Saturday, February 26, 2011

အိုင်တီ ပစ္စည်းဆိုတာ မရှိမကောင်း၊ ရှိမကောင်းပါဆိုတဲ့ ဖွေးဖွေး

http://www.yoyarlay.com IT Weekly Journal မှ ကျနော့်ပရိတ်သတ်များအတွက် ကူးယူဖော်ပြပါသည်

အနုပညာ လမ်းကြောင်းပေါ် မှာ တစ်နေ့ထက် တစ်နေ့ အောင်မြင်မှု လမ်းကြောင်းဆီ လှမ်းချီ လာတဲ့ ဖွေးဖွေးနဲ့ စကားပြော ဖြစ်ခဲ့ပါတယ်။ အိုင်တီ ပစ္စည်းတွေကို စိတ်ဝင်စားတတ်တဲ့ ဖွေးဖွေးနဲ့ အိုင်တီ အကြောင်းလေးတွေ ပြောဖြစ်ခဲ့ပါတယ်။

မေး - ဖွေးဖွေးက မကြာခဏ ခရီးတွေထွက်နေရတော့ သွားလာရောယူသွားတဲ့ IT ပစ္စည်းလေးတွေပြောပါဦး။

ဖြေ - iPod ရယ်၊ ပြီးတော့ Laptop လေးကိုတော့ သွားလေရာယူသွားတတ်တယ်။ အခုတောင် အိတ်ထဲထည့် သယ်လာတာ လေးလိုက်တာ။

မေး - အဲဒါလေးတွေကို အမြဲသုံး ဖြစ်တာကရော ဘာကြောင့်လဲ။

ဖြေ - အဓိက Laptop တို့ဘာတို့က ဝိုင်ဖိုင် သုံးလို့ရတယ်။ iPod က သီချင်းနားထောင်၊ ချက်တင်ဝင်တာ မျိုးလုပ်လို့ရတယ်။ သူငယ်ချင်း တော်တော်များများက ဒီမှာမရှိကြဘူး။ ပြည်ပမှာများတော့လေ၊ သူတို့နဲ့စကား ပြောဖြစ်တာလည်းပါတယ်။ ပြီးတော့ ဓာတ်ပုံတွေဘာတွေ ကူးတာပဲဖြစ်ဖြစ်၊ သိမ်းတာပဲဖြစ်ဖြစ် အလွယ်တကူ Laptop နဲ့သုံးဖြစ်တယ်။

မေး - အင်တာနက်ပေါ်ရောက်ရင် ဖွေးဖွေး အများဆုံးသုံးဖြစ်တာ ဘာဖြစ်မလဲ။

ဖြေ - တစ်ခါတလေ ဖက်ရှင်နဲ့ ပတ်သက်တာတွေ ကြည့်ဖြစ်ပါတယ်။ ဒါပေမဲ့ အများဆုံးသုံးတာက G-talk နဲ့ Facebook ပါပဲ။

မေး - ဟုတ်ပါပြီ။ ဖွေးဖွေး အခုသုံးနေတဲ့ ဟန်းဆက်လေးအကြောင်း ပြောပါဦး။

ဖြေ - Sony Ericsson Xperia Mini ပါ။ Sony Ericsson က တောက်လျှောက် သုံးလာတာကြာလှပြီ။ သုံးရတာကြိုက်လို့ပါ။ ပေါ်တာတွေ ခေတ်စားတာတွေကလည်း တစ်မျိုးပြီးတစ်မျိုးပဲ၊ Sony Ericsson တွေခေတ် စားတုန်းကလည်း အဲဒီလိုပဲ၊ ပြီးတော့ ဆိုက်ဘာရှော့သုံးတယ်၊ ပြီးတော့ Blackberry လည်း ပြောင်းသုံး ကြည့်သေးတယ်။ အခုတော့ဒါလေးပဲ သုံးဖြစ်နေတယ်။

မေး - ဟန်းဆက်နဲ့အများဆုံး ဘာတွေလုပ်ဖြစ်လဲ။

ဖြေ - ဟန်းဆက်ကတော့ အဓိက ဖုန်းပြောတာပါပဲ။ ပြီးတော့ ကင်မရာရိုက်တာကြိုက်တယ်၊ ဒီလောက်ပဲ။ ကျန်တာက Laptop နဲ့ပဲ သုံးတာများတယ်။

မေး - ဂိမ်းရော ကစားဖြစ်လား၊ ဘာ ဂိမ်းတွေ အများဆုံး ဆော့ဖြစ်လဲ။

ဖြေ - ဂိမ်းကစားတယ်။ Laptop နဲ့ ဆော့တာများတယ်။ ဂိမ်းအကြီးတွေတော့ မဆော့ဖြစ်ပါဘူး။ စိတ်က Relax ဖြစ်စေတဲ့ ဟာမျိုးပဲဆော့တယ်။ သမီး ကစားတာက မိန်းကလေးကစားတဲ့ ဂိမ်းလေးတွေ ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေတာ မျိုးပဲဆော့တယ်။

မေး - ဖုန်း Ringtone ကိုရော ဘာ သုံးထားလဲ၊ ဘယ်လိုမျိုးလေးတွေပဲသုံးလဲ။

ဖြေ - Ringtone ကိုတော့ သမီးက သီချင်းပဲ ထည့်တာများတယ်၊ ကိုယ်ကြိုက်တာလေးတွေ ရွေးထည့်တာပေါ့။ နောက်ပြီး သူငယ်ချင်း တွေနဲ့တွေ့ရင် Bluetooth ဖွင့်ပြီး အချင်းချင်း ထည့်တာများတယ်။

မေး - IT ပစ္စည်းတွေက အမြဲအသစ် အသစ်ထွက်ပေါ်နေတော့ အသစ်ပေါ်တိုင်း လေ့လာဖြစ်လား၊ လိုချင်မိလား။

ဖြေ - IT ပစ္စည်းတွေကို Crazy တော့ဖြစ်ပါတယ်။ ဒါပေမဲ့ မရရင် သေသွားမယ်လို့တော့ မဟုတ်ဘူး။ အသစ် တစ်ခုပေါ်ရင်တော့ ဝယ်ချင်စိတ်ဖြစ်မိတယ်။

မေး - IT ပစ္စည်းတွေကို စိတ်ဝင်စားတဲ့ သူတစ်ယောက်အနေနဲ့ အခုထိုတိုးတက်လာတဲ့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ - IT ဆိုတာမရှိမကောင်း၊ ရှိမကောင်းပစ္စည်းတွေပါပဲ။ အကျိုးရှိအောင် အသုံးချတတ်အောင်လုပ်ရင် အကျိုးရှိပါတယ်။

No comments:

Post a Comment