Sunday, March 13, 2011

3TB Hard Drive တွေ သုံးစွဲ နိုင်ဖို့ ဘာတွေ လိုသလဲ

အရည် အသွေး နောက်ကို တောက်လျှောက် လိုက်နေတဲ့ လူသား တွေဟာ HD Video, Lossless Audio, 15 Megapixels ဓာတ်ပုံတွေနဲ့   Hard Drive တွေရဲ့ ပိုလျှံ သိုလှောင် အားကို ဖြုန်းတီးနေ ကြပါ တယ်။ Hard Drive တွေ ရဲ့ဝင်ဆံ့မှုပမာဏဟာ ပြီးခဲ့တဲ့နှစ်တွေ မှာထပ်ညွှန်းကိန်းနဲ့  တိုးတက်လာတာ ဆိုပေမယ့် 2 TB ၀င်ဆံ့မှုကိုအ ရောက်မှာတော့ (၁)နှစ်ခွဲလောက်တန့်  သွားခဲ့ ပါတယ်။ ဒါဟာ ဘာလို့ ပါလဲ။ 2TB အနားသတ်ကို ကျော် လွှားဖို့ ဆိုတာ ထင်သလောက်မလွယ် ကူပါဘူး။


အဓိကပြဿနာတစ်ရပ်က တော့ Master Boot Record ပါပဲ။ MBR လို့  အတိုကောက် လူသိများ တဲ့ဒီဇယားဟာ Partition ချထား တဲ့ Hard Drive တစ်ခုရဲ့ အစပိုင်းမှာ ရှိပြီးဘယ် OS ကနေ Boot တက် မယ်ဆိုတာကို ရွေးချယ်ခွင့်ပေးပါ တယ်။ Hard Drive ပေါ်မှာ Partiton တစ်ခုပဲ ချထား တယ်ဆိုရင် MBR ရဲ့ ဆောင်ရွက်ချက်ဟာ မသိ သာလှပါဘူး။ ဒါပေမဲ့ Partition နှစ်ခုခွဲပြီး တစ်ခုမှာ Windows XP ၊ နောက်တစ်ခုမှာ Windows 7 ဆို ပြီးထည့်ထားရင်တော့ BIOS ဟာ အရေးပါလှပါတယ်။


BIOS ဟာ MBR ကိုအရင်ဖတ်ပြီးမှ ဘယ် Partitiion ကနေ Boot တက် ရမယ်ဆိုတာ ဆုံးဖြတ်ပါတယ်။ MBR ဟာမူလအတိုင်းဆိုရင် Sector အရေအတွက် 2 24 အထိပဲ နားလည် ပါတယ်။ Sector တစ်ခုချင်းစီဟာ 512 Bytes ရှိ တယ်လို့ သတ်မှတ်ထားတာမို့  စုစု ပေါင်း 4GB အထိပဲ MBR က နားလည်ပါတယ်။ အဲဒီမှာ CHS (Cylinder-Head-Sector) ဆိုတဲ့ လှည့်ကွက်တစ်ခုကို လူသားတွေက အသုံးပြုခဲ့ရပါတယ်။ Hard Drive မှာ Head (၂၅၅)ခု ထိရှိ တယ်လို့  သတ်မှတ်ပြီးတွက်ချက်ခဲ့တာကို A+ သင်ဖူးသူတွေ မှတ်မိကြမှာပါ။ နောက်ပိုင်းမှာ LBA စနစ်ပေါ် ပေါက်လာလို့  232 Sector အထိ BIOS ကသိလာခဲ့ပါတယ်။ ဒါဟာ 2.2 TB ရှိတဲ့ ပမာဏဖြစ်ပြီး အဲဒီပ မာဏကိုကျော်ရင် ဘာ Partition မှထပ်ကန့် လို့ မရတော့ပါဘူး။


3TB Hard Drive တွေအတွက် တစ်ခု ခုလုပ်ဖို့ လိုနေပြီဆိုတာသိသာပါတယ်။ RAID စီစဉ်မှုနဲ့  Hard Drive တွေကို ချိတ်ဆက်သလိုမျိုးဝင် ဆံ့မှုမြင့်မားတဲ့ Hard Drive တစ် ခုကိုလည်း 2TB ထက်ငယ်တဲ့ Logical Partition (LUNs) တွေအဖြစ်ပိုင်းခြားလိုက်ပြီး သူတို့ ရဲ့ MBR ကိုယ်စီနဲ့  သီးခြား Hard Drive တွေအဖြစ် BIOS မှာ ပေါ် နေအောင်လုပ်ယူလို့ ရပါတယ်။ ဒါ ပေမဲ့ကွန်ပျူတာပစ္စည်းထုတ်လုပ် သူတွေဟာ GUID Partition Table ဆိုတဲ့အဆင့်မြင့် Partition နည်းစနစ်သစ်ကိုသုံးစွဲဖို့ ပိုပြီး လိုလား ကြပါတယ်။ ဒီစနစ်မှာ Partition တစ်ခုချင်းစီဟာ သီးခြား ID တွေရှိ ပြီး Extensible Firmware Interface လို့ ခေါ်ပါတယ်။


GUID Partition Table အတိုကောက် GPT ဟာ 9.4 x 1021 Bytes အထိသိတာကြောင့် အချိန်တော် တော်ကြာတဲ့အထိ ထက်ပြီး Upgrade လုပ်ဖို့ မလိုလောက်ဘူးလို့  ထင်ရပါတယ်။ ဒါ့အပြင် ပင်မ ဇယားရဲ့ Backup Copy တစ်ခု တည်းမှာ Partition (၁၂၈) ခုအ ထိမှတ်သားပေးနိုင်ခဲ့လို့  ဆိုပါတယ်။ GPT ကို 32- bit Windows XP နဲ့ Window 2000 တို့ မှာသုံးစွဲလို့ မရနိုင်ပါဘူး။ MBR ကို GPT နဲ့  အစား ထိုးတော့ မယ်ဆိုရင် ရှေ့ကဆိုနှင့်ပြီးတဲ့ဟာ တွေထက်ပို အရေးကြီးတဲ့အချက် ကို သတိပြုရမှာပါ။ အဲဒါက တော့သာမန် BIOS တွေဟာ GPT Partition တွေနဲ့  တွဲဖက်အလုပ် မလုပ်ဘူး ဆိုတဲ့ အချက်ပါပဲ။


BIOS မသုံးဘဲ EFI သုံးတဲ့ Motherboard ကို အသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာဖြစ်ပေမယ့် EFI Motherboard တွေဟာ အရေ အတွက်အလွန်ပဲ နည်းပါးနေပါသေး တယ်။ ဒါ့အပြင် Hard Drive Controller ရဲ့ Driver တွေဟာ 2TB ထက်ပိုတဲ့ Partition တွေ ကိုထောက်ပံ့ပေးရမယ်ဆိုတဲ့ ကန့်  သတ်ချက်လည်းရှိနေပါသေးတယ်။ Driver မှားနေရင် 3TB Hard Drive တပ်ထားစေဦးတော့ OS က 800 MB ပဲတွေ့ပါလိမ့်မယ်။ 3TB Hard Drive တွေကိုထောက် ပံ့ပေးနိုင်တဲ့ Intel Chipset Driver တွေဟာ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလကမှ ပေါ်ထွက်လာတာဖြစ်လို့ ကွန်ပျူတာ အသုံးပြုသူတွေ ကြားပျံနှံ့ သွား စေဖို့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။


Source: IT Weekly Journal

No comments:

Post a Comment