ကွန်ပျူတာရှေ့မှာ နာရီပေါင်း များစွာ အလုပ် လုပ်ရသူ တွေဟာ မျက်စိမှုန်တာ၊ ၀ါးတာ၊ မျက်ရည်ပူ ကျတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက် နောက်ကြောထိုးတာ စတဲ့ရောဂါ လက္ခဏာ တွေကို အနည်းနဲ့ အများ ခံစားရ တတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင် မှာ နာရီပေါင်းများစွာ ကွန်ပျူတာ အသုံး ပြုရသူတွေအတွက် အဲဒီလိုရောဂါ ဝေဒနာတွေကို သက်သာ လျော့နည်းစေပြီး သင့်တင့်မျှတတဲ့ ကွန်ပျူတာသုံး ချိန်ဖြစ်အောင် ကူညီပေးမယ့် Software လေးတစ်ခုကို မိတ်ဆက် ပေးချင်ပါ။ Eye Defender ဟာ ကွန်ပျူတာ ရှေ့မှာ နာရီပေါင်းများစွာ အလုပ်လုပ်ရ သူတွေအတွက် အမြင်အာရုံ မထိခိုက် စေဖို့ မျက်စိအနားရအောင် သတိပေးမယ့် Software လေးတစ်ခုပါ။ ကွန်ပျူတာ အသုံးပြုသူ တစ်ယောက်ကို သတ်မှတ် ထားတဲ့ အချိန်တိုင်း မှာ ခဏ တာအနားယူဖို့ သတိပေးမယ့်သူ့ရဲ့ လုပ်ဆောင်ချက်က ရိုးရှင်း ပြီး အသုံးတည့် လှပါ တယ်။
Eye Defender ကို Install လုပ်ပြီး Run လိုက်တာနှဲ့System tray ထဲမှာ နေရာယူလိုက်ပြီး သတ်မှတ်ထားတဲ့ နားချိန်ရောက်တာနဲ့ ကြိုတင် ထည့်သွင်းထားတဲ့ ဓာတ်ပုံတွေနဲ့ Slide Show ပြသပေးခြင်း၊ မျက်စိကို အနားရ စေမယ့် လေ့ကျင့်ခန်းစတင်ပေး ခြင်း၊ ကိုယ့်စက်ရဲ့ Screen saver ကို ပြသပေးခြင်း၊ ဒါမှမဟုတ် System tray နေရာကနေ သတိပေးစာတန်းလေးနဲ့ သတိပေးခြင်း စတာမျိုးတွေကို လုပ်ဆောင် ပေးမှာပါ။ ဒါ ဆိုရင် Eye Defender ကိုသုံးပြီး ဘယ်လောက်ကြာကြာ အလုပ် လုပ်မယ်၊ ပြီးရင် ဘယ်နှမိနစ်လောက် အနားယူမယ်ဆိုတာကို စိတ်ကြိုက် ချိန်ညှိထားနိုင်ပါပြီ။ Eye Defender ကို အခမဲ့ရယူနိုင်ပြီး ဖိုင်ပမာဏ က လည်း သေးငယ် လှတာမို့ www.eterlab.com ကနေ အလွယ်တကူ ဆွဲချ ရယူနိုင်ပါလိမ့် မယ်။
Ref:The Voice Weekly Journal
No comments:
Post a Comment