Tuesday, June 21, 2011

မြန်မာစာ စကားရေးသားမှုများနဲ့ ပတ်သက်ပြီး ရှင်းလင်းပြသသွားသည့် IT ပိုင်းဆိုင်ရာ Language Processing

လက်ရှိ မြန်မာနိုင်ငံမှာ ဘာသာစကားနဲ့ လွယ်လင့်တကူ အသုံးပြုနိုင်ဖို့ တီထွင်မှုများ ပြုလုပ်သူများအနေနဲ့ မြန်မာစာစကား ရေးသားမှုများနဲ့ ပတ်သက်ပြီး အခြေခံ သိထားသင့်တဲ့ Language Processing ပိုင်းဆိုင်ရာ ရှင်းလင်းပြောပြမှုတွေကို ဇွန်လ (၁၈)ရက်နေ့က မြန်မာအင်ဖိုတက်မှာ ကွန်ပျူတာအသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့မှ ပြုလုပ်သွားတယ်လို့ သိရပါတယ်။


Language Processing မြန်မာစာ တက်မြောက်သူတိုင်း ကွန်ပျူတာကို အသုံးပြုကာ သတင်းအချက်အလက်တွေ ရယူအသုံးချနိုင်စေဖို့အတွက် Program ရေးသား code လုပ်ကြရာမှာ အခြေခံ အကြဆုံးဖြစ်တယ်လို့ သိရပါတယ်။ နယ်ပယ်အသီးသီးမှာ ကွန်ပျူတာသုံးစနစ်တွေကို မြန်မာဘာသာနဲ့ အသုံးချနိုင်ဖို့ အဓိကရည်ရွယ်တဲ့ ကွန်ပျူတာသုံး မြန်မာစနစ် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်တွေဟာ အမျိုးသားအဆင့်လုပ်ငန်းတွေ ဖြစ်တာမို့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ဖို့လည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။


ဒါ့အပြင် လက်ရှိမှာ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ကွန်ပျူတာကြားခံသုံးကာ မိမိတို့ ဘာသာစကားနဲ့ ဘာသာပြန်ပေးနိုင်တဲ့စနစ်ကို အသုံးပြုနေကြ သလို ပြည်တွင်းမှာလည်း အင်္ဂလိပ်လို ပြောဆိုမှုကို မြန်မာဘာသာစကားနဲ့ တိုက်ရိုက်ပြောဆိုမှု အသံတိုင်း ပြန်ရကြားရဖို့ ကြိုးစား ပြုလုပ်တီထွင်လျက် ရှိကြတယ်လို့လည်း သိရှိရပါတယ်။   Ref:MRTV-4

No comments:

Post a Comment