Saturday, June 11, 2011

Chrome browser ၌ Gmail offline အသုံးပြုခွင့် Google ရပ်ဆိုင်း

Chrome browser ဖြင့် Gmail offline အသုံးပြုလိုသူများသည် ၀က်ဘ်နှင့်ချိတ်ဆက်၍မရတော့ပါက Microsoft ၏ Internet Explorer ဗားရှင်းအဟောင်းနှင့် Mozilla ၏ Firefox ဗားရှင်းအဟောင်း များ ကိုသာ ပြောင်းလဲအသုံးပြုရမည်ဖြစ်ကြောင်းနှင့် Chrome, Internet Explorer 9 (IE9), Firefox 4, Safari, Opera တို့မှ Gmail offline အထောက်အပံ့များကို ဖယ်ရှားတော့မည်ဖြစ်ကြောင်း Google မှပြောကြားလိုက်သည်။


Google သည် Gmail offline အထောက်အပံ့ကိုရပ်ဆိုင်းရန် ပြီးခဲ့သည့်နှစ်လခန့်ကကြေညာခဲ့ပြီး ထိုစဉ်က Gmail offline အားထောက်ပံ့ထားသည့် Gear plug-in ကိုဖယ်ရှားကာ HTML5 သို့ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ Google သည် Chrome version 12 မှစ၍ Gear ကိုဖယ်ရှားမည်ဖြစ်သော်လည်း လက်ရှိ stable ဗားရှင်းဖြစ်သော Chrome 11 တွင် Gmail offline mode ကိုအသုံးပြုနိုင်မည့် အထောက်အပံ့ကိုဖယ်ရှားခဲ့သည်။


HTML5 ဖြင့်အသုံးပြုနိုင်မည့် Gmail offline ကိုယခုနှစ်နွေမှ သာ ပြန်လည် အသုံးပြုခွင့်ပေးမည်ဖြစ် သည့်အတွက် IE9 နှင့် Firefox 4 အသုံးပြုသူများအနေနှင့် browser ဗားရှင်းအဟောင်းများဖြစ်သော IE8 နှင့် Firefox 3.6 တို့အား ပြောင်းလဲအသုံးပြုသင့်ကြောင်း Google မှအကြံပြုထားသည်။


Ref: Naung Naung - Myanmar Internet Journal

No comments:

Post a Comment