TFT LCD
TFT ဆိုတာဟာ Thin Flim Transistor နည်းပညာကို အတိုကောက် ခေါ်ဆိုထားခြင်းဖြစ်ပါ တယ်။ TFT LCD တွေကို များသောအားဖြင့် မိုဘိုင်းဖုန်းတွေရဲ့ Display အဖြစ် အသုံးပြုလေ့ ရှိပါတယ်။ TFTLCD တွေဟာ အစော ပိုင်း မျိုးဆက် LCD Display တွေနဲ့နှိုင်းယှဉ်ရင် အရည်အသွေး အလွန်ကောင်းတဲ့ ပုံရိပ်တွေနဲ့ Resolution မြင့် တဲ့ ပုံရိပ်တွေ ကို ဖော်ပြပေးနိုင်ပါ တယ်။ ဒါပေမယ့် မြင်ကွင်းရှုထောင့်ဟာ ကျဉ်းလွန်းပြီး နေရောင်နဲ့ အလင်း တိုက်ရိုက် ကျတဲ့နေရာတွေမှာ ကြည့်ရှုတဲ့အခါမှာတော့ အားနည်းချက်တွေရှိပါတယ်။ အရွယ်အစား ကြီးမားတဲ့ TFT Display တွေဟာ စွမ်းအင်သုံစွဲမှု ပိုမိုများပြားပါတယ်။ ယင်း display ကို ဈေးနှုန်း သက်သာတဲ့ ဖုန်း feature ဖုန်းတွေနဲ့ စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုပါတယ်။
IPS-LCD
In-Place Switching ကို အတိုကောက် ခေါ်ဆိုထားတဲ့ IPS LCD တွေဟာ သာမန် TFT Display များထက် ကျယ်ဝန်းတဲ့ မြင်ကွင်းကို ဖော်ပြပေးနိုင်ပြီး စွမ်းအင်သုံးစွဲမှုကလည်း နည်း ပါးသောကြောင့် ဘတ်ထရီ သက်တမ်းကိုရှည်စေပါတယ်။ IPS LCD တွေဟာ သာမန် TFT LCD တွေထက် ကုန်ကျစရိတ်ပိုမိုတာကြောင့် ယင်းကို စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေမှာ သာတွေ့မြင်ရမှာပါ။ မြင့်မားတဲ့ Resolution ဖြစ်တဲ့ 640x960ဖြင့် ဖော်ပြပေးနိုင်တဲ့ IPS LCD ကို Apple iPhone 4 မှာ အသုံးပြုထားပြီး ၎င်းကို Retina Display လို့လည်း အမည် ပေး ထားပါတယ်။
Resistive Touchscreen LCD
Touchscreen LCD Display တွေမှာ Resistive နဲ့ Capacitive ဆိုပြီး နှစ်မျိုးရှိပါတယ်။ Resistive Touchscreen တွေဟာ capacitive touch screen တွေလောက် တုံ့ပြန်မှုကောင်းမွန်ခြင်းမရှိပဲ stylus ဖြင့် အသုံးပြုရာမှာလည်း ထိတွေ့မှုတိကျရန်လိုအပ်ပါတယ်။ ၎င်းကို စွမ်းဆောင်ရည်နိမ့်တဲ့ စမတ်ဖုန်းတွေနဲ့ feature touch ဖုန်းတွေမှာ သုံးပါတယ်။
Capacitive Touch screen LCD
Capacitive Touch screen LCD နည်းပညာမှာတော့ indium tin oxid လိုမျိုး ထွင်းဖောက်မြင်နိုင်တဲ့ လျှပ်ကူး ပစ္စည်းဖုံးအုပ်ထားတဲ့ ဖန်သားလွှာတစ်ခုပါဝင်ပါတယ်။ Capacitive Touch screen တွေဟာ resistvie touchscreen တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ တုံ့ပြန်မှု ပိုမိုကောင်းမွန်တာကြောင့် စွမ်းဆောင်ရည်မြင့်တဲ့ စမတ်ဖုန်း တွေမှာ အဲဒီ touch screen ကို အသုံးပြုကြပါတယ်။
OLED
Organic Light Emitting Diode ကို အတိုကောက်ခေါ်ဆိုထားတဲ့ OLED ဟာ မိုဘိုင်း နဲ့ မော်နီတာများအတွက် နည်းပညာသစ်တစ်ခုဖြစ်ပါတယ်။ OLED နည်းပညာ ကာဗွန် အခြေခံ Organic အလွှာနဲ့ anode နဲ့ cathode ကြားမှာ ထည့်သွင်းထားပါတယ်။ ၎င်းဟာ ဖန်သားပြင် ရဲ့ထိပ်ဘက်နဲ့ အောက်ခြေကို တစ်လှည့်စီ ပြောင်းလဲပေး နိုင်ပါတယ်။ Anode နဲ့ Cathode မှာ လျှပ်စစ်စီးဆင်းမှုဖြစ်ပေါ်တဲ့အခါမှာတော့ ကြားအလွှာမှာရှိတဲ့ အော်ဂင်းနစ် အလွှာ ဟာ အလင်းကို တိုက်ရိုက်လွှတ်ပေးပါတယ်။ အလင်းနဲ့အရောင်ကတော့ လျှပ်စစ်စီးဝင်မှု အပေါ်မူ တည်ပြီး ကွဲပြား ပါတယ်။OLED တွေဟာ ထူးခြားတဲ့အရောင်ထုတ်လွှတ်ခြင်း တုံ့ပြန်မှု မြန် ဆန်ခြင်း မြင်ကွင်း ကျယ်ကြည့်ရှုနိုင်ခြင်း အလင်းတောက် ပခြင်းနှင့် ပေါ့ပါးတဲ့ဒီဇိုင်းတို့ကြောင့် LCD တွေနဲ့ နှိုင်း ယှဉ်တဲ့ အခါမှာ အလွန်သာလွန်ပါတယ်။
AMOLED
AMOLED ဆိုတာကတော့ Active Matrix Organic Light Emitting Diode ကို အတိုကောက်ခေါ်ဆိုထားတာ ဖြစ်ပါတယ်။ AMOLED display တွေဟာ မိုဘိုင်းနဲ့ ထိပ်တန်း စမတ်ဖုန်းတွေမှာ တွင်ကျယ်စွာ အသုံးပြုနေတဲ့ OLED အမျိုးအစားတစ်ခုဖြစ်ပါတယ်။ OLED display တွေလို တောက်ပတဲ့အရောင်ထုတ်လွှတ်ပေးနိုင်ခြင်း ပေါ့ပါးခြင်း၊ ဘတ်ထရီသက်တမ်း ရှည်လျားခြင်း၊ စတဲ့အင်္ဂါရပ်တွေပိုင်ဆိုင်ပါတယ်။
Super AMOLED
Super AMOLED display တွေကတော့ AMOLED display ကို အဆင့်မြှင့် တင် ထားခြင်းဖြစ်ပါ တယ်။ Super AMOLED display တွေကို touch sensor များနဲ့ ထည့်သွင်း တည်ဆောက် ထားပြီး ဒါဟာ ဈေးကွက်ထဲမှာ အပါး လွှာဆုံး display နည်းပညာဖြစ်ပါတယ်။ Super AMOLED display တွေဟာ အခြား AMOLED display တွေ ထက် တုံ့ပြန်မှုပိုမိုကောင်းမွန်ပါတယ်။ လက်ရှိမှာ Samsung ရဲ့နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Samsung Glalaxy S 19000 မှာ Super AMOLED ကို အသုံးပြုထားပါတယ်။
Gorilla Glass
Gorilla Glas ဆိုတာကတော့ မိုဘိုင်း display တွေ ကို ခြစ် မိခြင်း၊ ပြုတ် ကျခြင်း ၊ ဆောင့်မိခြင်း တို့ကြောင့် display ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ alkali aluminiosilicate ဖန်သားပြင်ဖြစ် ပါတယ်။ Motorala, Samsung နဲ့ Nokia စတဲ့ ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့ မိုဘိုင်း display တွေကို အကြမ်းပတမ်းခံနိုင်ဖို့ အတွက် Gorilla Glass ကို အသုံးပြုကြပါတယ်။
Haptic/Tactile Touch screen
Haptic ဆိုတာကတော့ blackberry နဲ့ Nokia တို့က သူတို့ရဲ့ touch screen စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာကို user performance မြှင့်တင်ပေးခြင်းနဲ့ touch screen ပေါ်မှာ စာရိုက် ခြင်းတို့မှ တိကျစေရန်အတွက် အသုံးပြုပါတယ်။
Retina Display
Retina Display ဆိုတာကတော့ iPhone 4 မှာ အသုံးပြုထားတဲ့ High Resolution 640x960 pixels နဲ့ ဖော်ပြ ပေးနိုင်တဲ့ IPS LCD ကို Apple က အမည်ပေးထားခြင်း ဖြစ်ပါတယ်။ pixels တွေကို လူ့မျက်လုံးနဲ့ ခွဲခြားသိမြင် လို့မရတဲ့အတွက် retina display လို့ခေါ် ဆိုခြင်း ဖြစ်ပါတယ်။နောက်တင်မယ့် Post များတွင် Cell Phone တစ်လုံး ဘယ်လိုဝယ်ယူမ လဲဆိုတဲ့ လမ်းညွန်လေးကို တင်ပြပေး သွားပါမည်။
No comments:
Post a Comment