Trial Version နဲ့ ပေးထားတဲ့ Softwares တွေကို Expire မဖြစ်ဖို့အတွက် အသုံးပြုတဲ့ Programs တွေနဲ့တော့ အနည်းနဲ့အများ ရင်းနှီးပြီးသား ဖြစ်ကြမယ် ထင်ပါတယ်... အားလုံးသိကြတဲ့အတိုင်းပဲ Trial Version နဲ့ ပေးထားတဲ့ Softwares အများစုက Trial Period ကုန်ဆုံးသွားပြီး ဆိုတာနဲ့ Software ရဲ့ Functioning တွေကို ရပ်လိုက်ပြီး သူတို့ Software ကို ၀ယ်ယူဖို့အတွက် တောင်းဆိုတော့တာပါပဲ... ဒီ Post မှာတော့ Trial Period ကုန်ဆုံးပြီးသွားတဲ့ အချိန်မှာ ဆက်ပြီး အသုံးပြုလို့ရအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်... Trial Program တွေကို ငွေကုန်ကြေးကျ မခံဘဲ အလကားသုံးချင်သူတွေ အတွက် စိတ်ဝင်စားစရာကောင်းမယ်လို့ ထင်ပါတယ်.... :P
Trial Software တွေကို အမြဲတမ်းသုံးလို့ ရအောင် ဘယ်လိုလုပ်မလဲဆိုတာကို မပြောခင်မှာ အဲဒီ Software ရဲ့ Functioning တွေကို နဲနဲရှင်းပြချင်ပါတယ်...
အဲဒီ Software တွေကို Install လုပ်လိုက်တဲ့ အခါ Installed Date and Time , Installed Path စသကဲ့သို့သော အသေးစိတ်အချက်အလက်တွေကို Windows Registary ထဲမှာ အမှတ်အသားပြုလုပ် လိုက်ပါတယ်... သင် run လိုက်တဲ့ Trial Software ဟာ Installation လုပ်ပြီးတဲ့ အချိန်ကစပြီး အချိန်တိုင်းမှာ Current System Date and Time နဲ့ Installed Date and Time ကို အမြဲနှိုင်းယှဉ်ကြည့်ပြီး Trial Period ကုန်ဆုံးပြီလား မကုန်ဆုံးသေးဘူးလား ဆိုတာကို သိကြပါတယ်... Trial Period မကုန်ဆုံးအောင် System Date ကို ပြောင်းထားဖို့ဆိုတာကလည်း ပြဿနာတစ်ရပ် ဖြစ်ပါတယ်... ဒီပြဿနာကို ဖြေရှင်းဖို့အတွက် RusAsDate ဆိုတဲ့ Tool ကို အသုံးပြုနိုင်ပါတယ်...
RunAsDate ဆိုတာကတော့ small utility လေးတစ်ခုဖြစ်ပြီး Program တစ်ခုကို သင် သတ်မှတ်ပေးထားတဲ့ Date နဲ့ Time မှာ Program တစ်ခုကို run ဖို့အတွက် ဖန်တီးပေးပါတယ်... ဒီ utility က Current System Date ကို ပြောင်းလဲပေးလိုက်တာ မဟုတ်ပါဘူး... ဒါပေမယ့် သင် ဆန္ဒရှိတဲ့ application ထဲမှာ သင်သတ်မှတ်ပေးထားတဲ့ date/time ကိုအမြဲတမ်း ဖြည့်ပေးနေဖို့ပဲ လုပ်ဆောင်ပါတယ်...
RunAsDate က kernel API calls တွေကို ကြားဖြတ်ယူလိုက်ပြီး Current date and time ,(GetSystemTime, GetLocalTime, GetSystemTimeAsFileTime) တွေကို returns ဖြစ်သွားစေပါတယ်... အဲဒီနောက်မှာတော့ Current date/time တွေကို သင် သတ်မှတ်ပေးထားတဲ့ date/time တွေနဲ့ အစားထိုးပေးပါတယ်... ဒီ Software က Windows 2000, XP , 2003 နဲ့ Vista တို့မှာ အသုံးပြုနိုင်ပါတယ်...
Trial Software ကို အောင်မြင်စွာ hack နိုင်ဖို့အတွက် အောက်မှာဖော်ပြထားတာတွေကိုတော့ သတိနဲ့လုပ်ဆောင် ရပါလိမ့်မယ်...
(၁) ဒီ Trial Software ကို ပထမဆုံး install လုပ်တဲ့အချိန်မှာ Date နဲ့ Time ကို မှတ်သားထားပါ။
(၂) Trial Period ကုန်ဆုံးပြီးတဲ့အချိန်မှာ RunAsDate ကို အမြဲတမ်း run ထားဖို့လိုပါတယ်။
(၃) Trial Period ကုန်ဆုံးတဲ့အချိန်မှာ Software(program) ကို တိုက်ရိုက် မ run ပါနဲ့ ... တကယ်လို့ တိုက်ရိုက် run မယ်ဆိုရင် ဒီ hack က ကြာကြာခံမှာ မဟုတ်ပါဘူး...
(၄) Trial Period အတွင်းမှာ နောက်ဆုံးနေ့ရဲ့ Date ကို ဖြည့်ပေးတာဟာ အကောင်းဆုံးနဲ့ Safe အဖြစ်ဆုံးပါ။
ဥပမာ - Trial Period ဟာ Jan 30 2009 မှာ ကုန်ဆုံးတော့မယ်ဆိုရင် Jan 29 2009 ကို RunAsDate ရဲ့ Date/Time ထဲမှာ ဖြည့်ပေးဖို့လိုပါတယ်...
Download လုပ်ရန် ... 32 bit and 64 bit အတွက် Links နှစ်ခုပေးထားသည် ကြိုက်ရာမှ Download လုပ်နိုင်သည်
No comments:
Post a Comment