Sunday, April 24, 2011

CDMA800 များ အင်တာနက်လိုင်းမပွင့်သေးပါက မြန်မာ့ဆက်သွယ်ရေးတွင်ပြုလုပ်နိုင်မည်

ရတနာပုံတယ်လီပို့ပြပွဲတွင် ရောင်းချပေးခဲ့သော CDMA 800 MHz ဖုန်းများအတွက် အင်တာနက်အသုံးပြုခွင့်များတွင် လက်ရှိအချိန်အထိ အသုံးပြုခွင့်မရရှိသေး သောဖုန်းများရှိပါကမြန်မာ့ဆက်သွယ်ရေးသို့ အကြောင်းကြားစုံစမ်းကာ အသုံးပြုခွင့်ရရှိနိုင်ရန်အတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ အင်တာနက်အသုံးပြုခွင့်မှာ GSM ဖုန်းများတွင်မူ EDGE စနစ်ဖြစ်ပြီး CDMA ဖုန်းများတွင် CDMA 3G EVIDEO စနစ်တစ်ခုဖြစ်ကြောင်းသိရသည်။ ထိုသို့အသုံးပြုရန် အတွက် အကောင့်တစ်ခုရှိရန်လိုအပ်ပြီး ယင်း Service အားမရရှိသေးသောဖုန်းများရှိခဲ့ပါက မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆက်သွယ်အကြောင်းကြားကာ ပြုလုပ်နိုင် ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးမှပြောသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ၎င်းမှပြောပြရာတွင် “ဒီစနစ်ကို အသုံးပြုခွင့်ပေးနေပါပြီ။ ရတနာပုံပြပွဲမှာဝယ်ယူခဲ့တဲ့ ရန်ကုန်ကလူတွေထဲမှာ သုံးလို့ရနေတဲ့သူတွေရှိနေပါပြီ။ ဒါပေမယ့် တစ်ချို့ဖုန်းတွေမှာမရသေးဘူးလို့ပြောကြပါတယ်။ အဲဒီလိုသုံးလို့ မရသေးတဲ့ ဖုန်းတွေရှိတယ်ဆိုရင် အကြောင်းကြားလို့ရပါတယ်။ ဒီစနစ်မှာအင်တာနက်အသုံးပြုနိုင်ဖို့အတွက် Username နဲ့ Password ရှိပါတယ်။ အဲဒါကိုကတ် အသစ်လဲပေးလိုက်ကတည်းက တစ်ခါတည်းလုပ်ပေးပြီးသားပါ။ ဒါပေမယ့်သုံးလို့မရသေးဘူးဆိုရင်တော့ အကြောင်းကြားလို့ရပါတယ်” ဟုပြောသည်။ ထို့အပြင် မကြာမီအချိန်အတွင်း၌ ရန်ကုန်မြို့ရှိ CDMA 800 MHz စနစ်အသုံးပြုသူများအတွက် အင်တာနက်အသုံးပြုခွင့်များအား ပြုလုပ်ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။ ၎င်းစနစ်ဖြင့် အင်တာနက်အသုံးပြုရာတွင် ဖုန်းဖြင့်တိုက်ရိုက်ဖြစ်စေ၊ ဖုန်းအားကွန်ပျူတာဖြင့်ချိတ်ဆက်၍ဖြစ်စေ နှစ်မျိုးစလုံးဖြင့် အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။
(Ref:Internet Journal)

No comments:

Post a Comment