Unicode => Universal Character Encoding
Unicode Consotium ခေါ် NGO အဖွဲ့အစည်းမှ တစ်ကမ္ဘာလုံးရှိ ဘာသာစကားများကို သိမ်းဆည်းနိုင်ရန်/ စာသားများဖလှယ်နိုင်ရန် တီထွင်ထားသော 16 bit character code set standard ဖြစ်သည်။ ISO (International Standard Organization) က ယင်းကို ISO-10646 ဟု သတ်မှတ်ပေးသည်။
Unicode ဖြင့် ဘာသာစကားပေါင်း များစွာကို ဖောင့် တခုတည်းတွင် ထည့်သွင်းနိုင်ပြီး မည်သည့် ကွန်ပျူတာစနစ်တွင်မဆို အသုံးပြုနိုင်ရမည်ဖြစ်သည်။ Computer ဆိုသည်က ကိန်းဂဏန်းများကိုသာ သိသည်ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ ကွန်ပျူတာတွင် ဖတ်မှတ်ခြင်း၊ သိမ်းဆည်းခြင်းများကို ကိန်းဂဏန်းများဖြင့်သာ ပြုလုပ်နိုင်သည်။ ယူနီကုဒ်ကို မတီထွင်မီက ကိန်းဂဏန်းတစ်ခုကို သိရှိနိုင်ရန်အတွက် လျှို့ဝှက်ကိန်းစနစ်များစွာကို အသုံးပြုကြရသည်။ ဘာသာစကား တစ်ခုအတွက် ပြည့်စုံလုံလောက်သော encoding စနစ်များ မရှိပေ။
မြန်မာယူနီကုဒ်၏ အကျိုးတရား
- အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ အလွယ်တကူ ဘာသာပြန်နိုင်မည်။
- မြန်မာဘာသာနှင့် အက္ခရာစဉ်နိုင်မည်။
- မြန်မာဘာသာနှင့် နေ့ရက်၊ အချိန် settingများကို ပြုလုပ်နိုင်မည်။
- မြန်မာစာနှင့် အီးမေးလ်၊ အင်တာနက်များတွင် အသုံးပြုနိုင်မည်။
- အင်တာနက် Browserများကို မြန်မာစာနှင့် ကြည့်နိုင်၊ ရှာနိုင်မည်။
- မြန်မာဘာသာနှင့် ကွန်ပျူတာကို သုံးနိုင်မည်။
မြန်မာ ယူနီကုဒ်ကိုအသုံးပြုခြင်းဖြင့် များမကြာမှီ ဖွံ့ဖြိုးတိုးတက်လာမည့် မြန်မာဘာသာစကားများအတွက် ကွန်ပျူတာသုံးစွဲသူတိုင်း Installation လုပ်ထားသင့်ပါသည်။
ကျနော့်၏ အင်တာနက်စာမျက်နှာလေးသည်လည်း များမကြာမှီတွင် Myanmar Unicode System သို့ တဖြည်းဖြည်း ပြောင်းလဲယူတော့မည် ဖြစ်ပါသည်။ စံနှုန်းစနစ်ကျစွာဖြင့် ကျနော်တို့ မြန်မာတွေအားလုံး အသုံးပြုကြဖို့ရာလိုအပ်လှပါသည်။ မြန်မာ့အိုင်တီ ရေစီးကြောင်းပြောင်းလာသည်နှင့်အမျှ Zawgyi Font သည် နောက်တွင် ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။ မြန်မာယူနီကုဒ်မပေါ်ခင်တုန်းက ကျနော်တို့သည် ဇော်ဂျီကို အဓိက ထားပြီး သုံးစွဲခဲ့ကြသော်လည်း စံချိန်စံညွန်းမှီသော မြန်မာယူနီကုဒ် ပေါ်ပေါက်လာသည့်အခါ ဇော်ဂျီသည် ယူနီကုဒ် အစစ်မဟုတ်တော့ပေ။ ထို့ကြောင့် နောက်လာမည့် အင်တာနက်နည်းပညာစာမျက်နှာများ၊ ပရိုဂမ်များတွင် မြန်မာယူနီကုဒ်ကို တွင်ကျယ်စွာ အသုံးပြုလာကြတော့မည်ဖြစ်သလို ကျနော့် နည်းပညာဆိုဒ်လေးသည်လည်း မကြာခင် နိုင်ငံတကာ စံချိန်စံညွန်းနှင့်ကိုက်ညီသော မြန်မာယူနီကုဒ်ကိုသာ အသုံးပြု တော့မည် ဖြစ်ပါသည်။
ကိုကိုထွန်း
Ref: wikimyanmar, My Study Pages
No comments:
Post a Comment