လွင်အံ့ ရေးသားသည်
ဆိုကြပါစို့။ ကျွန်တော့် စားပွဲပေါ်မှာတော့ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်လုံး ရှိတယ်။ ကျွန်တော် နံနက်အိပ်ရာထရင် စားပွဲအောက်က သတင်းစာ တွေကို လှမ်းဆွဲမိသလား။ စားပွဲပေါ်က ကွန်ပျူတာ ကိုစဖွင့်မှာလား။ ခင်ဗျားတို့အနေနဲ့ဒီလိုအား ပြိုင်မှုမျိုးကို ဒီကနေ့မှာမခံစားရသေးဘူး ဆိုရင်တောင်မှ လာမယ့်နေ့ရက်တွေ မှာရင်ဆိုင်ကြရတော့မှာပါ။တချို့တွေအတွက်တော့ ဒီအကျပ် အတည်းကို စပြီး ရင်ဆိုင် နေကြရပါပြီ။ ဒါဟာဖွံ့ဖြိုးပြီးကမ္ဘာမှာသာကြုံတွေ့ရမယ့် အရေး ကိစ္စ မဟုတ်ပါဘူး။ လူသားတွေ ရှင် သန် နေထိုင်ကြတဲ့ ဟောဒီကမ္ဘာကြီးရဲ့ ထောင့်တိုင်းမှာ တွေ့ ရတော့မှာ ဖြစ်ပါ တယ်။ ကျွန်တော့်မေး ခွန်းကို မလိုလားစွာနဲ့ငါကတော့ နှစ်မျိုးလုံးကို မရွေးဘူးလို့ မဆိုလိုက် ပါနဲ့။ လူတိုင်းမှာ သူ့အတိုင်းအတာနဲ့သူ သိ ချင်စိတ် ပြင်းပြကြပါတယ်။ ကျွန်တော်တို့ပတ် ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေသလဲ။ ကျွန် တော်တို့ကမ္ဘာကြီးရဲ့ ဟိုဘက်တစ်ခြမ်းမှာရော ဘာတွေဖြစ်ပျက်နေသလဲ။
ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေရော ဘာတွေလုပ်ကိုင် ဆောင်ရွက်နေကြသလဲ။ စသည်ဖြင့် စသည်ဖြင့်။ ဒါတွေကို သတင်းလို့ပဲ ယေဘုယျသတ်မှတ် ရမှာပါ။ ဖြစ်တည်မှုဝါဒီ စာရေးဆရာကြီး အယ်ဘတ်ကမြူကတော့ ခေတ်သစ်လူသား မှာ အဓိက လုပ်ကိုင်ဆောင်ရွက်စရာနှစ်ခု ရှိ တယ်တဲ့။ ပထမတစ်ခုကတော့ လိင်ဆက်ဆံ မှုဖြစ်ပြီး၊ နောက်တစ်ခုက သတင်းစာဖတ်ရှုခြင်း ပါပဲတဲ့။ ခုချိန်ခါ အနောက်ကမ္ဘာမှာတော့ သတင်းစာဖတ်တဲ့အစား အင်တာနက်သုံးစွဲမှု ကို ပိုပြီးအလေ့အထရှိလာကြပါပြီ။ သတင်းရယူ လိုတာချင်းတူတူ၊ သတင်းငတ်တာချင်းတူတူ သတင်းကို ဘယ်ကရရပြီးရောလို့မသတ်မှတ် ဘဲ အင်တာနက်က ယူမှာလား၊ စာရွက်တွေ တစ်ထပ်ကြီးလက်ထဲမှာ ကိုင်ထားပြီး တစ်ရွက် ချင်းစီလှန်ဖတ်ရတဲ့ သတင်းစာတွေက ယူမှာ လား။ ဒီမေးခွန်းက ခြိမ်းခြောက်မှုကြီးမား သလိုပဲ ဘယ်ဘက်ကရပ်တည်မလဲဆိုတာကို သိချင်စိတ်ပြင်းပြလာခဲ့ကြပါတယ်။သတင်းစာတွေနဲ့အင်တာနက်သတင်း တွေဟာ မဟာမိတ်တွေလား၊ မဟာရန်သူတော် ကြီးတွေလား။ ကျွန်တော်တို့ စူးစမ်းကြသတင်းစာတွေနဲ့ရင်းနှီးခဲ့ရတဲ့ ထိတွေ့မှုသက်တမ်းက ကျွန်တော်တို့တွေအတွက် ရှည် ကြာခဲ့ပြီဖြစ်ပါတယ်။ ခရစ်နှစ် ၁၄ဝဝ ပြည့်နှစ် ကုန်ဆုံးလုနီးမှာ ဂျာမနီနိုင်ငံမှာ စတင်ပေါ် ပေါက်ခဲ့တဲ့ သတင်းစာတွေဟာ လူ့အဖွဲ့အစည်း တစ်ခုရဲ့ သမိုင်းကနေ လူသားမျိုးနွယ်ကြီးတစ် ရပ်လုံးရဲ့ သမိုင်းကို ပြောပြဖို့ကြိုးးစားခဲ့သလို ပြောလည်း ပြောပြနိုင်ခဲ့ပါတယ်။
လူတွေရဲ့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်လိုမှု၊ သတင်းအချက် အလက်ဖလှယ်နိုင်မှုတွေကို ဖြေရှင်းပေးဖို့ ပေါ် ပေါက်ခဲ့တဲ့ ဆက်သွယ်ရေးနည်းပညာတွေထဲ မှာ သက်တမ်းအရင့်ညောင်းဆုံးပါပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေ ငါးသန်း လောက် တယ်လီဖုန်းသုံးစွဲနိုင်ဖို့တယ်လီဖုန်း ပေါ်ပေါက်ခဲ့ပြီး၊ နှစ်ပေါင်း ၇၅ နှစ် အချိန်ယူခဲ့ ရပါတယ်။ ရုပ်မြင်သံကြားစက်တွေကို ကြည့်ရှု နားဆင်သူ ငါးသန်းပြည့်ဖို့တော့ ၁၃ နှစ်သာ အချိန်ယူရပါတယ်။ အင်တာနက်ကတော့ အသုံး ပြုသူ ငါးသန်းပြည့်ဖို့၅ နှစ်ပဲ ကြာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ အင်တာနက်ဆိုတာ လှမ်း ချူဆွတ်ခူးရခက်တယ်လို့ရှေးကဗျာတွေထဲမှာ ဖွဲ့တတ်ကြတဲ့ မဉ္ဖူသက နတ်ပန်းလို မဟုတ် တော့ပါဘူး။ လျှပ်စစ်မီးလို အလွယ်တကူရရှိ နိုင်တဲ့ သိပ်မထူးခြားတဲ့ နည်းပညာတစ်ခုဖြစ် လာခဲ့ပါပြီ။
တစ်နှစ်တစ်နှစ်နဲ့ တိုးပွားလာတဲ့ အင်တာနက်သုံးစွဲသူဦးရေပမာဏဟာ ၂ဝ၁၃ ခုနှစ်ရောက်တဲ့အချိန်မှာ ၂ .၂ဘီလီယံရှိလာမယ် လို့သုတေသီတွေက ခန့်မှန်းတွက်ချက်လာကြ ပါတယ်။ လူသုံးဦးမှာ တစ်ဦးက အင်တာနက်ကို သုံးစွဲတော့မယ့် သဘောပါပဲ။ မိတ်ကဏ္ဍ ဒီလိုအင်တာနက် ဖြန့်ကျက်မှုကြောင့် လူ့အဖွဲ့အစည်းထဲမှာ အပြောင်းအလဲတွေ အများ ကြီး ဖြစ်လာခဲ့ပါတယ်။ သတင်းတွေကနေ ဖျော် ဖြေရေးအထိ၊ နိုင်ငံရေးကနေ စီးပွားရေးလောက အထိ၊ ဆက်သွယ်ရေးကနေ ကုန်သွယ်မှုကိစ္စ တွေအထိ အင်တာနက်က ပြောင်းလဲမှုတွေ ပေါ်စေခဲ့ပါတယ်။ အင်တာနက်ရဲ့ အသုံးရလွယ် မှု၊ တွင်ကျယ်မှုကြောင့် သတင်းတွေကို ဆာ လောင်နေကြသူတွေအတွက် အင်တာနက် သတင်းတွေက အရသာတွေ့စရာ ဖြစ်လာခဲ့ပါ တယ်။
အရင်ခေတ်ကာလကတော့ သတင်းဆို ရင် ကြားသမျှ၊ ဖတ်ရသမျှ၊ မျက်စိနဲ့ ကြည့် မြင်ရသမျှလောက်ကိုသာ အလိုက်သင့်မှတ်သား လိုက်ဖို့ပါပဲ။ ခုတော့ သတင်းဆိုရုံနဲ့ မပြီးတော့ ပါဘူး။ သတင်းတစ်ခုနဲ့ ပတ်သက်ပြီး ဆက် တိုက်သိချင်တာတွေရှိရင်၊ အဲဒီသတင်းနဲ့ပတ် သက်ပြီး ကိုယ့်ဘက်က တုံ့ပြန်ချင်တာတွေ၊ မှတ်ချက်ပေးချင်တာတွေရှိရင် ကိုယ်လိုသလို ရွေးချယ်နိုင်လာပါပြီ။ အင်တာနက်သတင်းတွေ ရဲ့အားသာချက်က အဲဒါပါပဲ။ သေးသေးမွှားမွှား လူမှုရေးသတင်းပို့ချက်တွေကအစ ကမ္ဘာ့ရေးရာ တွေအထိ ကိုယ်နှစ်သက်ရာကို အင်တာနက်ထဲ က ဝက်ဘ်စာမျက်နှာတွေ၊ လူမှုကွန်ရက်စာ မျက်နှာတွေမှာ ရရှိနိုင်နေပါတယ်။ ကိုယ်နှစ် သက်တဲ့သတင်းကို တခြားသူတွေဆီ လက်တို့ဖို့ လည်း လွယ်ကူသွားပါတော့တယ်။ဒါ့အပြင် ကိုယ်တိုင် သတင်းရေးသားနိုင် တဲ့အခြေအနေတစ်ခုကို အင်တာနက်က ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ သတင်းတွေကို ကျင့်ဝတ်စည်း မျဉ်းတွေနဲ့၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီဖြစ် အောင်လုပ်ရတဲ့ သက်စွန့်ဆံဖျား အလေးအနက် ဂျာနယ်လစ်တစ်ယောက် ဖြစ်ဖို့မလွယ်သူတွေ ဟာ ကိုယ်သွားလေရာမှာ ပါသွားတဲ့ ကင်မရာ နဲ့၊ အသံဖမ်းကိရိယာတွေနဲ့သတင်းပေးပို့ချက် တွေကို အင်တာနက်ပေါ်ကို တိုက်ရိုက်တင် ပေးနိုင်တဲ့ Web 2.0ပေါ်ပေါက်လာတာဟာ အရပ်ဘက်သတင်းထောက်ခြင်းဆိုတဲ့(Civic journalism) တစ်စခန်းထလာရတာပါပဲ။
ဒါ့အပြင် နည်းပညာနဲ့အင်တာနက်မြန်နှုန်း တွေ မြင့်မားလာတာကြောင့် ရုပ်သံဖိုင်တွေ ကို အင်တာနက်ပေါ် လွှင့်တင်တာ၊ Dowmloadဆွဲချကြည့်ရှုတာတွေ လုပ်နိုင်တဲ့အခါ သတင်းဝါသနာအိုးတွေအတွက် ကျေးဇူးတင်စရာ ထပ်ဖြစ်လာပြန်ပါတယ်။ တီဗီနဲ့ အင်တာနက် ကိုတွဲပြီး သတင်းရယူသူတွေဟာ တီဗီ ဒါမှ မဟုတ် အင်တာနက် နှစ်မျိုးထဲက တစ်မျိုးတည်း ကို သတင်းရင်းမြစ်အဖြစ် အသုံးပြုသူတွေထက် ပိုပြီး များလာပါတယ်။ တီဗီမှာ မကြည့်လိုက် ရရင် အင်တာနက်မှာ ကြည့်မယ်၊ အင်တာနက် မှာ ကြည့်လို့အားမရရင်တော့ တီဗီမှာ သေချာ ကြည့်မယ်ဆိုတာမျိုးပေါ့။
ခုဆိုရင်တော့ ကမ္ဘာတစ်လွှားမှာရှိနေတဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ ထက်ဝက်လောက် ဟာ ရုပ်သံဖိုင်တွေကို ကြည့်ရလောက်အောင် အဆင်ပြေတဲ့ Broadband အင်တာနက်ဆက် သွယ်မှုတွေကို ရရှိနေကြပါပြီ။ ဒီလိုဆိုတော့ အင်တာနက်ကြောင့် သတင်းတွေကို လူတွေ ရရှိနိုင်ကြတဲ့အတွက် ဝမ်းသာစရာဖြစ်စေပါ တယ်။ အင်တာနက်နဲ့သတင်းလောကရဲ့ကြား မှာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ နဲ့အလုပ်ဖြစ်နေပါ တယ်။
အင်တာနက်ရဲ့ သတင်းပေးနိုင်စွမ်းဟာ အမေရိကန်မှာ ပထမဆုံးလူမည်းတစ်ယောက် ကို သမ္မတအဖြစ် ခန့်အပ်ခံရစေတဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အတော်လေး အသိမှတ်ပြု ခံလာရပါတယ်။ အင်တာနက်က အချိန်နဲ့ တစ် ပြေးညီ၊ အပြန်အလှန်ကူးလူးဖလှယ်နိုင်မှုရှိရှိ၊ အရည်အသွေးကောင်းကောင်းနဲ့သတင်းတွေ ကို ဖော်ပြပေးနိုင်တဲ့အတွက် သတင်းကို ဆာ လောင်မွတ်သိပ်ကြသူ ခေတ်လူသားတွေ အဆာ ပြေစေပါတယ်။ ဒီရလဒ်က တစ်ဖက်မှာတော့ အင်တာနက်နဲ့သတင်းလောကကို ရန်သူတော် တွေ ဖြစ်လာစေဖို့စေ့ဆော်နေပါတော့တယ်။
ရန်ကဏ္ဍ အကြောင်းရင်းကတော့ အင်တာနက်ရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့တိုးတက်လာမှုက ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေကို ထိခိုက်လာ တဲ့အတွက်ကြောင့်ပါပဲ။ ၁၉၄၇ ခုနှစ်က အမေ ရိကန်နိုင်ငံမှာရှိတဲ့ အိမ်ထောင်စု ၁ဝဝ ဟာ သတင်းစာပေါင်း အစောင် ၁၄ဝ ကိုပုံမှန် ဖတ် ရှုအားပေးကြပါတယ်။ ခုချိန်မှာတော့ အိမ်ထောင် စု ၁ဝဝ မှာမှ စုစုပေါင်း သတင်းစာပရိသတ်က လျှော့လာပါပြီ။ သတင်းစာ စောင်ရေ ၅ဝတောင် ပြည့်အောင်အားမပေးကြတော့ပါဘူး။ ဒါဟာ အင်တာနက်ကြောင့်လို့သတင်းလုပ်ငန်းကို အ လေးအနက်လုပ်ကိုင်ကြတဲ့ Serious journalismသမားတွေက စွပ်စွဲလာကြပါတယ်။
အင်တာ နက်မှာ လုပ်ငန်းကြီးတွေ ထူထောင်လာကြသူ တွေကလည်း ဒါဟာ သူတို့ရဲ့ ပရိသတ်တွေ ငတ်မွတ်မှုကို ဖြေဖျောက်ပေးနိုင်၊ အာသာပြေ စေနိုင်တဲ့ စွမ်းရည်ကြောင့်လို့ဆောင့်ကြွားကြွားဖြစ်လာကြပါတယ်။ အထူးသဖြင့်တော့ ဂူးဂဲလ်တို့လို အချက် အလက်ရှာဖွေရေး အင်ဂျင်ကြီးတွေကနေ သတင်း လုပ်ငန်းကြီးတွေက ရှာဖွေဖော်ပြထားကြတဲ့ သတင်းတွေကို အလွယ်တကူရှာဖွေပေးတဲ့ အတွက်ကြောင့် သတင်းတွေကို အင်တာနက် ကသာ လူတွေက ဖတ်ရှုနိုင်လာလေ၊ ငွေပင် ငွေရင်း အပုံအပင်နဲ့ အချိန်တွေ၊ လုပ်အားတွေ စိုက်ထုတ်ကျခံထားရတဲ့ ပုံနှိပ်လုပ်ငန်းတွေ၊ အထူးသဖြင့် သတင်းစာလုပ်ငန်းကြီးတွေဟာ နစ်နာရသလို ဖြစ်လာပါတယ်။
ဂူးဂဲလ်ကုမ္ပဏီက အမှုဆောင်အရာရှိချုပ် အဲရစ်ရှမစ်ကတော့ လူတွေသတင်းရရှိကြဖို့အတွက် သူတို့နဲ့ သတင်းလုပ်ငန်းကြီးတွေဟာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားကြသူ တွေအဖြစ် ပြောဆိုပါတယ်။ ခေတ်သစ်ဒီမိုက ရေစီ ဖြစ်ထွန်းရေးမှာ မရှိမဖြစ်ဖြစ်တဲ့ အရည် အသွေးမြင့် ဂျာနယ်လစ်ဇင်းပေါ်ထွန်းလာဖို့အတွက်၊ အတူတကွ ရည်ရွယ်ချက်ရှိကြတယ် လို့ ဆိုလာပါတယ်။ ဒါပေမယ့် ဂူးဂဲလ်က အရည် သွေးမြင့် ဂျာနယ်လစ်ဇင်းပေါ်ထွန်းရေးအတွက် အားထုတ်တယ်ဆိုတာ၊ လှုံ့ဆော်ဆောင်ရွက် တယ်ဆိုတာ လူကြားကောင်းအောင် ပြော တာသာဖြစ်ပြီး၊ တကယ်လေးနက်ပြည့်စုံမှု မရှိ ဘူးလို့ ယူဆကြသူတွေ ရှိနေပါတယ်။
အင်တာနက်နည်းပညာကုမ္ပဏီကြီးတွေ က သူတို့ဟာ အင်တာနက်အသုံးပြုသူတွေကို အာရုံစိုက်ပါတယ် ဆိုပေမယ့် သူတို့အာရုံစိုက် တာက ပိုက်ဆံရဖို့သာဖြစ်တယ်၊ လူတွေအတွက် သူတို့ ဖြစ်ဖြစ်မြောက်မြောက်လုပ်ပေးတာ မရှိ ဘူးလို့ဂူးဂဲလ်ကုမ္ပဏီက အမည်မဖော်ချင်တဲ့ ဝန်ထမ်းတစ်ဦးက ဝေဖန်ပါတယ်။ ဂူးဂဲလ်က သူတို့အတွက် အင်တာနက်ပရိသတ်တွေ ပို မွေးဖွားပေါ်ပေါက်လာဖို့ကိုပဲ အာရုံစိုက်နေတာ ပါ။ ပုံနှိပ်ထားတဲ့ စာအုပ်တွေ၊ သတင်းစာတွေ ကို လူတွေဖတ်လာဖို့အရေးကို ဘာမှအရေးစိုက် နေတာ မဟုတ်ပါဘူး။ သူတို့အင်တာနက်လော ကမှာ အောင်မြင်လာလေ၊ သူတို့ဆီမှာ စီးပွား ရေးသမားတွေက ကြော်ငြာတွေ ရလာလေ၊ သူတို့အတွက် တွက်ချေကိုက်လာလေပါပဲ။ အဲဒီ အချိန်မှာ သတင်းစာလုပ်ငန်းကြီးတွေကတော့ ရုန်းရကန်ရ ပြုတ်သွားကြ၊ ရပ်လိုက်ရ ဖြစ်နေ ပါတယ်။
ဒီတော့ ရွာနီးချုပ်စပ်ထုတ်ဝေကြတဲ့ သတင်းစာငယ်တွေလောက်ပဲ ကျန်နေရစ်ခဲ့ ပါတယ်။ အင်တာနက်ကုမ္ပဏီကြီးတွေက စက္ကူတွေကို တတ်နိုင်သမျှ မသုံးဖို့၊ သဘာဝပတ်ဝန်း ကျင်နဲ့လျှော်ညီစေဖို့၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဆိုတဲ့ စကားတွေကို ကျယ်ကျယ်လောင်လောင် ပြောဆိုပါတယ်။ သူတို့က ကမ္ဘာကြီးကို ကယ် တင်မယ်ဆိုတဲ့အချိန်မှာ လက်လီရောင်းချမှု တွေ၊ လပေး၊ နှစ်ပေးဝယ်ယူမှုတွေနဲ့ ကြော်ငြာ ခဝင်ငွေ စတာတွေကိုအားကိုးနေရတဲ့ သတင်း စာလုပ်ငန်းကြီးတွေကိုတော့ မကယ်နိုင်တော့ တဲ့ အနေအထားကို ရောက်မှန်းမသိ ရောက် သွားပါတော့တယ်။
သတင်းပရိသတ်တွေကို လုယူနေရတဲ့ အင်တာနက်နဲ့ပုံနှိပ်ထုတ်ဝေမှုသတင်းလောက ရဲ့ အားပြိုင်မှုကို ရပ်တန့်နိုင်ဖို့စေ့စပ်မှုတွေ ဘယ်လိုလုပ်မယ်ဆိုတာက မေးခွန်းတစ်ခုအဖြစ် ရှိနေဆဲပါ။ တကယ်လို့သာ အင်တာနက်ကုမ္ပဏီ ကြီးတွေက သတင်းတွေရဲ့ တကယ့်ပင်မရင်းမြစ် သတင်းလုပ်ငန်းကြီးတွေကို သတ်ပစ်သလိုဖြစ် ခဲ့မယ်ဆိုရင် ရှေ့ခရီးကို ဘယ်လိုဆက်သွားကြ လိမ့်မလဲ။ စာအုပ်တွေကို မြတ်နိုးတန်ဖိုးထား နေသူတွေကို မျက်နှာလွဲခဲပစ် လုပ်လေမှာလား။ ပုံနှိပ်မူတွေကို နှစ်သက်သူတွေကတော့ စာဖတ်တာက ပိုအကျိုးရှိတယ်၊ အသက်ကြီး တဲ့အထိ လုပ်ကိုင်ရမယ့်အရာဖြစ်တယ်။ လူရဲ့ စိတ်နှလုံးကို ကောင်းမွန်အောင် ပြုပြင်ပေးနိုင် တယ်လို့ ယူဆကြပါတယ်။
ချိန်စက်ခြင်း ဒီချိန်ထိ ကျွန်တော်တို့မှာ အင်တာနက် ကို ဖက်တွယ်မလား၊ သတင်းလုပ်ငန်းကြီးတွေ ကိုပဲ အားပေးမလားဆိုတာ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ တစ်ခုမရှိ ဘဲ တစ်ခုဆက်လက်ရှင်သန်ဖို့ရာလည်း ဝိရောဓိ တွေ ရှိနေဆဲပါ။ အဖြေတစ်ခုကို ခင်ဗျားရော ကျွန်တော်ရော မပေးနိုင်၊ မဆုံးဖြတ်နိုင်ပါဘူး။ ကျွန်တော်တို့လုပ်နိုင်တာက သတင်းတွေဘယ် လိုဆက်သွားမလဲ၊ အင်တာနက်ကရော ဘယ် လို ဆက်သွားမလဲ ဆိုတဲ့ သတင်းတွေကိုသာ ဆက်နားထောင်နေရမှာ ဖြစ်ပါတယ်။ အချိန် က စကားပြောပါလိမ့်မယ်။ အချိန်ကပေးလာ တဲ့ အဖြေတစ်ခုကို ကျွန်တော်တို့လက်ခံနိုင် လား၊ လက်မခံနိုင်လားဆိုတာကိုကြည့်ပြီး ဆောင်းပါးအစမှာ ပါဝင်တဲ့ ခင်ဗျားသတင်းစာ ကောက်ကိုင်မလား၊ ကွန်ပျူတာကို ဖွင့်လိုက်မ လားဆိုတဲ့မေးခွန်းအတွက် အဖြေပေါ်လာမှာပါပဲ။
လွင်အံ့ ရည်ညွှန်း- 1. Newspaper Vs.International by Hannah Jaafar 2. News Media Vs. Internet Media by Michael M Walsh 3. Online Vs. Offline Media by Amarendra Bhushangravater 4. Seven Questions for Jay Rosen by R.M from the Economist Aug 28th 2010 5. Googlepolis by Shristina Larson from Foreign Policy Sep-Oct 2010 6.The Internet & the Future of News by Paul Sagan & Tom Leighton from Daedulus, Spring 2010 7. How to Save the News by James Falows from the Atlantic, June 2010.
No comments:
Post a Comment