Friday, February 25, 2011

အင်တာနက် ဆက်သွယ်ရေး မြန်လာမည်ဟုဆို

မြန်မာ-ဗီယက်နမ် SEA Me We 3 အင်တာနက်ဆက်ကြောင်း ချိတ်ဆက်ရန် စတင်စီစဉ်နေပြီး အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းသည် အရှေ့တောင်အာရှ နိုင်ငံများကို ဖြတ်၍ မြန်မာနိုင်ငံ ဖျာပုံမြို့နယ်မှ တဆင့် နိုင်ငံတွင်းသို့ ၀င်ရောက်မည် ဖြစ်ကြောင်းသိ ရ သည်။ ယင်းသို့  အင်တာနက် ကွန်ရက် ချိတ်ဆက်မှုများလေ သတင်းအချက်အလက် ပို့ဆောင်မှု မြန်လေ ဖြစ်လာမည်ဟု ၂၀၁၁ ရန်ကုန် ဘားကမ့်ပွဲ၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာန မှ လက်ထောက် အင်ဂျင်နီယာ ဦးရန်နောင်စိုးက ပြောခဲ့သည်ဟု Barcamp Yangon 2011 ပွဲ သို့ တက်ရောက်သူ တဦးက ပြောသည်။

ဧရာဝတီ သတင်းဌာနမှတင်ပြချက်ကို ဖော်ပြပါသည်

No comments:

Post a Comment