Tuesday, February 22, 2011

EVDO(Evolution-Data Optimized or Evolution-Data only) စနစ်အကြောင်း တစေ့တစောင်း

ယခုတလော ရန်ကုန်နဲ့မန္တလေးမှာ 800mhz ဖုန်းတွေကို အင်တာနက်ဖွင့်ပေးလိုက်ပြီဆိုတာနဲ့ အင်တာနက်သုံးဖို့ ဖုန်းရုံးတွေကို သွားကြတာ အများကြီးပဲ သုံးချင်လို့ သွားလျှောက်ကြတာ ကြိတ်ကြိတ်တိုးပဲ ခက်တာက internet သုံးဖို့က လျှောက်လွှာတင်ပြီးလို့ ကဒ်အသစ်ရရင်တော့ သုံးလို့ရတာမှန်ပေမယ့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးအသုံးပြုမယ်ဆိုရင်တော့ USB Modem ကို ဝယ်ယူကြရပါတယ်။ EVDO (Evolution-Data Optimized or Evolution-Data only) စနစ်ဖြစ်တဲ့အတွက် USB Modem နဲ့သုံးတဲ့အခါဖုန်းပြောလို့မရတဲ့အခက်အခဲတွေရှိနေတာကိုတွေ့ရပါတယ်။ နောက်အခက်အခဲတစ်ခုက ဖုန်း Handset ရွေးချယ်တဲ့ နေရာမှာပေါ့နော် Huawei C5600, C5800 , C5900 စတဲ့ EVDO စနစ်ပါတဲ့ ဖုန်းတွေမှသာ အင်တာနက်အသုံးပြုလို့ရပါတယ်။ USB Modem သုံးစရာမလိုပဲ ဖုန်းနဲ့ ကွန်ပျူတာချိတ်ဆက်ပြီးတော့ မည့်သည့် windows OS မဆို အသုံးပြုလို့ရအောင် လုပ်လို့ရနိုင်ပါပြီ။ လူငယ်တွေအတွက် Android OS အသုံးပြုထားပြီးတော့ EVDO စနစ်ပါတဲ့ Mobile Phone အကြောင်းလေးကိုရှင်းပြသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Android OS အသုံးပြုထားပြီးတော့ EVDO စနစ်ပါတဲ့ Huawei ဖုန်းရဲ့  ပုံစံလေးပါ။ သူက Touch Screen ဖြစ်ပြီးတော့ ဖုန်းနဲ့ အင်တာနက်အသုံးပြုမယ့်လူငယ်တွေအတွက် အဆင်ပြေစေပါတယ် ပြီးတော့ သူ့အတွက်လူငယ်တွေအကြိုက် ဂိမ်းတွေ software တွေပါထပ်မံထည့်သွင်းပြီးတော့ ကစားနိုင်ပါသေးတယ်။


Model no က Huawei C8500 ပါ


ရန်ကုန်မှာတော့ ၁၅၀၀၀၀ ကျပ်ဝန်းကျင်နဲ့ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ Facebook , gtalk စတဲ့ application တွေပါတဲ့အတွက် အသုံးပြုရတာအဆင်ပြေပါတယ်။USB MODEM သုံးစရာမလိုပဲ Handset နဲ့ ကွန်ပျူတာချိတ်ဆက်အသုံးပြုလိုသူများအတွက်ကတော့ အောက်က ဖုန်းလေးတွေနဲ့ အသုံးပြုလို့ရပါတယ် ။
Huawei C8500 ပါ ဈေနှုန်းကတော့ ၁၀၀၀၀၀ ကျပ်ပါ။
ဒါကတော့ Huawei C5700 ပါ


ဈေးနှုန်းကတော့ ၇၅၀၀၀ကျပ်ပါ။ ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုလိုတဲ့ သူများကိုလဲမည်သည့် Windows OS မဆို အသုံးပြုနိုင်ရန် Configure အခမဲ့ဝန်ဆောင်မှုပေးနေပြီလို့ Ko Hla Khine 4T Mobile Sales and Service Center မှအခုလိုသိရှိရပါ တယ်။ (Ref: ပန်းခင်း)



စီဒီအမ်အေ 800MHz ဖုန်းများ အင်တာနက် သုံးစွဲခွင့်အတွက် RUIMကတ် လဲလှယ်ပေးသွားမည်


CDMA 800 MHz ဖုန်းများတွင် EVDO Data စနစ်ဖြင့် အင်တာနက်သုံးစွဲခွင့်ကို ရတနာပုံတယ်လီပို့တွင်ICT ပွဲတော်ကျင်းပပြီး နောက်ပိုင်း၌ ရန် ကုန်နှင့် မန္တလေးရှိ သက် ဆိုင်ရာဌာနများတွင် RUIM ကတ် လဲလှယ်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ရတနာပုံတယ်လီပို့တွင် ကျင်းပမည့် 9th  Myanmar  ICT  Week ပြပွဲတွင် ၄င်းဖုန်းများကို EVDO Data စနစ် စတင်တပ်ဆင်အသုံးပြု ခွင့်ပေးမည် ဖြစ်ပြီး ကနဦးတပ်ဆင်ခ ကျပ် ၃ သောင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။လက်ရှိ CDMA 800 MHz ကိုင်ဆောင်သုံးစွဲနေသူများအနေဖြင့် ၄င်းစနစ်တပ်ဆင်မည်ဆိုပါက RUIM ကတ်လဲလှယ်ရမည်ဖြစ်သောကြောင့် RUIM ကတ်တစ်ပါတည်း ယူဆောင်ရန်လိုအပ်ပြီး အသစ်လျှောက်ထားသူများမှာ တယ်လီဖုန်းအသုံးပြုခွင့်ရပြီးမှသာ ၄င်းစနစ်ကို တပ်ဆင်သုံးစွဲနိုင် မည်ဖြစ်ကြောင်း သိရသည်။”EVDO Data စနစ်ကို အသုံးပြုနိုင်ဖို့အတွက် RUIMကတ်အဟောင်းကို ကတ်အသစ်နဲ့လဲရမယ်။ အဲဒီစနစ်ကို CDMA 800 MHz ဖုန်းတွေမှာပဲ တပ်ဆင်ပေးနေတာပါ” ဟု မြန်မာ့ဆက်သွယ်ရေး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။CDMA 800 MHz ဖုန်းများကို တစ်နိုင်ငံလုံးသို့ သယ်ဆောင်သုံးစွဲခွင့် ပြုပြီးနောက် အဆိုပါ EVDO စနစ်ကိုချထား သုံးစွဲခွင့်ပေးခြင်းဖြစ်ပြီး ၄င်းဖုန်း များကို ရန်ကုန်နှင့် မန္တလေးနှစ်ခုပေါင်း အလုံးရေ ၁၆ဝဝဝဝ ကျော် ချထားပေးပြီး ဖြစ်ကြောင်း သိရသည်။ (Ref:Popular News)


 

No comments:

Post a Comment