ယခု IT ခေတ် ICT - Information Computer Technology ခေတ်ကြီးထဲရှိ နည်းပညာ လိုင်းပေါင်းစုံတွင် ဖန်တီးမှုပေါင်း မြောက်မြားစွာဖြင့် တည်ဆောက်လျှက်ရှိသည်ကို တွေ့မြင်ကြရပြီဖြစ်ပါသည်။ ကိုယ်ပိုင်ဘလော့ဂ်များဖြစ်စေ ကိုယ်ပိုင်ဆိုဒ်များဖြင့် ဖြစ်စေ မိမိတို့ တင်ပြလိုရာ ဖော်ပြလိုရာ များကို တစ်နေရာတည်းမှာ စုစည်းလျှက် နေရာအနှံ့အပြားမှ ကြည့်ရှုကြစေခြင်းငှာ Web ဆိုဒ်ကောင်းကောင်း ဘလောဂ်ကောင်းကောင်းများကို ကိုယ်ပိုင် ဒိုမိန်း နာမည်များဖြင့် မြန်မာနိုင်ငံအတွင်းတွင် ဈေးနှုန်းချိုချိုသာသာ ပြုလုပ်လိုသူများအတွက် ဆိုဒ်လိပ်စာကောင်းကောင်းနှင့် ဆက်သွယ်ရမယ့်လိပ်စာ တစ်ခုကို ယခုတစ်ပတ်တွင် ဖော်ပြပေးလိုပါသည်။ http://www.pusker.com/ဟု အမည်ရသော ဆိုဒ်တွင် ကြော်ငြာထားသော နှုန်းထားများအရ အလွန်တရာမှ ဈေးနှုန်းချိုသာသော ဒိုမိန်း Hosting များကို ကိုယ်ပိုင် ဘလောဂ်ပြုလုပ်နေသူများ အဖို့ ရည်ညွန်းပေးရခြင်းဖြစ်ပါသည်။ ကျနော့်၏ ဆိုဒ်ဒိုမိန်းနာမည်ကိုလည်း များမကြာမှီ ၎င်းကုမ္ပဏီနှင့်ချိတ်ဆက်၍ လွှင့်တင်တော့မည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတလေများတွင် မြန်မာ ပြည်၏ လိုင်းနှုန်းများ ပြဿနာအဖုံဖုံရှိနေသောကြောင့်လည်းကောင်း မကြာခဏ Access Die ဖြစ်နေခြင်းကြောင့် လည်းကောင်း https ရိုက်ထည့်နေရ၍ လည်းကောင်း proxy ကျော်ခွနေရသည့် အခက်အခဲများကြောင့်လည်းကောင်း ကျနော့်၏ ဆိုဒ်ဒိုမိန်းကိုလည်း ပြောင်းလဲတော့မည်ဖြစ်ပါသည်။
လေ့လာကြည့်ရှုလိုသူ ညီအစ်ကိုမောင်နှမများအနေဖြင့် http://www.pusker.com/ တွင် Hosting ကျသင့်ငွေ နှုန်းထားများကို ၀င်ရောက်ကြည့် ရှုနိုင်ကြပြီး သူတို့ကြော်ငြာထားသည့်
***** ဈေး အသက်သာဆုံးဖြစ်ရမည်။ MB ဖြင့် ဘယ်တော့မှ မပေးပါ။ free hosting ကိုပင် 1GB ပေးထားပါသည်။
***** ၀ယ်ယူသူတိုင်း စိတ်တိုင်းကျစေရန် တာဝန်ယူသည်။
***** ပါဝင်သော Feature များ တခြားဆိုဒ်များထက် လုံးဝ သာလွန်ရမည်။
***** ပြောထားသည့်အတိုင်း မပါဝင်ပါက ငွေပြန်အမ်းမည်။ (Pusker Group) ဆိုထားသည်က စိတ်ဝင်စားစရာပါ။
ကဲကျနော်နဲ့အတူတူ လေ့လာကြည့်လိုက်ကြရအောင်။
No comments:
Post a Comment