Saturday, June 11, 2011

Windows Interface ကို ဆန်းသစ်တီထွင်ထားသည့်Windows 8 ကို Microsoft သရုပ်ပြသ

အသစ်ထွက်ရှိမည့် Windows 8 interface နှင့်ပတ်သက်သည့် အချက်အလက်များကို ကာလီဖိုးနီး ယားတောင်ပိုင်းတွင် ကျင်းပခဲ့သည့် D9 ကွန်ဖရင့်စ်၌ Microsoft၏ Windows ဥက္ကဌဖြစ်သူ Steven Sinofsky ကသရုပ်ပြသခဲ့ကြောင်း သိရသည်။ ကုမ္ပဏီမှ သရုပ်ပြသချက်အရ Windows 8 Start screen သစ်သည် Windows Phone 7 ၏ ပင်မစာမျက်နှာကဲ့သို့ လေးထောင့်ကွက် များဖြင့်ပြုလုပ်ထားပြီး Windows Start menu ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ကြောင်း သိရသည်။


ထို့အပြင် gestures, snap, pin, cloud apps စသည့် interfacet သစ်များဖြင့်အသုံးပြုနိုင်ပြီး apps နှင့် ၀န်ဆောင်မှုများအကြား ဝေမျှခြင်း၊ screen ညာဘက်ထောင့်ရှိ taskbar ကိုဖျောက်ထားခြင်း စသည်တို့အား ပြုလုပ်နိုင်မည်ဖြစ်ကြောင်း Sinofsky ကပြောကြားသည်။ Windows7 နှင့် လုံးဝမတူညီသော်လည်း Windows 7 တွင်အလုပ်လုပ်သည့် device အားလုံးနှင့် apps အားလုံးကို Windows 8 ပေါ်တွင်အသုံးပြုနိုင်ပြီး interface ၏အချိုးအစားကိုလည်း ၇ လက်မအရွယ် screen မှ နံရံအရွယ်အစား display အထိ အချိုးကျကျအသုံးပြုနိုင်မည်ဟု သိရသည်။ Microsoft သည် Windows 8 ကိုသရုပ်ပြသရာ၌ Samsun နှင့် Lenovo tablet များကိုအသုံးပြုကာ သရုပ်ပြသခဲ့သည်။ ထို့အပြင် Internet Explorer 10 နှင့် အင်တာနက်အသုံးပြုခြင်း၊ ဓာတ်ပုံများကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုခြင်းနှင့် Microsoft Office အသုံးပြုခြင်းတို့ကိုလည်း သရုပ်ပြသခဲ့ သည်။


Ref: Naung Naung - Myanmar Internet Journal

No comments:

Post a Comment