်ဆုံးအဆင့်တွင် server ၏ အမှတ်အသား w.w.w. ပါရှိသည်။


Domain Name


အင်တာနက်ပေါ်တွင် ရနိုင်သော အရင်းအမြစ်တစ်ခု၏ အဓိက အမည်။ ဥပမာ-ကျွန်ုပ်၏ domain name မှာ coolnerds.com ဖြစ်သည်။



Domain Name System


အင်တာနက်ပေါ်တွင် Domain များကို စုစည်းထားသော စီစဉ်နည်း ဖြစ်သည်။ Domain Name (ဥပမာ-w.w.w.economist.com) ကို IP Address အဖြစ် ပြောင်းလဲလိုက်ပြီး အင်တာ နက်ပေါ်ရှိ အမည်ကို သတ်မှတ်နေရာတွင် ရှာဖွေရသည်။


DOOM


id Software မှ ဖန်တီးသော ကွန်ပျူတာဂိမ်း အကြမ်းဖက် ဇာတ်လမ်းအမည် ဖြစ်သည်။ ပါဝင်ကစားလိုသူများသည် ဂိမ်း၏ ပထမအစိတ်အပိုင်းကို အခမဲ့ မြည်းစမ်းကစားခွင့် ပေးသည်။ ကစားပြီးပါက ၀ယ်ယူနိုင်သည်။ id ၏ ဆောင်ရွက်မှုကြောင့် Online Gaming ကို လူကြိုက်များလာသည်။


Download


ဖိုင်ကို ကွန်ပျူတာတစ်ခုမှ တစ်ခုသို့ လွှဲပြောင်းပေးသည်။


Down Loading


အင်တာနက်ပေါ်ရှိ Server မှ အချက်အလက်များကို Web browser တစ်ခု သုံး၍ လက်ခံ သည့် ဖြစ်စဉ်။


DSL


digital subscriber line


ရိုးရိုးကြေးဝါယာ သုံးစွဲသော တယ်လီဖုန်းလိုင်းများကို Bandwidth conneciton တိုးတက် လာစေရန် စီမံဆောင်ရွက်မှု ဖြစ်သည်။ ယေဘုယျအားဖြင့် XDSL ဟုလည်းခေါ်သည်။ ထင်ရှား သော DSL ဟုလည်း ခေါ်သည်။ ထင်ရှားသော DSL အချို့မှာ ADSL,SDSL,RADSL,HDSL စသည်တို့ ဖြစ်သည်။


E


E.


အီလက်ထရွန်းနစ်။ ရှေ့ဆက်စာလုံး e ကို e-mail,e-commerce စသည်တို့တွင် electronic အတိုကောက် အမှတ်အသား အက္ခရာ အဖြစ် သုံးစွဲသည်။


E-cash


အီလက်ထရွန်းနစ် ငွေကြေးဖြစ်သည်။ ဒေါ်လာ၊ ပေါင် သို့မဟုတ် အ ခြား ငွေကြေး တစ်မျိုးကို ဒစ်ဂျစ်တယ်နည်းဖြင့် ဖော်ပြသော တိုကင်အ မည် တစ်ခုဖြစ်သည်။ အီလက်ထရွန်းနစ် ငွေကြေးတွင် smartcard, ကွန်ပျူတာ၏ hard disk ရှိ electronic wallet တို့ပါဝင်သည်။ ငွေသုံး စွဲသူသည် ဖော်ပြပါ ငွေကြေး token တစ်မျိုးမျိုးကို ငွေလက်ခံသူ၏ electronic piggy bank ခေါ် Connection တစ်ခုခုမှ ဖြစ်စေ၊ Smart Card ဖြင့် ပေးချေနိုင်သည်။ E-cash ၏ အားသာချက်မှာ လျင်မြန်မှုနှင့် လုံခြုံမှုရှိခြင်းတို့ ဖြစ်သည်။ Mondex ကဲ့သို့သော ကုမ္ပဏီကြီးများက ဗြိတိန်နိုင်ငံ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတိုက်တို့တွင် E-Cash ကို စမ်းသပ် သုံးစွဲလျက် ရှိသည်။ ငွေသုံးစွဲရာတွင် လုပ်ငန်းတစ် ခုစီက သတ်မှတ်ထားသော encryption technologies များ၊ Digital Signatures များအရ သုံးစွဲကြရသည်။


e-commerce


ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို အင်တာနက်ပေါ်တွင် ရောင်း ၀ယ်မှုပြုကြခြင်းကို ခေါ်သည်။ Pronography မှအပ Retail E-Commerce သည် အင်တာနက်ပေါ်တွင် လူအများ၏ အာရုံစိုက်မှုအ များဆုံး ရရှိသော အကြောင်းအရာ ဖြစ်သည်။ Amazon,eBay စသော ကုမ္ပဏီကြီးများ၏ လုပ်ဆောင်မှုကြောင့် အီလက်ထရွန်းနစ်နည်းဖြင့် ဈေးဝယ်ခြင်းကို လူအများက ဂရိုစိုက်အလေးထားလာ ကြသည်။


EDI


(Electronic Data Interchange)


ကုမ္ပဏီများအချင်းချင်း အချက်အလက်နှင့် သတင်းများ ဖလှယ်သည့် စံပြုနည်း တစ်ခုဖြစ်သည်။ အင်တာနက်မပေါ်မီကပင် ရှိခဲ့သည်။ ယခု အင်တာနက်ပေါ်တွင် လုပ်ဆောင်လျက်ရှိသည်။


EFF


(Electronic Frontier Foundation)


၁၉၉၀ ပြည့်နှစ်တွင် John Perry Barlow နှင့် Mitch Kapor တို့က စတင် တည်ထောင်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း၏ အမည် ဖြစ်သည်။ ယင်းအဖွဲ့က Online တွင် လူထုလွတ်လပ်ခွင့်နှင့် ဆင်ဆာပြုလုပ်နေခြင်းကို ဆန်ကျင်ကန့်ကွက်သည့်အပြင် လွတ်လပ် စွာပြောဆိုခွင့် ရရှိရေးနှင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိစေရေးတို့အ တွက် ဆောင်ရွက်လျက်ရှိသည်။


E-mail


အီလက်ထရွန်းနစ်နည်းဖြင့် ချောစာပို့ခြင်း၊ ကွန်ပျူတာ တစ်ခုမှအီ လက် ထရွန်းနစ်ကို အသုံးပြုလျက် အချက်အလက်များကို အခြား ကွန်ပျူတာတစ်ခုသို့ ပေးပို့ခြင်း။


E-mail address


အီးမေးလဲကို ပေးပို့နိုင်သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အင်တာ နက် လိပ်စာဖြစ်သည်။ User@host ပုံစံကို သုံးသည်။


Emoticon


စိတ်ခံစားမှုကို ကိုယ်စားပြုသော သင်္ကေတ/ စာလုံးများ။ ဥပမာ-[the smiley -'- ] သည် " happy " ပျော်ရွှင်သော သို့မဟုတ် " only kidding " စတာပါ ဟူသော အဓိပ္ပာယ်ကို ကိုယ်စား ပြုသည်။


Encoder


အချက်အလက်များကို အသွင်တစ်မျိုးမှ အခြားအသွင် တစ်မျိုးသို့ ပြောင်းလဲပေးသော ပရိုဂရမ် တစ်ခုဖြစ်သည်။ Digital Audio နည်းပ ညာတွင် ထင်ရှားသော ဥပမာတစ်ခုမှာ MP3 engcoder ဖြစ်ပြီး အသံ သွင်းသော တေးဂီတ တစ်ခုကို ပိုမိုသေးငယ်ပြီး near-CD quality ရှိ သော MP3 File သို့ ပြောင်းလဲခြင်း ဖြစ်သည်။


Encryption


သတင်း(သို့မဟုတ်) အချက်အလက်ဖိုင်တစ်ခုကို ခွင့်ပြုချက် မရရှိ သူများ ဖတ်ရူပါက နားမလည်စေရန် အသွင်တစ်မျိုး ပြောင်းလဲထား ခြင်း ဖြစ်သည်။ အသွင်ပြောင်းလဲရာတွင် encryption နည်းအားလုံး တွင် အနည်းဆုံး Key က မည်သို့သော အသွင်ပြောင်းလဲရမည်။ မည် သို့ မှုလအသွင်သို့ ပြန်လည်ပြောင်းလဲနိုင်သည်ကို ညွှန်ပြသည်။ Key တစ်ခုတည်းရှိသော စနစ်ကို Secret Key သို့မဟုတ် Private Key ဟု ခေါ်ပြီးတွက်နည်း တစ်ဆင့်ဆင့် သုံးစွဲရသည်။


Endora


Apple Macintosh အသုံးပြုသူများအကြား လူကြိုက်များသော အချိန် အတန်ကြာကပင် ပြုလုပ်ထားသည့် e-mail ပရိုဂရမ်တစ်ခုဖြစ်သည်။


Extension


ဖိုင်အမည်၏ အဆုံးပိုင်း။ ဥပမာ- docotxt "windows" သည်မည် သည့် document က မည်သည့် ပရိုဂရမ်နှင့် တွဲထားသည်ကို ပြသော extension ဖြစ်သည်။


Extranet


အင်တာနက် နည်းပညာ၏ စံသတ်မှတ်ချက်များနှင့် အညီ တည် ဆောက်ထားသော ကွန်ရက်တစ်ခု ဖြစ်သည်။ အဖွဲ့အစည်း တစ်ခုက ဖောက်သည်များ၊ ကုန်ပစ္စည်းနှင့် ငွေကြေး ပေးသွင်းသူများ အခြားစီး ပွားဖက် ပုဂ္ဂိုလ်များ စသည်တို့နှင့် သတင်းဖလှယ်ရာတွင် အသုံးပြု သည်။အဖွဲ့အစည်း / လုပ်ငန်းတစ်ခုအတွင်း အသုံးပြုသော Intranet လို ပြင်ပ သက်ဆိုင်သူများထံမှ သတင်းရယူခြင်းနှင့် ပြင်ပသို့ သတင်းပေး ပို့ခြင်း ပြုလုပ်နိုင်ရန် တိုးချဲ့ထားခြင်း ဖြစ်သည်။


F


Frequently Asked Question


Newsgroup အများအပြားတွင် မိမိဘာသာဖတ်ရူ၍ နားလည်နိုင်သော အမေး၊ အဖြေများကို အသစ်ဝင်ရောက်လာသူများအတွက် ရေးသားပြု စု ထားသည်။ ယင်းလမ်းညွှန်ချက်တွင် အုပ်စု၏ ရည်ရွယ်ချက်နှင့် message များ Posting လုပ်ရန် နည်းလမ်းများ ပါဝင်သည်။ Netiquette ခေါ်စည်းကမ်းချက်များကို စောင့်ထိန်းသည့်အနေဖြင့် လည်းကောင်း၊ မိမိကိုယ်ကို မိမိစောင့်စည်းခြင်း အားဖြင့်လည်းကောင်း မေးခွန်းများ Posting မပြုလုပ်မီ FAQ ကိုဖတ်ရူ သင့်သည်။


Fiber Optic


ဖန်မျှင်များဖြင့် ပြုလုပ်ထားသော ကေဘဲလ် ကြိုးဖြစ်သည်။ ကြိုးမျှင်အ တွင်းမှ အလင်းရောင် ဖြတ်သန်းသွားနိုင်သည်။ Optical Fiber သို့မ ဟုတ် Just Fibre ဟုလည်း လူသိများသည်။ Fiberoptic ကေဘယ်လ် ကြိုးများသည် ရိုးရိုး ကြေးဝါယာကြိုးထက် အချက်အလက်များကို လျင်မြန်စွာ သယ်ယူပို့ဆောင်ပြီး လျှပ်စစ်သံလိုက်စက်ကွင်းများ၏ နှောက်ယှက်မှုကို လည်း ခံနိုင်ရည်ရှိသည်။ ခရီးဝေးပြော တယ်လီ ဖုန်းတွင်လည်းကောင်း၊ အင်တာနက်ပေါ်တွင် အချက်အလက်များ ကူးသန်းသွားလာမှု လမ်းကြောင်းအဖြစ်ဖြင့် လည်းကောင်း၊ Fibre Optic များကို အသုံးပြုသည်။ ၁၉၈၈ ခုနှစ်တွင် ပထမဆုံး စတင်အသုံး ပြုသော Transaltlantic Fibre Iptic Cable မှ တယ်လီဖုန်း ဆက်သွယ်မှုပေါင်း ၃၈,၀၀၀ ကို တစ်ပြိုင်နက် သယ်ဆောင်နိုင်သည်။


File


ကွန်ပျူတာတွင် သိမ်းဆည်းထားသမျှကို ဖိုင်ဟုခေါ်သည်။ ပရိုဂရမ် သို့မဟုတ် ရုပ်ပုံ သို့မဟုတ် document များ ပါဝင်သည်။


 


File Server


Data files များကို ဗဟိုချက်မအဖြစ်သိုလှောင် သိမ်းဆည်းထားခြင်း စီမံခန့်ခွဲခြင်း ပြုလုပ်ပေးသော ကွန်ပျူတာ တစ်ခုဖြစ်သည်။ ယင်းကို ကွန်ရက်တစ်ခုတည်းပေါ်ရှိ အခြားကွန်ပျူတာများက ရယူဆက်သွယ် နိုင်သည်။


 


Filter


သတင်းတစ်ခုကို သတ်မှတ်ချက်များအရ တိုင်းထွာ စိစစ်ကြည့်ရူပြီး ယင်းသိရသော အခြေအနေများအရ Processess ပြုလုပ်ပေးခြင်းကို ခေါ်သည်။ e-mail များတွင် သတ်မှတ်ချက်များအရ ၀င်လာသော သတင်းများအား မည်သို့ဖြစ်သည်ကို ဆုံးဖြတ်ပေးသည်။ ဥပမာ-economist ဖြင့်လာသော မည်သူ၏ သတင်းပို့ချက်ကိုမဆို Economist folder ထဲတွင် အလိုအလျှောက်ထားပေးခြင်း၊ subject မပါသော သတင်းများကို delete လုပ်ခြင်း စသည်တို့ဖြစ်သည်။


 


Filtering Software


အင်တာနက်ပေါ်တွင် အချို့သော အကြောင်းအရာများအား ရယူခြင်း မပြုနိုင်ရန် မိဘ၊ ဆရာနှင့် သက်ဆိုင်သူများကို ဆောင်ရွက်ပေးသည့် ဆော့ဖ်ဝဲဖြစ်သည်။


 




Finger


e-mail address များနှင့် ပတ်သတ်သော အမည်ကို ဆုံးဖြတ်ပေး သော ပရိုဂရမ်တစ်ခု ဖြစ်သည်။ မှုလက Berkeley System Distribution အဖြစ်ပြုလုပ်ခဲ့သည်။ Finger Programs များကို ကွန်ပျူ တာတစ်ခုတွင် အသုံးပြုနိုင်သည်။ ထို့အပြင် အင်တာနက် အပေါ်ရှိ Finger GATEWAYS များမှတဆင့် ရယူသုံးစွဲနိုင်သည်။ E-mail address တည်နေသော နေရာ၏ Domain နှင့်ဆိုင်သော finger server တစ်ခုကိုလည်း အဆိုပါ ပရိုဂရမ်များက ရှာပေးနိုင်သည်။


 


Fire Wall


ပြင်ပလမ်းကြောင်းကို ကန့်သတ်ရန် အသုံးပြုသော ကွန်ရက်လုံခြုံရေး စနစ်ဖြစ်သည်။


 


Flame


အင်တာနက်သုံးစွဲသူ တစ်ဦးတစ်ယောက်ထံမှ မကောင်းသော ရည် ရွယ်ချက်ဖြင့် ပြုလုပ်သော ဆက်သွယ်မှုတစ်ခုကို ခေါ်သည်။ များသောအားဖြင့် News Group တွင် ဖြစ်ပေါ်လေ့ ရှိသည်။ ထို့အပြင် e-mail chat-forum တို့တွင်လည်း ဖြစ်ပေါ်တတ်သည်။ flame တစ်ခုသည် အကြောင်းအရာ အများအပြားကို အစပြုရန် ဖြစ်ပေါ်တတ် သည်။ အဓိက အကြောင်းရင်းမှာ စည်းကမ်းသတ်မှတ်ချက်များ NETIQUETTE ကို မလိုက်နာသောကြောင့် ဖြစ်သည်။


 


Flre Wall


ဟတ်ဝဲနှင့် ဆော့ဖ်ဝဲနှစ်မျိုးပါဝင်သော စနစ်တစ်ခု ဖြစ်သည်။ ပုဂ္ဂလိက သုံး LAN နှင့် အများသုံး အင်တာနက်တို့အကြား ဆက်သွယ်မှုကို ထိန်းချုပ်ပေးသည်။ ကွန်ရက်များကို မသမာသူများက ခွင့်ပြုချက်မရှိ ဘဲ ရယူသုံးစွဲနေခြင်းမှ ကာကွယ်ရန်အတွက် Fire wall များကို တပ်ဆင်သုံးစွဲလေ့ရှိသည်။


 


FTP


File Transfer Protocol ၏ အတိုကောက်ဖြစ်သည်။ အင်တာနက်မှ တစ်ဆင့် ဖိုင်များပေးပို့ခြင်းကို စံသတ်မှတ်ထားသော နည်းလမ်းဖြစ် သည်။


 


G


g or (g) or (gr)


သွားဖြီပြသည် (grin) ဟုအဓိပ္ပာယ်ရသည်။ e-mail message တစ်ခု ဖြစ်ပြီး ' စတာပါ ' "only kidding" စော်ကားတာမဟုတ်ပါ။ " no offense intended " ဟုလည်း အဓိပ္ပာယ်ရသည်။


 


GATE-WAY


ကွန်ရက်အမျိုးမျိုးကို ဆက်သွယ်ပေးသော ပစ္စည်းတစ်ခု ဖြစ်သည်။ အမျိုးအစားမတူညီသော Standards များ Protocol များကို ဆက်စပ် ပေးရာတွင် အသုံးပြုသည့် အင်တာနက်၏ အခြေခံကျသော အစိတ်အ ပိုင်းတစ်ခု ဖြစ်ပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိသော စနစ်များကို ဆက်သွယ်ပေးသည်။ E-mail Gate Way တွင် မတူညီသော ဆက် သွယ်ရေး စနစ်နှစ်မျိုးကို တစ်ခုနှင့်တစ်ခု ကွန်ရက်တစ်ခုတည်းပေါ်မှာ ရှိနေသကဲ့သို့ ဆက်စပ်ပေးသည်။ Gate way ကို Server ထဲတွင် သုံးသည်။


 


GIF


Graphic Image File format ၏ အတိုကောက်ဖြစ်သည်။ အင်တာ နက်တွင် အသုံးများသော compressed graphics Format တစ်ုခုဖြစ် သည်။


 


Gopher


အင်တာနက်ပေါ်ရှိ သတင်းအချက်အလက်များ ရှာဖွေရာတွင် အသုံးပြု ရသော Protocol တစ်ခုဖြစ်သည်။ Veronica ကဲ့သို့သော Search Programs များသည် အချက်အလက်များ ဒေါင်လိုက်စီစဉ်၍ ဘာသာရပ်အလိုက် သိမ်းဆည်းပေးထားသော Gopher Servers များ ထဲတွင် အကြောင်းအရာများကို ရှာဖွေ ကြည့်ရူရသည်။ Gopher သည် နှစ်ပေါင်း အတန်ကြာ အင်တာနက်ပေါ်တွင် အချက်အလက်များ အ ကြောင်းအရာများ ရှာဖွေပေးသော်လည်း Web technology ပေါ်ပေါက်လာသဖြင့် ထင်ပေါ်မှု ကျဆင်းလာသည်။


 


GSM


global system for mobile-communication


ဥရောပတိုက် အနှံ့အပြားတွင် ကျယ်စွာသုံးစွဲနေသော Digital Mobile Telephones များဖြစ်သည်။ GSM နှင့် ယင်း၏ မျိုးကွဲများမှာ ကမ္ဘာအ နှံ့တွင် လျင်မြန်စွာ ပျံ့နှံ့လာလျက်ရှိသည်။ အထူးသဖြင့် အာရှတိုက်နှင့် သြစတြေးလျတွင် အသုံးများလျက် ရှိနေပြီဖြစ်သည်။ GSM စနစ်သည် တစ်ကိုယ်ရေသုံး ကွန်ပျူတာများ PDA များနှင့် ပတ်သတ်၍ အချက်အလက်များ ပေးပို့ခြင်း လက်ခံခြင်းတို့ကို 9,600bps အထိ ဆောင်ရွက်ပေးနိုင်သည်။ သို့သော် Wensites များ ကို surf လုပ်ရန် မသင့်လျှော်ကြောင်း တွေ့ရသည်။


GUI


Graphic User Interface ၏အတိုကောက် ဖြစ်သည်။ windows,icons,menus buttons နှင့် အခြားသော ဂရပ်ဖစ်ကိရိယာ များကို အသုံးပြုလျှက် ဆော့ဖ်ဝဲကို မောင်းနှင်သော နည်းလမ်းတစ်ခု ဖြစ်သည်။


 


H


Hacker


နည်းပညာတစ်ခုအား စူးစမ်းရှာဖွေမှု သုံးစွဲမှုနှင့် တိုးချဲ့မှုတို့အတွက် စိတ်ပါဝင်စားစွာ ဆောင်ရွက်သူဟု အဓိပ္ပာယ် သတ်မှ်ချက်မှာ ဆေးနွေး ငြင်းခံမှုများ ရှိနေသည်။ မည်သို့ပင်ရှိစေ အသုံးဝင်ဆုံး အဓိပ္ပာယ် သတ်မှတ်ချက်မှာ အသိပညာကို လေ့လာဆန်းစစ်ပြိး ပြဿနာများကို တီထွင်ဖန်တီးမှု အမျိုးမျိုးဖြင့် ဖြေရှင်းခြင်း ဖြစ်သည်။


 


Helprt Applications


ဖိုင်တစ်ခုစီကို Browser က display သို့မဟုတ် play လုပ်ရာတွင် အသုံးပြုရသော ပရိုဂရမ်တစ်ခု ဖြစ်သည်။ မှုလပုံစံဖြင့် ပြုလုပ်ထား သော Browser များမှာ HTML,GIF, နှင့် JPEG ဖိုင်များကိုသာ နားလည်သည်။ သို့ဖြစ်၍ Wen Page တစ်ခုတွင် Audio-File ကဲ့သို့ သော တစ်စုံတစ်ရာ ပါဝင်နေပါက သီးသန့် ပရိုဂရမ်တစ်ခု လိုအပ် သည်။


 


History List


အင်တာနက်ပေါ်တွင် ယခင်က လှည့်လည် ဆက်သွယ်ခဲ့သော site များ၏ စာရင်းဖြစ်သည်။ Internet Explorer တွင် History button ကို နှိပ်ပြီး ပေးထားသော အချိန်အပိုင်းအခြားတစ်ခုကို ရွေးပါ။History List ဟူသော site တစ်ခု၏ အမည်ပေါ်တွင် click နှိပ်ခြင်းဖြင့် ယင်း site တစ်ခု၏ အမည်ပေါ်တွင် click နှိပ်ခြင်းဖြင့် ယင်း site သို့ ပြန်သွားနိုင်သည်။


 


HTT


Web server တစ်ခုရှိ ဖိုင်တစ်ခုကို တောင်းဆိုခြင်း။ Browser တစ်ခုက HTML Page တစ်ခုကို တောင်းဆိုပါက Server က Html -Code တစ်ခုသာမက ဆက်စပ်နေသော ပုံရိပ် ဖိုင်များကိုပါ ပေးသည်။ တစ်ခုစီသည် hit တစ်ခုဖြစ်သည်။ Web Page တစ်ခုသည် images (၉)ခုပါရှိပါက စုစုပေါင်း hits (၁၀)ခု ဖြစ်ပါသည်။ HIT များသည် server တစ်ခုက ပြုလုပ်သော အလုပ်ပမာဏကို ညွှန်ပြသည်။ Web စတင်စဉ်က site တစ်ခုကို လူများအာရုံစိုက်စေရန် hits များသုံးခဲ့ သည်။


 


Home Page


Web Server တစ်ခုပေါ်တွင် Page သည် အခြားအရာများ အားလုံး အတွက် ကြည့်ရူရန် တံခါးမကြိးဖြစ်သည်။ ထို Home Page များသည် site ၏ အကြောင်အရာ များစာရင်းနှင့် လှည့်လည်ကြည့်ရူရန် NAVI GATION Tools များဖြစ်ကြသည်။ Web site တစ်ခု၏ main address ဖြစ်သည်။ Web Surfer များအတွက် Browser ကို စတင်ရှာဖွေသည် နှင့် Home Page သည် ပထမဆုံးပေါ်လာသည်။ Protal သို့မဟုတ် အခြား site တစ်ခုတွင်လည်း အထက်ပါအတိုင်း Home Page ရှိသည့် Browser တွင် Home ကို နှိပ်ပါက အသုံးပြူသူအား Page ကို ပြန်ကြည့် နိုင်သည်။ အခြား site တစ်ခုကိုမှု Default Browser Home Page Search-Engine-Portal စသည်ဖြင့် ခေါ်သည်။


 


HOST


ကွန်ရက်တစ်ခုပေါ်တွင်ရှိသော အချက်အလက် သိုလှောင်ရာ ကွန်ပျူ တာ သို့မဟုတ် လုပ်ငန်းဆောင်ရွက်သည့် ကွန်ပျူတာတစ်လုံးကို အခြားကွန်ပျူတာတစ်ခုက ဆက်သွယ်ထားပါက အချက်အလက် သို လှောင်သော ကွန်ပျူတာ သို့မဟတု လုပ်ငန်းဆောင်ရွက်နေသည့် ကွန်ပျူတာကို host ဟုခေါ်သည်။


 


Hybrid CD-ROM


သာမာန်ကွန်ပျူတာ စနစ်များတွင် သုံးစွနေသော CD-ROM application နှင့် Web ရှိ အင်တာနက် application တို့ ပေါင်းစပ်ခြင်း ဖြစ်သည်။


 


Hyperlink


အခြား Web Page ကို visit လုပ်ရန် click နှိပ်၍ရသော Web Page ပေါ်ရှိ အရေးကြီးသော နေရာ (host spot) တစ်ခု။


 


Hyper-Text


Text တစ်ခုကို ဖတ်ရူရာတွင် တဖြောင့်တည်း မဟုတ်ဘဲ အကြောင်း အရာချင်း ဆက်စပ်မှု link များ၏ အစဉ်ကိုလိုက်၍ ဖတ်ရူရသော နည်း ဖြစ်သည်။ အဆိုပါနည်းကို ရည်ညွှန်းဝေါဟာရ များပါဝင်သော စွယ်စုံ ကျမ်းများ၊ အဘိဓာန်များတွင် လိုအပ်သော စာလုံးများ ရှာဖွေတွေ့ရှိနိုင် ရန် mouse ကို click နှိပ်ပေးပြီး ရှာဖွေရသည်။ ကွန်ပျူတာ အများအ ပြားသည် သုံးစွဲသူများကို လမ်းညွှန်ရန်နှင့် လုပ်ကိုင်ရမည့် အစီအစဉ် ကို ပြရန် Hyper Text ကို သုံးစွဲလာကြသည်။ World Wide Web သည် Hyper Text Application ကို အကြီးမားဆုံး သုံးထားခြင်း ဖြစ် သည်။ HTML နှင့် HTTP နည်းပညာများဖြင့် သန်းရာပေါင်းများစွာ သော Pages များကို ဆက်စပ်ပေးသည်။ HYPER TEXT ဝေါဟာရကို ၁၉၆၀ ခုနှစ်အတွင်းက Ted Nelson က သူ၏ XAND-DU SYSTEM ကို ဖော်ထုတ်ရာတွင် တီထွင်သုံးစွဲခဲ့သည်။ သို့ရာတွင် ၁၉၄၅ ခုနှစ်က Vannevar Bush ဆိုသူကလည်း သူ၏ memex ခေါ်စက်တွင် မိုက်ခရို ဖလင်များဖြင့် သတင်းအချက်အလက်များ မှတ်တမ်းပြုစုရာတွင် တစ်ခု နှင့်တစ်ခု ဆက်စပ်ပေးသော စီစဉ်မှုကို အဆိုပါ ဝေါဟာရဖြင့် ရှေးဦးစွာ ခေါ်ဝေါ်သုံးစွဲ ခဲ့သည်ဟုလည်း အဆိုရှိသည်။


 


I


ICANN


The Internet Corporation for Assigned Names and Numbers


အင်တာနက် လုပ်ငန်းတွင် စီမံခန့်ခွဲမှုနှင့် လုပ်ထုံးများ အတွက် တာဝန်ယူဆောင်ရွက်ပေးသည့် အကျိုးအမြတ် မယူသော ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုဖြစ်သည်။


ICANN သည် IP Address များကို ခွဲဝေခြင်း၊ Domain Name System များကို စီမံခြင်းတို့အပြင် အမေရိကန်ပြည်ထောင်စု အစိုးရက ကန်ထရိုတ်ပေးသော Internet Assigned Name Authority (IANA) ကိုပါ ဆောင်ရွက်ပေးရသည်။


 


ICQ


ပြည်သူအများ အီလက်ထရွန်းနစ် နည်းပညာ အသုံးပြုလျက် ဆက် သွယ်မှု ပြုလုပ်နိုင်စေရန် ဆောင်ရွက်သော Messaging Software ဖြစ်သည်။ Chat Program ဟူ၍ လည်းကောင်း ခေါ်သည်။ ICQ ကို သုံးစွဲခြင်းဖြင့် Files များနှင့် URL များ ပေးပို့ခြင်း၊ ဂိမ်းကစားခြင်း၊ ဗီဒီယို ဆက်သွယ်မှု ပြုလုပ်ခြင်းကို ဆောင်ရွက်နိုင်သောကြောင့် သုံးစွဲ သူသန်းပေါင်းများစွာကို ဆွဲဆောင်နိုင်သည်။


 





Image


အီလက်ထရွန်းနစ်နည်းဖြင့် သိုလှောင်ထားသော ပုံများ ဖြစ်သည်။ Web Pages များပေါ်ရှိ ပုံရိပ်များကို သိုလှောင်ရာတွင်လည်း အဆိုပါ format ဖြင့် ထားရှိသည်။ ယင်းကို Web Browser ဖြင့် ရှာဖွေနိုင် သည်။ ထို Format သည် ပုံများကို သေးငယ်အောင် ချုံ့နိုင်သော ကြောင့် download လုပ်ရာတွင် အချိန်တိုတောင်းသည်။


 



IMAP


Internet Message Access Protocol


Mail Server တစ်ခုမှ E-mail များကို ထုတ်ယူ ရရှိနိုင်မည့် စံပြုလုပ်ထုံး ဖြစ်သည်။ အသုံးပြုသူသည် ဝေးလံသော နေရာများရှိ Mail Boxes များကိုပါ ကိုင်တွယ် သုံးစွဲနိုင်သည်။ Imap Server ပေါ်ရှိ Mail ခေါ် ချောစာကို အသုံးပြုသူက မဖျက်မခြင်း တည်ရှိနေသည်။ နောက်ပိုင်း ရက်များတွင် ပြန်လည် ကြည့်ရူ၍ ရသည်။


 


Increasing Returns


ကုမ္ပဏိတစ်ခုသည် လုပ်ငန်းတွင် လွှမ်းမိုးကြီးစိုနိုင်သည် နှင့်အမျှ အနာ ဂတ်ကာလတွင် ပြိုင်ဘက်ကုမ္ပဏီများအပေါ် အခွင့်သာမှု ပိုမိုရရှိလေ ဖြစ်သည်။ အဆင့်မြင့်နည်း ပညာကို သုံးစွဲသော စက်မှုလုပ်ငန်းများ တွင် အဆိုပါ သဘောတရားမှာ ပို၍ အကျိုးသက်ရောက်မှုရှိသည်။ ထိုအယူအဆအပေါ်အခြေခံ၍ အမေရိကန် ပြည်ထောင်စုတွင် လက်ဝါးကြီးအုပ်မှု တားဆီးရေး ဥပဒေကို ပြဌာန်းထားသည်။


 


Infomediary


အင်တာနက်ပေါ်တွင် ကူးသန်းရောင်းဝယ်ပါက ရောင်းသူနှင့် ၀ယ်သူ အကြောင်း သတင်းအချက်အလက်များပေး၍ ဆုံစည်းပေးသော အီ လက်ထရွန်းနစ် ဆက်သွယ်မှု ဖြစ်သည်။ ထင်ရှားသော Infomediary Wen Sites များမှာ Last-minute.com နှင့် E BAY တို့ဖြစ်သည်။


 


Ingormation Appliance


ဒစ်ဂျစ်တယ်စနစ်သုံး ကွန်ရက်တစ်ခုသို့ ဖြစ်စေ၊ ရုပ်သံလွှင့် ငှာနတစ်ခုသို့ ဖြစ်စေ၊ အချက်အလက်များ စုဆောင်းရန် သို့မဟုတ် ဖြန့်ချိပေးရန် ဆက်သွယ်မှု ပြုနိုင်သော ပစ္စည်းကို ခေါ်သည်။ တယ်လီဖုန်းပြီးလျှင် PC သည် လူအများသုံးစွဲသော ဆက်သွယ်ရေးပစ္စည်းတစ်ခု ဖြစ်သည်။ သို့ရာတွင် ဈေးနှုန်းကြီးခြင်း၊ ကိုင်တွယ်သုံးစွဲရာတွင် ခက်ခဲရူပ်ထွေးခြင်း၊ ထားရန်နေ ရာ ကျယ်ဝန်းမှု ရှိရန် လိုခြင်းတို့ကြော်င့ လူအများက လျင်မြန်ပြီး ကိုင်တွယ်ရလွယ်ကူသော Personal Digital Assistants ကဲ့သို့သော ပစ္စည်းများ ပေါ်ပေါက်လာသည်။


 


Install


မိမိကွန်ပျူတာ၏ hard disk သို့မဟုတ် ပရိုဂရမ်တစ်ခုကို ပေါင်းထည့်ခြင်း၊ အများအားဖြင့် ကွန်ပျူတာ၏ setup program ကို run ၍ပြုလုပ်သည်။


 


Interlaced


ဂရပ်ဖစ်ပုံရိပ်တစ်ခု၏ လက္ခဏာတစ်ရပ်ကို ဖော်ပြသော ဝေါဟာရဖြစ်သည်။ ပုံရိပ်သည် ကူးယူ သောအခါ တစ်သီးတစ်ခြားစီ အတန်းလိုက် ဖြစ်သွားသည်။ Browser ထဲတွင် မှုန်ဝါးနေသော်လည်း ပြည့်စုံသည့် သဏ္ဍာန်လျင်မြန်စွာ ပေါ်လာသည်။ အသေးစိတ် အချက်အ လက်များ စုံလင်စွာ ရှိပြီးသောအခါ ကြည်လင်ပြတ်သားသော ရုပ်ပုံတစ်ခု ဖြစ်လာသည်။


 


Internet


တယ်လီဖုန်းနှင့် ကေဘယ်လိုင်းများကို အသုံးပြု၍ ကွန်ပျူတာထောင်ပေါင်းများစွာကို အတူတ ကွ ဆက်သွယ်ထားသော အပြည်ပြည်ဆိုင်ရာ ကွန်ရက်ဖြစ်သည်။ ဤကွန်ပျူတာများကို Server များဟု ခေါ်ပြီး တယ်လီဖုန်းအိပ်ချိန်းနှင့် အတော်ကလေး ဆင်တူသည်။ တသီးပုဂ္ဂလ် က အသုံးပြူသူများသည် မိုဒမ်ကို အသုံးပြု၍ မိမိတို့ နေအိမ်မှနေ၍ Server ကွန်ပျူတာကို ဆက်သွယ် နိုင်သည်။ ဤသို့ဖြင့် ကမ္ဘာ့ကွန်ရက်ကြီး တစ်ခုလုံးနှင့် ဆက်သွယ်မှု ပြုနိုင်သည်။ အင်တာနက်လုပ်ငန်း ပိုမိုကောင်းမွန်စေရန် world wide web က ဆောင်ရွက်ပေးသည်။ အင်တာနက်ကို ဆက်သွယ်နိုင်ရန်အတွက် မိုဒမ်တစ်ခုလိုအပ်ပြိး Server တစ်ခုတွင် ငွေစာရင်း ဖွင့်ထားရန်လိုသည်။ ယင်း Server ကို သာမာန်အားဖြင့် အင်တာနက် ၀န်ဆောင်မှု စီစဉ်သူ Internet Service provider သို့မဟုတ် Point-of-Presence  provider ဟုခေါ်သည်။ ထိုသို့ ဆက်သွယ်ပါက ဆက်သွယ်သူကို တယ်လီဖုန်းနံပါတ်ကဲ့သို့ ID အမည်တစ်ခု ပေးထားသည်။ အင်တာနက်ကိုမှု လူပုဂ္ဂိလ်က သော်လည်းကောင်း၊ ကုမ္ပဏီသော်လည်းကောင်း ထိန်းချုပ်ထား ခြင်း မရှိပါ။


 



Internet Explorer


မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ တီထွင်သော world wide web ပေါ်တွင် အကြောင်းအရာများ ရှာဖွေပေးနိုင်သော Browser ၏ အမည်ဖြစ်သည်။


 


Internet Relay Chat


Internet Server တစ်ခုနှင့် IRC client program တစ်ခုကို ချိန်ဆက်ထားခြင်းဖြင့် အသုံးပြု သူက အခြားသူများနှင့် သုံးစွဲနေရင်း စကားပြောနိုင်သည့် ၀န်ဆောင်မှု။


 


Internet Service Provider


အင်တာနက် ၀န်ဆောင်မှုကို စီစဉ်ပေးသူသင်၏ ရုံးခန်းသို့မဟုတ် နေအိမ်မှ အင်တာနက်သို့ အဆက်အသွယ်ရရှိရန် ဆောင်ရွက်ပေးနိုင်သော ကုမ္ပဏီ တစ်ခု။


 


Internet Telephone Service


စကားပြောသူတစ်ဥိး သို့မစုတ် အများစုက အင်တာနက်သုံး၍ ဆက်သွယ်စကားပြောခြင်း။ အင်တာနက်ဆက်သွယ်မှုနှုန်းအတိုင်း အသုံးပြုသူက အခြားသူများနှင့် စကားပြောခွင့်ရခြင်း။


 


Internet Telephony


အင်တာနက်ပေါ်တွင် အသံနှင့် ဖက်စ်တို့ကို သယ်ယူပို့ဆောင်သော နည်းဖြစ်သည်။ နည်းလမ်းနှစ်မျိုး ရှိသည်။ ပထမ အမျိုးအစားမှာ အင်တာနက်ပေါ်တွင် တယ်လီဖုန်းပြောလိုပါ က ပီစီတစ်ခုကို အသုံးပြု၍ တစ်ဖက်မှ ပီစီသို့ ISP တစ်ဆင့် ဆက်သွယ်ရသော နည်းဖြစ် သည်။ ပီစီအချင်းချင်း ဆက်သွယ်မှုအတွက် ပေးဆောင်ရသော အခနှင့် ISP အတွက်ပေး ဆောင်ရသော အခမှလွဲ၍ အခမဲ့ ဆက်သွယ်နိုင်သည်။ အသံကိုIP Packets များ အသွင် ပြောင်းပြီး အင်တာနက်ပေါ်မှ ပေးပို့ရသည်။ တစ်ဖက်မှ ဒေသဆိုင်ရာ server က ဖမ်းယူ၍ သတင်းအဖြစ် ပြန်လည်ဖော်ပေးရသည်။


 


INTERNET 2


စမ်းသပ်နေဆဲဖြစ်သော မြန်နှုန်းမြင့်ကွန်ရက် ဖြစ်ည်။ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များက ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ပေးခဲ့သည်။ အလွန်လျင်မြန်သော နှုန်းဖြင့် ဆောင်ရွက် သော နည်းပညာသစ်များနှင့် လက်တွေ့ဆောင်ရွက်ရမည့် နည်းများကို စမ်းသပ်လျက်ရှိ သည်။


 


Internet Time


အင်တာနက် နယ်ပယ်တွင် အကြောင်းအရာတစ်ခု လျင်မြန်စွာ ဆောင်ရွက်ပြီးစီရန် လိုအပ် သောကြာမြင့်ချိန် ဖြစ်သည်။ တိကျစွာ အဓိပ္ပာယ် သတ်မှတ်ပေးနိုင်ခြင်း မရှိသေးပေ။


 


Internic


အမေရိကန်ပြည်ထောင်စုတွင် Top Level Domain Names များကို ကွန်ရက် Solutions များနှင့်အတူ မှတ်တမ်းပြုစုသောအဖွဲ့ ဖြစ်သည်။ ၁၉၉၈ ခုနှစ် အထိ ယင်းလုပ်ငန်းကို တာဝန် ယူဆောင်ရွက်ခဲ့သည်။


 


Intranet


အင်တာနက်တွင် အသုံးပြုနေသော နည်းပညာ စံနှုန်းများအတိုင်း တည်ဆောက်ထားသော ကွန်ရက်တစ်မျိုး ဖြစ်သည်။ Intranet များမှာ စီမံပြုလုပ်ရာတွင် ရိုးစင်းပြီး စရိန်သက်သာသော ကြောင့် ကိုယ်ပိုင်ကွန်ရက်များနေရာတွင် အစားထိုး အသုံးပြုနေကြသည်။ Intranet ကို တည်ဆောက်ရာတွင် အဓိက operating system များတွင် သုံးနိုင်သော TCP/IP software ကို အသုံးပြုလျက် E-mail, Browser နှင့် Web Server နှင့် Web Server များကို ကိုင်တွယ် သုံးစွဲနိုင်သည်။


ယခုအခါ လက်တွေ့အားဖြင့် Novell မှ ထုတ်လုပ်သော Commercial Software ကို Networking Companies များမှ ၀ယ်ယူသုံးစွဲ နေ၇သေးသည်။ intranet သည် ပြုပြင်ပြောင်း လဲရာတွင် လွယ်ကူပြီး employee directories များရူပ်ထွေးသော အချက်အလက် စုစည်းမှုများနှင့် Groupware Applications များ ပြုလုပ်နိုင်သည်။


 


IP Address


အင်တာနက်ပေါ်ရှိ ကွန်ပျူတာတစ်ခု၏ လိပ်စာဖြစ်သည်။ ဆက်သွယ်မှု ဖော်ပြရာတွင် အသုံး ပြုရသည်။ အင်တာနက်ပေါ်တွင် သတင်းအချက်အလက်များ ရယူပေးပို့ လျက်ရှိသော ကွန်ပျူ တာတိုင်း IP Address ရှိရသည်။ ယင်းကို 32.bit number ဖြင့် ဖော်ပြလျက် ပေးပို့သော သတင်းအချက်အလက်တိုင်းတွင် ပူးတွဲပါရှိရသည်။ ဤသို့ဖြင့် တစ်ဖက်မှ လက်ခံရရှိသူက လိုအပ်ပါက ပြန်လည်ဆက်သွယ်နိုင်မည် ဖြစ်သည်။ Web တွင်လည်း ဤနည်းကိုပင် ကျင့်သုံး ရသည်။ တောင်းဆိုထားသော Page တစ်ခုကို မည်သည့်နေရာသို့ပေးပို့ရမည်ကို server က သိရှိနိုင်သည်။


လက်ရှိသုံးစွဲနေသော IP Protocol Version 4 သည် နံပါတ် ၀ မှ ၂၅၅ အထိသာ ရှိပြီး အုပ်စု လေးခု ပိုင်းခြားထားသည်။ ထိုနံပါတ်များကို Name Server က အက္ခရာအမည်ဖြင့် ဘာသာပြန်ဆိုသောအခါ w.w.w economist.com စသည်ဖြင့် စာလုံးများဖြစ်လာသည်။ ယခုအခါ လိပ်စာများ အလွန်များပြားလာသဖြင့် version6 ကို တိုးချဲ့ပြုလုပ်ထားသည်။ အဆို ပါ Version 6 တွင် 128-bit နံပါတ်များ သုံးထားသည်။ IP ng ဟုလည်းခေါ်သည်။


 


IPO


Initial Public Offering


ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုသည် အများပြည်သူများကို လဲလှယ်ရောင်းဝယ်နိုင်သော အစုရှယ်ယာများ၊ ပထမဆုံး ထုတ်လုပ် ရောင်းချခြင်းကို ဆိုလိုသည်။ အမေရိကန် ပြည်ထောင် စုတွင် သုံးသော ဝေါဟာရဖြစ်သည်။ Going Public ဟုလည်းခေါ်သည်။ အင်တာနက် ကုမ္ပဏီ များဖြစ်သော CISCO, E Bay , Net-scape , Yahoo ! စသည်တို့သည် နာမည်ကျော်ကြား သောကြောင့် IPO များ ထုတ်ရောင်းရာတွင် အောင်မြင်မှုများ ရရှိခဲ့သည်။


 


IRC


အင်တာနက်ပေါ်တွင် လူသိများသော ဆက်သွယ်မှုနည်း တစ်ခုဖြစ်သည်။ special chat software သုံးစွဲလျက် ကမ္ဘာ့အရပ်ရပ်ရှိ chat server များကို ဆက်သွယ်နိုင်သည်။


 


IRL


IN Real Life


Chat Rooms များတွင် အများအားဖြင့် သုံးစွဲသော စကားတစ်ခုဖြစ်သည်။ "So What do you look like IRL? " ဟု အများအားဖြင့် ပြောဆို သုံးစွဲလေ့ရှိသည်။


 


ISDN


Integrated Service Digital Network


သမာရိုးကျ တယ်လီဖုန်းဆက်သွယ်မှု အပြင် အသစ် ပေါ်ပေါက်လာသော High Nabdwidth သုံးသော ဒစ်ဂျစ်တယ် ဆက်သွယ်ရေး စနစ်သစ် ဖြစ်သည်။ စနစ်သစ်တွင် အချက်အလက်နှင့် အသံနှစ်မျိုးလုံးကို ပေါင်းစည်းထားသည်။ အင်တာနက်နှင့် ဆက်သွယ်စဉ်အတွင်း တယ်လီဖုန်းကိုလည်း သုံးစွဲနိုင်သည်။ Higher Nandeidth ပါရှိသောကြောင့် သုံးစွဲသူများကို ဆွဲဆောင်မှု ပေးနိုင်သည်။ ယင်းစနစ်တွင် Basic Rate Interface (BRI) ခေါ် Data Channel သုံးမျိုးပါရှိသည်။ (Bearer) Channel သည် အချက်အလက်များ သယ်ပို့နိုင်ပြီး 6 4 k စီရှိ သည်။ သတင်းများသယ်ဆောင်သော Channel မှာ 16 KD (Delta) တစ်ခုသာရှိသည်။ ဥရော ပတိုက်တွင်မှု Prime Rate Interface(PRI) ကို သုံးစွဲသည်။ PRI တွင် 30 B Channels ရှိပြီး D Channel တစ်ခုရှိသည်။


 




ISP


Internet Service Provider


အင်တာနက်သို့ တိုက်ရိုက်ဆက်သွယ်မှု ပြုလုပ်ပေးသော ကုမ္ပဏီတစ်ခုကို ခေါ်သည်။ ISP များသည် အများသုံစွဲသော တယ်လီဖုန်း ကွန်ရက်နှင့် အင်တာနက်ကို ဆက်စပ်ပေးသော Gateway လည်း ဖြစ်သည်။ မည်သူမဆို ကွန်ပျူတာတစ်ခုနှင့် မိုဒမ်တစ်ခုရှိပါက အင်တာနက် ၀န်ဆောင်မှုကို ရယူနိုင်သည်။ ISP များသည် e-mail လိပ်စာရှိသူ များအတွက် ငွေစာရင်း ဖွင့်လှစ်ပေးထားသည်။ ထို့အပြင် text-editing program တစ်ခုနှင့် HTML Kbowledge ရှိသူ များအတွက်လည်း ကိုယ်ပိုင် Web sites များတည်ထောင်နိုင်ရန် ဆောင်ရွက်ပေးသည်။


 


J


Joint Academic Network


ဗြိတိန်နိုင်ငံရှိ ရာပေါင်းများစွာသော တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများအကြား ဆက်သွယ်ပေးသော မြန်နှုန်းမြင့် ကွန်ရက် ဖြစ်သည်။ Janet နှင့် ဖိုင်ဘာ  ကြိုးသုံး Broadband Superjanet ကွန်ရက်နှစ်ခုမှာ ကမ္ဘာ့အင်တာနက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။


 


Java


ှSun Microsystems မှ တီထွင်သော ပရိုဂရမ် ဘာသာစကား တစ်ခုဖြစ်သည်။ မှုလက တစ်နေ၇ာတည်းတွင်ရှိသော မှတ်ဥာဏ်သုံးစက်များ အချင်းချင်း  ဆက်သွယ်ရန် ပြုလုပ်ထားရာမှ ကျယ်ပြန့်လာသော နည်းပညာ ဖြစ်သည်။ ယင်းနည်းပညာ သုံးစွဲလျက် သတင်းအချက်အလက်များကို စက်အမျိုးမျိုးထံသို့  သယ်ယူပို့ဆောင်ပေးနိုင်သည်။


ပရိုဂရမ် သုံးစွဲသူများ၏ ရူဒေါင့်မှ ကြည့်ရူပါက Java ပရိုဂရမ်ဘာသာစကားသည် လျင်မြန်စွာ ရေးသားသုံးစွဲနိုင်သည့် အပြင်သပ်ရပ်တိကျမှု ရှိသောကြောင့် C++  ကဲ့သို့သော ဘာသာစကားများထက်သာသည်။ ပရိုဂျက်အကြီးစားများတွင် ယခုထက်တိုင် သုံးစွဲနေရဆဲဖြစ်သည်။ Commercial software ထုတ်လုပ်သူများ  ကလည်း ယင်းတို့ လုပ်ငန်းသုံး တော့ဖ်ဝဲများ၊ ဂရပ်ဖစ် ဆော့ဖ်ဝဲများတွင် Java ဘာသာစကားကိုသာ နားလည်စေ၇န် ပြုလုပ်ကြသည်။


Java ၏ ထူးးခြားချက်များမှာ ကွန်ပျူတာများကို မည်သည့်စက်လည်ပတ်မှုစနစ်တွင် ဖြစ်စေ၊ မည်သည့် ပရိုဆက်ဆာ တွင်ဖြစ်စေ၊ Java ပရိုဂရမ်များကို ထည့်သွင်း  သုံးစွဲနိုင်ခြင်း ဖြစ်သည်။ Virtual Machines(VM) ခေါ်ဆော့ဖ်ဝဲ တစ်ခုက စက်လည်ပတ်မှုစနစ် အတွင်းတွင် Java Program ၏ Byte Code များကို အဓိပ်ပါယ်  ကောက် ဘာသာပြန်ပေးခြင်းကြောင့် ဖြစ်သည်။


Java Beans


Sun Microsystems မှတီထွင်သော Object Oriented Programming Tools များဖြစ်သည်။ Java Beans သည် ပရိုဂရမ် အစိတ်အပိုင်းလေးများ ပြုလုပ် ပေးနိုင်  သည်။ ယင်းတို့ကို Beans ဟုခေါ်သည်။ Java Bean ကို အတိုတွက်ချက်ခြင်း၊ ပုံရေးဆွဲခြင်းစသော လုပ်ငန်းများတွင် သုံးစွဲသည်။


 


Java-Script


Wen pages များ၏ ဆောင်၇ွက်မှု စွမ်းရည်ကို တိုးမြှင့်စေ၇န် ပြုလုပ်ထားသော ဘာသာစကားဖြစ်သည်။ Java Script သည် C++ နှင့် ဆင်တူသည်။ သို့ရာတွင်  လုံးဝခြားနားသော အလုပ်များကို ဆောင်ရွက်ပေးရန် စီမံထားပြီး လေ့လာရန် လွယ်ကူသည်။ Java Script သည် Java နှင့် မတူသီးခြား ဖြစ်သည်။ ယင်း၏ အဓိက  ရည်ရွယ်ချက်မှာ Web Browser ကို ပံ့ပိုးပေးရန် ဖြစ်သည်။ Browser အနေဖြင့် HTML ၏ အတိုင်းအတာထက် ကျော်လွန်သော အလုပ်များကို လုပ်နိုင်ရန် အကူ  အညီပေးနိုင်သည်။ ဥပမာ-Mouse Clicks ဖြင့် Windows များပေါ်လာစေရန် သို့မဟုတ် Status Bar တွင် Message များ ပေါ်လာစေရန် စသည်တို့ ဖြစ်သည်။


Webပေါ်တွင် ပြုလုပ်သော Java Script Applications များသည် သေးငယ်သော်လည်း အားကောင်းသော စွမ်းရည်များရှိသည်။ ၄င်းတို့သည် DTML ၏ အဓိက  အစိတ်အပိုင်းများ ဖြစ်သည်။ Java Script က Web Form တစ်ခုကို serve သိုပပြန်မပို့ပေးမီ ပြည့်စုံမှုရှိမရှိ စစ်ဆေးသည်။ Mouse Poiter က ညွှန်ပြသည့်အတိုင်း  Text Blocks များ၏ အရောင်ကို ပြောင်းလဲပေးသည်။ Browser အများအပြားမှာ Java Script ကို အထောက်အကူ ပေးသည်။


 


Jini


ကွန်ရက်တစ်ခုပေါ်ရှိ မည်သည့် ဟာ့ဒ်ဝဲပစ္စည်းများကိုမဆို ဆက်သွယ်နိုင်သော နည်းတစ်ခု ဖြစ်သည်။ Jini Base Network သို့ Sevice တစ်ခု ဖြည့်စွက်တပ်ဆင်  ပါက ၄င်း၏ စွမ်းရည်နှင့် အချက်အလက်များကို Data Base သို့ရောက်ရှိအောင် ပေးပို့နိုင်သည်။ Data Base တွင် တစ်စုံတစ်ဦးက စေခိုင်းလျှင် ဆောင်ရွက်ရမည့်  နည်းများ ရှိနေပြီး ဖြစ်သည်။ သို့ဖြစ်၍ Jini သည် PC များက Pinter ကို သုံးလိုလျှင် သုံးနိုင်စေရန် ပြုလုပ်ပေးသည်။ PDAS များတွင် ကွန်ရက်တစ်ခုနှင် ချိတ်ဆက်  ထားသော တယ်လီဗေး၇ှင်း စက်များကိုလည်း အထက်ပါနည်းဖြင့် အထောက်အကူပြု ပေးနိုင်သည်။ Jini ကို Sun Microsystem က Java နည်းပညာပေးတွင်  အခြေခံ၍ တီထွင်လိုက်ခြင်း ဖြစ်သည်။ ပထမဆုံးစက်ပစ္စည်းများကို ၂၀၀၀ ပြည့်နှစ်တွင် ဈေးကွက်သို့ ဖြန့်ချိမည် ဖြစ်သည်။


 


JPEG


Joint Photographic Expert Group ၏ အတိုကောက်ဖြစ်သည်။ အင်တာနက်အသုံးပြုသူတို့ ပိုမိုနှစ်သက်ကြသော ဂရပ်ဖစ်ဖိုင် format တစ်ခုဖြစ်သည်။ ဖိုင်အ  ရွယ်အစားကိုများစွာ ကျုံ့ပစ်သည့်အတွက် လွှဲပြောင်းပေးပို့ချိတ် သက်သာသည်။


 


JUST-In-Time Compilers


Java Byte Code ကို ပရိုဆက်တာလက်ခံသော ဆော့ဖ်ဝဲ ဖြစ်လာစေရန် ပြောင်းလဲပေးသည့် ပရိုဂရမ် တစ်မျိုး ဖြစ်သည်။ Juse-In-Time Compilers ဟုခေါ်သည်။  Web Browser တစ်ခု၏ Vitural Machine နှေးကွေးစွာ အလုပ်လုပ်နေသည်ကို ကူညီရန် စီမံထားည်။ အကယ်၍ Java Applet နှင့် ရေးသားထားသော Code  ဖြစ်ပါက ယင်းကို ကွန်ပျူတာ နားလည်သော သုံးစွဲသူနှင့် စပ်ဟပ်မှုရှိသည့် Code အဖြစ် ဘာသာပြန် ဆိုပေးနိုင်သောကြောင့် ပရိုဂရမ်တစ်ခုကို လျင်မြန်စွာ  ဆောင်ရွက် နိုင်လာသည်။ JIT Compliers များအတွက် Sun,s Microsoft, Nets-cape နှင့် IBM တို့က Virtual Machines များ ထုတ်လုပ်ပေး လျက်ရှိသည်။


 


K


K=Kilo ၏ သင်္ကေတစလုံး ဖြစ်သည်။ တစ်ထောင်နှင့်ညီမျှသည်။ ဥပမာ-28.8 k mondem သည် အချက်အလက်များကို တစ်စက္ကန့်လျှင် 28,800 bit နှုန်းဖြင့်  လက်ခံနိုင်သည်။ Motorola 68000clip ကို 68K ဟုဖော်ပြနိုင်သည်။


 


KEY


အများမဖတ်နိုင်သော လျှို့ဝှက်သင်္ကေတစာများအဖြစ် ပြောင်းလဲထားသော သတင်းများကို အဓိပ်ပါယ်ပြန် ဖော်ရာတွင်သုံးသော သော့ချက်အမှတ်အသား  ဖြစ်သည်။


 


Key Words


Database ရှိ စာရွက်စာတမ်း သို့မဟုတ် မှတ်တမ်းတစ်ခုကို အမည်ဖော်ပြပေးသော သော့ချက်စာလုံးများကို အစီအစဉ်ဖြင့် မှတ်သားခြင်း ဖြစ်သည်။ Key words  များကို ရှာဖွေပေး ခြင်းသည် Search Engines များ၏ လုပ်ငန်းဖြစ်သည်။ Search Engines များသည် Web Pages များတွင် လည်း သီးသန့် အဓိပ်ပါယ်ရှိသော  စာလုံးများကို ရှာဖွေ၍ အစီအစဉ်တကျ မှတ်တမ်း ပြုစုပေးသည်။


 




Killer App


ဆော့ဖ်ဝဲ တစ်မျိုးဖြစ်သည်။ ထင်ရှားသော ဥပမာမှာ Spread Sheet ဖြစ်သည်။ အောင်မြင်နေသော နည်းပညာများက Killer App ကို နောက်ခံထားသည်။ ၁၉၉၀  ခုနှစ်တွင် e-mail မှာ လည်း ထင်ရှားသော Application ဥပမာ တစ်ခုဖြစ်သည်။ ပထမဦးစွာ ပေါ်ပေါက်သော techonology မှာ Visicals ဖြစ်ပြီးနောက်ပိုင်းတွင်  Lotus 1,2,3 တို့ဖြစ်သည်။


 


Kill File


မလိုအပ်သော articles များကို ရပ်တန့်ပစ်ရန်အတွက် Keyword များနှင့် e-mail address ကို သွင်းထား၍ရသော newsreader file ဖြစ်သည်။


 



L


LAN


Local Area Network ၏ အတိုကောက်စာလုံး ဖြစ်သည်။ ဒေသတွင်း ကွန်ရက်၊ ရုံး သို့မဟုတ် အဆောက်အဦးအတွင်းရှိ အပြန်အလှန်ဆက်သွယ်ထားသော  စုစည်းမှု အသေးစားဖြစ်သည်။


 


Latency


ကွန်ပျူတာ နှစ်ခုအာကား အချက်အလက်များ ပေးပို့ရာတွင် ကြန့်ကြာချိန် ဖြစ်သည်။ တစ်နေရာမှ တစ်နေရာသို့ အချက်အလက် အလုပတ်ကလေးများ ကူးသန်း  သွားလာရာတွင် အချိန်ယူရသည်။ အင်တာနက် ဆက်သွယ်မှုများတွင် ကြန့်ကြာမှုများ ဖြစ်ရခြင်းမှာ အထက်ပါအကြောင်းကြောင့် ဖြစ်သည်။


 


LDAP


Light Weight Directory Access Protocol


ကွန်ရက်တစ်ခုပေါ်တွင် လူများ၊ ကွန်ပျူတာများနှင့် အခြားဆက်သွယ်ရေး ပစ္စည်းများကို ရှာဖွေရာတွင် အကူအညီပေးသော လုပ်ထုံးတစ်ခုဖြစ်သည်။ X-500 ကဲ့သို့  သော address book စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် စီစဉ်ထားသည်။ ၁၉၉၇ ခုနျစ်တွင် IETF က ချမှတ်ပေးခဲ့သည်။ အချို့သော ဆော့ဖ်ဝဲ  ပရိုဂရမ်များ၊ operating systems များတွင် LDAP လုပ်ထုံးကို ထည့်သွင်းပေးထားသည်။


 


Leased Line


ပုဂ်ဂလိက လုပ်ငန်းတစ်ခု သို့မဟုတ် လူတစ်ဦးအတွက် သီးသန့်ငှားရမ်းထားသော ဆက်သွယ်ရေးလိုင်း (Fixed Babdwidth) ဖြစ်သည်။ ဆက်သွယ်ရေးလိုင်းကို  အများနှင့် ဝေမျှသုံးစွဲရသော Frame Relay Connection နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။


 


Linux


လွတ်လပ်စွာ ရယူပြုလုပ်နိုင်သော ကွန်ပျူတာ လည်ပတ်မှုစနစ်ဖြစ်သည်။ Linus Torvald က တီထွင်ခဲ့သည်။ Unix Operating System ကို အခြေခံပြုလျက်  အကျဉ်းချုံးထားသော အမျိုးအစားဖြစ်သည်။ လူအများက ကြိုက်နှစ်သက်လာခြင်း၊ စွမ်းဆောင်မှု ကောင်းမွန်ခြင်းတို့ကြောင့် Microsoft Windows NT ၏ လွမ်းမိုး  ကြီးစိုးမှုကိုပင် ယှဉ်ပြိုင်နိုင်ခဲ့သည်။


Torvald က အစပျိုးခဲ့သော Linux သည် ယခုအခါ ရာပေါင်းများစွာသော ပရိုဂရမ်ရေးဆွဲသူများ၏ ပူးပေါင်းလုပ်ဆောင်ချက်များကြောင့် တဖြည်းဖြည်း တိုးတက်လာ  သည်။ linux System ၏ အဓိက အပိုင်းများကိုမှု Torvald နှင့် အပေါင်းအပါများက features အသစ်များ ထည့်သွင်းခြင်း အဟောင်းများကို ဖယ်ရှားခြင်းတို့ကို  ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့အပြင် Linux System များ၏ drivers များအတွက်လည်း ပရိုဂရမ်များ ရေးသားလျက် စမ်းသပ်ခဲ့ကြသည်။


ဤသို့ဖြင့် Linux သည် တည်ငြိမ်မှုနှင့် အသုံးတည့်မှု ရှိလာသောကြောင့် Commercial Operating System ရောင်းချသောသူများ လိုက်မမီနိုင်ဘဲ ဖြစ်နေသည်။


ISP အများစုသည် Linux ကိုပင် အသုံးပြုနေကြသည်။ အဆင့်မြင့် ဂရပ်ဖစ်များနှင့် Image Processing တို့ ပြုလုပ်ရာတွင်လည်း Linux ၏ စနစ်သည် နာမည်ရ  လာသည်။ Web Servers များကလည်း Linux Operating System သည် စွမ်းအားကောင်းမွန်သည့်အပြင် အသုံးပြုသူ ထောင်ပေါင်းများစွာကို တစ်ပြိုင်နက်  တည်း ကိုင်တွယ်ဆောင်ရွက်နိုင်သောကြောင့် ရွေးချယ် သုံးစွဲကြခြင်းဖြစ်သည်။


Red Hat Software က Linux ၏ Source Code ကိုသုံးစွဲပြီး Commercial Version applications များထုတ်လုပ် လျက်ရှိသည်။ Linux ကို ဝေဖန်သူများက  သီးခြားစနစ်တစ်ခု ဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းအတွက် သုံးစွဲသူများ အနေဖြင့် နည်းပညာအာမခံချက်နှင့် အဆင့်မြှင့်တင်ရေး တို့တွင် အာမခံချက် မရှိသဖြင့်  အခက်အခဲ ဖြစ်နေကြသည်ဟု ဆိုကြသည်။ ထို့အပြင် အချို့ Version များမှာ Graphical User Interface မပါရှိသဖြင့် တပ်ဆင်ရန်နှင့် လိုအပ်သလို သုံးစွဲရန်  ခက်ခဲမှုများ ရှိသည်။


 


List server


အီလက်ထရွန်းနစ် သတင်းလွှာများနှင့် အခြား သတင်းများကို စာရင်းသွင်းထားသော သုံးစွဲသူများထံ ဖြန့်ချိပေးမှုကို စီမံပေးသော Server ဖြစ်သည်။


 


Locak Area Network


ကွန်ပျူတာများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော ကွန်ရက်တစ်ခုဖြစ်ပြီး LAN ဟုခေါ်သည်။ အခန်းတစ်ခုအတွင်း သိုပမဟုတ် အဆောက်အဦးတစ်ခု၏  အထပ်တစ်ခုရှိ ကွန်ပျူတာများ ချိတ်ဆက်ထားသော အဖွဲ့အစည်းသုံး ကွန်ရက်ကြီး၏ အစိတ်အပိုင်းအဖြစ် စုစည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ LANs အများစု  မှာ အနည်းဆုံး File Server တစ်ခုအပေး အခြေပြုထားသည်။ ထို Server မှာ လုပ်ငန်းသုံး ကွန်ပျူတာငယ်များထံမှ ပေးပိုပသော applications များ၊ ဖိုင်များကို စု  စည်းပေးသည်။


 


M


MAE


Metroploitan Area Exchange


အမေရိကန် ပြန်ထောင်စုရှိ  ISP များအကြား ဆက်သွယ်မှု အသွားအလာကို စီမံ ဆောင်ရွက်ပေးသော အိတ်ချိန်းငှာန ဖြစ်သည်။ အဒိကဌာနနှစ်ခု ရှိသည်။ MAE  East သည် ၀ါရှင်တန်ဒီစီတွင် တည်ရှိပြီး အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းနှင့် ဥရောပရှိ ISP များ ကို ဆက်သွယ်ပေးသည်။ MAE West မှာ San Jose တွင် တည်ရှိသည်။ Silicon Valley ရှိ ISP များကို ဆက်သွယ်ပေးသည်။ ထို့အပြင် MAE အငယ်စား နှစ်ခုလည်း အမေရိကန် ပြည်ထောင်စုတွင် ရှိသေးသည်။ MAE ကွန်ယက်ကြောင့် ISP များအကြားဆက်သွယ်မှု လျင်မြန်စေသည်။ ယင်းတို့သည် ဒေသကွန်ရက်ကြီး တစ်နှင့် အားလား သဏ္ဍာန်တူညီပြီး အင်တာနက် ဆက်သွယ်မှုများကို မည်သည့်နေရာ သို့ ပို့လွှတ်မည်ကို စီမံပေးသည်။


 


Mailing List


E-mail များ ဖြန့်ချိသော စာရင်းဖြစ်သည်။ တောင်းဆိုထားသော သတင်းများနှင့် အုပ်စို ဆွေးနွေးမှုများကို ဖြန့်ဝေပေးသည်။ mailing list သည် News Group ထက်ပိုမိုစုံလင်သည်။


mailing list နှစ်မျိုးရှိသည်။ တစ်မျိုးမှာ closed list ဟု ခေါ်သည်။ ပုဂ္ဂိုလ်တစ်ဥိးချင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ထိန်းသိမ်းစိမံပြီး စာရင်းပေးထားသူများကိုသာ သတင်းများဖြန့်ဝေပေးသည်။ ထို closed list ကို နေ့စဉ် သတင်းလွှာများ ဖြန့်ဝေခြင်း၊ မိုးလေ၀သသတင်းများ ပေးပို့ခြင်းတို့အတွက် သုံးသည်။


Wensites များနှင့် ကွန်ပျူတာ ရောင်းချသူများက ဖောက်သည်များ အား သူတို့၏၀န်ဆောင်မှုများ တိုးတက်ပြောင်းလဲပုံများနှင့် ဟာ့ဒ်ဝဲများ တိုးတက်ပြောင်းလဲ လာမှုများကို ဤ closed list ကို သုံး၍ ဆက်သွယ် သည်။


နောက်တစ်မျိုးမှာ OPEN LIST ဖြစ်သည်။ စာ၇င်းပေးသွင်းထားသူများ ၏ ဆွေးနွေးမေးမြန်းမှုများကို ရရှိပါက ပြန်ကြားသည်။ ပြန်ကြားချက်ကို စာရင်းပေးထား သူများထံကိုသာ ပေးပို့သည်။ အများအားဖြင့် OPEN LIST များသည် သတင်းတိုင်းကို Post လုပ်သည်နှင့် တစ်ပြိုင်နက် စာရင်းဖွင့်ထားသူ တိုင်းထံသို့ ပေးပို့သည်။ Mailing list ကြီးလျှင် E-mail ဆက်သွယ်မှုများ ပိုမိုများပြားသည်။


Internet Server သို့ဆက်သွယ်မှု ပြုနိုင်သူတိုင်း Mailing List ကို ပြုလုပ်နိုင်သည်။ listserv သို့မဟုတ် Majordomo ဆော့ဖ်ဝဲများကို သုံး၍ ဆောင်ရွက်နိုင်သည်။


 


Mail Server


အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု သို့မဟုတ် On-line ၀န်ဆောင် မှုတစ်ခုတို့က အသုံးပြုသော Server ဖြစ်သည်။


 


Maximize


maximize button ကို click နှိပ်၍ဖြစ်စေ၊ title bar ကို double-click နှိပ်၍ ဖြစ်စေ၊ ဖန်သားပြင် အပြည့်ချဲ့ခြင်း ဖြစ်သည်။


 


Mbps


Data များ တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းသွားလာသောနှုန်းကို တိုင်းတာဖော်ပြသော ယူနစ် ဖြစ်ပြိး တစ်စက္ကန့်လျှင် Bits သန်းပေါင်းများစွာဟု ဖော်ပြလေ့ရှိသည်။ ထိုသို့ မဖော်ပြလိုလျှင် တစ်စက္ကန့်အတွက် Megabits ဟု သုံးနှုန်းသည်။ လက်ရှိအခြေအနေတွင် ADSL သိုပမဟုတ် IT လိုင်း ကဲ့သို့ လျင်မြန်သော ကွန်ရက် ဆက်သွယ်မှုများကသာ အချက်အလက် (data) များကို တစ်စက္ကန့်လျှင် သန်းပေါင်းများစွာ ပေးပို့နိုင်သည်။ စံအဖြစ် သတ်မှတ်ထားသေား Anlog Modem တစ်မျိုး၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် bits တစ်သောင်းခန့် ဆက်သွယ်ပေးပို့နိုင်ပါသည်။


MBone


နှုန်းမြင့် Internet backbone ဖြစ်သည်။ Videa Segments များကဲ့သို့သော files အများအပြားကို အသုံးပြုသူ လူအများထံ ပေးပို့နိုင်ရန် ပုံစံထုတ်ပြုလုပ်ထားသည်။ သာမန် အင်တာနက် ဆက်သွယ်မှု ကဲ့သို့ တစ်ဦးချင်း ဆက်သွယ်နိုင်စွမ်းသာ ရှိသည်။ IP Protocol ကို အခြေမခံဘဲ ရေဒီယို ပို့လွှင့်မှုများ ကို လူထောင်ပေါင်းများစွာထံ တစ်ပြိုင်တည်း ပေးပို့နိုင်သည်။


Meatspace


ရုပ်လောက online ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးသူများက ဖော်ညွှန်းသုံးစွဲသော ဝေါဟာရ ဖြစ်သည်။ ဆိုင်ဘာစပေ့ခေါ် အင်တာနက်လောကနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။


Megabyte


အချက်အလက်များ သိုလှောင်နိုင်မှုကိုတိုင်းတာသော ယူနစ်တစ်ခုဖြစ်သည်။ Byte တစ်သန်းကို ကိုယ်စား ပြုသည်။ ယေဘုယျအားဖြင့် 1megabytes သည် 2 မှ 20th power bytes သို့မဟုတ် 1,048,576 နှင့်ညီမျှသည်။ သို့ရာတွင် အချက်အလက် သိုလှောင်မှုနှင့် ပေးပို့မှု ရည်ရွယ်ချက်ဖြင့် သုံးနှုန်းသောအခါ တစ် megabyte သည် 1m byte( bytes ပေါင်းတစ်သိန်း) ဟုတိကျစွာ သတ်မှတ် ကြသည်။ ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ် နိုင်သူတို့ကမှု ပထမအဓိပ္ပာယ်သတ်မှတ်ချက်သာ မှန်ကန်သည်ဟု ဆိုကြသည်။


MEME


အယူအဆတစ်ခု၊ ကျွမ်းကျင်မှု အလေ့အကျင့်တစ်ခုသည် လူတစ်ဦးမှ အခြားတစ်ဦးသို့ ကုးစက်သွား ခြင်းဟု အဓိပ္ပာယ်ရသည်။ ၁၉၇၆ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဇီဝဗေဒ ပညာရျင် Richard  Dawkins က သူ၏ The Selfish  Gene ခေါ်စာအုပ်တွင် စတင်သုံးနှုန်းခဲ့သည်။ Dawkins က Mems တို့သည် Gene တို့က ဇီဝဗေဒအကြောင်းအရာများကို ဖော်ပြပေးသည်ဟု ဆိုသည်။ အင်တာနက်ကို အချို့က memes များပြန့်ပွားရေးအတွက် ကိရိယာသဖွယ် ရူမြင်သဘောထား ကြသည်။


Metropolitan Area Exchanges


အင်တာနက်ဆက်သွယ်မှုများ စီးဆင်းသွားလာရာလမ်းကြောင်းရှိ ပရိုဗိုတ်တာ တစ်ခုမှ တစ်ခုသို့ data packets များ လွှဲပြောင်း ဖလှယ်ပေးရာနေရာ။ မြို့ကြီးပြကြီးများတွင် ထားရှိသည်။


Micropayment


အင်တာနက်ပေါ်၌ ကုန်စည်များ၊ ၀န်ဆောင်မှုများ ၀ယ်ယူရာတွင် သုံးစွဲသောအနည်းငယ်မျှရှိသော ငွေကြေးကို ခေါ်သည်။ micropayment စနစ်တွင် အင်တာနက်ပေါ်၌ ပါဝင်သော အကြောင်းအရာများ ကို ငွေကြေးအနည်းငယ်ဖြင့် ၀ယ်ယူရရှိနိုင်ရန် စီမံပေးထားသည်။ ဥပမာ-မဂ္ဂဇင်း တစ်ခုတွင် ပါဝင်သော ဆောင်းပါးတစ်ပုဒ်၊ CD တစ်ခုမှ အပိုင်းတစ်ခု စသည်တို့ဖြစ်သည်။ အကြွေးဝယ်ကတ်ပြား မလိုအပ်ဘဲ ငွေပေးချေနိုင်သည်။ ဈေးဝယ်သူ၏ ကိုယ်ပိုင်သုံး ကွန်ပျူတာမှ အီလက်ထရွန်းနစ် ပိုက်ဆံ အိတ်ထဲမှ ရောင်းချသူက တန်ဖိုးအနည်းငယ်ဖြင့် ယူခြင်းဖြစ်သည်။ တကယ့် ငွေသားကို ၀ယ်သူ၏ ဘဏ်စာရင်းမှ တောင်းခံယူသည်။ အကြွေးကဒ်ပြားကို သုံးသောစနစ်က micropayment စန်စထက် ပို၍ စိတ်ချယုံကြည်ရသည်။ လူကြိုက်များသော စနစ်ဖြစ်မလာသေးချေ။ အကြွေးကဒ်များတွင်ကျယ် စွာ အသုံးမပြုသေးသော ဥရောပတိုက်တွင်မှု micropayment စနစ်သည် လူကြိုက်များသော စနစ်ဖြစ် လာနိုင်သည်ဟု ဆိုသည်။


Microsoft


ဆော့ဖ်ဝဲ ထုတ်လုပ်ရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်သည်။ အင်တာနက်ကို တစ်ဦးတည်း ပိုင်ဆိုင်နိုင် ရန် ကြိုးပမ်းခဲ့ရာမှ ၁၉၉၅ ခုနှစ် တွင် မိမိလုပ်ကိုင်နေသော Microsoft network (MSN) လုပ်ငန်းမှ ဦးတည်ချက် ပြောင်းလဲသွားသည်။ Netscape မှ Navigator ကို ပထမဆုံး ထုတ်လုပ်ပြီး လအနည်းငယ် အကြာတွင် မိုက်ခရိုဆော့ဖ်သည့် ပြိုင်ဘက်ကုမ္ပဏီတစ်ခုမှ Browser တစ်မျိုးကို ၀ယ်ယူလိုက်သည်။ ငါးနှစ်မပြည့်မီကာလအတွင်း MS_DOS နှင့် Windows များမှ ငွေအမြောက်အ များ ၀င်ခဲ့သော မိုက်ခရိုဆော့ဖ်သည် Navigator ကို တီထွင်ထုတ်လုပ်သည့် Netscape ကုမ္ပဏီထံမှ Browser ဈေးကွက်ကို အရယူခဲ့သည်။ အင်တာနက်နှင့် ဆက်သွယ်ရေး ကုမ္ပဏီအများအပြားကို ၀ယ်ယူခြင်း၊ ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်ခဲ့သည်။ မိုက်ခရိုဆော့ဖ်၏ စီးပွားရေး ဖြန့်ကျက်မှုနယ်ကျယ် လာသောကြောင့် အမေရိကန်ပြည်ထောင်စု တရားရေးဌာနနှင့် မိုက်ခရိုဆော့ဖ်တို့ ဆက်သွယ် အလုပ်လုပ်ခဲ့သော ကုမ္ပဏီများက တရားဥပဒေအရ စုံစမ်း၍ လက်ဝါးကြီးအုပ် လုပ်ငန်းဖြစ်သည်ဟု စွပ်မစွဲ၍ အရေးယူနိုင်ရန် ကြိုးပမ်းလာကြသည်။ ၁၉၉၉ ခုနှစ် အကုန်တွင် မိုက်ခရို ဆော့ဖ်က တရားရုံး တွင် ခုခံလျှောက်လဲခဲ့သည်။ ၁၉၉၉ ခုနှစ် ကုန်တွင် တရားသူကြီး ဂျက်ဆန်က မိုက်ခရိုဆော့ဖ်၏ လုပ်ရပ်များသည် စားသုံးသူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် အင်တာနက် ဈေးကွက် တွင် ပြိုင်ဆိုင်မှုများကို ပုံပျက်ပန်းပျက်ဖြစ်စေခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။ဤသို့ ဆုံးဖြတ်လိုက်သော်လည်း မိုက်ခရိုဆော့ဖ်အား Browser များနှင့်၎င်းတို့၏ Operating System များ ဆက်လက်ရောင်းချခွင့်ပေးမည် မပေးမည်ကို ဆုံးဖြတ်ရန် အချိန်ကြာမြင့်ဦးမည်ဟု ဆိုကြသည်။ မိုက်ခရိုဆော့ဖ် သတင်းဖြန့်ချိရေး ကုမ္ပဏီအဖြစ် ဆောင်ရွက်မည်လာ၊ မဆောင်ရွက်ဘဲ နေမည်လော ဆိုသည်ကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။


Microsoft Windows 98


ကိုင်တွယ်သုံးစွဲရန် လွယ်ကူသည့်အပြင် ပိုမိုလျှင်မြန်မှုရှိလျှက် အင်တာနက်တွင် ချိတ်ဆက်သုံးစွဲနိုင် သော Operating System ဖြစ်သည်။ Windows 95 အား အရည်အသွေး မြင့်ထားခြင်း ဖြစ်သည်။


Mime


Multipurpose Internet Mail Exxtension ၏ အတိုကောက် ဖြစ်သည်။ binatr tension ၏ အတို ကောက် ဖြစ်သည်။ binary အီးမေးလ်ဆက်သွယ်ရန် လွှဲပြောင်းပေးပို့ရန်အတွက် စံချိန်စံညွှန်း။


 


Mirror Site


Website တစ်ခုသို့မဟုတ် FTD Server ၏ ပကတိ အသွင်တူမိတ္တူ site တစ်ခု ဖြစ်သည်။ ဒေသအတွင်းရှိ server များသို့ သတင်းအချက်အလက်များ သယ်ယူပို့ဆောင်မှု ပမာဏကို လျော့ပါး စေရန်နှင့် အလွန်ဝေးလံသော နေရာမှ ဖိုင်များကို လူများက download လုပ်သည့် အချိန်ကို တိုတောင်းသွားစေရန် ပြုလုပ်ပေးသည်။


 


Moden


အရှည်စာလုံးမှာ MOdulation/DEModulator ဖြစ်သည်။ ဒစ်ဂျစ်တယ် data နှင့် analog signal တို့ကို အပြန်အလှန် ပြောင်းလဲပေးခြင်းဖြင့် ပုံမှန်တယ်လီဖုန်းလိုင်းကို အသုံးပြုနိုင်စေသော device ဖြစ်သည်။


 


MOORE'S LAW


၁၉၇၅ ခုနှစ်တွင် Gordon Moore ဆဆိုသူက ထုတ်ဖော် လိုက်သော ဥပဒေဖြစ်သည်။ Moore သည် Intel ကုမ္ပဏိကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ဦးဖြစ်သည်။ သူက ကွန်ပျူတာတွင် သုံးစွဲသော မိုက်ကရို  ပရိုဆက်ဆာများသည် အချိန်နှင့် အတူ အလွန်လျင်မြန်စွာ တိုးတက်လာပြီး ချစ်(ပ်)များ၏ စွမ်းတည်သည် ၁၈လကြာတိုင်း နှစ်ဆ သိုပမဟုတ် သုံးနှစ်ကြာတိုင်း လေးဆတိုး လာမည်ဟု ၁၉၆၅ ခှုနှစ်က ထုတ်ဝေခဲ့သော Electornics စာစောင်တွင် ဟောကိန်း ထုတ်ခဲ့သည်။ သို့ရာတွင် Moore က သူ့ဥပဒေကို ၂၀၁၂ ခုနှစ်အထိသာ မှန်ကန်မည်ဟုလည်း ဆိုခဲ့သည်။


 


MOSAIC


၁၉၉၃ ခုနှစ်တွင် NCSA မှ Marc Andressen နှင့် အခြားပညာသည်များ ဖန်တီးပြုလုပ်သော စကားလုံး သက်သက်ကို သာမက အခြားအရာများကိုပါ ရှာဖွေပေးနိုင်သော Browser ဖြစ်သည်။ Workd Wide Web အတွက် အထူးအကျိုးရှိစေသည်ဟု ဆိုကြသည်။


 


MSN


Microsoft Network


မိုက်ခရိုဆော့ဖ်၏ လှည့်ခေါ် ဆက်သွယ်နိုင်သော အင်တာနက်နှင့် Online content nusiness ၏ အမည် ဖြစ်သည်။ ၁၉၉၀ ခုနှစ် များ၏ အစပိုင်းတွင် AOL မှ အင်တာနက် လုပ်ငန်း အောင်မြင်နေမှုကို အားကျ၍ လူများကို အီလက်ထရွန်းနစ် ၀န်ဆောင်မှုလုပ်ငန်းများ၌ စိတ်ဝင်စားလာစေရန် မိုက်ခရိုဆော့ဖ်က ကိုယ်ပိုင်အင်တာနက်ကို တည်ထောင်ခဲ့သည်။ အမေရိကန် ကေဘဲလ်ကြိုးသန်း ကုမ္ပဏိ တစ်ခုဖြစ်သော TCI က ဒေါ်လာ ၁၂၅သန်း အစုထည့်ဝင်ခဲ့သည်။ မှုလက Windows 95 သုံး သူများအတွက် MSN server များကိုလှည့်ခေါ်ဆက်သွယ်ရန် ရည်ရွယ်သည်။ ၁၉၉၆ ခုနှစ်တွင် လူအများကို ဈေးနှုန်းအမျိုးမျိုးဖြင့် Internet access ပေးခဲ့သည်။


 


Multipl Exing


ဆက်သွယ်ရေး channel တစ်ခုတည်းကို သုံးစွဲသော အချက်ပြမှုများ၏ အစုအပေါင်းကို သုံးစွဲသော အချက်ပြမှုများ၏ အစုအပေါင်းကို ခေါ်သည်။ ဤသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ဆက်သွယ်သည့် သတင်းအချက်အလက် ပမာဏပို၍ ပေးပို့နိုင်သည်။ mulyiplexing အမျိုးအစားများမှာ Analog Signals အချက်ပြမှုများ စုပေါင်း၍ ပေးပို့သော frequency division multiplexing (FDM) ယင်းအမျိုး အစားတွင် BANDWIDTH ကို frequency အမျိုးမျိုးသုံးသော channel များအဖြစ် ခွဲထားသည်။


 


Multi-User


အချိန်တစ်ချိန်တည်းတွင် သုံးစွဲသူတစ်ဦးထက်ပို၍ ရယူဆက်သွယ်နိုင်သော ကွန်ပျူတာစနစ်တစ်မျိုး ဖြစ်သည်။ Unix, Windos NT စသည်တို့သည် တစ်ချိန်တည်း Log-in ပြုလုပ်ပြီးဆက်သွယ်ရန် စီမံ ထားသော Operation Systems များဖြစ်သည်။


 


N


Name Server


အင်တာနက်ပေါ်ရှိ ကွန်ပျူတာတစ်ခုဖြစ်ပြီး IP address နှင့် domain name များ၏ ဆက်စပ်မှုကို ရှာဖွေ ဆက်စပ်ပေးသည်။ အဆိုပါ name server များသည် alphanumeric e-mail နှင့် web address များကို 32 Bit ကွန်ပျူတာများသို့ ဘာသာပြန်ပေးခြင်းဖြင့် ကွန်ပျူတာတစ်ခု နှင့်တစ်ခု ဆက်သွယ်မှုကို ရှာဖွေပေးသည်။


 


Navigator


Netscape မှ ထုတ်လုပ်သော Browser အမည်ဖြစ်သည်။ တစ်ချိန်က ဈေးကွက်တွင် ကုမ္ပဏိက internet explorer ကို တီထွင်ထုတ်လုပ်ပြီး ပြိုင်ဆိုင်လာသဖြင့် netscape ၏ ဈေးကွက်ဝေစုမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ ယခုအခါ Netscape ၏ လုပ်ငန်းကို AOL ကုမ္ပ ဏီမှ လွှဲပြောင်းယူလိုက်သည်။


 


NCSA


The National Centre for Super Computing Applications.


အမေရိကန်ပြည်ထောင်စု အီလီနွိုင်းတက္ကသိုလ်တွင် အခြေ စိုက်ထား သော သုတေသနအဖွဲ့ဖြစ်သည်။ အဆင့်မြင့်မားပြီး စွမ်းဆောင်ရည်ရှိ သော Computer application များကို အထူးပြုစမ်းသပ် ထုတ်လုပ် သော အဖွဲ့ဖြစ်သည်။


Neathead


အသိဥာဏ်စွမ်းအားကို အထူးယုံကြည်ကိုးစားသော သူ သို့မဟုတ် အင်ဂျင်နီယာတစ်ဦးဟု အဓိပ္ပာယ်ရသည်။ အခြား အဓိပ္ပာယ်တစ်မျိုးမှာ တယ်လီဖုန်း ကုမ္ပဏီများက ဆောင်ရွက်နေသော နောက်ဆုံးကွန်ယက် များ အပေါ်တွင် လွှမ်းခြုံနေသော IP Based Digital Network ဖြစ် သည်။


 


Netscape


အင်တာနက်ကို ကမ္ဘာတစ်လွှား စိတ်အားထက်သန်စွာ သုံးစွဲလာစေရန် အဓိကအခန်းမှ ပါဝင်ဆောင်ရွက်ခဲ့သော ကုမ္ပဏီကြိး တစ်ခုဖြစ်လာ သည်။ ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်သည်။ တည်ထောင်စက ပစ္စည်းတစ်မျိုးသာ ထုတ်လုပ်ပြီး ပရိုဂရမ်မာများလည်း အနည်းငယ် သာရှိသည်။ ၁၆လအကြာတွင် ကုမ္ပဏီ၏ အရပ်ရပ် ပိုင်ဆိုင်မှုတန် ဖိုးသည် နှစ်ဘီလီယံ ဒေါ်လာအထိ တိုးတက်လာသည်။ ထုတ်လုပ် သော ကုန်ပစ္စည်းမှာ Navigator Browser ဖြစ်သည်။ ယင်းပစ္စည်း တစ်မျိုးတည်း ထုတ်လုပ်သော Netscape ၏ ဈေးကွက် မှာ ယခင်က ၉၀ ရာခိုင်နှုန်းသာ ရှိတော့သည်။ ထိုနှစ်တွင် Netscape ကို AOL က လွှဲပြောင်းယူခဲ့သည်။


 


Netware


Novell ကုမ္ပဏီမှ တီထွင်သော Network operating system ဖြစ် သည်။ Netware သည် ကိုယ်ပိုင်သုံး ကွန်ပျူတာများကို အခြေပြုထားသော corporate network များတွင် နှစ်ပေါင်း အတန်ကြာမျှ ဈေးကွက်ဝေစု၏ ၇၅ ရာနှုန်းကို ရရှိထားခဲ့သည်။ နောက်ပိုင်းကာလ၌ office software မဈေးကွက်သို့ ၀င်ရောက် ရောင်းချရာ၌ အောင်မြင်မှု မရှိခြင်း၊ လုပ်ငန်း၏ စီမံရေးကိစ္စများတွင် အပြောင်းအလဲ  နှစ်ရပ်ဆောင်ရွက်ရာမှ ချို့ယွင်းချက်များ ပေါ်ပေါက် လာခြင်း၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီး၏ windows nt ပြိုင်ဆိုင်မှုဒဏ် ကိုခံနေရခြင်းတို့ကြောင့် ၁၉၉၀ခုနှစ် အလယ်ခန့်တွင် ဈေးကွက်၌ အရောင်းကျဆင်း သွားသည်။


 


Network Externalities


ကွန်ရက်တစ်ခုတွင် ပါဝင်မည့် စက်ပစ္စည်းတစ်ခု တိုးလာခြင်းကြောင့် ရရှိသော အကျိုးသက်ရောက်မှုကို ဖော်ပြသည့် စီးပွားရေးဝေါဟာရ ဖြစ်သည်။ ကွန်ရက်တွင် နောက်ထပ် ပစ္စည်းတစ်ခု ထပ်မံဆက် စပ်ပါဝင်လာခြင်းဖြင့် ရိုရင်းစွဲပစ္စည်း များ၏ တန်ဖိုးမြင့်မား လာခြင်းကို ဆိုလိုသည်။ ဥပမာ-အင်တာနက်တွင် ပါဝင်ဆက်သွယ်သူများ လာ လေလေ ယင်း၏ တိုးတက်မှုများ တိုးပွား လာလေးလေ ဖြစ်သည်။


 


Network Solutions


Top Level Domain အသစ်များကို မှတ်ပုံတင်ပေးသော အမေရိကန်နိုင်ငံရှိ အဖွဲအစည်းတစ်ခု ဖြစ်သည်။ ၁၉၉၃ခုနှစ်တွင် National  Science foundation က ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ ၁၉၉၈ ခုနှစ်အထိ လူကြိုက်များသော domain များကို လိုင်စင်ထုတ် ပေးသည့် တစ်ခုတည်းသော အဖွဲ့ ဖြစ်သည်။


 


New Media


အင်တာနက်အပါအ၀င် ၄င်းနှင့် ဆက်စပ်နေသော နည်းပညာများအရ အများပြည်သူတို့ အတွက် ဆက်သွယ်မှုကိုခေါ်သော ဝေါဟာရဖြစ် သည်။


 


News Group


Usenet ပေါ်တွင် ဆွေးနွေးပွဲ ပြုလုပ်သူများအုပ်စု ဖြစ်သည်။ Chatroom ကဲ့သို့ တစ်နေရာတွင် လူအများစုပြီး ဆွေးနွေးခြင်း မဟုတ်ချေ။ မေးခွန်းများ၊ ထင်မြင်ချက် များကို Usenet server သို့ ပေးပို့ပြီး ကျန်ကွန်ရက် တ်စခုလုံးသို့ ပြန်လည်ဖြန့်ချိရသည်။ News Group များမှာ ထောင်ပေါ်င်းများစွာရှိသည့် အကြောင်းအရာပေါင်းစုံကို ဆွေးနွေးလေ့ရှိသည်။


 


NNTP


Network News Transfer Protocol ၏ အတိုကောက်ဖြစ်သည်။ အင်တာနက်မှ တစ်ဆင့် Uesnet article များကို ဖလှယ်ပေးသော စံချိန်စံညွှန်းတစ်ခုဖြစ်သည်။


Mode


လှည့်ခေါ်စနစ်အရ အင်တာနက်နှင့် ဆက်သွယ်ထားသော သီးခြား တည်ရှိသည့် ကိုယ်ပိုင်သုံး ကွန်ပျူတာတစ်ခု သို့မဟုတ် အခြား စက်များသို့ သတင်းအချက်အလက်များ သယ်ပို့ပေးခဲ့သော server တစ်ခုကို ခေါ်သည်။


 


Notes


Gorupware ကို လူသိမျာသော ဆော့ဖ်ဝဲ ဖြစ်သည်။ Ray Ozzie ဆိုသူ ပရိုဂရမ်မာတစ်ဦးက စတင်ရေးသားခဲ့သည်။ ယင်းမှာ အဓိက ဆွေးနွေးကြသော အချက်အလက်များ စုထားသောဘဏ် (database) ပေါ်တွင် အခြေပြုထားသည်။ ယင်းဘဏ်တွင် E-mail သတင်းများ၊ spread sheets များ word processed documents များနှင့် အခြား လုပ်ငန်းသုံး အချက်အလက်များ ပါဝင်သည်။ Notes ကို သုံးသောကြောင့် လူများသည် စက်ကို ကိုယ်တွယ်နေရင်းပင် အတူတူ အလုပ်လုပ်နိုင်သည်။ အပြော်ငးအလဲများရှိပါက မည်သူက ပြုလုပ်သည်၊ မည်သည့်အတွက် အပြောင်းအလဲ ဖြစ်သည်ကို ရှာဖွေပေးနိုင်သဖြင့် ပါဝင်သူတိုင်း အချက်အလက်များအမြဲ ခေတ်မီနေသည်။ Notes ၏ အဓိကအရေးအကြီးဆုံး အရည်အသွေး မှာ အချက်အလက် ဘဏ်ကို အဝေးမှ ပွားယူနိုင်ခြင်းဖြစ်သည်။ Notes ကို ကမ္ဘာအနှံ့အပြားရှိ ကုမ္ပဏီများက လုပ်ငန်းခွင် အသီးသီး၌ အတွေ့အကြုံနှင့် အသီပာ ဖလှယ်ရာတွင် အသုံးပြုကြသည်။


 


Novell


ဆော့ဖ်ဝဲ ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ယင်းကုမ္ပဏီ၏ Netware Network Operating System ကြောင့် လူသိများလာသည်။ ၁၉၉၀ ပြည့်နှစ်အလယ်ခန့်တွင် Windoes NT ပေါ်ပေါက်လာသဖြင့် ကုမ္ပဏီ ကြီး အများအပြားက Netware ကို အသုံးမပြုတော့သောကြောင့် အရောင်းကျ ဆင်းသွားရသည်။ ၁၉၉၇ ခုနှစ်တွင် Sun Micro Systems မှ Eric Schmidt ကို အမှုဆောင်အရာရှိချုပ် ခန့်အပ်ပြီး နောက် ပစ္စည်းများ အရည်အသွေး တိုးမြှင့်အောင် ဆောင်ရွက်ခဲ့သည်


 


O


Object-Orented


ကွန်ပျူတာ ပရိုဂရမ်ကို software objects များဖြင့် တည်ဆောက် သော နည်းဖြစ်သည်။ ထိုနည်းတွင် Objects များသည် များသောအား ဖြင့်ပြင်ပရှိ တကယ့်အရာများနှင့် လုပ်ငန်း ဆောင်ရွက်ပုံဆင်တူသည်။ ဥပမာ Website တစ်ခုပေါ်ရှိ ဈေးခြင်းတောင်း (Object) သည် သူမည် မျှသယ်ဆောင်နိုင်သည်။ တန်ဖိုးမည်မျှ ၀ယ်ယူပြီးပြီစသောအချက်များ ကို စောင့်ကြည့်ရသည်။


အဆိုပါနည်းအရ Reusability ရှိခြင်းဖြစ်ရမည်။ ဆိုလိုသည်မှာ Object တစ်ခုကို ရေးသားပြီးပါက ယင်းကို အခြားတစ်နေရာတွင်လည်း အနည်းငယ် ပြုပြင်သုံးနိုင်ရမည်။ ဥပမာ-ဈေးခြင်းတောင်းကို အခြား စတိုးဆိုင်တွင်လည်း အသုံးချနိုင်သည်။


 


OIC


Oh- I see (သဘောပေါက်ခြင်း)


 


On- Line


အင်တာနက် သို့မဟုတ် အခြားအီလက်ထရွန်းနစ် ၀န်ဆောင်မှုပေး သော ပစ္စည်းဆက်သွယ် ချိတ်ဆတ်ထားခြင်းကို ဆိုလိုသည်။(off line မှာ ဆက်သွယ်ချိတ်ဆက် မထားခြင်းကို ဖော်ညွှန်းသည်)


 


On-Line Auction


နောက်ဆုံးပေါ် အကျိုးအမြတ် အများဆုံးရရှိသော E-commerce လုပ်ငန်း ဖြစ်သည်။ ယင်းမှာ On-line ပေါ်တွင် လေလံပစ်ခြင်း ဖြစ် သည်။ အင်တာနက်ကို အသုံးပြု၍ ကုပ္မဏီ ကြီးများက Website များ တည်ထောင်ကာ လေလံပစ်သည့် လုပ်ငန်းကို လုပ်ကိုင်ကြသည်။ လေလံပစ်သူ ထဲမှ အခကြေး ငွေနှင့် ရောင်းရသော ဈေးနှုန်းပေါ်တွင် ရာခိုင်နှုန်းတစ်ခု သတ်မှတ်၍ အမြတ်ယူသည်။ eBay,Yahoo, Amazon တို့သည် လေလံပစ် လုပ်ငန်းများ ပြုလုပ်သည်။


 


On-line Gaming


ကွန်ရက်ဆက်သွယ်မှုတစ်ခုကို ဗဟိုပြု၍ ယှဉ်ပြိုင်နိုင်သော ကွန်ပျူတာ ဂိမ်းကစားခြင်း ဖြစ်သည်။ Shoot'em-up genre ဂိမ်းတစ်မျိုး ဖြစ်သည့် DOOM မှ အင်တာနက် သို့မဟုတ် တဒေသတွင်း ကွန်ရက် (LAN) ပေါ်တွင် လူများ တစ်ပြိုင်နက် ပါဝင်ကစားနိုင်သည်။ ကစားသူများ သည် ဗဟိုရှိ ကွန်ပျူတာနှင့် ချိတ်ဆက်ထားကြပြီး ကစားပွဲ၏ အနေအထားရှိ ထိန်းကျောင်းပေးသည့်အပြင် ကစားသူများ၏ အပြန် အလှန် ဆက်သွယ်မှုကိုလည်း ဆောင်ရွက်ပေးသည်။


 


Open Profiling Standard (OPS)


ယင်းသည် Websites များသို့ Visits လုပ်သူများအတွက် ၄င်းတို့ ပေးထားသော ကိုယ်ရေးသတင်းအချက်အလက်များကို ကွန်ပျူတာ တွင် သိမ်းဆည်းထားပြီး လိုအပ်သောအခါ website များသို့ ဖြန့်ချိပေး သော စနစ်ဖြစ်သည်။ OPS ၏အကျိုးတစ်ခုမှာ လက်ရှိစနစ်များကဲ့သို့ Web မှတ်ပုံတင်ရာတွင် သုံးရသော အချက်အလက်များကို မကြခဏ မဖြည့်ရဘဲ တစ်ကြိမ်ထဲသာ ပြုလုပ်ရခြင်းဖြစ်သည်။


OPS စနစ်သည် သုံးစွဲသူများအား မည်သည့်အချက်အလက်ကို လိုသည်၊ မည်သူ့အတွက် လိုအပ်သည်၊ မည်သည့် ရည်ရွယ်ချက် ဖြစ် သည်တို့ကို ရှင်းလင်းဖော်ပြ တောင်းခံသည်။ စာရင်းကောက်ယူရန် လော သို့မဟုတ် အခြားတစ်စုံတစ်ဦးထံ ပေးပို့ရောင်းချရန်လော စသည်တို့ကိုပါ စိစစ်သည်။


 


Opera


နော်ဝေးနိုင်ငံ ဆော့ဖ်ဝဲလုပ်ငန်းတစ်ခုမှ ပြုလုပ်သော Browser တစ်မျိုး ဖြစ်သည်။ အရွယ်သေးငယ်ပြိး လျင်မြန်စါာ ဆောင်ရွက်ပေးနိုင်သည်။


 


Operating System


ကွန်ပျူတာ သို့မဟုတ် ကွန်ရက်တစ်ခုတွင် အလွန်အရေးကြိးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကွန်ပျူတာ စက်လည်ပတ်ရေးစနစ်ဟု ခေါ်သည်။ ယင်း၏အဓိက လုပ်ငန်းမှာ ပရိုဆက်ဆာ၊ hard disks, video system, network card စသည်တို့နှင့် အသုံးပြူသူနှင့် ကွန်ပျူတာ အကြား ဆက်သွယ်ပေးရန် ဖြစ်သည်။


ခေတ်မီ ကွန်ပျူတာစက်လည်ပတ်ရေး စနစ်များ သုံးစွဲကြသော WINDOWS NT,Macos နှင့် Linux တို့သည် နည်းပညာ ထူးခြားစွာ တိုးတက်လာသည်နှင့်အမျှ ခေတ်မီဆန်းပြား လာကြသည်။ ကွန်ပျူ တာ ဆက်စပ်ပစ္စည်းများ (Peripherals) ဖြစ်ကြသည့် ပရင်တာများ၊ CD-Rooms drives များကို လုပ်ငန်းဆောင်ရွက်စေသည်။


 


Otoh


On the other hand (အခြားဘက်ကကြည့်လျှင်)


 


P


Packet


အင်တာနက်ပေါ်တွင် ပို့ဆောင်သော အချက်အယူနစ်တစ်ခုဖြစ်သည်။ ကွန်ရက်ဆက်


သွယ်ရေးအများစုသည် Transport Control Protocol (TCP) မှ TCP/IP protocol တွင် သတင်းအချက်အလက်များကို packets ခေါ် အထုပ်ကလေးများအဖြစ် ခွဲခြမ်းပစ်ပြီးမှ ပို့ဆောင်သည်။ အထုပ်ကလေးတစ်ခုတွင် သွားရောက်ရမည့် နေရာနှင့် ယင်း၏ တည်နေရာ သတ်မှတ်ချက်ပါသည်။ အချို့တွင် မည်သည့် အချက်အလက်များ ပါသွားသည်ကိုပါ သတ်မှတ်ထားသည်။ သို့မှသာ ရောက်ရှိရာ ကွန်ရက်မှ ဦးစားပေးအစီအစဉ်အရ လက်ခံ၍ ပြန်လည် စုစည်းနိုင်ရန် ဖြစ်သည်။ အထုပ်ကလေးများအဖြစ် အချက်အလက်များ ပေးပို့ခြင်းသည် အလျင်မပြတ် BIT များကို ရေစီးကြောင်း တစ်ခု အလား ပေးပို့ခြင်းထက် အားသာချက်ရှိသည်။


 


အထုပ်ကလေးများကို သီးခြားလမ်း ကြောင်း များမှ တပြိုင်နက် တည်းပို့နိုင်သဖြင့် စုပြုံနေခြင်းမျိုး မဖြစ်နိုင်တော့ချေ။ သို့ရာ တွင် သတ်မှတ်နေရာသို့ ရောက်ရှိသွားသောအခါ အစီအစဉ်တကျ ပြန်လည်စီရခြင်း ကြောင့်အချိန်ကြာတတ်သည်။ ကွန်ရက်များသည် သတင်းအသီးသီးကို အစိတ်အပိုင်း များအလိုက် တစ်ပြိုင်နက် ပို့လွှတ်ကြသည်။


 


Packet Loss


ကွန်ရက်ကို ဆက်ထားသော ကိရိယာများ အချင်းချင်း data ယူနစ်များ ပေးပို့ရာတွင် ချွတ်ယွင်းမှု ဖြစ်သည်။


 


Password


ကွန်ပျူတာအတွင်သို့ အက္ခရာအစီအစဉ်တစ်ခုကို ထည့်သွင်းပေးခြင်းဖြင့် အသုံးပြုခွင့် ရရှိစေရန် ပြုလုပ်ပေးရသည်။ ယင်း Password ဟုခေါ်သည်။ လက်ရှိအခြေအနေအရ Password များကို အလွယ်တကူး ဖော်ယူခြင်း


 


မပြုနိုင်ရန် အက္ခရာ စာလုံးများနှင့် ကိန်း ဂဏန်းများ ရောထွေးထားသင့်သည်ဟု ဆိုကြသည်။ မွေးနေ့၊ တယ်လီဖုန်း အမှတ်၊ အိမ်မွေးတိရစ္ဆာန် အမည်များမှာ ခန့်မှန်းရလွယ်ကူသောကြောင့် ခွင့်ပြုချက်မရဘဲ ခိုးယူသုံးစွဲသူများအဖို့ လွယ်ကူနေသည်ဟု ယူဆကြသည်။


 


PDA


personal digital assistant


ကိုင်ဆောင်သူကို သတင်းပေးသော ဆောင်ရွက်မှုတွင် အထောက်အကူပြုပေးသော စက်ဖြစ်သည်။ PDA သည် ပုံစံမျိုးစုံရှိသော်လည်း အားလုံးတွင် တယ်လီဖုန်းနံပါတ်များ၊ နေ့စဉ်မှတ်တမ်း၊ ရက်စွဲများနှင့် e-mail တို့ကိုဖော်ပြသော LCD ဖန်သားပြန်ပါရှိသည်။ အချို့တွင် တွဲထားသော Keyboard ပါဝင်သည်။ ဥပမာ Psion စက်များ၊ အချို့မှာ data input ပြုလုပ်နိုင်သည်။ 3 COM Palm range.


 


PERL


ပြုပြင်ပြောင်းလဲ၇န် လွယ်ကူသော ပရိုဂရမ်ဘာသာ စကားဖြစ်ပြီး အင်တာနက်တွင် ကျယ်ပြန့်စွာ သုံးစွဲနေကြသည်။ Larry Wall ဆိုသူက ရေးသားခဲ့သည်။ လေ့လာရန်လွယ်ကူသဖြင့် မည်သည့် PlatForm တွင်မဆိုပြုပြင်ရန် မလိုဘဲ သုံးနိုင် သည်။


 


PGP


pretty good privacy


၁၉၉၀ ပြည့်နှစ်များ၏ အစပိုင်းတွင် Phil Zimmerman ဆိုသူက တီထွင်ခဲ့သော Eneryption Program ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက ပြည်ပသို့ တင်ပို့ရန် ပိတ်ပင်ထားသည်။ ယင်း၏ ပြည်ပတွင်သုံးသောအသွင်ပုံစံမှာ အမေရိကန် ပြည်တွင်း ရှိပုံစံနှင့် အတူတူပင် ဖြစ်သည်။ e-mail လုံခြုံမှု ရှိစေရန် အသုံးပြုသည်။


Phreaker


တယ်လီဖုန်းလိုင်းများအတွင်း ၀င်ရောက် နှောက်ယှက်သူ။


PICS


Platform for Internet Content Selection


Wensites များမှ ထုတ်ဝေသော အကြောင်းအရာများကို စိစစ်ပြီး အဆင့်အတန်းခွဲလျှင် မိဘများ ကျောင်းများ၊ ကုမ္ပဏီများကို ပေးပို့သည်။ ယင်းအကြောင်းအရာများ အင်တာနက်ပေါ်တွင် ပြောင်းလဲမှုကိုလည်းသတင်းပေးသော site ဖြစ်သည်။ ဤနည်း ဖြင့် မလိုလားအပ်သော အကြောင်းအရာများကို အင်တာနက်ပေါ်မှ ရယူခြင်းမပြုနိုင်ရန် စောင့်ကြည့်ပေးသော စနစ်ဖြစ်သည်။


 


Ping Storm


ကွန်ပျူတာတစ်ခု၏ ဆောင်ရွက်မှု ချို့ယွင်းချက် ရှိမရှိနှင့် ပမာဏများပြားသော အချက် အလက်များ ကူးသန်းသွားလာမှုကို ကွန်ပျူတာက ထိန်းသိမ်းစီမံနိုင်မှု ရှိမရှိကို စမ်းသပ်ကြည့်ရန် သတင်းအချက်အလက်အထုပ်ကလေး အများအပြားကို ပို့လွှတ် ခြင်းကို ခေါ်သည်။ Plug-inအခြားပရိုဂရမ်တစ်ခုတွင် တပ်ဆင်ထားသော ပရိုဂရမ်။


POP


Post Office Protocol ၏ အတိုကောက်ဖြစ်သည်။ သတင်းများကို (သင်၏ e-mail server ပေါ်တွင်) သိုလှောင်ထားမှုကို သတ်မှတ်ပေးသော Protocol ဖြစ်သည်။


 


POP3


Post Office Protocol အင်တာကန် ပေါ်ရှိ မည်သည့်နေရာမှမဆို ကျွန်ုပ်တို့၏ ချောစာ ကိုရယူနိုင်စေသည့် E-mail protocol ဖြစ်သည်။ အခြားတစ်စုံတစ်ယောက်၏ account မှ တစ်ဆင့်ဆက်သွယ်ထားသည့်တိုင်အောင ဤသို့ဆောင်ရွက်နိုင်သည်။


 


Pornography


အင်တာနက်၏ အကြီးဆုံးလုပ်ငန်း တစ်ခု ဖြစ်သည်။ Pornography ကို Net တွင် ပေးသွင်း၍ လည်းကောင်း၊ အခမဲစနစ်ဖြင့် လည်းကောင်း ရရှိနိုင်သည်။ အမေရိကန် သုတေသန ကုမ္ပဏီတစ်ခု၏ ခန့်မှန်းချက်အရ ၁၉၉၈ခုနှစ်တွင် ADULT CONTENT ဈေးကွက်သည် ၁ဘီလီယံ ဒေါ်လာခန့်ရှိသည်။ အစိုးရများ၏ ကြီးကြပ် ထိန်းသိမ်းမှုများ မှာ ထိရောက်မှု မရှိဘဲ ဖြစ်ရသည်။ Software ထုတ်လုပ်သူများ တီထွင် ထားသည်။ BlockingSoftware မှာလည်း လက်တွေ့တွင် Porn Wensites အသစ်များကို ခြေရာကောက်နိုင်စွမ်း မရှိသဖြင့် အောင်မြင်ရန် မျှော်လင့်ချက် မရှိဟု ဆိုသည်။


 


Protal


World Wide Web ခေါ်ကမ္ဘာ့ အင်တာနက်စနစ်သို့ ၀င်ရောက်နိုင် သော အီလက်ထရွန်းနစ် တံခါးမကြီး ဖြစ်သည်။ Portal များသည် search engines များကို တိုးချဲ့ထားခြင်း ဖြစ်သည်။ sites များ၏ စာရင်းကို ရှာဖွေသူ အလိုရှိသော အကြောင်းအရာနှင့် တိုက်ဆိုင်ကြည့် နေရန်မလိုဘဲ အစ site များကို ရွေးချယ်စေပြီး သုံးစွဲသူ အသစ်များကို ရှာဖွေစေသည်။ Portal အကြီးစားများကို AOL,MSN,YAHOO,LYCO နှင့် Netscape တို့က တီထွင်ဆောင်ရွက်နေသည်။ Protal များသည် ရှာဖွေကြည့်လိုသူ Websurfers များကို ဆွဲဆောင်ပြီး ထပ်မံလာကြည့် စေရန် စီစဉ်ထားသော နောက်ဆုံးပေါ် နည်းတစ်ခုဖြစ်သည်။


 


p.pp


Point to Point Protocol


ကွန်ပျူတာနှစ်လုံးတို့ကို ကြားခံပစ္စည်းများမှတဆင့် အစီအစဉ်တကျ ဆက်သွယ်ထားခြင်းကို ခေါ်သည်။ ဥပမာ-ကွန်ပျူတာတစ်ခုလုံးကို Modem မှတဆင့် တယ်လီဖုန်းလိုင်းဖြင့် ISP သို့ ဆက်သွယ်ထားခြင်း ဖြစ်သည်။


 


Primary Mouse button


mouse ပေါ်တွင် လက်ကို သက်တောင့်သက်တာ တင်ထားသောအခါ လက်ညှိုးအောက်တွင် ရှိသော button။ လက်ဝဲဘက်ရှိ mouse button ဖြစ်သည်။


 


Protocol


ကွန်ရက်ရှိ ကိရိယာနှစ်ခုတို့ တစ်ခုနှင့်တစ်ခု ဆက်သွယ်ပြောဆိုနိုင်ရန် ညှိနှိုင်းသတ်မှတ်ထားသော နည်းလမ်းဖြစ်သည်။


 


Proxy Server


ဒေသတစ်ခုအတွင်းရှိ ကွန်ရက်နှင့် အင်တာနက်အကြား ဆက်သွယ်မှု အသွားအလာ ထိန်းချုပ်ပေးသော ကွန်ပျူတာ တစ်ခုဖြစ်သည်။ ကုမ္ပဏီ အများအပြားသည် အင်တာနက်ဝန်ဆောင်မှုဖြစ်ကြသည်။ WEB,FTP နှင့် TELNET များသို့ ဆက်သွယ်မှုကို Proxy server များဖြင့် ဆောင်ရွက်ကြသည်။ ဒေသတွင်း ကွန်ရက်တစ်ခုမှ ကွန်ပျူ တာ တစ်ခုသို့ အင်တာနက် ၀န်ဆောင်မှု တောင်းခံလာသောအခါ ထိုအကြောင်းကို PROXY SERVER မှတဆင့် သက်ဆိုင်ရာသို့ ပို့ပေးရ သည်။


Pseusoanonymous Remailer


အင်တာနက်ပေါ်တွင် e-mail များပေးပို့ရာတွင် သုံးစွဲသူကို အမည်မ ဖော်ပဲ usenet သို့ပို့ရန် ပြုလုပ်ပေးသည့် စာပို့ဝန်ဆောင်မှုလုပ်ငန်းက ပေးပို့သူ၏အမည်မှန်ကို မှတ်တမ်းပြုထားသဖြင့် အမည်လုံးဝမဖော်နိုင် သော ကိစ္စမျိုးမဟုတ်ချေ။


Public Key Cryptography


သတင်းများကို လျှိုဝှက်သင်္ကေတများအဖြစ် ပြောင်းလဲ၇ာတွင် သော့ ချက်သင်္ကေတကို နှစ်ပိုင်း ခွဲခြားထားသော စနစ်ဖြစ်သည်။ တစ်ပိုင်း သည် အများက ရယူသုံးစွဲနိုင်ပြိး ကျန်တစ်ပိုင်းမှာ တာဝန်ရှိ ပုဂ္ဂိုလ်အတွက်သာ ဖြစ်သည်။ သော့ချက်တစ်ပိုင်းဖြင့် ပို့လိုက်သော သတင်းကို အခြားသော့ချက်ဖြင့်သာ လျှို့ဝှက် သင်္ကေတအဖြစ် ပြောင်းလဲနိုင်သည်။ public Key Cryptography စနစ်သည် ရူပ်ထွေး သော Mathemmatical Algorithms များသုံးစွဲပြီး ကိန်းဂဏန်း အကြီးများ ပေါ်တွင် အခြေပြုထားသည်။ နောက်ဆုံးပေါ် ပုံစံသည် အင်အားကောင်းသော ကွန်ပျူတာများပင် မဖော်ထုတ်နိုင်ဟု ဆိုသည်။


Push Media


အင်တာနက်ကို သုံးစွဲသူများအတွက် အလိုရှိသော အကြောင်းအရာ (content) တစ်ခုကို တစ်စုံတစ်ရာက ယူဆောင်လာခြင်း မဟုတ်ဘဲ လက်ခံရလျှင်ရခြင်း အလိုအလျှောက် မိမိ၏ ကွန်ပျူတာကို အမြန်ပေး ပို့သော နည်းဖြစ်သည်။ ယင်းသို့ အလိုအလျှောက် လက်ခံရရှိရန် Push Base Service ခေါ်ဝန်ဆောင်မှုအတွက် ငေါစာရင်း ဖွင့်လှစ်ထားရသည်။ ကုန်ပစ္စည်း ကြော်ငြာသူများအတွက် Push စနစ် သည် ဆွဲဆောင်မှု ရှိသည်။ Push ကို အသုံးပြုခြင်းဖြင့် ကြည့်ရူသူများ တောင်းဆိုသော သတင်းနှင့် ကြေညာချက်များ မှန်မှန်ရောက်ရှိစေရန် အာမခံချက်ပေး နိုင်သည်။


Q


QoS


Quality of Srevice


ကွန်ရက်တစ်ခု၏ ယုံကြည် စိတ်ချရမှုကို ဖော်ညွန်းသော ဝေါဟာရဖြစ်သည်။ ကွန်ရက် တစ်ခုသည် အမြဲတမ်း တိုးတက်ကောင်းမွန်မေမည်ဟူသော ယူဆချက်အပေါ်တွင် အ ခြေခံထားသည်။ Packet SwitchedNetworks များတွင် QOS ကို အာမခံရန် ခက်ခဲ သည်။ အကြောင်းရင်းမှာ Packets ခေါ် အချက်အလက်အထုပ် ကလေးများ၏ အပြုအ မှုနှင့် ကူးသန်းသွားလာမှု ပမာဏကို ခန့်မှန်းရန် ခက်ခဲသောကြောင့် ဖြစ်သည်။


Query by Example


data base management program များတွင် စုံစမ်းရှာဖွေမှု နည်းလမ်းတစ်ခု (QBE) ပရိုဂရမ်တွင် အသုံးပြုရန်အတွက် IBM ကထုတ်လုပ်ထားသည်) ဖြစ်ပြီး data မှတ် တမ်းနှင့် အလားတူသည့် ပုံသေသတ်မှတ်ထားသော အချက်အလက်များကို မှတ် တမ်းတင်ထားသော် ရှာဖွေမှုစံချိန် စံညွှန်းများကို ရိုက်သွင်း၍ ရှာဖွေရသည်။


Query Language


data base management program တွင်လိုချင်သော ဘာသာစကားကို ထုတ်ယူ၍ data ကိုတည်းဖြတ်သော ဘာသာစကားဖြစ်သည်။ မည်သည့်ချက်အလက်ကိုမဆို ထုတ်ယူပြီး ဖန်သားပြင်ပေါ်တွင် သို့မဟုတ်ပရင့်ထုတ်ယူသောအခါ ထုတ်ယူထား သော အချက်အလက်များ၏ စီစဉ်နည်း သတ်မှတ်ပေးသည်။


Quick Time


Apples ကုမ္ပဏီမှ ပြုလုပ်ထားသော သတင်းပြန်ကြားရေး ဘက်စုံနည်းပညာ Techonology ၏ အမည် ဖြစ်သည်။ Wensite များနှင့် Multimedia applications များတွင် Quick Time နည်းပညာသုံးန် Audi0 နှင့်Video ကို ထပ်မံဖြည့်ထားနိုင် သည်။ ယင်းနည်း ပညာမှာ Real Networks နှင့် Microsoft တို့မှ ပြုလုပ်သော Streaming Media ကဲ့သို့သော နည်းတစ်ခုလည်း ဖြစ်သည်။


R


Real Audio


အင်တာနက်တွင် တေးဂီတနှင့် အခြားအသံများကို နားထောင်နိုင်သော ပရိုဂရမ်တစ်ခု ဖြစ်သည်။ Real Audia မှာ Real Networks ကုမ္ပဏီမှ တီထွင်ထားခြင်း ဖြစ်သည်။ Real Networks ကို ၁၉၉၄ ခုနှစ်တွင်မိုက်ခရို့ဆော့ဖ်မှ အရာရှိဟောင်း တစ်ဦးဖြစ်သူ Rob Glaser ဆိုသူက တည်ထောင်ခဲ့သည်။ ယင်း၏ အဓိက စွမ်းရည်မှာ Low-Bandwidth connections များပို့လွှတ်သော တေးဂီတများ၏ ဖိုင်ကို၊ download မလုပ်ဘဲနားထောင်နိုင်စေရန် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။


 


Recently Visited List


အင်တာနက်ပေါ်တွင် ယခင်က လှည့်၍ ဆက်သွယ်ခဲ့သော sites များ၏ စာရင်းဖြစ် သည်။ History List ကို အရပ်သုံးစကားဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်။ အခြားသင်ကြည့်ရူ နိုင်သော နေရာတစ်ခုမှာ အင်တာနက်လိပ်စာကို သင်ရိုက်ထည့်သော box ဖြစ်သည်။ ညာဘက်ရှိ အမည်းရောင် တြိဂံပုံကို click နှိပ်လျှင် မကြာမီ အချိန်က သင်ဆက်သွယ် ခဲ့သော လိမ်စာများသည် အောက်ဘက်သို့ တဖြေးဖြးကျ ဆင်းလာမည်။


 


Remote Access


ကွန်ပျူတာ စနစ်တစ်ခု သို့မဟုတ် ကွန်ရက်တစ်ခုကို အဝေးတစ်နေရာမှ မိုဒမ်းတစ်ခု သုံး၍ လှည့်ခေါ်ဆက်သွယ်မှုကို ခေါ်သည်။ ဥပမာ- ISP ကို လှည့်ခေါ်ဆက်သွယ်ခြင်း၊ အလုပ်သမားများခရီးသွားနေစဉ် သို့မဟုတ်နေအိမ်မှ ရုံးသို့ ဆက်သွယ်ခြင်းတို့ ဖြစ်သည်။


 


Request For Comments


အင်တာနက်တွင် စနစ်အဖြစ်အသုံးပြုရန် အဆိုပြုထားသော သတ်မှတ်ချက်များကို အကျည်းချုံး ဖော်ပြသော စာတမ်းများအနက်မှ တစ်ခုဖြစ်သည်။ ရှေးအစဉ်အလာအား ဖြင့် စံနှုန်းများ သတ်မှတ်ပေးသောအဖွဲ့အစည်းများဖြစ်သည့် ANSI (American National Standards Institute) နှင့် ISO (International Standards Oganisation) တို့မှ ပြုလုပ်သော အဆိုပြုချက်များကဲ့သို့ မဟုတ်ဘဲ RFC ၏သတ်မှတ်ချက်များမှာ သီးခြားလုပ်ငန်းများ ဆောင်ရွက်နေရပြီး လူများက ပြုစုထားခြင်း ဖြစ်သည်။ RFC ၏ သတ်မှတ်ချက်များမှာ သီးခြားလုပ်ငန်းများ ဆောင်ရွက်နေရပြီး လူများက ပြုစုထားခြင်း ဖြစ်သည်။ RFC ၏သတ်မှတ်ချက်များမှာ စီမံဆောင်ရွက်မှု နည်းတွင် အတွေးအခေါ် များအရ အင်တာနက် အသိုင်းအ၀ိုင်း တစ်ခုလုံးက စဉ်းစား လေ့လာသင့်သည်။ အင်တာနက်တွင် အများဆုံး သုံးစွဲနေသော စံသတ်မှတ်ချက်များနှင့်လုပ်ထုံးများမှာ RFC ၏ အဆိုများမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းတို့တွင် IP,HTTP,URLS နှင့် E-mail Format Standard တို့ပါဝင်သည်။


 


RGB monitor


အနီ၊ အပြာ၊ အစိမ်း စသည် ရောင်စုံပုံဖော် အလင်းတန်းများကို ထိန်းချုပ်လျက် သီးခြား တည်ရှိနေသည့် အသွင်အချက်ပြများ သုံးခုကို အသုံးပြုသည့် အဆင့်မြင့် မော်နီတာ စနစ် တစ်ခုဖြစ်သည်။ ဒစ်ဂျစ်တယ်နှင့် Analog RGB ဟူ၍  မော်နီတာ နှစ်မျိုးရှိသည်။  ယင်းနှစ်မျိုး စလုံးသည် Composite Video Display ထက်ပို၍ ကြည်လင်ပြန်သား သော ပုံရိပ်များကို ထုတ်ပေးသည်။ ရောင်စုံ CRT တွင် pixel နေရာ တစ်ခုချင်းတွင်


 


လုပ်ငန်းလုပ်ဆောင်သည်။ အနီ၊ အစိမ်းနှင့် အပြာရောင် ရောင်ခြည် သုံးမျိုးကို ထုတ်ပေးသော gun သုံးခုပါသည်။


ROT 13


ကွန်ပျူတာတွင် ထည့်သွင်းမည့် သတင်းများကို သင်္ကေတ ပြောင်းလဲပေးသော ရှင်းလင်းလွယ်ကူသည့် စီစဉ်မှုတစ်မျိုး ဖြစ်သည်။ အင်္ဂလိပ်အက္ခရာ၏ စာလုံးတစ်ခုစီကို ရှေ့သို့မဟုတ် နောက်သို့ ၁၃ခု မြောက် နေရာမှစာလုံးဖြင့် ပြောင်းလဲရေးသားရသည်။


 


Router


အင်တာနက်ပေါ်မှာ ကူးသန်းသွားလာနေသော သတင်းအချက်အလက်များကို မည်သို့ ပို့ရမည်။ မည်သည့်နေရာသို့ ပို့ရမည်ကို ဆုံးဖြတ်စီမံပေးသော စက်ဖြစ်သည်။ Router က ကွန်ရက်တစ်ခုသို့ ရောက်လာသောအချက်အလက်များ စုစည်းထားသည့် အမည်ကလေးများ၏ လိပ်မှုထားသည့်နေရာကို စိစစ်ပြိး အဆိုပါနေရာသို့ အကောင်း ဆုံး လမ်းကြောင်းကို ရွေးချယ်၍ ပို့ပေးသည်။


 


RTFM


News Group များတွင် အတတ်ပညာ ဘာသာရပ်များနှင့် ပတ်သက်သော မေးခွန်းများ ကို အသစ်ပါဝင် လာမှုများက မေးမြန်းနိုင်ရန် ရည်ရွယ်သော အဆိုပြုချက်တစ်ခု ဖြစ်သည်။


S


Script


အခြားပရိုဂရမ်တစ်ခုက ဆောင်ရွက်ပေးသော ရိုးရိုးပရိုဂရမ်တစ်ခုဖြစ်သည်။ ပရိုဂရမ်အမျိုးအစားအားလုံးသည် လုပ်ငန်းဆောင်ရွက်ရာ တွင် Scriptကို နည်းတစ်ခုအဖြစ် သုံးသည်။ ဆက်သွယ်ရေး ပရိုဂရမ်များသည်တစ်ဖက်ကွန်ပျူတာနှင့် ဆက်မိပါက အသုံးပြုသူအမည်နှင့် Password တို့ကို ပေးပို့ရာတွင် အစိအစဉ်တကျ လုပ်ဆောင်နိုင်စေရန် Script များကို သုံးသည်။


 


SDMI


The Secure Digital Music Intitiative


တေးဂီတ ထုတ်လုပ်သော လုပ်ငန်းများနှင့် နည်းပညာရပ် ကုမ္ပဏီများက ပြုလုပ်သော အစီအစဉ် တစ်ခုဖြစ်သည်။ အင်တာနက်ပေါ်တွင် တေးဂီတများကို ခွင့်ပြုချက်မရှိဘဲ ဖမ်းယူပြီး တရားမ၀င် ထုတ်လွှင့်မှုများကိုတားဆီးရန် ဖြစ်သည်။ အထူးသဖြင့် MP3 သည် CD များမှ တေးသီချင်းများကို အသံဖမ်းယူပြီး အီလက်ထရွန်းနစ် နည်းဖြင့် ဖြန့်ချိနိုင်သည်။ အဆိုပါ အစီအစဉ်တွင် လျှို့ဝှက်သင်္ကေတ ပြောင်းလဲခြင်း Water Markingနည်းလမ်းစသည်တို့ ပါဝင်သည်။


Search Engine


အင်တာနက်ပေါ်ရှိ အကြောင်းအရာများကို ရှာဖွေပေးသော ဆော့ဖ်ဝဲ ဖြစ်သည်။ Website တစ်ခုအနေဖြင့်လည်း အဆိုပါ လုပ်ငန်းမျိုး ဆောင်ရွက်သည့် Web ကို သုံးစွဲ သူများက အင်တာနက်ကဲ့သို့အလွန်ကျယ်ပြန့်သော နေရာတွင် အချက်အလက်များ ရှာဖွေနိုင်ရန် altavista သို့မဟုတ်  YAHOO စသော  Search Engine များကို သုံးစွဲကြ သည်။ သို့ရာတွင်  Search Engines များသည် များပြားလှသောအကြောင်းအရာများ ကို Index ပြုစုမပေးနိုင်ချေ။ ၁၉၉၉ ခုနှစ်က NEC ခေါ် ကွန်ပျူတာ သိပ္ပံသုတေသန အဖွဲ့၏ စမ်းသပ်မှုအရ အကြီးဆုံး  Search Engine ဖြစ်သည့် Fast သည် Web စာမျက်နျာ သန်း ၈၀၀ အနက်လေးပုံတစ်ပုံခန့်ကို Index စားရင်းပြုလုပ်ပေးနိုင်သည် ကို တွေ့ရှိရသည်။ ကြီးမားသော  Search Engine (၁၁)ခု၏ စွမ်းအားသည် Web စာမျက်နှာများ၏ ၄၂ ရာခိုင်းနှုန်းခန့်ကုသာ စာရင်းပြုပေးနိုင်သည်ဟုလည်းသိရသည်။


 


Server


ပရိုဂရမ်တစ်ခုက အခြားပရိုဂရမ်တစ်ခုအတွက် ဆောင်ရွက်ပေးခြင်းကို အင်တာနက် ပေါ်တွင် Web Server များဟုခေါ်ပြီး ယင်းသည် Cilent တစ်ခုဖြစ်သည်။ Browser ၏ တောင်းဆိုချက်ကို


 


တုံ့ပြန်ဆောင်ရွက်ပေးသည်။ ထို့ပြင် File Server မှာ ကွန်ပျူတာ တစ်ခုက သီးသန့်ပရိုဂရမ်ကို ဆောင်ရွက်ပေးနေခြင်းကို ဆိုလိုသည်။


 


Service Provider


ကွန်ပျူတာ သုံးစွဲသူတို့အား အင်တာနက်နှင့် ဆက်သွယ်သော ကုမ္ပဏီဖြစ်သည်။ ထိုကုမ္ပဏီတွင် domain name server အဖြစ် ဆောင်ရွက်ပေးသော ကွန်ပျူတာတစ် လုံးရှိသည်။ ယင်းက တယ်လီဖုန်းနံပါတ်မှတစ်ဆင့် အင်တာနက်နှင့် မိုဒမ်းကို ဆက် သွမယ်မှုပေးသည်။ ထိုကုမ္ပဏီတွင် ငွေစာရင်းဖွင့်ပြီးနောက် မိုဒမ်မှတစ်ဆင့် တယ်လီ ဖုန်းနံပါတ်ကို သုံး၍ အင်တာနက်သို့ ဆက်သွယ်နိုင်သည်။


 


SET @HOME


အာကာသ လေဟာပြင်ရှိအသိဥာဏ်ရှိသော သက်ရှိများကို ရှာဖွေရာတွင် အင်တာနက် သုံးစွဲသူများ၏ အထောက်အကူကို သုံးစွဲသော လုပ်ငန်းတစ်ခု ဖြစ်သည်။


 


SMTP


Simple Mail Transport Protocol


အင်တာနက်ပေါ်တွင် ကွန်ပျူတာတစ်ခုမှ အခြားတစ်ခုသို့ e-mail ပို့ဆောင်သော အများသုံးစွဲရသည့် လုပ်ထုံးလုပ်နည်းကို ဆိုလိုသည်။


 


Spam


Junk E-mail အင်တာနက်သုံးစွဲသူများ News Group များထဲသိုပ e-mail ချောစာအ ဖြစ် ရောက်ရှိလာသော ငွေဖြစ်လွယ်သည့် လုပ်ငန်းကြော်ငြားများ၊ Pronographic Wensites များမှ ကြောငြာများ စသည်တို့ကိုSpam ဟုခေါ်သည်။ ပေးပို့သူများက newsgroup များထဲမှ ရရှိသော e-mail လိပ်စာများ၊ e-mail directories များမှ ရရှိ သော လိပ်စာများ၊ အီလက်ထရွန်းနစ်ပစ္စည်း ရောင်းချသူများထံမှရသော လိပ်စာများကို သုံး၍လက်ခံသူများမလိုလားသော၊ ယင်းတို့နှင့် မသက်ဆိုင်သော ကြော်ငြာများ၊ စာများပေးပို့တတ်သည်။ သီးသန့် ပြုလုပ်ထားသော ဆော့ဖ်ဝဲများမှလည်း လိပ်စာ အဆက်အသွယ်များ ရရှိတတ်သည်။ ယင်းတို့ကို ထိန်းချုပ်ရန်မှာ အလွန်ခက်ခဲသည်။


 


Stapt-Up


အဆင့်မြင့် နည်းပညာနယ်ပယ်တွင် စီးပွားရေးလုပ်ငန်း အသစ်တစ်ခု တည်ထောင်ခြင်း အမေရိကန် ပြည်ထောင်စုတွင် ၀င်ငွေအရင်းအနှီး နှင့် ပြည့်စုံစွာရှိခြင်း၊ လူများအနေဖြင့် လည်း နည်းပညာအကြောင်းအရာများကိုပိုမိုသိရှိ သဘော ပေါက် နားလည်ကြခြင်း စသော အကြောင်းများကြောင့် လုပ်ငန်းသစ်များ တည်ထောင်မှုများ အထူးများပြား သည်။


 


Steganography


ဆက်သွယ်နည်းကို ၀ှက်ကွယ်ထားသော ဆက်သွယ်ရေး နည်းပညာဖြစ်သည်။ ဖတ်ရူ ရန်ခက်ခဲလှသော code များနှင့် မတူဘဲ Steganography သည် သတင်းများကို ၀ှက် ကွယ်ထားမှုအပေါ် အခြေခံထားသည်။မမြင်နိုင်သော မှင်များ၊ သေးငယ်လှသော အစက်ကလေးများသည် သူလျှိုအဖွဲ့အစည်းများက အချိန်ကြာမြင့်စွာကပင် သုံးစွဲခဲ့ကြ သော Steganography ပညာ၏ ပစ္စည်းကိရိယာများဖြစ်သည်။ ယခုအခါ အင်တာနက်ပေါ်ပေါက်လာသဖြင့် အဆိုပါပစ္စညး ကိရိယာများသည် ဒစ်ဂျစ်တယ် ပစ္စည်းအဖြစ် အသွင်သစ်များသည် JPEG သို့မဟုတ် GIF ဖိုင်များအတွင်း watermark ခေါ် ဒစ်ဂျစ် တယ် အမှတ်အသားကို ထည့်သွင်းနိုင်သည်။


ဤသို့ဖြင့် သာမန်ကြည့်ရူသူအနေဖြင့် မသိနိုင်သော်လည်း ယင်းနည်းပညာအရ ရုပ်ပုံတွင် ကွယ်ဝှက်ထားသော အချက်များကို ရှာဖွေနိုင်ပါက အတူအစစ် ခွဲခြား နိုင်သည်။


 


Style Sheet


Wen page တစ်ခုနှင့် ပူးတွဲထားပြီးမည်သို့ ကြည့်ရူ ရမည်ကို ဖော်ပြပေးထားသော Templage တစ်ခု ဖြစ်သည်။


 


Sumicro Systems


Java ကို ဖန်တီးထားသော ကုမ္ပဏီဖြစ်သည်။ Sumicro system ကို စတင်းဖို့ဒ် တက္ကသိုလ်မှ ဘွဲရပုဂ္ဂိုလ်များက တည်ထောင်ခဲ့သည်။ မှုလအစက အင်အားကြီးမား သော လုပ်ငန်းသုံး ကွန်ပျူတာ များထုတ်လုပ်ခဲ့ပြီး မိမိတို့၏ မိုက်ခရိုပရိုဆက်ဆာများ ဖြင့်ပင် တည်ဆောက်ထားပြီး UNIX operating system ကို အသုံးပြုသည်။ ၁၉၉၀ ခုနှစ်များအတွင်း မိုက်ခရိုဆောဖ်၏ Window များနှင့် Intel ၏ Chips များ၏ ယှဉ်ပြိုင်မှုများကြောင့် ၀ယ်အားကျဆင်းသွားသည်။ ယင်းလုပ်ငန်းမှ Bill Joy ဆိုသူ အင်ဂျင်နီယာ တစ်ဦးက UNIX ၏ အသွင်တစ်မျိုးကို ပြန်လည်ရေးသား ပြုစုခဲ့သည်။ ယင်းသည် TCP/IP ကို Support လုပ်သည်။ ဤသို့ဖြင့်မည်သည့် ကွန်ပျူတာပေါ်တွင်မဆို သုံးနိုင် သော Java ကွန်ပျူတာ ဘာသာစကား ပေါ်လာသည်။ ယခုအခါ Workstation များနှင့် Server များကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ၀င်ငွေအမြောက်အမြား ရရှိနေသည်။


 


T


T-Carrier


၁၉၆၀ ခုနှစ်များအတွင်း Bell labes ဓာတ်ခွဲခန်းမှ တီထွင်ပြုလုပ်သော Digital telecommunications system တစ်ခုဖြစ်သည်။ အများသုံးစွဲသော T-carrier connections များမှာ T1 နှင့် T3 Lines များဖြစ်သည်။ T1လိုင်းသည်အချက်အလက်များကို အလျင်နှုန်း 1.5MBP ဖြင့်ပေးပို့သည်။ ISP များက Corporate Bandwidth အတွက်သုံးသည်။ T3 လိုင်းများမှာ 45MBPS ဖြင့်ပေးပို့သည်။


 


TAC


Web Pages များ ရေးသားရာတွင် HTML make-up language တွင်ပါဝင်သော defining elements တစ်ခု ဖြစ်သည်။ Tags များကို SIMPLE TEXT EPRESSION (FONT) OR(B) အဖြစ် သုံးရသည်။ ယင်းကWeb Page ရှိအရာတစ်ခုကို မည်သို့ မြင်ရမည်။ မည်သို့ပြုမှုမည်ကို ပြသည်။ Browser တစ်ခု က Page ကို Load လုပ်သောအခါ Tags များကို ဖတ်ပြီး ယင်းတို့အနေအထားအရ အဓိပ္ပာယ်ဖော် ပေးသည်။HTML တစ်ခုကိုဖတ်ရူရာတွင် <font color=#00AA00,face="ariall,helvetica geneva, sans serif"


SIZE=3><B>Pocket Internet </B></FONT>ဟု ပြထားပြီး အင်္ဂလိပ်စာလုံးအထူးဖြင့် Pocket Internet ဟု display လုပ်ပြီးနောက် The Arial Typeface (by first Perference)and afecting shade of green ကို ပြသည်။


Tage များကို Browser များက အဓိပ္ပာယ်ဖော်ပုံမှာ နည်းတစ်မျိုးစီ ဖြစ်သည်။ Nebigator က ဖော်ပြပေးသော page သည် ပုံစံတစ်မျိုးဖြစ်၍ opera ကပြသောအခါ ပုံစံ တစ်မျိုးဖြစ်သည်။ HTML VERSIONအသစ်တွင် ထိုမညီညွတ်မှုများကို ပြုပြင်ထားသည်။


 


Task bar


Start button, indicator ညွှန်တံနှင့် အခြားရောဂါများ ပါဝင်သော bar ဖြစ်ပြီး ယေဘုယျအားဖြင့် screen ၏အောက်ခြေအစွန်းတစ်လျှောက်တွင် ပေါ်သည်။


 


T2 thru T3


အင်တာနက်ကဲ့သို့ လျှင်မြန်ပြီး အချိန်ပြည့်ဆက်သွယ်မှုကို ထိန်းသိမ်းရယူထားရန် ISP များနှင့် ကြီးမားသော စီးပွားရေးလုပ်ငန်းရှင်များက အသုံးပြုကြသော မြန်နှုန်းမြင့်မားသော Line ဖြစ်သည်။


 


TCP


Transmission Control Protocol


ကွန်ရက်တစ်ခုသို့ အချက်အလက်များ ကူးသန်းသွားလာမှုကို စီမံပေးသော ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အချက်အလက်များကို အထုပ်ကလေးများအဖြစ် ခွဲခြမ်းပစ်ပြီး အခြားပရိုဂရမ်တစ်ခုသို့ လက်ပြောင်း ပေးပို့သည်။ရောက်ရှိရမည့် နေရာတွင် အစီအစဉ်တကျ ပြန်လည်စုစည်းစေသည်။


 


TCP/IP


အင်တာနက်အလုပ်လုပ်စေသော ဆော့ဖ်ဝဲ ဖြစ်သည်။ TCP/IP သည် အချက်အလက်များကို နေရာ တစ်ခုမှအခြားတစ်နေရာသို့ သယ်ဆောင်ပေးပို့သည်။ TCP သည် အထုပ်ကလေးများအဖြစ် အချက် အလက်များကိုသယ်ဆောင်ပေးပြီး အမျိုးအစားခွဲခြားပေးသည်။ IP သည် လမ်းကြောင်းရှာဖွေ၍ ပို့ဆောင်မှုကို ဖြစ်စေသည်။ အထုပ်ကလေးများ သတ်မှတ်သော နေရာသို့ ရောက်ရှိသောအခါ TCP က အထုပ်ကလေးများကို ဖြေပေးပြီး အချက်အလက်များကို နေရာအစီအစဉ်တကျ ပြန်စီပေးသည်။ TCP/IP တွဲဖက်ထားခြင်းဖြင့် အခြားလုပ်ထုံး လုပ်နည်းများထက် အလုပ်ကိုထိရောက်စွာ လုပ်ဆောင် နိုင်သည့် အပြင်စရိတ်သက်သာခြင်း၊ လျင်မြန်မှုရှိခြင်း၊ ထိရောက်မှုရှိခြင်းစသော အကျိုးများရရှိသည်။ အဓိက စက်လည်ပတ်မှု စနစ်တိုင်း လိုလိုပင် TCP/IP သုံးစွဲသည်။


 


Telehouse


လန်ဒန်မြို့တော် Docklands တွင်ရှိသော Telehouse -cartions လုပ်ငန်းနေရာဖြစ်သည်။ ဗြိတိန်နိုင်ငံ ၏ အင်တာနက်ပေါ်တွင် ကူးသန်းသွားလာမှုကို လက်ခံလွှဲပြောင်း ပေးရာငှာနဖြစ်သည်။


 


Telnet


အဝေးရှိ ကွန်ပျူတာတစ်ခုကို အဆတ်အသွယ်ရယူရန် သုံးသော ပရိုဂရမ်တစ်ခုဖြစ်သည်။ အချို့သော အင်တာနက် site တစ်ခုရှိအကြောင်းအရာများကို အလိုအလျောက် ဆက်သွယ်ပေးသော်လည်း Telnetတွင်ကွန်ပျူတာတစ်ခုကို သုံးသူ၏အမည်နှင့် Password တို့ဖြင့် Login လုပ်ရသည်။ Logged on လုပ်ပြီးသောအခါ လိုအပ်သော အရာများကို Host Computer သို့မဟုတ် e-mail က ပေးသည်။


 


Thread


New Group သို့မဟုတ် အခြားအီလက်ထရွန်းနစ် စနစ်သုံးသော ဆွေးနွေးမှုများမှ Post လုပ်.0သော သတင်းတစ်ခုကို တုံ့ပြန်သည့် ကွင်းဆက် ဖြစ်စဉ်များကို ဆိုလိုသည်။


 


Thumbnail


ပုံရိပ်အကြီးတစ်ခု၏ သေးငယ်သော အသွင်တစ်ခု ဖြစ်သည်။ Sofeware Screen Shots သို့မဟုတ် ဓာတ်ပုံများကို စုစည်းဖော်ပြသော Website များက ယင်းတို့တွင် ရှိသောပုံများကို ပုံအသေးကလေး များအဖြစ်ဖော်ပြခြင်း ဖြစ်သည်။


 


Tunnelling


အများသုံး အင်တာနက်ပေါ်၌ ပုဂ္ဂလိကပိုင် ကွန်ရက်များ ဖန်တီးရာတွင် သုံးသောနည်းဖြစ်သည်။ ကုမ္ပဏီများက Virtual Pravate Networks များကို စရိတ်အကုန်အကျ မခံဘဲ လိုင်းများကိုလည်း ငှားရမ်းခြင်း မပြုဘဲတည်ဆောက်ကြခြင်းဖြစ်သည်ည။


 


U


UCITA


Uniform Computer Information Transactions Act


အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်း ၅၀ က အတည်ပြုရန်အတွက် အဆိုပြုထားသော ဥပဒေ မှုကြမ်းဖြစ်သည်။ ထိုဥပဒေကို တရားရုံးများက အတည်ပြုရန် တစ်ညီတစ်ညွှတ်တည်း ငြင်းပယ်သည့် ဆော့ဖ်ဝဲ လိုင်စင်များ၏ သွင်ပြင်လက္ခဏာများကို တိုက်ရိုက်ဖော်ပြထားသည်။


 


Unix


စက်လည်ပတ်မှုစနစ်တစ်ု၏ အမည်ဖြစ်သည်။ AT&T ကုမ္ပဏီ၏ Bell Lab တွင် ၁၉၆၉ခုနှစ်က Ken Thomspon ဆိုသူက တီထွင်ခဲ့ခြင်း ဖြစ်သည်။ မှုလရည်ရွယ်ချက်မှာ ကွန်ပျူတာပေါ်တွင် ဂိမ်းကစား ရန် ဖြစ်သော်လည်း နောက်ပိုင်းတွင် အင်အားကြီးမားသော စက်လည်ပတ်မှုစန်စ် ဖြစ်လာသည်။ ကွန်ရက်အကြီးများကိုပင် Support လုပ်နိုင်သည့် စနစ်ဖြစ်သည်။


AT&T က Soruce Code ကို တက္ကသိုလ်များသို့ ထုတ်ပေးလိုက်သဖြင့် UNXI သည် လက်ရှိနှင့် အနာဂတ် သိပ္ပံပညာရှင်များ ပရိုဂရမ်မာများအပေါ် သြဇာလွှမ်းမိုးမှု ရှိသည်။ ယင်းကို အသုံးပြု၍ စွမ်း ရည်ကြီးမားသော ပရိုဂရမ်များပေါ်ပေါက်လာသည်။ သို့ရာတွင် UNXI သည် တစ်ဖက်တွင် ပြုပြင် ပြောင်းလဲရလွယ်ပြီး သီးသန့်အလုပ်များလုပ်ပေးနိုင်သော ပရိုဂရမ်များကို ပြုလုပ်နိုင်ပြီး အခြား တစ် ဖက်တွင် ကိုင်တွယ်ရန် ခက်ခဲသည်။ ယင်းကို အခြေပြုကုမ္ပဏီများက မသုံးစွဲကြဘဲ ယင်း၏ ဈေးကွက် တွင် Microsoft Window NT က နေရာယူလာသည်ကို တွေ့ရသည်။


URL


Uniform Resource Locator


World Wide Web ပေါ်တွင် site တစ်ခု သို့မဟုတ် document တစ်ခု၏ တည်နေရာကို ဖော်ပြသော အင်တာနက်လိပ်စာ ဖြစ်သည်။ URL အပြည့်အစုံတွင် သက်ဆိုင်သော Site က သုံးစွဲသည့် လုပ်ထုံး (Protocol-Http,FTP,Gopher) စသည်တို့ကို ဖော်ပြထားသည့်အပြင် အမည် Domain Name တစ်ခု ပါဝင်သည်။


ဥပမာ- The Economist မဂ္ဂဇင်းအတွက် ပြုလုပ်သော အင်တာနက်လိပ်စာတွင် http://www.economists.com ဟုခေါ်သည်။


 


Usenet


နှစ်ဆယ်ရာစုနှစ်အကုန်တွင် Usenet ၌ News Groups ၃၀,၀၀၀ခန့် စုဝေးပါဝင်နေကြသည်။ News Group များသည် အကြောင်းအရာ ဘာသာရပ်တစ်ခုကို ဦးတည်၍ ပါဝင်သူများ အချင်းချင်း ဆွေးနွေး ဝေဖန်ကြသော အုပ်စုဖြစ်သည်။ Usenet တွင် စံပြုထားသော အင်တာနက် လုပ်ထုံးများအရ တစ်ခုနှင့် တစ်ခု ဆက်သွယ်နေကြသော Unix စက်များမှာ အများစုအဖြစ် ပါဝင်သည်။ ၁၉၇၀ ခုနှစ်က ကွန်ပျူတာဝါသနာရှင်များက အချင်းချင်း သတင်းဖလှယ်ရန် တီထွင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအခြေ အနေအရ Usenet သည် အချက်အလတ်များ ကျယ်ပြန့်စွာ ရယူနိုင်သော နေရာတစ်ခု ဖြစ်လာသည်။


Unicode


Binary Files များနှင့် သတင်းများကို e-mail မှတ်ဆင့်ပို့နိုင်ရန် code သွင်းသောနည်းဖြစ်သည်။ e-mail စနစ်များမှာ 8-Bit Binary Files များကို ကိုင်တွယ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် Attachments များကို 7-bit text သို့ ပြောင်းလဲပြီး ပေးပို့ရသည်။ ဤသို့ ပြောင်းလဲပေးနိုင်သော e-mail Programs များတွင် Uuencode လည်း ပါဝင်သည်။ Unencode သည် Unix program တစ်ခု အဖြစ် ပေါ်ပေါက်လာပြီးနောက် အခြား Operating systems များသို့ ပြန့်နှံ့သွားသည်။


Uni coding


document များနှင့် file များကို Pseudo-text format သို့ပြောင်းပေးပြီး ယင်းတို့ကို Electronic Mail Message တစ်ခုအဖြစ် ထုတ်လွင့်ရန် ဆောင်ရွက်ပေးသည့် နည်းလမ်းဖြစ်သည်။ Text မဟုတ်သော သတင်းအချက်အလက်များကို လွှဲပြောင်းပေးပို့ရန် အင်တာနက်က မဆောင်ရွက်နိုင်သောအခါ ယင်း က ရွှေ့ပြောင်းပေးပို့နိုင်သည်။


 


V


VBScript


မိုက်ခရိုဆော့ဖ်၏ Visual Basic Programming ဘာသာစကားပေါ်တွင် အခြေပြုထားသော Script များ ပြုလုပ်ပေးသည့် ပရိုဂရမ်တစ်ခု ဖြစ်သည်။ Netscape ၏ Java Script နှင့် အလားတူ ဖြစ်သည်။ သို့ရာတွင် ခြားနားချက် တစ်ခုမှာ Java Script သည် မိုက်ခရိုဆော့ဖ်၏ Internet Explorer နှင့် ဆောင်ရွက်နိုင်သည်။ VBScript ကမှု Netscape ၏ Navigator နှင့် သာ ဆောင် ရွက်နိုင်သည်။


 


Video Conference


နေရာဒေသ အသီးသီးရှိ လူအုပ်စုနှစ်စု သို့မဟုတ် ထိုထက်ပိုသော အုပ်စုများသည် တစ်ဦးနှင့်တစ်ဦး မြင်နိုင်ဆွေးနွေးနိုင်သော ဆက်သွယ်မှုတစ်မျိုး ဖြစ်သည်။ အရုပ်နှင့် အသံတို့ကို ဖော်ပြနိုင်ရန် ကွန်ပျူ တာတို့နှင့် ချိန်ဆက်ထားခြင်းဖြစ်သည်။ ထိုဆက်သွယ်မှုသည် ဂြိုလ်တုကို အသုံးပြုခြင်းဖြင့် ကမ္ဘာ့နေရာများစွာကို ဖြတ်၍ ဆောင်ရွက်ပေးသည်။


 


Video Conferencing


လူအချင်းချင်း တွေ့ဆုံရန်မလိုဘဲ အနီးကပ် ဆက်ဆံနိုင်သော အံ့ဖွယ်ရာ နည်းပညာ တစ်ခုဖြစ်သည်။ အင်တာနက်ပေါ်တွင် ဆောင်ရွက်ရန်မှာ Bandwidth ကန့်သတ်ချက်များနှင့် Live Veido Content ကို ပိုလွှတ်ရန် အခက်အခဲများ ရှိသော်လည်း Internet Conpanies များက Video Conferencing ဈေ ကွက်အတွက် hard ware များ ရောင်းချနေသည်။ အထူးသဖြင့် C-U-See Me Software ကြောင့် လူသိများလာသော ကင်မရာ အမျိုးအစားများလည်း ပါဝင်သည်။


 


Virus


ကွန်ပျူတာများ ပျက်စီးစေရန် သုံးစွဲသူများ အဆင်မပြေဘဲ အခက်အခဲများ ဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် တစ်စုံတစ်ဦးက ဖန်တီးပြုလုပ်ထားသော ဆော့ဖ်ဝဲ တစ်ခုဖြစ်သည်။ Floppy Disk များမှ စတင်ကူးစက်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၁၉၉၉ခုနှစ်က ပေါ်ပေါက်လာသော Mellisa Virus သည် မိုက်ကရိုဆော့ဖ် အပါအ၀င် ကုမ္ပဏီ အများအပြားကို ယင်းတို့၏ E-mail ကွန်ယက်များပိတ်ထားရ လောက်အောင်ပင် အနှောက်အယှက်ပေးနိုင်ခဲ့သည်။ ပေါ်ပေါက်ခဲ့ဖူးသော အချို့ Virus များကဲ့သို့ Mellisa သည် data များကို မဖျက်ဆီးဘဲ Mirosoft Words Documents များကို ဖျက်ဆီးသည်။ E-mail ဖြင့်ရောက်လာသော document မှ address book တွင်ပါသော အကြောင်းအရာများကို တစ်ဆင့်စီ ကူးစက်ပြန့်နှံသွားသည်။


 


Vortal


portal စီစဉ်မှု၏ မှုကွဲတစ်မျိုးဖြစ်သည်။ သီးသန့် တည်ရှိနေသော လုပ်ငန်းတစ်ခု သို့မဟုတ် ဒေသတစ် ခုသို့ Website တစ်ခုမျ သတင်းအချက်အလက်များ ပေးခြင်းဖြစ်သည်။ Vortal အစီအစဉ်ဖြင့် ၀ယ်ယူ ရောင်းသူများသည် တစ်နေရာတွင်ဆုံ၍ အရောင်းအ၀ယ် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်နိုင်ရန် သတင်းပေးသော အခန်းကဏ္ဍကို ဆောင်ရွက်ပေးသည်။


 


V.90


Modem Standard ၏နောက်ဆုံးပေါ်ပေါက်လာသော V series ဖြစ်သည်။ V.90 mondems များသည် ဝေးလံသောနေရာရှိ စက်တစ်ခုမှ modem တပ်ဆင်ထားရာ နေရာသို့ 56kbps ဖြင့် သယ်ဆောင်သည်။ အခြား Modems Stream ပြုလုပ်ခြင်းဖြစ်သည်။ အခြား Modems များနှင့်ခြားနား သော အချက်မှာ downstream data ကို modulated ပြုလုပ်ရန်မလိုဘဲ USP ၏ 64k digital line capacity ကို သုံးနိုင်ရန် encoded ပြုလုပ်ပေးထားသော Bitstream တစ်ခုအဖြစ်ဖြင့် သွားနိုင်သည်။


 


VRML


Virtual modelling language ၏ အတိုကောက်ဖြစ်သည်။ မှုလက Silicon Graphics မှ တီထွင်ခဲ့ပြီး Web ပေါ်တွင် သုံးဘက်မြင်ရူခင်းများ အရာဝတ္ထုများကို ဖော်ပြနိုင်ရန် ဖြစ်သည်။


 


X


Xanadu


အချက်အလက်များကို အီလက်ထရွန်းနစ်နည်းဖြင့် သိမ်းဆည်းထားပြီး ပြန်လည်ထုတ်ယူ သုံးစွဲရန် ၁၉၆၀ ခုနှစ်များ အတွင်းက၇ Theodore Nelson ဆိုသူ ပြုလုပ်ခဲ့သော နည်းစနစ် ဖြစ်သည်။ Xanadu ၏  ဆောင်ရွက်နိုင်စွမ်းမှာ ယခုကာလ Web တွင် တွေ့ရှိရသော စွမ်းရည်များနှင့် ဆင်တူသည်။ သို့ရာတွင် Xanada မှာ နားလည်ရန် ခက်ခဲလှသဖြင့် ယနေ့ထိ ထိုနည်းစနစ်ကို အသုံးချခြင်းမရှိချေ။


 


XML


ကွန်ရက်များတွင် အချက်အလက်များဖော်ပြခြင်း၊ ဝေဌခြင်း ပြုလုပ်နိုင်ရန် နည်းတစ်ခုဖြစ်သည်။ HTML ကဲ့သို့ပင် XML သည် Tages များပါဝင်သည်။ HTML Tag က ပေးထားသော Text ကို တိကျသော size နှင့်  Weight တို့ကိုဖော်ပြပေးရသော်လည်း XML Tag က (fish) ဟုပြထားပါက ငါးအမျိုး တစ်မျိုးဟု အဓိပ္ပာယ်ကောက်ယူသည်။ စီးပွားရေးအတွက် ရည်ရွယ်ပြုလုပ်ထားသော Micro-soft's Biztalk များမှာ XML နည်းပေါ်  တွင် အခြေပြုထားသည်။


 


XSL


Extensible-Sheet Language ၏အတုကောက်ဖြစ်သည်။ ဘာသာစကားက Browser ကို XML Tag ကို မည်ကဲ့သို့ ကြည့်ရူရမည်ကို ညွန်ပြသည်။


 


X Modem


File များပေးပို့ရာတွင် အမှားများ ရှာဖွေပေးသော လုပ်ထုံး (protocol) ဖြစ်သည်။ ကွန်ပျူတာ တစ်ခုမှ ပေးပို့သော အချက်အလက်များကို အခြားတစ်ဖက်တွင် ကောင်းမွန်လုံခြုံစွာ လက်ခံရရှိစေရန် ဆောင်ရွက်ပေးသည်။  ရှေးဦးစွာ ပြုလုပ်ထားခဲ့ကြသော စံလုပ်ထုံးတစ်ခု ဖြစ်သည်။


 


X-500


Web သို့မဟုတ် ကိုယ်ပိုင်ကွန်ရက်များအတွက် လူအများ၏ directories များကိုစီမံပေးသော စံသတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ကုမ္ပဏိတစ်ခုသည် x-500 directory ကို ပြုစုပြိး တစ်ကမ္ဘာလုံးရှိ အင်တာနက်သုံးစွဲနိုင်  သူများထံရောက်ရှိစေရန် ဖြန့်ဖြူးနိုင်သည်။


 


Y


Y2K


Year 2000 ၏ အတိုကောက်ဖြစ်သည်။ ရာစုနှစ်အပြောင်းအလဲတွင် ကွန်ပျူတာနှင့်အင်တာနက်ကို အသုံးပြုသော အဖွဲ့အစည်းများအတွက် ပြဿနာများကို ပေါ်ပေါက်စေသည်။ အဘယ်ကြောင့်ဆိုသော် ရက်စွဲများကို  မှတ်သားသောအခါ နှစ်ကို ဂဏန်းနှစ်လုံးဖြင့်သာ ဖော်ပြမှတ်သား၍ ဖြစ်သည်။ ဤသို့ မှတ်သားသည့်အတွက် ၁၉၀၀ ပြည့်နှစ် ၂၀၀၀ ပြည့်နှစ်ကို ကွန်ပျူတာများက ကောင်းစွာ မခွဲခြားနိုင်သောကြောင့် ဖြစ်သည်။ ဤ  ပြဿနာသည် ဆော့ဖ်ဝဲ အများအပြားကို ထိခိုက်နစ်နာစေသည်။ အထူးသဖြင့် Accounting နှင့် Data Base System များကို ထိခိုက်နစ်နာစေသည်။ Y2K ကို Millennium Bug ဟုခေါ်ဆိုကြသည်။


 


YAHOO


စတင်ဖို့ဒ်တက္ကသိုလ်မှ ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ကြသည့် David-Filo နှင့်  Jerry Yang တို့က ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Website directory တစ်ခုဖြစ်သည်။


မှုလက ယင်းတို့၏ ပုဂ္ဂလိက book marks အဖြစ် စုစည်းထားရာမှ ယနေ့ sites ပေါင်းသိန်းနှင့် ချီ၍ တိုးပွားလာပြီး pages ပေါင်းသန်းပေါင်းများစွာ ရှိသည်။ Yahoo က web အကြောင်းအရာ အမျိုးအစားအလိုက်  စုစည်းထားသည်။ site များသို့ အယ်ဒီတာအဖွဲ့ငယ်များ လှည့်လည်ပြီး အကြောင်းအရာများကို သင့်လျောသော boxes များတွင် သိမ်းဆည်း ကြရသည်။ ၁၉၉၉ ခုနှစ်ကုန်တွင် Yahoo Wensite သည် နေ့စဉ် page  သန်း ၃၀၀ဖြန့်ချိခဲ့သည်။ Yahoo ၏၀င်ငွေမှာ ကြော်ငြာများ တိုးပွားလာခြင်း ဖြစ်သည်။ ထို့အပြင် Yahoo ၏ သတင်းဆက်သွယ်ရေးမှာ Portal facillites များဆောင်ရွက်ပေးမှုနှင့် Chat,E-mail နှင့် လေလံတင်  ရောင်းမှုများကြောင့်လည်း ပမာဏ များပြားသည်။ ၁၉၉၉ ခုနှစ်တွင် Yahoo ကုမ္ပဏီက Geocities On Line Community ကိုဝယ်ယူခဲ့သည်။


 


YModem


ဖိုင်များ လွှဲပြောင်းပေးပို့ရာတွင် အမှားပြင်ဆင်ပေးသော လုပ်ထုံးတစ်ခုဖြစ်သည်။


 


YUV Color System


YUV သည်အလင်းရောင် သတင်းအချက်အလတ် Luminance(y)information ကို bandwidth အပြည့်ဖြင့် ဖော်ပြပြီး အရောင်အသွေးဆိုင်ရာ သတင်းအချက်အလတ် chroninance (uv) information ကို band  width တစ်ဝက်ဖြင့် ပြန်လည်ဖော်ပြသည်။


 


Z


Zapata


Zap-Com အမည်ဖြင့် ထင်ရှားသော အင်တာနက် ရုမ္ပဏီတစ်ခုဖြစ်သည်။ အမှုဆောင်အရာရှိချုပ်မှာ Avram Glazer ဖြစ်သည်။ သူ၏ကုမ္ပဏီဦက ၁၉၉၈ ခုနှစ်က Excite Search Enginge လုပ်ငန်းကို လွှဲယူရန်  ကြိုးပမ်းခဲ့သော်လည်းအောင်မြင်မှု မရရှိခဲ့ပေ။


 


ZIp


ကွန်ရက်တစ်ခု သို့မဟုတ်သိုလှောင်သိမ်းဆည်းမည့် disk သို့မပို့မီ  PC ဖိုင်များကကို ကျုံ့သွားစေရန် ပြုလုပ်ပေးသော Compression ပြုလုပ်သောအရာဖြစ်သည်။


 


Z Modem


ဖိုင်များ လွှဲပြောင်းပေးပို့ရာတွင် အမှားရှာဖွေ ပြန်ဆင်ပေးသော လုပ်ထုံးတစ်မျိုးဖြစ်သည်။ တစ်ချိန်က PC software များတွင် ကျယ်ပြန့်စွာ သုံးစွဲခဲ့သော်လည်း ယခု Bulletin Board System များတွင်သာ သုံးစွဲသည်။ Z  modem သည်ယင်း၏ အမွှာ Modem များဖြစ်သည့် X modem နှင့် Y modem တို့ထက် ပိုမိုစွမ်းဆောင်ရည်ရှိသည်။


 


Zoom box


graphical user interface(GUI) တွင် Window ကို မျက်နှာပြည့်အောင် ပုံကြိချဲ့ဆွဲယူနိုင်သော box တစ်ခုဖြစ်သည်။ အများအားဖြင့် Windows များ၏ အနားစပ် တွင်ရှိသည်။ maximize button နှင့် အဓိပ္ပာယ်တူ  သည်။


 


Z sorting


သုံးဖက်မြင် ဂရပ်ဖစ်များတွင် မည်သည့် pixel များ ပြသထားသည်ကို ဆုံဖြတ်သော နည်းဖြစ်သည်။ Z sorting polygons များကို အစဉ်လိုက် ရှေ့မှနောက်သို့ထားပေးပြီး ရှေ့ဖက်တွင် ဖော်ပြပေးထားသည်။ ပို၍ တိကျ  သော အမျိုးအစားခွဲခြားမှုနည်းမှာ Z buffering ဖြစ်သည်။


 

No comments:

Post a Comment