ဆယ်စုနှစ်တစ်ခုဖြစ်တဲ့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ - ၁၁ခုနှစ်ကာလအတွင်းမှာ ဆန်းသစ်တဲ့တီထွင်ဖန်တီးမှုတွေနဲ့ပြည့်နှက်ခဲ့ပြီး ထွက်ရှိလာခဲ့တဲ့ထုတ်ကုန် တွေ၊ ၀န်ဆောင်မှုတွေနဲ့ နည်းပညာတွေဟာလည်း မမှတ်မိနိုင်တော့လောက်အောင်ကို များပြားခဲ့ပါတယ်။ အဲ့ဒီလိုများပြားလှတဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေနဲ့ နည်းပညာတွေထဲမှာမှ အောင်မြင်ကျော်ကြားခဲ့တဲ့ နည်းပညာထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေကို ဖော်ပြလိုက်ပါတယ်။ တကယ်တော့ ဒီနည်းပညာတွေဟာ နည်းပညာခေတ်ကို ပြောင်းလဲအောင်ဝိုင်းဝန်ပုံဖော်ပေးနေကြတဲ့ အမှတ်ရဖွယ်မှတ်တိုင်တွေပါပဲ။ ဒီမှာမပါတဲ့ သို့မဟုတ်မပါသေးတဲ့ အရာတွေလည်းရှိနေပါသေးတယ်။ ဒီနည်းပညာတွေဟာ လူသမိုင်းဒိုင်ယာရီထဲက ဒိုင်ယာရီတစ်ခုပါပဲ။
Apple iPhone
ဆယ်စုနှစ်အတွင်းမှာ အံအားသင့်ဖွယ်ကောင်းတဲ့ နည်းပညာထုတ်ကုန်တွေဟာ မရေတွက်နိုင်လောက်အောင် ထွက်ပေါ်လာခဲ့ပေမယ့် စတိဗ်ဂျော့ဘ် ရဲ့မှော်အစွမ်းနဲ့ပြုလုပ်ထားတဲ့ iPhone ကတော့ လူကြိုက်အများဆုံး နည်းပညာထုတ်ကုန်တစ်ခုဖြစ်လာပါတယ်။ ပထမဦးဆုံး iPhone စမတ်ဖုန်းကို ၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက်မှာစတင်ရောင်းချခဲ့ချိန်မှ ယခုအချိန်အထိ အလုံးရေ သန်း ၄၀ နီးပါးရောင်းချခဲ့ရပြီးဖြစ်ပါတယ်။ လက်ရှိ iPhone ဗားရှင်းဟာလည်း စကားပြောရင်း အင်တာနက်အသုံးပြုခြင်း၊ video chat ပြုလုပ်ခြင်း စတာတွေကိုပါ ပြုလုပ်နိုင်တာကြောင့် ဖုန်းတစ်လုံး ရဲ့လုပ်ဆောင်နိုင်စွမ်းကို Apple ကလုံးဝပြောင်းလဲပစ်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ Google Search Engine နဲ့အောင်မြင်ခဲ့တဲ့ Google ဟာ ဆယ်စုနှစ်ရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ယခုအခါမှာတော့ search engine အပြင် အီးမေးလ်၊ ဓာတ်ပုံဝေမျှခြင်း၊ စမတ်ဖုန်း တီထွင်ခြင်း၊ မိုဘိုင်း operating system နဲ့ လမ်းကြောင်းပြမြေပုံစတဲ့ဝန်ဆောင်မှုများစွာကိုပေးနေတဲ့ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်နေပါပြီ။
GPS
၂၀၀၀ ခုနှစ်မှစတင်ကာ စစ်တပ်သုံးအဆင့်မြင့် GPS signal ကို ပြည်သူတွေအသုံးပြုနိုင်ရန်အတွက် အစိုးရကခွင့်ပြုပေးခဲ့တဲ့ GPS ကို ကားငှားရမ်း တဲ့ကုမ္ပဏီများက စတင်အသုံးပြုခဲ့ပြီး ယခုအခါမှာတော့ လူတိုင်းလိုလိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ တိကျမှန်ကန်ပြီး မယုံနိုင်လောက် အောင် အသုံးတည့်တဲ့လမ်းကြောင်းပြကိရိယာ GPS တွေဟာ ကားမောင်းသူတွေကို ကျပ်တည်းနေတဲ့လမ်းကြောင်းတွေကနေ ရှောင်လွဲနိုင်စေပါတယ်။ ဒါ့အပြင် လက်ရှိ GPS တွေကိုဒီဇိုင်းအမျိုးမျိုးအပြင် feature အသစ်တွေထည့်သွင်းကာ ထုတ်လုပ်လျက်ရှိပါတယ်။
Social Networking Sites
ယနေ့ခေတ်မှာ လူမှုရေးကွန်ရက်ဆိုက် (Social Networking Site) များဟာ အမျိုးမျိုးထွက်ပေါ်နေပေမယ့် Facebook နဲ့ Twitter တို့ကတော့ အအောင်မြင်ဆုံးလူမှုရေးကွန်ရက်ဆိုက်များအဖြစ် ရပ်တည်ခဲ့ပြီး Facebooking, Twittering, Tweeting စတဲ့အသုံးအနှုန်းများ တွင်ကျယ်လာတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ကစတင်ခဲ့တဲ့ Facebook မှာအသုံးပြုသူ သန်း ၅၀၀ ကျော်ရှိပြီဖြစ်ပါတယ်။
USB Flash Drive
Floppy disc တွေကိုအဆုံးသတ်စေခဲ့တဲ့ USB Flash drive တွေဟာ ဈေးနှုန်းသက်သာပြီး အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့အပြင် သုံးရလွယ်ခြင်း၊ အချက်အလက်များကို အသစ်ပြန်လည်ရေးမှတ်နိုင်ခြင်းတို့ကိုပါ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သိုလှောင်မှုပမာဏလည်းများပြားပြီး 256GB အထိသိမ်းဆည်းနိုင်တဲ့ USB Flash Drive တွေတောင် ထွက်ပေါ်နေပါပြီ။
Windows XP
Windows XP ဟာ Microsoft ရဲ့ Windows operating systemတွေထဲမှာ နှစ်သက်ဖွယ်အကောင်းဆုံးနဲ့ လူသုံးအများဆုံး operating system ဖြစ်ပါတယ်။ Windows XP ကို netbook တွေမှာ ထည့်သွင်းအသုံးပြုတဲ့အချိန်မှာတော့ XP ရဲ့ထင်ပေါ်ကျော်ကြားမှုဟာ ပိုပြီးကြီးထွားလာခဲ့ပါတယ်။ နောက်ပြီး Windows Vista ထွက်ပေါ်လာခဲ့တဲ့ အချိန်မှာတောင် Vista user များဟာ XP ကိုသာ ပြောင်းလဲအသုံးပြုခဲ့ကြပါတယ်။ အလွန်လျင်မြန်တဲ့ Windows 7 ထွက်ပေါ်လာတဲ့အခါမှာတော့ Windows XP အသုံးပြုစဉ်ကနဲ့တူညီကြောင်း user များက၀န်ခံခဲ့ကြတဲ့အထိ အောင်မြင်ခဲ့တဲ့ operating system ဖြစ်ပါတယ်။
TiVo
အီလက်ထရွန်နစ်တီဗီအစီအစဉ်တွေကို ထောက်ပံ့ပေးတဲ့ TiVo ဟာ အိမ်သုံးဖျော်ဖြေတင်ဆက်မှုနဲ့ တယ်လီဗေးရှင်းကွန်ရက်တွေကို လုံးဝပြောင်းလဲ အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် မတ်လမှာ TiVo ကို တင်ပို့ရောင်းချခဲ့ပေမယ့် တကယ်စစ်မှန်တဲ့အရောင်များနဲ့ TiVo digital device ကိုတော့ ၂၀၀၃ ခုနှစ်မှာပွဲထုတ်ခဲ့ပါတယ်။ အဆိုပါ device ကို FCC ဥက္ကဌက ဘုရားသခင်ပေးတဲ့စက်လို့ အမည်ပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ TiVo ကိုလစဉ်ကြေးပေးပြီးအသုံးပြုသူ ၄.၄ သန်းကျော်ရှိခဲ့ပါတယ်။
Apple iPod
Apple iPod ကို ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က စတင်ပွဲထုတ်ခဲ့ပြီး အစပိုင်းက MP3 player တစ်ခုအဖြစ်နဲ့သာ တစ်ကမ္ဘာလုံးက သိထားကြပါတယ်။ ဒါပေမဲ့ Apple ဟာ ၎င်းရဲ့နည်းပညာနဲ့ MP3 player ဆိုတာတွေကို ပြောင်းလဲပစ်ခဲ့ပြီး iPod ကို MP3 player ရဲ့စံအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။
Nintendo Wii
ဆယ်စုနှစ်ရဲ့ အကောင်းဆုံးဆန်းသစ်တဲ့ နည်းပညာထုတ်ကုန်တွေအကြောင်းမှာ Nintendo Wii မပါလို့မဖြစ်ပါဘူး။ Nintendo Wii ဟာ ၂၀၀၆ ခုနှစ်မှ ပထမဦးဆုံးထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုဂိမ်းတွေကစားနည်းကို လုံးဝပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ Wii ဂိမ်းရဲ့ထူးခြားချက်ကတော့ ယောဂကျင့်စဉ်နဲ့ အေရိုးဗစ်ကစားနည်းတို့ကိုပြုလုပ်နိုင်မယ့် Wii Fit ကဲ့သို့ feature တွေပါဝင်ပြီး ကျန်းမာရေးအတွက် အပြန်အလှန်အကျိုးပြုစေမယ့် ဂိမ်းစက်ဖြစ် ပါတယ်။
Wi-Fi
ဈေးကွက်အခေါ်အဝေါ်အရ IEEE 802.11 လို့ခေါ်တဲ့ Wi-Fi ဟာ ယနေ့ခေတ် မိုဘိုင်းနယ်ပယ်မှာ အထောက်အကူများစွာပေးတဲ့ နည်းပညာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အိမ်ထောင်စုထက်ဝက်ခန့်ဟာ ကြိုးမဲ့ကွန်ရက် (wireless network) တစ်ခုစီ ပိုင်ဆိုင်ကြပြီဖြစ်ပါတယ်။
No comments:
Post a Comment