Google က Facebook ကို အလဲထိုးနိုင်မယ့် လူမှုရေး Site တစ်ခုကို Google+ ဆိုပြီး ထုတ်ပါပြီ။ စမ်းသပ် အဆင့်မှာ အကန့်အသတ်တွေနဲ့လုပ်ထားသေးတယ်။ Facebook လောက်တော့ ရဦးမယ်မထင်ပါဘူး။ Google က ထူးခြားစွာနဲ့ content share ဆိုတာထည့်ပေးထားတာကတော့ ထူးခြားတယ်။
Google+ မှာ တစ်ဦးချင်းသာမက ကိုယ့်အုပ်စုလိုက် Circles ထဲမှာ ၀င်ထားလို့ရတယ်။ လူတစ်ဦးချင်းစီကို လည်း update လိုက်လုပ်နေလို့ရတယ်။ အများစုပေါင်းထားတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရင် စည်းဖောက်ပြီး မဟုတ်တာကို ကိုယ်တစ်ယောက်တည်းက ချွန်ပြီးလုပ်လို့မရအောင် ထိန်းထားပေးတယ်။ Google+ ထဲက Sparks ဆိုတာ ကိုယ့်အကြောင်းအဖွဲ့အကြောင်း အမြဲ update လုပ်လို့ရတဲ့နေရာပါ။ Sparks နဲ့ ကိုယ့် contentတွေကို Share လုပ်လို့ရပါတယ်။ ကိုယ်လုပ်လိုက်တဲ့ Share ဟာ ကိုယ့် circles နဲ့လည်း ပတ်သက် သွားအောင် လုပ်လို့ရသလို၊ မပတ်သက်အောင်လည်း ထိန်းလို့ရတယ်။
Google က ဗွီဒီယိုနဲ့ရုပ်သံကြား Chatting လုပ်နိုင်အောင် စီစဉ်ပေးထားတယ်။ ဒီကဏ္ဍကိုတော့ Google က Hangouts လို့ ခေါ်ထားတယ်။ မိတ်ဆွေသူငယ်ချင်းတွေ အားလုံးစုပြီး Chatting လုပ်နိုင်တယ်။ Google+ မှာ မိုဘိုင်းတွေနဲ့ပူးတွဲသုံးလာနိုင်စရာ အများကြီးရှိတယ်။ Android OS သုံးသူတွေ Huddle ဆိုတဲ့ အုပ်စုလိုက် စာပို့ နိုင်တဲ့ ၀န်ဆောင်မှုကို ရနိုင်တယ်။ ပုံတွေကိုလည်းGoogle+ ထဲမှာ အော်တို Backup လုပ်ထားနိုင်တယ်။ Google က လူမှုရေးလမ်းကြောင်းကို လိုက်နေတာတော့ သေချာပြီ။ Facebook ကို ဘယ်လို နလံမထူနိုင် အောင် လုပ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရလိမ့်မယ်။ (Ref: Itzien Journal)
ကောင်းရေ သတင်းတစ်ခုဖြစ်လို့ ကောက်ယူတင်ပီးလိုက်ပါယင့်
ReplyDeleteမြတ်နိုင်
www.mratnaing.wordpress.com