Thursday, February 24, 2011

Gtalk တွင် မိမိအား Block လုပ်မလုပ် စစ်ဆေးခြင်း

လွန်ခဲ့တဲ့တစ်ပတ်မပြည့်တပြည့်နေ့တုန်းက ကျနော့်သူငယ်ချင်းမလေးတစ်ယောက် မေးတယ်။ သူများတွေ ကိုယ့်ကို Block လုပ်ထားတာကို ဘယ်ပုံဘယ်နည်းနဲ့သိနိုင်လဲတဲ့။ ကျနော်လည်း အောက်မှာပေးထားတဲ့ နည်း အတိုင်းပဲ ပြောပြလိုက်ပါတယ်။ သိတဲ့သူများကတော့ ဖတ်စရာမလိုပါဘူးနော်၊ မသိသေးတဲ့သူများအတွက်ကတော့ ဖတ်ပြီးရင် သူများကိုလည်း မျှဝေပေးလိုက်ကြပါနော်။


ကိုယ့်ကို မကျေနပ်လို့ block ပေးထားတာကို သိအောင်လုပ်တဲ့ နည်းလေးပါဘာကြောင့်ပဲ Block Block ပေါ့ ..ကိုယ့် ID ကိုတခြားလူတစ်ယောက်က Block ပေးထားတာကို သိအောင် ဘယ်လိုလုပ်မလဲ ဆိုရင်အဲဒါကို သိချင်တယ်ဆိုရင်တော့ ဒီလိုလုပ်ရင် သိနိုင်ပါတယ် ကိုယ်သိလိုတဲ့ ID ကို Chat box ထုတ်လိုက်ပါ …ပြီးရင် Voice ခေါ်လိုက်ပါ …Offline ဖြစ်နေတာဆိုတော့ … Send Voicemail လို့ပဲ ပေါ်မယ်အဲဒီမှာ ခေါ်လိုက်ရင်ဘယ်လိုဖြစ်တယ်ဆိုတာကိုကြည့်ပြီး Block ထားတယ် Block မထားဘူး …အဲဒါလေးတွေကို သိနိုင်ပါတယ်


တကယ်လို့ ခေါ်လိုက်လို့ ခေါ်လို့ရတယ် အဲဒီမှာ မိန်းကလေး အသံနဲ့ . The best… ဆိုလား ..ဘာလားပဲ ..မသိဘူး အဲဒီလိုလေး ပြန်ပြောတယ် ခေါ်လို့ရတယ်ပေါ့ …ဒီလို အခြေအနေမျိုးမှာဆိုရင်တော့ ဒါ ကိုယ့် ID ကို သူများက Block ထားခြင်း မရှိပါဘူး …တကယ်ကို Offline ဖြစ်နေတာပါ ….သေချာတယ် ….. တကယ်လို့ ခေါ်လို့မရဘူး …Send Voicemail ကို နှိပ်လိုက်ရင် …ခေါ်လိုက်ရင် ကျကျသွားတယ် … ခေါ်တာနဲ့ ကျတာပဲအဲဒါဆိုရင်တော့ သေချာတယ် ….ကိုယ့် ID ကို Block ထားပါပြီ … သွားပြီးတော့ သူ့ကို ပြဿနာ သွားရှာလို့ရပြီနော်။

3 comments:

  1. အဲဒါဆိုရင် သွားပြီး ပြသနာရှာလိုက်မယ်နော်..ကိုကိုထွန်းပြောလို့ သိသွားပြီဆိုပြီ..ဟီးဟီး

    ReplyDelete
  2. ပြဿနာတက်ရင် အနော်ပါဝူးနော်

    ReplyDelete
  3. ဖြည့်နည်းကြတွဲထည့်မပေးဘူးထက်ရှာရအုံမယ်ဟူးးးးးးးး

    ReplyDelete