Thursday, June 16, 2011

Cloud Computing ဟု ဆိုရာဝယ်…..

Cloud Computing ကို နည်းပညာနယ်ပယ်မှာ ရှိကြတဲ့လူအများ အတွက်တော့ နားယဉ်နေတဲ့ အခေါ် အဝေါ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နည်းပညာပြင်ပကလူအများအတွက်တော့ Cloud Computing ဆိုတာ တိမ်တွေပေါ်မှာ တည်ဆောက်တဲ့ အရာတွေလိုမျိုး ထင်ယောင်ထင်မှား ဖြစ်သွား စေနိုင်ပါတယ်။ Cloud ဆိုတဲ့ တိမ်တွေဟာ တိကျတဲ့ပုံသဏ္ဍန် မရှိပါဘူး။ အမြဲလိုလို ပြောင်းလဲနေတဲ့ သဘောရှိတာမို့ မတည်ငြိမ်တဲ့ နည်းပညာသစ်တစ်ခုရယ်လို့လဲ မမှတ်ယူစေ ချင်ပါဘူး။


ဒီတော့ Cloud Computing ဆိုတာကို အနက်ဖွင့်ပြရ မယ်ဆိုရင်တော့ လိုအပ်ချက်အနည်းဆုံး Computer System တွေကို ဆိုလိုပါတယ်။ သင့်ကွန်ပျူတာမှာ Operating System ရယ် Web Browser ရယ် ရှိပြီး အင်တာနက် ချိတ်ဆက်မှု ပြုထားမယ်ဆိုရင် Cloud Computing ကို စတင်ထိတွေ့ခွင့်ရနိုင်ပြီလို့ပဲ ဆိုချင်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရမယ်ဆိုရင် သင်ဟာ CV form တစ်ခုကို ရိုက်ဖို့အတွက် ကွန်ပျူတာထဲမှာ Microsoft Office Word (or) Page Maker တစ်ခုခုသော Application ကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ Cloud Computing မှာ ဆိုရင်တော့ ကွန်ပျူတာဟာ အင်တာနက်ချိတ်ဆက်ထားရှိပြီး Web Browser တစ်ခုရှိနေတာနဲ့ ကျန်တာဘာကိုမှ မလိုအပ်တော့ ပါဘူး။ အနီးစပ်ဆုံး Cloud Application တစ်ခုကို ပြောပြရ မယ်ဆိုရင် Google Docs ပါပဲ။


Officeနဲ့ ပတ်သက်တဲ့ အလုပ်တော်တော်များများကို ပြုလုပ် နိုင်အောင် စီစဉ်ပေးထားတဲ့ Cloud အခြေပြု Application တစ်ခုဖြစ်ပါတယ်။ Cloud Computing ဟာ Local Area Network (LAN) အချို့မှာ စီစဉ်ထားတာနဲ့ ပုံစံချင်း ဆင်တူပါ တယ်။ Storage နဲ့ CPUတို့ကို အကောင်းဆုံး ထည့်သွင်းပြီးပါဝင်တဲ့ Application တွေကို Network အတွင်းမှာရှိတဲ့ Computer တွေက မျှဝေသုံးစွဲနိုင်တဲ့ စနစ်ပါပဲ။ အခြေခံ သဘောတရားအရ ပြောရ မယ်ဆိုရင်တော့ ထပ်တူပါပဲ။ Cloud ဟာ Remote Datacenter တစ်ခုပဲ ဖြစ်ပါတယ်။ Data တွေကို သိမ်းဆည်းဖို့အတွက်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် Clouding Computing ကို အသုံးချတဲ့ အခါမှာ Hardware Requiremnet တွေ တော်တော်များများ လျော့နည်းသြွးပါတယ်။


အင်တာနက် ချိတ်ဆက်မှုကတော့ Cloud Computing မှာ မရှိမဖြစ်လိုအပ် ကဏ္ဍတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Cloud အတွက် နည်းပညာကုမ္ပဏီအများစုကလည်း တတပ်တအား ပါဝင်လာကြပြီး Google က လည်း Cloud Operating System လို့ခေါ်ဆိုနိုင်တဲ့ Chrome OS ကို ထုတ်လုပ်ခဲ့ပါတယ်။ Apple Inc, မှ iCloud ကို Apple Customer တွေအတွက် မကြာသေးမှီအချိန်ကပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ Cloud ရဲ့အလုပ်လုပ်ပုံကို လေ့လာ ကြည့်တဲ့ အခါမှာ Network ကို အကျိုးရှိရှိ အသုံးချထားတာ ဖြစ်ပြီး သူရဲ့ Base ဟာ Web ပေါ်မှာ အခြေခံထားပါတယ်။ Cloud ရဲ့ဝန်ဆောင်မှုဟာ ဘယ်Platform ပေါ် မှာမဆို Linux, Mac, Window,etc.. အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခြင်းဟာလည်း Cloud ရဲ့ အရည်အချင်း တစ်ခုပါပဲ။ Hardware အနေနဲ့ကြည့်မယ်ဆိုရင်လည်း လက်ရှိမှာ လူအများစုအတွက် အသုံးဝင် Gadgets တွေဖြစ်ကြတဲ့ Tablet, Smartphone တွေကလည်း Cloud စနစ်ကို အကျိုးရှိရှိ နဲ့ အသုံးချနိုင်ပြီ ဖြစ်ပါတယ်။


Cloud မှာလည်း Service Provider ရှိဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Google ပေါ့။ သူတို့ဟာ ခိုင်မာတဲ့ နောက်ခံအနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားကြပါတယ်။ ကြီးမားတဲ့ Data Stroage တွေရှိမယ်၊ မြင့်မားတဲ့ နည်းပညာပိုင်းဆိုင်ရာအဖွဲ့အစည်း ဖြစ်ရမယ်။ တည်ငြိမ်ပြီး အာမခံ ချက် အပြည့်အ၀ရှိတဲ့ အဖွဲ့အစည်းအဖြစ်ရယ် စသည်ဖြင့်ရှိပါရပါမယ်။ service Provider တွေအနေဲ့ User တွေရဲ့တောင်းဆိုခ်ျကတွေကို ဖြေရှင်းပေးနိုင်ဖို့ အရည်အချင်းတွေရှိဖို့ လိုအပ်တာ က တော့ အသေအချာပဲဖြစ်ပါလိမ့်မယ်။


Cloud ကိုအသုံးချမယ့် User ဟာ တစ်ဦးတစ်ယောက်ထဲ ဖြစ်နေမယ် ဆိုရင် ဒါမှမဟုတ် သေးငယ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေမယ်ဆိုရင်တော့ ကုန်ကျစရိတ်ဟာများပြား နေနိုင် ပါတယ်။ အင်တာနက်ချိတ်ဆက်မှုတွေ၊ Cloud Data Storage တွေဟာ ၀န်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ ဖြစ်နေနိုင်ပါတယ်။ ကြီးမားခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုအတွက်ဆိုရင်တော့ မဖြစ်မနေဆောင်ရွက်ရ မယ့် နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်မှု တစ်ခုဖြစ်ပြီး Data တွေကို ပိုမိုလုံခြုံစိတ်ချရစေမှာ ဖြစ်ပါတယ်။ ရုံးလုပ်ငန်းအတွက် အသုံးချဖို့ ကွန်ပျူတာအနေနဲ့ဆိုရင်လည်း အရမ်းကောင်း မွန်လွန်းလှပြီး ဈေးကြီး ပေးရတဲ့စက်တွေကို လျှော့ကျနိုင်ပြီး Netbook လိုမျိုး ဈေးနှုန်းသက်သာတဲ့ ကွန်ပျူတာ အမျိုးအစား တွေကို အသုံးချပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ Connection ကို အသုံးချဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ Cloud နဲ့ပတ်သက်လို့ The National Institute of Standards and Techonlogy (NIST) က အတိုချုပ် အဓိပ္ပါယ်ဖွင့်ဆိုပေးထား တာ ကတော့ “Cloud Computing ဟာ လုပ်ငန်းတွေကို လွယ်ကူစွာ ဆောင်ရွက်ပေး စေနိုင်တဲ့ အရာ တစ်ခုဖြစ်ပါတယ်။


Network ကို အကျိုးရှိစွာ အသုံးချပြီး ကွန်ပျူတာ အရင်းအမြစ် Networks, Server, Storages, Application and Services တွေကို မျှဝေသုံးစွဲတာ ဖြစ်ပါတယ်။ Service provider ရဲ့ထိန်းချုပ်မှုမှာ လျင်မြန်တဲ့ ထောက်ပံ့မှုကို ရရှိစေမှာဖြစ်ပါတယ်။” လို့ ဆိုလိုပါတယ်။ Cloud Computing မှာ End-user တွေအတွက် Software, Data Access, Storage Service တွေနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေမရှိစေဖို့အတွက် အဆုံးစွန်ပြင်ဆင်ထားတာဖြစ်ပြီး အကျွမ်းတ၀င်မရှိ ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အမှားအယွင်းတွေကို ဖြေရှင်းပြီးသား အခြေအနေပေါ်မှာ ရှိနေပါ တယ်။ အသုံးပြုသူရဲ့ Web Browser ကနေ တဆင့် အသုံးပြုလိုတဲ့ Application Service ကို ရရှနိုင်မှာ ဖြစ် ပြီး သိမ်းဆည်းလိုသော Data တွေကိုလည်း ပြန်လည်ပေးပို့သိမ်း ဆည်းထားရှိနိုင် မှာ ဖြစ်ပါတယ်။


အဲဒီ အတွက် မိမိအသုံးပြုလိုတဲ့ Application ဟာ စက်ထဲမှာ ရှိနေဖို့ မလိုအပ်သလို Data တွေ သိမ်းဆည်း ဖို့အတွက် Storage ကြီးကြီးမားမားမလိုအပ်တော့ပါဘူး။ နောက်ချက် Userတွေ အတွက် အဆင်ပြေ စေတာက ဘယ်အချိန်ဘယ်နေရာရောက်ရောက် မိမိအတွက် Data တွေဟာ Connection ရှိတဲ့ နေရာတိုင်းကနေ ရယူနိုင်မှာပဲဖြစ်ပါတယ်။


လက်ရှိအချိန်မှာ Cloud Computing နဲ့ ပတ်သက်ပြီး အပြည့်အ၀အသုံးချနိုင်ဖို့ မလွယ်ဘူးဆိုရင် တောင်မှ Google Docs လို Application ကို စမ်းသပ် သုံးစွဲကြည့်ဖို့ လိုအပ်လာပြိဖြစ်ပါတယ်။ လျှင်မြန်စွာ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာလောကကြီးမှာ ဒီနေ့နဲ့ မနက်ဖြန်ဟာ များစွာသော အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာကြောင့် Cloud Computing ကို စာဖတ်သူတွေနဲ့ ထိတွေ့ပေး လိုက်ခြင်းဖြစ်ပါသည်။ နောက်အပတ်များတွင် Cloud Computing Device များ အထောက် အပံ့နည်းပညာများ ဆိုင်ရာ ဖော်ပြချက်များနှင့် Cloud ရဲ့ အကောင်းဆုံး အကျိုးကျေးဇူး (၁၀)ချက် ကို တင်ပြပေးသွားပါမည်။ စောင့်မျှော် ဖတ်ရှုကြပါကုန်။ နည်းပညာအသိပညာ တိုးပွါး နိုင်ပါစေဟု ဆုမွန်တောင်းလျှက်။ Ref: Interner Journal & My Techo ebooks

1 comment: