Saturday, February 19, 2011

မြန်မာအိုင်တီဖွံ့ဖြိုးမှု Social Group (MITD) မှ Barcamp Yangon 2011 သို့ လာရောက်သူများအား နည်းပညာDVDခွေများ လက်ဆောင်ပေးမည်


Barcamp 2011 Yangonနည်းပညာဖလှယ်ရေးသို့ တက်ရောက်လာမည့်သူများကို Myanmar IT Development မှ အထူးပြုလုပ်ထားတဲ့ E-book, Application နှင့် အခြား အသုံးဝင်သော Software DVD အခွေများကို ၀င်ရောက်ဆွေးနွေးသူများအား လက်ဆောင်အဖြစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းနည်းပညာ ခွေမှာ တောင်းရမ်းသူများ လွန်းနေသော ကြောင့် တခြားလူတွေထက် နောက်မကျစေဖို့ ဆော်သြထား တာကိုလည်း တွေ့ရပါတယ်။ မြန်မာအင်ဖိုတက်ခ် Room - 201, Time 1:00 To 1;45 တွင် ဆွေးနွေးရန်ရှိပါသည်။


အခွေမှာဘာတွေပါမလဲ


အခွေမှာ ဘာတွေပါမလဲဆိုတော့ နည်းပညာဆိုင်ရာ Software များ၊ နည်းပညာဆိုင်ရာ E-book များ၊ အင်္ဂလိပ်စာအထူးလေ့လာ လိုက်စားသူများအတွက် အင်္ဂလိပ်စာအထောက်အကူပြု E-book များ၊ Video များ နှင့် အသံဖိုင်များကို အခွေတစ်ခွေအတွင်း Average အားဖြင့် Data 3.5 G ခန့်ရှိသော DVD အခွေ များစွာကို ပွဲတက်ရောက်ဆွေးနွေးသူများအတွက် လက်ဆောင်ပေးသွားမှာပါ 3.5G ခန့်ရှိသော DVD အခွေများကိုလဲ တစ်ခွေနှင့်တစ်ခွေ အထဲတွင်ပါဝင်သော Data များအား မတူညီအောင် စီစဉ်ထားရှိပါတယ် ဒါကြောင့် မိမိရရှိသော DVD အခွေနှင့် မိမိသူငယ်ချင်းရရှိသော DVD အတွင်းရှိ Data များသည် 3.5 G တွင် 2.5 G လောက်ကမတူညီတာ တွေ့ရပါလိမ့်မယ် တူညီတဲ့ 1G လောက်ကလဲ အသုံးဝင် Applications များနှင့် အသုံးဝင် မြန်မာ E-book များအား အခွေတိုင်း ပါဝင်စေချင်တဲ့သဘောနဲ့ 1G လောက်တူညီစွာ ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်.... .လို့ မြန်မာအိုင်တီဖွံ့ဖြိုးမှုဖိုရမ်မှာ ရှင်းပြထား တာတွေ့ရပါတယ်။


 

No comments:

Post a Comment