[slideshow]
Barcamp ဆိုသည်မှာ နည်းပညာရပ်တစ်ခုတည်းတွင် မဟုတ်ပဲ ပညာရေးနှင့် အသိပညာရပ်များတိုးတက်ပြန့်ပွားလာရေးအတွက်လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်သောပွဲတစ်ခုဖြစ်ပါသည်။မိမိကိုယ်တိုင်ဖန်တီး ထားတဲ့ နည်းပညာ ပစ္စည်းတွေအကြောင်းပဲဖြစ်ဖြစ်၊ မိမိကျွမ်းကျင်တဲ့ နည်းပညာအကြောင်း အရာတွေကိုပဲ ဖြစ်ဖြစ် အားလုံးနဲ့ တွေ့ရှိဆွေးနွေးဖို့အတွက် ဘားကမ့်ဟာ အကောင်းဆုံးစင်မြင့် တစ်ခု ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အပြန်အလှန်ဆွေးနွေးနိုင်တဲ့ပွဲ ဖြစ်ရုံသာမက မိမိရဲ့အားနည်းချက်တွေနဲ့ မသိရှိသေးတဲ့ အကြောင်းအရာတွေကို သိရှိနိုင်မယ့်နေရာ၊ နည်းပညာအတွေး အခေါ်တွေ ပေါက်ဖွားလာတဲ့ နေရာဟာ ဘားကမ့်ပဲလို့လည်း ဆိုလို့ရပါတယ်။
မန္တလေးဘားကမ့်ကို ၂၀၁၁ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ မန္တလေးမြို့ ၇၈ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ ပုပ္ပါး ဟိုတယ်တွင် ကျင်းပပြီးစီးသွားခဲ့သလို ရန်ကုန်ဘားကမ့်ကိုတော့၂၀၁၁ ဖေဖော်ဝါရီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့ တွေမှာ ရန်ကုန်မြန်မာအင်ဖိုတက်ခ် အဆောက်အအုံမှာ နံနက် ၉ နာရီ ကနေ ညနေ ၆ နာရီအထိ ကျင်းပနေဆဲဖြစ်ပါတယ်။
Barcamp Yangon 2011
No comments:
Post a Comment