nanoနည်းပညာဟာလာမည့်ဆယ်စုနှစ်အတွင်း အရေးပါဆုံးနည်းပညာတစ်ရပ်ဖြစ်လာမှာ မလွဲပါဘူး။nanoနည်းပညာဆိုတာ အကြမ်းဖျင်း ပြောရ ရင် အနုစကြ၀ဠာ အတွင်းမှာရှိသော အရာတွေရဲ့ ဆက်ဆံရေးနဲ့ စပ်လျဉ်းနေတဲ့ နည်းပညာတစ်ရပ်ပါဘဲ။ တစ်နည်းအားဖြင့် အလွန်အနုစိပ်လှတဲ့ atoms များ အတွင်းရှိ ဆက်ဆံရေးဆိုင်ရာ နည်းပညာဖြစ်ပါတယ်။ nanoနည်းပညာဟာ စူးစမ်းလေ့လာနေတဲ့ အချိန်ရဲ့အတိုင်းအတာသဘောကို ပြောမယ်ဆို ရင်လည်းonesecond၏ အပုံတစ်သန်းပုံတစ်ပုံမျှသာရှိမည့် ကာလအတွင်းရှိ ဆက်ဆံ ရေးတွေ အကြောင်းပါဘဲ။
nanoနည်းပညာဟာ အနုစကြ၀ဠာအတွင်းမှာ ရှိတဲ့ရုပ်ကမ္ဘာလေးထဲမှာ ရှိတဲ့ နယ်နမိတ် တွေကိုတဖြေးဖြေး မှေးမှိန် ပျောက်ကွယ်အောင် လုပ်နေပါပြီ။ ဒါကြောင့် အခြေခံဒြပ်စင်တွေရဲ့ Elements သန့်စင်မူဆိုတာရှားပါးလာတော့မှာပါ။ အနာဂါတ် မှာရွှေနဲ့ ကြေးနဲ့ဆိုတာ သိပ်ပြီးကွဲပြားမှာ မဟုတ်တော့ပါဘူး။ ကြေးကနေ ရွှေဖြစ်တော့မည့် ခေတ်တစ်ခေတ်ဟာ မဝေးတော့ဘူးလို့ ဆိုရတော့မှာ ဖြစ်နေပါ တယ်။ ဒီနည်းပညာ ကြောင့်လည်း ဘာသာရပ် ဆိုင်ရာနည်းပညာနယ်နိမိတ်တွေလည်းကွယ်ပျောက်ကုန်ပါလိမ့်မယ်။
Physic, Biology, ChemistryandEngineering နည်းပညာအားလုံးရဲ့ အခြေခံဟာ အတူတူဘဲဆိုတာ ကိုnanoနည်းပညာက သက်သေ ပြနေပါပြီ။ဒီအခါမှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင် အားလုံးလည်း အတူတကွ နီးနီး ကပ်ကပ် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ ခေတ်တစ် ခေတ်ကို ရောက်လာပါတော့မယ်။ဒီလို ဘာသာရပ် အသီးသီးရဲ့ အခြေခံနည်းပညာတွေပါရှိလို့ဘဲ nano နည်းပညာမှာ အနာဂါတ်ရှိတာပါ။
nano နည်းပညာကို ဖော်ထုတ်ခဲ့တဲ့ ခေတ်သစ်ပညာရှင်တွေကတော့ ဂျာမန်ရူပဗေဒပညာရှင် ဂတ်ဘင်းနင်း (Gard Binning) နဲ့ ဆွစ်ဇာလန် နိုင်ငံသား ဟိန်းရစ်ရိုရာ (HeinrichRorear) တို့ပါဘဲ။nano နည်းပညာကို ဖော်ထုတ်နိုင်ခဲ့တဲ့ အတွက် သူတို့ကို ဆွီဒင်အကယ်ဒမီက ၁၉၈၆ ခုနှစ်မှာ နိုဘယ်ဆု ချီးမြင့်ပြီးပါပြီ။ nano နည်းပညာ ဖွံဖြိုးလာခြင်းအားဖြင့် လွန်ခဲ့တဲ့ရာစုနှစ်ဝက် လောက်က "atoms အောက်ရှိ ဆက်ဆံရေးများကို လူတွေ ထိန်းသိမ်း ချုပ်ကိုင်နိုင်စွမ်းရှိမည်မဟုတ်" ဆိုတဲ့ အယူအဆဟာ ပြိုကျသွားခဲ့ရပါပြီ။
ရရှိနိုင်သောအကျိုးကျေးဇူးများ
လောလောဆယ်မြင်ကြည့်ရသလောက်ကတော့ nanoနည်းပညာဟာကွန်ပျူတာလုပ်ငန်း၊ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရဲ့သယံဇာတစွမ်းအင် များ အသုံးချခြင်းလျော့ပါးရေးလုပ်ငန်းတွေမှာ အသုံးတည့်ပါလိမ့်မယ်။နှလုံးသွေးကြော၊ ဦးနှောက် သွေးကြောစသော အရေးကြီး သောသွေးကြော ပိတ်ဆို့ခြင်းများကို nano နည်းပညာကဖယ်ရှားရှင်းလင်းနိုင်စွမ်းရှိပါတယ်။
nano နည်းပညာကြောင့် computer chips တွေရဲ့အချက်အလက်သိုမှီးနိုင်စွမ်းအဆမတန်ကြီမားလာနိုင်ပါတယ်။ဂျာမန် nano ပညာရှင် ဟားရယ် ဖတ်ခ်ျ (Hearaed Fuch) ဒီနေ့သုံးနေကြတဲ့ "Credit Cards" အငယ်စားအရွယ်ရှိတဲ့ Chip ရဲ့မျက်နှာပြင်ပေါ်မှာ သိုမှီးထားတဲ့ ရုပ်ရှင်ဇာတ်လမ်း တွေကို ရုပ်မြင်သံကြားပေါ်မှာ အဆက်မပြတ် nonstop ပြသမှာ ဆိုရင် တစ်နှစ်လောက် အနည်းဆုံးကြာ မယ်လို့ဆိုပါ တယ်။ဘာပဲဖြစ်ဖြစ် အနာဂါတ်ပညာရပ်နယ်ပယ်အသီးသီးမှာ nanoနည်းပညာရဲ့အစွမ်းအစကိုတစ်ကမ္ဘာလုံးက အံ့သြလောက်အောင်မြင်တွေ့ရမှာ ဖြစ်ပါတယ်ခင်ဗျာ။
No comments:
Post a Comment