သင့်ရဲ့ကွန်ပျူတာမှာ booting လုပ်ရာမှာ ဒီထက်မြန်ချင်သလား၊ အရွယ်အစားကြီးမားတဲ့ ဖိုင်တွေကို လွယ်ကူ မြန်ဆန်စွာ ကိုင်တွင်ချင်သလား။ အရူးအမှုးဖြစ်နေတဲ့ ဂိမ်းတွေကို မြန်မြန်ဆန်ဆန် ကစားချင်သလား၊ ဒီလိုမြန် မြန် ဖြစ်အောင် processer လည်း မပြောင်း၊ Graphics Card လည်း မပြောင်းဘဲ လုပ်နိုင်တဲ့ နည်းလမ်းရှိပါ သေးသလားဆိုရင်တော့ Sold State Disk (SSD) တွေက အဖြေပဲ ဖြစ်ပါလိမ့်မယ်။
SSD တွေဟာ လှုပ်ရှား လည်ပတ်ပတ်တဲ့ အစိတ်အပိုင်းတွေအပေါ် အားမကိုပဲ non-mechanical design ဖြစ်တာကြောင့် လက်ရှိ HDD တွေထက် အဆပေါင်းများစွာ ပိုပြန်ပါတယ်။ လှုပ်ရှား လည်ပတ်တဲ့ အစိတ်အပိုင်းတစ်ခုမှ မပါခြင်းဟာ လွတ်ကျဆောင့်ကျ တုန်ခါမှုဒဏ် အကြမ်းပတမ်း ခံနိုင်တဲ့ဆိုတဲ့ အဓိပ္ပါယ်သက် ရောက်ပါတယ်။ အပူချိန်မြင့်မြင့် ဒဏ်ကိုလည်း ခံနိုင်ရည်ရှိ လာတယ်။ အပူလွန်ကဲလာရင် HDDလုပ်ဆောင် ချက်တွေ ကမောက်ကမ ဖြစ်လာနိုင် ပါတယ်။ နောက်ထပ် အားသက်ချက် တစ်ရပ်ကတော့ အလွန်သိပ် သည်းကျစ်လစ်စွာ ထုတ်လုပ်နိုင်ခြင်း နှင့် လျှပ်စစ်အား အလွန်သက် သာခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပီစီ ထုတ်လုပ်သူတွေအနေနဲ့ ပိုပြီး Compact ဖြစ်တဲ့ Form Factors တွေနဲ့ ထုတ်လုပ် လာနိုင်စေပါတယ်။
No comments:
Post a Comment