Saturday, June 11, 2011

ဆဲလ်ဖုန်းအသုံးပြုမှုကြောင့် ဦးနှောက်ကင်ဆာဖြစ်ပွားနှုန်း ပိုမိုများပြားနိုင်ကြောင်း WHO သတိပေး

ဆဲလ်ဖုန်းများမှ ထွက်ပေါ်လာသည့် ရေဒီယိုသတ္တိကြွရောင်ခြည်များကြောင့် ဦးနှောက်ကင် ဆာဖြစ် ပွား မှုနှုန်း ပိုမိုများပြားနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှဆုံးဖြတ်လိုက်ကြောင်း သိရသည်။ အဆိုပါဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံမှသိပ္ပံပညာရှင် ၃၁ ဦးပါဝင်သည့်အဖွဲ့၏ အကဲဖြတ်မှုများပေါ်တွင် အခြေခံ၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဆဲလ်ဖုန်း အသုံးပြုသူဦးရေ ၅ ဘီလီယံခန့်ရှိနေပြီ ၄င်းသတင်းကြောင့် ဆဲလ်ဖုန်းအသုံးပြုသူများက စိုးရိမ်ပူပန် လျက်ရှိကြသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ကင်ဆာရောဂါလေ့လာစမ်းစစ်ရေးအဖွဲ့ (International Agency for Research on Cancer (IARC)) မှ လူသားများတွင် ကင်ဆာရော ဂါဖြစ်ပွားစေနိုင်သည့် ရေဒီယိုသတ္တိကြွ လျှပ်စစ်သံလိုက်လှိုင်း (radiofrequency electromagn etic field) များကို အုပ်စုခွဲလေ့လာလျက်ရှိပြီး ကြိုးမဲ့မိုဘိုင်းဖုန်းများ အသုံးပြုမှုနှင့် ပတ်သက်၍ ဦးနှောက် ကင်ဆာ၏ ပထမဆုံးအကျိတ်ဖြစ်ပေါ်သည့်အဆင့် (glioma) ပိုမိုဖြစ်ပွားစေနိုင်မှုကို အခြေခံ၍လေ့လာ လျက်ရှိနေကြကြောင် IARC မှပြောကြားခဲ့သည်။


ဆဲလ်ဖုန်းအသုံးပြုကြသူများအနေဖြင့် အဆိုပါ ရေဒီယိုသတ္တိကြွရောင်ခြည်များဖြင့် ထိတွေ့မှုကို တတ်နိုင်သမျှ ကန့်သတ်လျှော့ချရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတိပေးထားပြီး ဆဲလ်ဖုန်း အသုံးပြုမှုနှင့် ဦးနှောက်ကင်ဆာဖြစ်ပွားမှုအကြား အလုံးစုံစပ်ဆက်မှုရှိ၊မရှိကို မူ လေ့လာ ဆန်း စစ်မှု များ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


Ref: HayMar - Myanmar Internet Journal

No comments:

Post a Comment