HTML ၏အဓိပ္ပာယ်မှာ Hyper Text Markup Language ဖြစ်ပါသည်။ အင်တာနက် Web site များရေးဆွဲသည့် ဘာသာစကားတစ်ရပ်ဟုဆိုနိုင်ပါသည်။
မူရင်း HTML ဆိုင်ရာ အရည်အသွေးသတ်မှတ် ချက်များကို ၁၉၉၀ ပြည့်နှစ်တွင် စတင်မူကြမ်းရေးဆွဲခဲ့သည်။ သို့သော်အဆိုပါ သတ်မှတ်ချက်တွင်ပါဝင်သည့် tag အချို့ကို ယခုအချိန်တွင်အသုံးမပြုတော့ပြီဖြစ်ရာ ယင်းအရည်အသွေးသတ်မှတ်ချက်တို့ကို အတိတ်မှာ ထားရစ်ခဲ့ကြပါပြီ။ ယင်း HTML 1.0 (version 1) ကိုHTML Level 1 ဟုလည်းခေါ်ကြပါသည်။ HTML 2.0 နှင့်ပတ်သက်သည့် အရည်အသွေးသတ်မှတ်ချက်များကို ၁၉၉၄ ခုနှစ်ဖော်ထုတ်ခဲ့သူမှာ Internet Engineering Task Force (IETF) ၏ Working committee ဖြစ်သည်။ ယင်းကိုပင်လျှင် အင်တာ၏အခြေခံမူကြမ်းအဖြစ် တရားဝင်အတည်ပြုခဲ့ကြပါသည်။ HTML 1.0 နှင့်စာလျှင် တိုးတက်ပြောင်းလဲလာသည့် အချက်များမှာအသုံးနည်းသည့် tab အချို့ကိုပယ်ထုတ်ခြင်းနှင့် form အချို့ကို ထပ်မံထည့်သွင်းခြင်းပင်ဖြစ်သည်။ သို့သော် HTML 2.0 ၏သတ်မှတ်ချက်များတွင် ဤ version ထုတ်ပြီးနောက်မှထွက်ပေါ်လာသော table များနှင့် Netscape extension တို့ကဲ့သို့ လက်တွေ့အသုံးချကိစ္စအတော်များများမပါဝင်ခဲ့ပါ။ HTML 2.0 ၏အရည်အသွေးသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တာဝန်ခံသူအဖြစ် World Wide Web Consorticum (W3C) သို့နောက်ပိုင်းတွင် လက်လွှဲပေးခဲ့ကြပါသည်။ HTML 3.0 သည် HTML 2.0 ၏အရည်အသွေးသတ်မှတ်ချက်များ ကို တိုးချဲ့ထည့်သွင်းလာခြင်းဖြစ်ပါသည်။ သို့သော် ယင်းသတ်မှတ်ချက်များသည် ထိုစဉ်ကလက်တွေ့ကျင့်သုံးလုပ်ဆောင်လျက်ရှိသော Web ဆိုင်ရာလုပ်ဆောင်မှုများနှင့် လိုက်လျောညီထွေမရှိလှသဖြင့် နောက်ပိုင်းတွင် HTML 3.2 အရည်အသွေးသတ်မှတ်ချက်များနှင့် အစားထိုးခဲ့ကြပါသည်။
HTML 3.2 သည် W3C ၏ ထောက်ခံအတည်ပြုမှုဖြင့် ၁၉၉၆ ခုနှစ်တွင်ပေါ်ထွက်လာခဲ့ပါသည်။ ယင်းထဲတွင် table, subscript, super script, textflow, Java applet နှင့် Style sheet တို့ကဲ့သို့သော် ယနေ့ခေတ် HTML သုံးအရည်အသွေးအတော်များများ ကျယ်ပြန့်စွာပေါင်းစပ်ပါဝင်လာပါသည်။ နောက်သုံးနှစ်ခန့်အကြာတွင် HTML 4.0 ထွက်ပေါ်လာပြီး ယနေ့အထိလည်း တွင်ကျယ်စွာသုံးစွဲလျက်ရှိပါသည်။ HTML 4.0 နှင့်ပတ်သက်သည့် အရည်အသွေးသတ်မှတ်ချက်တို့ကို version သုံးမျိုးဖြင့်တွေ့နိုင်ပါသည်။ ယင်းတို့မှာ Strict, transitional နှင့် Frameset version များဖြစ်ပါသည်။ Strict versionသည် presentation aspect အတွက်မရှိမဖြစ်မလိုအပ်သော elementနှင့် attribute အားလုံးကိုအတည်ပြုထည့်သွင်းခြင်း မရှိတော့ပါ။ ယင်းတွင် presentation aspect အတွက်CSS Style Sheet ကိုအသုံးပြုပါသည်။ Transitional version တွင် presentation element နှင့် attribute အားလုံးကို ဆက်လက်ထိန်းသိမ်းထားရှိအသုံးပြုပါသည်။ Frameset version တွင်မူ Netscape ထွက်ပေါ်လာပြီးနောက် ကျယ်ပြန့်စွာ အသုံးပြုလာခဲ့သော Frametag များကိုတရားဝင်သုံးစွဲပါ သည်။HTML 4.01 ၏အရည်အသွေး သတ်မှတ်ချက်များကို အပြီးသတ် အတည်ပြုနိုင်ချိန်အထိဆယ်စုနှစ် ကျော်အချိန်ယူခဲ့ကြရပါသည်။ ယင်းအတွက် အရည်အသွေးသတ်မှတ်ချက်များကို နှစ်ပေါင်းများစွာလည်း ဖော်ထုတ်ခဲ့ကြရသည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်ရောက်လာသည့်တိုင် Website အတော်များများသည် code ရေးရာ၌ ၁၉၉၅ ခုနှစ်ခန့်ဆီက အရင်းခံခဲ့သော စံသတ်မှတ်ချက်များကို အတိုင်းအတာတစ်ခုထံ မီခိုအားထားနေရဆဲလည်းဖြစ်ပါသည်။
တကယ်တမ်းတွင် HTML 4.0 ၏စံသတ်မှတ်ချက်နှင့် CSS ကို ပေါင်းစပ်အသုံးပြုမှုသည် Website များဖွဲ့စည်းမှုအတွက်လုံလောက်နေပြီ ဟုဆိုကောင်းဆိုနိုင်ပါသည်။ သို့ သော် အားနည်းချက်တစ်ခုတော့ရှိ နေပါသည်။ Interactivity ကိုအ ဆင့်မြင့်မြင့်လုပ်ဆောင်ပြသနိုင် သော graphical website များဖော် ဆောင်ရေးတွင်အခက်အခဲရှိနေ ခြင်းဖြစ်ပါသည်။ ယင်းအချက်သည်ပင်လျှင် ခေတ်အခြေအနေနှင့် ဆီလျှော်ညီညွတ်သော Website များပေါ်ထွန်းလာစေရေးအတွက် codeရေးသားမှု စံသတ်မှတ်ချက်များကိုအဆင့်မြှင့်တင်ရန် လိုအပ်လာစေပါသည်။ HTML 5 သည် ယင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးမည့် ပရိုဂရမ်ဘာသာစကားတစ်ရပ်ဖြစ်ပါသည်။ HTML 5 ကိုအသုံးပြု၍ Web developer များသည် Website ထဲတွင် Video တိုက်ရိုက်ပြသမှုပြု နိုင်ပါလိမ့်မည်။ Webpage ပေါ်မှ စာသားများရုပ်ပုံများကို drag and drop လုပ်နိုင်သည့်အရည်အချင်း များရရှိပါစေလိမ့်မည်။ အင်တာနက်အသုံးပြုသူ၏ လုပ်ဆောင်မှုကိုလိုက်၍ တုန့်ပြန်လုပ်ဆောင်ပေးမည့် graphic ပုံများ၊ Image ပုံများကိုလည်း Website ထဲတွင်ထည့်သွင်းစေနိုင်ပါလိမ့်မည်။
သို့သော်ထိုအရည်အသွေးများ သည် HTML 5 ထွက်ပေါ်လာမှ ရနိုင်မည်ဟုဆို၍တော့မရပါ။ ယင်း အရည်အသွေးများကိုဖော်ထုတ် ရေးဆွဲပြီး လက်တွေ့ပြနိုင်သည့် ကုမ္ပဏီများလည်းရှိနေပါပြီ။ သို့သော် code ရေးသားမှုနှင့်ပတ်သက်သည့် စံသတ်မှတ်ချက်တို့မှာ လုပ် ဆောင်သည့် ကုမ္ပဏီကိုလိုက်၍ ကွဲလွဲမှုများရှိနေပါသည်။ code ရေးသားသည့်မူများမှာလည်း သက်ဆိုင်ရာ ကုမ္ပဏီတို့၏ မူပိုင်ခွင့် အောက်တွင်ရှိနေပါသေးသည်။ဥပမာဆိုရသော် Adobe မှ ထုတ်လုပ်သည့် Flash (တကယ် တမ်းတွင် Macromedia မှ Flash ကိုထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Adobe က Macromedia အားဝယ်ယူ လိုက်ချိန်တွင်ဆက်ခံသူဖြစ်လာပါ သည်။) ကိုအသုံးပြုရေးဆွဲထား သော animation များကို websiteတစ်ချို့ တွင်တွေ့နိုင်သလို Silver light software ကိုအသုံးပြုရပြီးရေးဆွဲထားသော Interactive Interface ကိုအခြား Website တစ်ချို့တွင် တွေ့နိုင်ပါသည်။ ထို့အတူ Java script ကိုအသုံးပြု၍ရေးဆွဲထား သော website ပုံစံများကိုလည်း တွေ့နိုင်ပါသေးသည်။ အကယ်၍ သာ browser တစ်ခုသည် အဆိုပါ code ရေးသားဖော်ဆောင်မှုများနှင့် တွဲဖက်လုပ်ဆောင်နိုင်မည်ဟုဆိုလျှင် ယင်းလုပ်ဆောင်နိုင်ချက်များကို browser ထဲတွင်မြင်တွေ့ရမည် ဖြစ်ပါသည်။ သို့သော် မရှိမဖြစ်လိုအပ်သော plug-in များနှင့် extension များကိုမူ browser ထဲတွင် Install လုပ်၍ထည့်သွင်းပေးရမည်ဖြစ်ပါသည်။
Browser တစ်ခု၏ ပုံမှန်လုပ် ဆောင်နိုင်ချက်များမှကျော်လွန်၍ လုပ်ဆောင်နိုင်စေရန်ထည့်သွင်း ပေးနေရသော၊ အဆိုပါ Plug-inများနှင့် extension အားရှောင်လွဲနိုင်စေပြီး HTML 5 code သက်သက်နှင့်ပင် ယင်းအပိုဆောင်းလုပ်ငန်းများ လုပ်ဆောင်လာနိုင်စေရေးသည် HTML 5 ကိုဖော်ထုတ်ရခြင်း၏ ရည်ရွယ်ချက်ပင်ဖြစ်ပါသည်။HTML 5 ကိုကိုင်တွယ်လုပ် ဆောင်နိုင်သော browser များပေါ် တွင် Still and motion Interactive graphic စွမ်းဆောင်ရည်များကိုWeb developer များက HTML 5 code များကိုသုံးစွဲပြီး လွယ်ကူစွာဖော်ဆောင်နိုင်သော ခေတ်သို့ရောက်ရှိလာရန် မဝေးတော့ပါ။ Browser ထဲတွင် HTML 5 ကိုသုံး ၍ Interactivity နှင့် graphic စွမ်းဆောင်ရည်များကို ထည့်သွင်းထားသည်ဟုဆိုပါက ကွန်ပျူတာတစ်လုံး၏ processing power ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ် စေ၊ အဆိုပါစွမ်းဆောင်နိုင်ရည်တို့ ကိုရယူခံစားနိုင်မည်ဖြစ်ပါသည်။ လောလောဆယ်အသုံးပြုနေသော Flash နှင့် Sliver light ဆော့ဖ်ဝဲ များသုံး၍ ဖန်တီးထားသော စွမ်းဆောင်ရည်များကို ရရှိခံစားနိုင်ရန်အတွက်မူ ကွန်ပျူတာ၏ processing power ကောင်းဖို့လိုပါသည်။
ထို့အပြင် အဆိုပါ Browser လုပ်ဆောင်ရသည့် Platform အလိုက် (ဥပမာ - Windows/ Linux/ Mac စသည်ဖြင့်) code များကို သီးခြားစီခွဲ၍ ရေးဖို့လည်းလိုအပ်ပါသေးသည်။ အဆိုပါ အားနည်းချက် များကို ကျော်လွှားနိုင်မည့်အစွမ်း သတ္တိသည် HTML 5 တွင်ရှိနေပါ သည်။ သို့သော် HTML 5 ၏အရည်အသွေးသတ်မှတ်ချက်များ လက်တွေ့ဖော်ဆောင်ပြီစီးမှုကို လာမည့် နှစ်အနည်းငယ်အတွင်းတွေ့ရဖို့အ ကြောင်းမရှိသေးပါ။ မည်သို့ပင်ဆိုစေကာမူ HTML 5 ကိုအထောက်အပံ့ ပြုမည်ဟုဆိုသော Browser များကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ယင်းတို့တွင် (၁) Safari (www.apple.com/safari)၊ (၂) Opera (www.opera.com)၊ (၃) Chrome (www.google.com/chrome)၊ (၄) Firefox တို့ပါဝင်ပါသည်။ Microsoft ကထုတ်မည့် Internet explorer တွင်မူ HTML 5 ကိုအ ထောက်အပံ့ပြုမည်ဟု မူလကမပြောခဲ့ပါ။ သို့သော် အများစု၏အင်အားကိုမလွန်ဆန်နိုင်သည့် အားလျှော်စွာ မကြာမီထုတ်လုပ်မည့် Internet explorer 9 တွင် HTML 5 နှင့် အလုပ်လုပ်နိုင်ပါသည်ဟုဆို လာပါသည်။ အင်တာနက် Website များပေါ်တွင် သမိုင်းသစ်ရေးမည့် HTML 5 ၏ခေတ်တစ်ခေတ် ရောက်လာပေဦးတော့မည်။
Ref:Internet Journal
No comments:
Post a Comment