Monday, April 25, 2011

သင့်PCရဲ့ သိုလှောင်မှုစွမ်းရည်ကို တိုးမြှင့်ရအောင်

HDD သိုလှောင်မှုကို တိုးမြှင့်ရအောင်


သင်အနေနဲ့ ကွန်ပျူတာ တစ်လုံးဝယ်ပြီးကာစမှာ HDD တစ်ခုလုံး နေရာလွတ်တွေက အတော်များတာကို တွေ့ရပါတယ်။ Application တွေ ထပ်တင်လိုက်၊ ဆော့ဖ်ဝဲ အတိုအထွာလေးတွေ တင်လိုက်၊ ပုံပေါင်းစုံ စုလိုက်နဲ့ ဖိုင်တွေတိုးလာလိုက် တာတို့ လုပ်လို့ Disk Defragmenter တောင် မရတော့တာမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီတော့ HDD အသစ်တစ်လုံး ထပ်တိုး ဖို့ စီစဉ်ရပါပြီ။ အဲဒီ အသစ်တစ်လုံးကို နောက်ဆက်တွဲ Secondary အဖြစ် သတ်မှတ်မယ်ဆိုရင် ပြဿနာမရှိပါ။ Jumper Setting ကို Slave မှာထားပြီး နေရာလွတ် Drive bay မှာ ထည့်ပြီး ဘေးနှစ်ဖက် ၀က်အူတပ်ရပါမယ်။ လိုအပ်တဲ့ ပါဝါကြိုးနဲ့ ဆက်သွယ် Connector ကြိုးကို တပ်ပြီး ကွန်ပျူတာကို ပြန်ဖွင့်ကြည့်ပါ။ လက်ရှိ Window စနစ်က အဲဒီHDD အသစ်ကို လက်ခံတယ်ဆိုရင် လုပ်ငန်းပြီးတာပါပဲ။


အဲဒီလို မဟုတ်ပဲ နောက်ထပ်တပ်ဆင်တဲ့ HDD အသစ်မှာ Window စနစ်ကို ထားပြီး ပထမဦးစားပေး Primary အဖြစ် သတ်မှတ်ဆိုရင်တော့ သင့်တော်တဲ့ လုပ်ငန်းသုံး ဆော့ဖ်ဝဲ သို့မဟုတ် Tool တစ်ခုခုကို သုံးရပါမယ်။ ဘာဖြစ်လို့လဲဆို တော့ ဖိုင်တွေကို အဲဒီ HDD အသစ်ထဲသို့ ကူးထည့်တဲ့အခါ အဆင်မပြေဖြစ်နိုင်လို့ပါ။ ဆိုလိုတာက ပုံမှန်ဖိုင်များကို ကော်ပီနဲ့ ပြောင်းထည့်ထည့်၊ Drag & Drop နည်းနဲ့ ကူးထည့်ထည့် အဆင်ပြေနိုင်ပေမယ့် စနစ်ဖိုင်များနဲ့ application တို့ ကို ကူးပြောင်းဖို့ရာ အခက်အခဲရှိနေပါမယ်။ My Documents လို Folder ၊ Window Folder မျိုးကို ပြောင်းဖို့ဆိုတာ မလွယ်ပါ။


Drive အသစ်ကို ပထမဦးစားပေး Primary အဖြစ် သုံးခြင်း


HDD အသစ်မှာ ၀င်းဒိုးစနစ်သုံးချင်တယ်ဆိုရင် မူလHDD အဟောင်းထဲက ၀င်းဒိုးစနစ်ကို Drag and Drop လည်း လုပ်မရ၊ Cut and Paste လည်း လုပ်မရနိုင်ပါ။ ၎င်းတွင် ဖျောက်ထားတဲ့ Hidden ဖိုင်တွေ အများကြီး ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ နားမလည်နိုင်တဲ့ အချက်တွေလည်း အများကြီးပါ။ ဒီတော့ ကြားခံဆော့ဖ်ဝဲ တစ်ခုခုကို သုံးကြည့် ရအောင်။ Norton Ghost နဲ့ ကြိုးစားကြည့်ရအောင်။ သူက ဖိုင်တွေကို Backup လုပ်ပေးတဲ့ နေရာမှာ အတော်ကောင်း တယ်လို့ သိရပါတယ်။ Symantec က ထုတ်လုပ်ပါတယ်။ နောက်ဆုံး Version က Norton Ghost 14.0 ဖြစ်ပါတယ်။ ဒေါ်လာ ၈၀ ကျော် ကျသင့်ပါမယ်။ ၎င်းဆော့ဖ်ဝဲကို သုံးပြီး HDD အဟောင်းက ဖိုင်အားလုံးကို HDD အသစ်ထဲသို့ လွယ်ကူစွာပြောင်းနိုင်ပါမယ်။ သင့် ပီစီမှာ ဘာမှ အပြောင်းအလဲမဖြစ်သလိုမျိုးဆက်ပြီး သုံးရုံပါ။ အသုံးပြုနည်းကိုတော့ မဖော်ပြတော့ပါ။ Norton Ghost ဆော့ဖ်ဝဲကို သုံးရမှာ အခက်အခဲရှိတယ်ဆိုရင် Cubic Reality Software က ထုတ်လုပ် တဲ့ Drive Image XML ကို သုံးကြည့်ပါ။ သူလည်း Backup နဲ့Restore လုပ်ငန်းစဉ်မှာ ထင်ရှားတဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ သင့်ရဲ့ HDD အသစ်ထဲကို ဖိုင်အားလုံး ပြောင်းထည့်ပေးပါလိမ့်မယ်။ အရွယ်အစား 2MBမျှသာ ဖြစ်ပြီး Freeware ဖြစ်လို့ သင့်အနေနဲ့ Download ချ ရယူနိုင်ပါလိမ့်မယ်။


 Drive အသစ်ကို ဒုတိယ Secondary အဖြစ်သုံးခြင်း


သင့်အနေနဲ့ ကွန်ပျူတာမှာ နေရာ ပိုလိုချင်လို့ HDD အသစ်တစ်လုံး တပ်တာဆိုရင် အခက်အခဲမရှိပါ။ ရှေ့မှာ ရေးထားတဲ့ အတိုင်း တပ်ဆင်ရုံပါ။ Jumper Settings ကို Slave အဖြစ်ချိုးပြီး လွတ်နေတဲ့ Drive bay မှာတပ်ပါ။ ၀က်အူ လေးခုတပ် ပြီး ပါဝါကြိုးနဲ့ Data ကြိုးများကို တပ်ပါ။ သတိပြုစရာအချက်က ပါဝါကြိုးရဲ့ အနီရောင်ကြိုးနဲ့ IDE Cable ကြိုးဘေးက အနီရောင်လိုင်းသည် မျက်နှာချင်းဆိုင်ဖြစ်ရပါ့မယ်။ လိုအပ်ရင် FAT သို့မဟုတ် NTFS Format  ချပြီး Partation  ခွဲလိုက ခွဲပါ။ Drive အမည်ပေးပါ။ Drive Letter ကိုတော့ ၀င်းဒိုးစနစ်က အလိုအလျောက်ပေးပါလိမ့်မယ်။ သင့်အနေနဲ့ Drive Letter ပြောင်းလိုက ပြောင်းနိုင်ပါတယ်။


အဲဒီ HDD အသစ်ထဲကို ကိုယ်ပိုင်ဖိုင်တွေ၊ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ကူးပြောင်းချင်ရင် ဆော့ဖ်ဝဲ တစ်ခုခု သုံးရပါမယ်။ ဥပမာ Cubic Explorer သည် ဖိုင်များ စီမံဆောင်ရွက်ပေးရာမှာ အသုံးဝင်ပါတယ်။ ဖိုင်၊ ဖိုလ်ဒါများကို ရှာရာ မှာလည်း မြန်ပါတယ်။


Ref:www.pcdvisor.co.uk


HDD အသစ်တလုံး တပ်ဆင်ခြင်း


ယနေ့အချိန်အခါမှာ ကွန်ပျူတာသုံးသူများသည် မိမိတို့ရဲ့ ပီစီပုံးကိုဖွင့်ပြီး HDD တပ်ဆင်ခြင်းလုပ်ငန်းကို ကိုယ်တိုင် လုပ်ဆောင်နိုင်ကြပါတယ်။ သတိပြုစရာက အဲဒီ HDD ဆက်သွယ်တဲ့ကြိုး Connector အမျိုးအစားတူရပါမယ်။ IDE ဆို IDE နဲ့ SATA ဆို SATA Connector ဆိုပါတော့။ ပထမဆုံး ပီစီနဲ့ဆက်သွယ်ထားတဲ့ ပါဝါကြိုးကို လုံးဝပိတ်ပါ။ ဖြုတ်ပါ။ ပုံးကိုဖွင့်ပါ။ HDD အဟောင်းကို မသုံးတော့ဘူး။ လုံးဝဖြုတ်မယ်။ လဲမယ်ဆိုရင် ရှိထားတဲ့ HDD အဟောင်းရဲ့ ပါဝါကြိုးနဲ့ Connector ကို ဖြည်းဖြည်းဆွဲဖြုတ်ပါ။ ဘေးနှစ်ဖက်မှာ တပ်ထားတဲ့ ၀က်အူတွေကို လှည့်ဖြုတ်ပါ။ HDD ကိုဆွဲဖြုတ်ပြီး HDDအသစ်ကို အဲဒီနေရာမှာ ပြောင်းတပ်နိုင်ပါတယ်။ မူလ HDD ကိုလည်း သုံးမယ်။ နောက်ထပ် HDD တစ်လုံး ထပ်တပ်တယ်ဆိုရင်HDDအဟောင်းကို ထိစရာမလိုပါ။ အဲဒီ HDDနဲ့ကပ်ရက် Dirve Bay မှာ အသစ်ကို ထပ်တပ်ရပါ မယ်။ ပြီးရင် ပါဝါကြိုးနဲ့ connector ကြိုးတွေတပ်ဆင်ပါ။ Connector အဖြစ် IDE ကြိုးလား၊ SATA လားဆိုတာကို သိပြီး ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ကွန်ပျူတာစန်စ ထည့်ထားတဲ့ HDD သည် Master နဲ့ အပိုHDD သည် Slave ဆိုတာကို လည်း Jumper Setting မှာ ပြောင်းဖို့ သတိပြုပါ။ ပြီးရင်ပုံးကိုး ပြန်ပိတ်ပြီး ကွန်ပျူတာကို ဖွင့်ပါ။ ၀င်းဒိုးစနစ်က အဲဒီ HDD အသစ်ကို အလိုအလျောက် လက်ခံပါလိ့မ်မယ်။ ဒီလိုမဟုတ်ဘဲ HDD အသစ်မပေါ်ခဲ့ရင် Motherboard Manual ကို ပြန် ဖတ်ပြီး စစ်ဆေးပါ။ ကွန်ပျူတာနားလည်ကျွမ်းကျင်သူထံ အကူအညီတောင်းခံရပါလိ့မ်မယ်။




No comments:

Post a Comment